ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

၇ရက်နေ့ နေလည် ၁နာရီက ကျောက်တံတားရဲစခန်း ရောက်ရှိနေတဲ့ အရှင်ဂမ္ဘီရအား ဆက်သွယ်မေးမြန်းချက် အသံဖိုင်...

၇ရက်နေ့ နေ့လည် ၁နာရီက ကျောက်တံတားရဲစခန်း ရောက်ရှိနေတဲ့ အရှင်ဂမ္ဘီရအား မေးမြန်းချက်ဖြစ်ပါတယ်...။ နောက်ပိုင်း ဆက်သွယ်မှု ပြတ်တောက်သွားခဲ့ပြီး ၇ရက်နေ့ ည ၁၁နာရီအထိ သီတင်းသုံးရာ ကျောင်းတိုက်သို့ ပြန်လည် ရောက်ရှိခြင်း မရှိသေးပါဘူး... ကချင်ပြည်နယ် မြစ်ကြီးနားခရီးစဉ် အကြောင်း မေးမြန်း စုံစမ်းခြင်းဖြစ်ကြောင်း မေးမြန်းချက်မှာ ပါရှိပါတယ်...။ ရွှေဝါရောင် ဦးဆောင် ဆရာတော် အရှင်ဂမ္ဘီရအား သက်ဆိုင်ရာမှ မည်သို့ ဆောင်ရွက်မည်ကို ပြည်တွင်း၊ ပြည်ပမှ စိုးရိမ်စွာဖြင့် စောင့်ကြည့်လျှက်ရှိပါတယ်...။ ပြန်လည်လွတ်မြောက်လာပြီး ပထမအကြိမ် ဖမ်းဆီးခေါ်ဆောင်သွားစဉ်က တရက်အကြာမှာ ပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်..။

အသံဖိုင်အတွက် ဦးဣသရိယနှင့် ဦးနေမိန္ဒအား ကျေးဇူးတင်ပါသည်...။