ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

သီရိလင်္ကာနိုင်ငံမှ ယူအေအီးနိုင်ငံသို့ ခုတ်မောင်းနေသော ကြေးမုံသတင်းစာ....

ဆိုမာလီ ပင်လယ်ဓားပြများ ကြီးစိုးရာ အေဒင်ပင်လယ်ကွေ့သို့ သွားရောက် တာဝန်ထမ်းဆောင်မည့် ထိုင်းရေတပ် တပ်ဖွဲ့ဝင်များအား ထိုင်းဘုန်းတော်ကြီးမှ အန္တရာယ်ကင်းစေရန် ရွတ်ဖတ်ပေးနေပုံ .. (AP)
NTD သတင်းဋ္ဌာနပါ..၂၁ရက်နေ့က ကိုးရီးယားရေတပ် အထူးတပ်ဖွဲ့ရဲ့ စစ်ဆင်ရေး ရုပ်သံ..
မနေ့က မနက် အစောပိုင်းက အာရေဗျပင်လယ် အတွင်းရှိ ဆိုမာလီ ပင်လယ်ဓားပြများ ဓားစာခံ ဖမ်းဆီးထားတဲ့ SAMHO JEWELRY သေဘာၤေပၚမွ သေဘာၤသားမ်ားအား ကိုးရီယား ရေတပ်အထူးတပ်ဖွဲ့မှ အောင်မြင်စွာ ကယ်ထုတ်ခဲ့တဲ့ သတင်းအား ကမ္ဘာအရပ်ရပ်ရှိ သတင်းဋ္ဌာနများနဲ့ သတင်းစာများမှာ ထိပ်တန်း သတင်းအဖြစ် ဖော်ပြပါရှိခဲ့ပါတယ်..။ အဆိုပါ ကိုရီယား သဘောင်္ပေါ်၌ ကိုရီယား(၈)ဦး အင်ဒိုနီးရှား (၂)ဦးနဲ့ မြန်မာလူမျိုး (၁၁)ဦးပါရှိပါတယ်။ အဆိုပါသဘောင်္ပေါ်၌ မြန်မာလူမျိုး (၁၁)ဦးအနေနဲ့ အများဆုံးပါရှိပါတယ်..။ အဆိုပါ စစ်ဆင်ရေးအပြီးမှာတော့ ကိုရီယားသမ္မတကိုယ်တိုင် ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်...။ ကိုရီးယား သမ္မတမှ ပြည်သူတွေရဲ့ အသက်အန္တရာယ်နဲ့ လုံခြုံရေးအတွက် ဘယ်လို အပြုအမူမျိုးကိုမှ သည်းခံ ခွင့်လွှတ်မှာ မဟုတ်ဘူးဟု ထုတ်ဖော် ပြောဆိုခဲ့ပါတယ်..။

ထိုကဲ့သို့ ကမ္ဘာအရပ်ရပ်မှ သတင်းဋ္ဌာနများ သတင်းဋ္ဌာနများမှ အဆိုပါသတင်းအား ထိပ်တန်းသတင်းအဖြစ် ဖော်ပြပါရှိသော်လည်း သဘောင်္သား အများစုပါရှိတဲ့ မြန်မာပြည်ရဲ့ စစ်အစိုးရအာဘော် ကြေးမုံ သတင်းစာရဲ့ ခေါင်းကြီးပိုင်းမှာတော့ မြန်မာနိုင်ငံ၌ ဆိုလာစွမ်းအင်ဖြင့် ပထမဦးဆုံး ရွာလုံးကျွတ် မီလင်းသည့် ရွာသာယာဟူသော ခေါင်းစဉ်ဖြင့် ခေါင်းကြီးပိုင်းမှာ ဖော်ပြပါရှိပါတယ်..။ မိမိနိုင်ငံသားတွေရဲ့ အသက်ကို ပဓာနထားမထား မြန်မာနိုင်ငံသား ၁၁ဦး လွတ်မြောက်တဲ့ သတင်းအား တောင်ကိုရီယား သဘောင်္နဲ့ သဘောင်္သားများကို ပင်လယ်ဓားပြရန်မှ ကယ်တင်နိုင်ခဲ့ဟူသော မထင်းမရှားသတင်းဖြင့် နိုင်ငံခြားသတင်းတွေ ကြားထဲမှာ မထင်မရှား ဖော်ပြပါရှိပါတယ်..။ 
ယနေ့ ၂၂ရက်နေ့ထုတ် ကြေးမုံ သတင်းစာပါသတင်း...
ထို့ထက်ဆိုးတာကတော့ နိုင်ငံခြားသတင်းဋ္ဌာနများမှာ ဖော်ပြပါရှိတဲ့ ယူအေအီးနိုင်ငံမှ သီရိလင်္ကာနိုင်ငံသို့ ခုတ်မောင်းနေသည့် စကားရပ်အစား ကြေးမုံသတင်းစာမှာ ဖော်ပြပါရှိတာကတော့ သီရိလင်္ကာနိုင်ငံမှ ယူအေအီးနိုင်ငံသို့ ခုတ်မောင်းနေသော သဘောင်္ဟု လားရာပြောင်းပြန် သတင်းအား မှားယွင်း ဖော်ပြပါရှိပါတယ်...။ စကားချပ် (ကျွန်တော့်ဘလော့(ဂ်)မှာလည်း အဆိုပါ(၂၁)ရက်နေ့ညက သတင်းကို သေချာမဖတ်မိပဲ သီရိလင်္ကာနိုင်ငံမှ ယူအေအီးနိုင်ငံသို့ ဟုမှားယွင်းဖော်ပြ ခဲ့မိပါတယ်..) The Samho Jewelry, en route to Sri Lanka from the United Arab Emirates, was seized at the weekend. Aboard was a crew of eight Koreans, 11 Myanmar nationals and two Indonesians. Picture taken January 21, 2011. (ရိုက်တာသတင်း) ပြီးခဲ့တဲ့ စနေနေ့က အာရပ်စော်ဘွားများပြည်ထောင်စု UAE ကနေ သီရိလင်္ကာကို ခုတ်မောင်းနေတဲ့ ဒီ ဓာတုဗေဒကုန်တင် သင်္ဘော ကြီးကို Muscat ဆိပ်ကမ်းမြို့ရဲ့ အရှေ့တောင်ဘက် ကီလိုမီတာ ၆၅၀ အကွာ ပင်လယ်ပြင်မှာ ဆိုးမားလီးယားပင်လယ်ဓားပြတွေက အပိုင်စီးခဲ့တာဖြစ်ပါတယ်။ (ဗီအိုအေ မြန်မာ) ဒါ့အပြင် နိုင်ငံတော် သတင်းစာကြီး တစ်ခုအနေနဲ့ ဖော်ပြပါရှိတာကတော့ သတင်းရင်းမြစ်အား (အင်တာနက်)ဟု ရေးသားဖော်ပြထားခြင်း ဖြစ်ပါတယ်...။

