ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

နိုင်ငံကျော် ဓမ္မကထိက ဆရာတော် ဥူးသုမင်္ဂလ(ဒယ်အိုးဆရာတော်)ရဲ့ (ဂျပန်နိုင်ငံ တိုကျိုတရားပွဲ) ဓာတ်ပုံ၊ အသံဖိုင်

ဓာတ်ပုံများအတွက် ဦးသန်းဝင်းအား ကျေးဇူးတင်ပါသည်
ဂျပန်နိုင်ငံသို့ သြဂုတ်လ(၁၀)ရက်နေ့က ကြွရောက်လာတဲ့ နိုင်ငံကျော် ဓမ္မကထိက ဆရာတော် ဥူးသုမင်္ဂလ(ဒယ်အိုးဆရာတော်)ဟာ ယနေ့ သြဂုတ်လ (၁၂)ရက်နေ့က ဂျပန်နိုင်ငံ တိုကျိုမြို့၌ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအား တရားရေအေး တိုက်ကြွေးခဲ့ပါတယ်..။ ယနေ့ ဆရာတော် ဥူးသုမင်္ဂလ(ဒယ်အိုးဆရာတော်)၏ တရားပွဲသို့ ဂျပန်နိုင်ငံရောက် ဗုဒ္ဓဘာသာဝင် သူတော်စင် တရားနာ ပရိသာတ်အပေါင်းမှ ခန်းလုံးပြည့်မျှ လာရောက် တရားတော် နာယူခဲ့ကြပါတယ်..။ လာမယ့် သြဂုတ်လ(၁၉)ရက်နေ့ မှာလည်း ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအတွက် တရားရေအေး ဆက်လက် တိုက်ကြွေးမှာ ဖြစ်ပါတယ်..။
ဆရာတော်ဟာ တိုကျိုမြို့ အီတဘရှိအရပ်ရှိ မြန်မာဘုန်းတော်ကြီးကျောင်း၌ သြဂုတ်လ(၁၀)ရက်နေ့မှ သြဂုတ်လ ၁၉ရက်နေ့အထိ သီတင်းသုံး နေထိုင်မှာ ဖြစ်ပြီး သြဂုတ်လ ၂၀ရက်နေ့မှာတော့ အမေရိကန်နိုင်ငံသို့ ဆက်လက် ကြွရောက်သီတင်းသုံးမှာ ဖြစ်ပါတယ်..။ မြန်မာပြည်တွင်း ပရိတလူမှုရေး လုပ်ငန်းတွေနဲ့ ပြည်သူလူထုအတွက် တရားဒေသနာတော်များ ဟောကြားတော်မူနေတဲ့ နိုင်ငံကျော် ဓမ္မကထိက ဆရာတော် ဥူးသုမင်္ဂလ(ဒယ်အိုးဆရာတော်)အား သာသနာရေးဦးစီးဋ္ဌာနမှ ပြည်တွင်းမှာ တရားဟောကြားခွင့် တနှစ်ပိတ်ပင် ခံထားရပါတယ်..။ ပြည်တွင်းမှာ တရားဟောကြားခွင့် ပိတ်ပင်ခံရပြီး ကျောင်းတိုက်မှ အဓမ္မဖယ်ရှားခြင်း ခံရတဲ့ ရွှေညဝါဆရာတော်ကြီးနဲ့ လက်ထောက်ဆရာတော် ဦးသူရိယ ဆရာတော်(၂)ပါးဟာလည်း အမေရိကန်နိုင်ငံမှာ ဝါဆိုဖို့ ရောက်ရှိနေပါတယ်..။
ဆရာတော် ဥူးသုမင်္ဂလ(ဒယ်အိုးဆရာတော်) (ဂျပန်နိုင်ငံ တိုကျိုတရားပွဲ-၁)
ဆရာတော် ဥူးသုမင်္ဂလ(ဒယ်အိုးဆရာတော်) (ဂျပန်နိုင်ငံ တိုကျိုတရားပွဲ-၂)