ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မတရား လစာဖြတ်ခံထားရပြီး မတရားသဖြင့် တရားစွဲဆို ခံနေရသော ဆရာတဦး၏ ရင်ဖွင့်တိုင်ကြားချက်


မတရား လစာဖြတ်ခံထားရပြီး မတရားသဖြင့် တရားစွဲဆို ခံနေရသော ဆရာတဦး၏ ရင်ဖွင့်တိုင်ကြားချက်

 မန္တလေးတိုင်းဒေသကြီး၊မြင်းခြံခရိုင် ၊ နွားထိုးကြီးမြို့ နယ် လက်ပန်လ(ခွဲ) ကျောင်းအုပ်ကြီး သည် ကျောင်းအစည်းအဝေးတွင် ၂” လက်မ ပတ်လည် သစ်သားချောင်းဖြင့် ဆရာဦးအောင်သိန်းဝင်းအား လိုက်လံ ရိုက်နှက်ခဲ့ပါသည်။

ထို့ပြင် မြို့နယ်ပညာရေးမှူး ဒေါ်သန္တာဆွေ ကျောင်းအုပ်ကြီး ဦးတိုးတင့်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆန်းဝင်း ၊ တို့သုံးဦး ပူးပေါင်း၍ ပညာရေးဝန်ကြီးဌာနပိုင် ကျောင်းဝိုင်းမြေကို ကိုယ်ကျိုးအတွက် ရောင်းစားခဲ့ပါသည်။

၎င်းအမှုများကို ရွာသားများအား တာဝန်သိဆရာ ဦးအောင်သိန်းဝင်း တို့မှ အထက်လူကြီးများသို့  အသိပေးတိုင်ကြားခဲ့သဖြင့် P.E.D.E စစ်ဆေးခြင်းမရှိသဖြင့် တိုင်ကြားသူ ကျွန်တော် ဦးအောင်သိန်းဝင်းအား မတိကျသောပြန်တမ်းများ ထုတ်ကာ လစာများ ဖြတ်တောက်၍ အရေးယူ ထားသည်မှာ (၁၀)လကျော်ခဲ့ပါပြီ။

၎င်း လစာများအတွက် မြို့နယ် ပညာရေးမှူးရုံးသို့ (၃၁.၃.၂၀၁၄) နေ့တွင် သွားရောက်စုံစမ်းရာ မြို့နယ်ပညာရေးမှူးမှ ၀တ္တရား နှောက်ယှက်မှုဖြင့် လီဆယ်၍ တရားစွဲဆို ခံထားရသည့်အပြင် စစ်ကိုင်းပညာရေးတက္ကသိုလ်၌ ပညာသင်ယူနေသော ဦးအောင်သိန်းဝင်းအား လိုက်လံ နှောက်ယှက်နေပါသည်။ ဤကဲ့သို့ ဌာနဆိုင်ရာ အကြီးအကဲမှ အောက်ခြေပညာရေးဝန်ထမ်း တစ်ဦးအပေါ် မတရား အရေးယူခံထားရသော အမှုကို ပညာရေးဋ္ဌာန အပါအဝင် သက်ဆိုင်ရာ လူကြီးမင်းများမှ ဥပဒေနှင့် အညီ စုံစမ်းစစ်ဆေး ဖြေရှင်းပေးပါရန်  ဒီမိုဝေယံတဆင့် လေးစားစွာ တင်ပြအပ်ပါသည်။