ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ရွှေဝါရောင် ဦးဆောင်ဆရာတော် ဦးဂမ္ဘီရ အား ၆ရက်နေ့ည ၁၀နာရီခွဲခန့်က အရှင်ဂမ္ဘီရအား ရဲသတင်းတပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားစဉ် ကားပေါ်မှာဆက်သွယ်မေးမြန်းထားချက် အသံဖိုင်...

ရွှေဝါရောင် ဦးဆောင်ဆရာတော် အရှင်ဂမ္ဘီရအား ယနေ့မြန်မာစံတော်ချိန် ည(၁၀)နာရီခွဲက ရဲအထူးတပ်ဖွဲ့မှ ထပ်မံဖမ်းဆီး ခေါ်ဆောင်သွားပါသည်...။ မနက်ဖြန် မနက် ပြန်လည်ပို့ပေးမည်ဟု ပြောဆို၍ ဖမ်းဆီးခေါ်ဆောင် သွားပါသည်...။ အရှင်ဂမ္ဘီရအား ရဲမှူးဦးစိုးနိုင်နှင့် အဖွဲ့မှဖမ်းဆီး ခေါ်ဆောင်သွားစဉ် ကားပေါ်၌ အရှင်ဂမ္ဘီရအား ဆရာတော်ဦးဣသရိယမှ ဆက်သွယ်မေးမြန်းထားတဲ့ အသံဖိုင် ဖြစ်ပါတယ်..။

၂၀၀၇ခုနှစ် ရွှေဝါရောင် ဦးဆောင်ဆရာတော် အရှင်ဂမ္ဘီဟာ  ပြီးခဲ့တဲ့ ဇန္နဝါရီလက ၁၃ရက်နေ့က ပြန်လည်လွတ်မြောက် လာပြီးနောက် ယခုတကြိမ်ဟာ ဒုတိယအကြိမ်မြောက် ထပ်မံ ဖမ်းဆီးခေါ်ဆောင် သွားမှုဖြစ်ပြီး ပြီးခဲ့တဲ့လ(၁၉)ရက်နေ့ကလည်း အစိုးရပိုင် သတင်းစာများမှ အရှင်ဂမ္ဘီရအား ဓမ္မစက်အစား အာဏာစက်ဖြင့် အရေးယူမည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့ပါတယ်...။

 ၆ရက်နေ့ည ၁၀နာရီခွဲက အထူးရဲတပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဦးဂမ္ဘီရနဲ့ အင်တာဗျူး by demowaiyan
ဆရာတော် ဦးဣသရိယအား ကျေးဇူးတင်ပါသည်..။