ကြေးမုံသတင်းစာအား တိုက်ခိုက်ရေးသားနေခြင်း မဟုတ်ပါ.. ။ အာဏာရှင်စံနစ်အောက် သတင်းစာတိုက် ဝန်ထမ်းများမှာလည်း အာဏာရှင်တို့အကြိုက် ရေးသား ဖော်ပြနေရမှာကတော့ မလွဲမသေပါပဲ..။ ထိုသို့ ရေးသား ဖော်ပြနေရတာတွေကြောင့် သတင်းစာရဲ့ အရည်အသွေးတာ ကျဆင်းလာရတာကတော့ မြင်ရတဲ့ အတိုင်းပါပဲ..။ သို့ပေတည့် စစ်အာဏာရှင်တွေရဲ့ အာဘော်နဲ့ လုပ်ဆောင်ချက်တွေကတော့ တွေ့ရမြင်ရတဲ့အတိုင်း သဘောင်္သားအများဆုံး ပါဝင်တဲ့ မိမိနိုင်ငံသား မြန်မာသဘောင်္သားတွေ အသက်ဘေးက လွတ်မြောက်လာတဲ့ သတင်းအား ဝမ်းသာအားရ ဖော်ပြပါရှိခြင်းမရှိပဲ မိမိတို့နိုင်ငံသားများဟာ ပစ်စလက်ခတ် မျက်နှာလွှဲ ခဲပစ်လုပ်ဆောင် နေတာကတော့ စစ်အာဏာရှင်တွေရဲ့ တိုင်းသူပြည်သားတွေ အပေါ်မှာ ထားတဲ့ စေတနာပါပဲ..။ ဒီလိုနဲ့ပဲ နိုင်ငံတကာမှာ မြန်မာနိုင်ငံသားတွေ အနှိမ်ခံနေရ သွေးအေးအေးနဲ့ အသတ်ခံနေရတာ နေ့စဉ်သတင်းတွေမှာ အမြဲမြင်ရကြားနေရတာပါပဲ..။ အဆိုပါ မြန်မာနိုင်ငံသား သဘောင်္သားများ အမိမြေသို့ ပြန်လည် ရောက်ရှိလာမယ့် အချိန်မှာတော့ မရှက်မရွံ့ သွားရောက်ကြိုဆိုမယ့် သတင်းကိုတော့ အလေးပေးဖော်ပြမှာတော့ မလွဲမသေပါပဲ..။

ထိုကဲ့သို့သော အာဏာရှင်ကြီးများရဲ့ လက်အောက်မှာ မဝင်မနေရ စစ်မှုထမ်းရမယ် ဆိုရင်ဖြင့် အဆိုပါစစ်တပ်အတွင်း စစ်အာဏာရှင်တွေနဲ့ နီးစပ်သူတွေမှ အထူးအခွင့်အရေးရ အတန်းအစားတစ်ခု.. အခကြေးငွေ ပေးပြီး လာဘ်သိပ်ထိုးထားတဲ့ ငွေရှင်ကြေးရှင်တွေက အတန်းအစားတစ်ခုနဲ့ မြေနိမ့်စံ အောက်ခြေလူတန်းစားတွေက အတန်းအစားတစ်ခု အဖြစ် သတ်မှတ်ခံရပြီး မတော်တဆ တိုင်းရေးပြည်ရေးတွေ ကြုံလာခဲ့သည် ရှိတောင်မှ အာဏာရှင်ကြီးများမှ မိမိတို့၏ သားမြေးများအား နောက်ချန်ထားပြီး အဆိုပါ လူများစုဖြစ်တဲ့ အောက်ခြေလူတန်းစား  ပြည်သူများအား ရှေ့တန်းတင်ပြီး အသေခံခိုင်းမှာ အသေအချာပင် ဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။

ဒီမိုဝေယံ...