ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဒီကိစ္စတွေ ဘယ်လို ဆက်လက်ဖြေရှင်းမလဲ ဦးခင်ရီဖြေပါ...

ဒီကိစ္စတွေ ဘယ်လို ဆက်လက်ဖြေရှင်းမလဲ ဦးခင်ရီဖြေပါ...

ဒီဓာတ်ပုံပါ လိုလျှင်ညာ ကိစ္စတွေ မပြောခင် ကမ္ဘာပေါ်မှာ ဒုတိယ ကင်ဆာဖြစ်ပွားမှု အများဆုံးဆု လက်ခံရရှိထားတဲ့ မြန်မာပြည်မှ စားသောက်ကုန်ဆိုင်ရာ ဥပဒေရဲ့ လစ်ဟာမှုတွေ အတွက်မေးခွန်းထုတ်ချင်သည်။ တလောက အသိမြန်မာ ဆရာဝန်တဦးနှင့် တွေ့ဆုံ စကားပြောဖြစ်ရင်း မြန်မာပြည်အတွင်း ကျန်းမာရေးဝန်ကြီးဋ္ဌာနမှ စားသုံးရန် မသင့်ဆိုသော စားသောက်ကုန်များနှင့် ပတ်သက်ပြီး မေးမြန်းကြည့်မိသည်။

စားသုံးရန် မသင့်သော စားသောက်ကုန်များအဖြင့် ကျန်းမာရေးဝန်ကြီးဋ္ဌာနမှ ကြေငြာသည်။
နောက်ဆက်တွဲ မည်သို့ အရေးယူသည် ဟူသော ကြေငြာချက် မကြားမိ။ ပြင်းပြင်းထန်ထန် အရေးယူသည် ဟူသော နောက်ဆက်တွဲ သတင်းများ မဖတ်မိ မမြင်မိ။
အဆိုပါ ကုမ္ပဏီများ မည်သို့ဆက်လက် လုပ်ဆောင်ပါသလဲဟု မေးမြန်းကြည့်မိတယ်...။
ကုမ္ပဏီအမည်သစ်နဲ့ ဆက်လက်သွင်းယူပါတယ်တဲ့..။

ဒါနဲ့ တဆက်တည်း ယနေ့ Reuters သတင်းဋ္ဌာနရဲ့ စစ်တွေမြို့ ဘင်္ဂလီရွာများမှ သန်းခေါင်စာရင်း ကောက်ယူစဉ် မြင်တွေ့ရတဲ့ ဓာတ်ပုံများကို ကြည့်မိသည်..။
ပြည်ပမှ ဘင်္ဂလီအော်ချက်များ၊ လှုံဆော်ချက်များကြောင့် ဘင်္ဂလီအိမ်များနှင့် နားမလည် ပါးမလည် ဘင်္ဂါလီ ကလေးသူငယ်များပါ မကျန် ရိုဟင်ဂျာဟု ရေးသွင်းရန် လှုံဆော်ထားချက်များကို တွေ့ရှိရသည်..။

ရိုဟင်ဂျာဟု ဖြေလျှင် သန်းခေါင်စာရင်း မသွင်းဆိုရုံနှင့် ယခုကိစ္စသည် ပြီးစီးသွားမည် မဟုတ်ပေ..။ နောက်ဆက်တွဲ မည်သို့ အရေးယူမည် မည်သို့ လုပ်ကိုင် ဆောင်ရွက်မည်ဟူသော ဗျူဟာများ ချမှတ်ထားသည်ကို ရှင်းရှင်းလင်းလင်း သိလိုသည်...။ အများပြည်သူ သိအောင်ချပြသင့်သည်။

လူကို အန္တရယ် ပြုစေနိုင်သော အစာအစာများအား ကဲ့သို့ မစားသုံးသင့်ဟု ကြေငြာသည် နောက်ဆက်တွဲ အရေးယူမှုများ ပေါ်ထွက်မလာခဲ့...။
ယခုဘင်္ဂလီ အရေးသည်လည်း ကင်ဆာရောဂါကဲ့သို့ အမြစ်တွယ်နေပေပြီ...။ ကင်ဆာရောဂါဟု အဖြေပေးနေရုံနှင့် မပြီး မည်သည့်ဆေးနှင့် ကုသမည် မည်သို့ ကိုင်တွယ် ဆောင်ရွက်မည် ဆိုသည့် နောက်ဆက်တွဲ အဖြေသိဖို့ လိုပေသည်...။ ရိုဟင်ဂျာဟု ဖြေဆိုလျှင် သန်းခေါင်စာရင်း မသွင်းဟုဆိုသော ဖြေဆေး၊ သွေးဆေး၊ မန်းဆေးလောက်နှင့် လတ်တလော မီးစင်ကြည့်ကခဲ့၍ တိုင်းပြည်နစ်နာပေါင်းလဲ များပေပြီ။ ကင်ဆာကဲ့သို့ အန္တရာယ်ကြီးသော ကိစ္စအား သေချာ မကိုင်တွယ်နိုင်လျှင် အချုပ်အချာ အာဏာကိုပါ ထိပါး နှောင့်ယှက်လာလေမည်။

ပြည်တွင်း လူကြီးမင်းတို့ ကြံ့ဖွံ့ပါတီဝင် လွှတ်တော်တွင်းမှ အရှင်မွေး၍ နေ့ချင်းကြီးသူ အမတ်၃ဦးမှလည်း ရိုဟင်ဂျာဟု ဖြေဆိုလျှင် မည်သို့အရေးယူမည်နည်း။ ယခုလက်ရှိ ရိုဟင်ဂျာဟု ဖြေဆိုသူ ဘင်္ဂလီများအား သန်းခေါင်းစာရင်း မကောက်လျှင် လူဦးရေစာရင်းတွင် မည်သို့ဆက်လက် ဆောင်ရွက်မည်နည်း။ ဥပဒေအတိုင်း ဆောင်ရွက်မည် ဆိုလျှင် မည်သို့ အရေးယူမည်နည်း။ အဆိုပါသူများသည် မိမိတိုင်းပြည်တွင်း ပြည်သူ့ဘဏ္ဍာများအား အသုံးပြု၍ လက်ခံထားရခြင်း ဖြစ်သည်...။ ရေရှည် မည်သို့ ဆောင်ရွက်မည်နည်း။ လူကြီးမင်းတို့ ယာယီ White Card ထုတ်ပေးထားသူများသည် မည်သည့်လူမျိုးဟု ထည့်သွင်းထားသနည်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ဖြေကြားပေးပါရန်..။



ဒီမိုဝေယံ

ဓာတ်ပုံ Soe Zay Yar (Reuters)