ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဒါဖတ်ပြီးမှ အင်တာနက်ဆိုင် ဖွင့်ပါ....

အရာရာကို နိုင်ငံရေး ဆိုတဲ့ အမြင်တစ်ခုတည်းနဲ့ ကြည့်တတ်တဲ့ အာဏာရှင် ဖြုတ်ဦးနှောက်တွေရဲ့ ကမ္ဘာမှာ ဘယ်နိုင်ငံမှ မရှိတဲ့ တင်းကြပ်လှတဲ့ ဥပဒေ စည်းကမ်းချက်တွေပါ..။ အင်တာနက်ဆိုင်လာတဲ့ သူတွေဆိုတာ အကြောင်းအမျိုးမျိုးကြောင့် လာကြတဲ့သူတွေပါ..။ ပညာရေး၊ စီပွားရေး၊ လူမှုရေး၊ ဗဟုသုတ အသိပညာ အစရှိတာတွေ အတွက်ပါ...။ ဖြုတ်ဦးနှောက်တွေ ထုတ်တဲ့ စည်းကမ်းချက်တွေ ကတော့ မြင်ရတဲ့အတိုင်းပါပဲ..။ အင်တာနက်ကိုလည်း Sanction လုပ်နေတာပါ.။ အင်တာနက်ဆိုင်လား ရဲစခန်းလား၊ ထောက်လှမ်းရေးရုံးလား၊ ရပ်ကွက်ရုံးလားဆိုတာ ကိုယ်ထုတ်တဲ့ ဥပဒေကိုယ် ပြန်လေ့လာ ကြည့်ကြပါဦး ပညာရှိကြီးများ ခင်ဗျား...

လိပ်နှင့်အတူပြေး၍ ခရုနဲ့အတူ လိုက်မည့် ရတနာပုံတယ်လီပို့ရဲ့ ကြေငြာချက်..