ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဒေါ်အောင်ဆန်းစုကြည် အမှု ၂၄ ၇က်နေ့ နေ့လည် ၂နာရီချိန်းဆို။...။

ယနေ့ အင်းစိန်တရားရုံးတွင် ဥပဒေပညာရှင် ဒေါ်ခင်မို့မို့၏ လျှောက်လဲချက်ကို မနက် ၁၀နာရီ မှ စတင်စစ်ဆေးရာ ညနေ၅နာရီတိုင်အောင် ကြာမြင့်ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ဥပဒေအကျိုးဆောင် ရှေ့နေကြီးဦးဥာဏ်ဝင်း ကပြောပါတယ်။ "

ဒီနေ့ အန်ကယ်တို့ အင်းစိန်တရားရုံးမှာ မနက်၁၀နာရီက စပြီးတရားခံပြ သက်သေ ရှေ့နေဒေါ်ခင်မိုးမိုး လျှောက်လဲချက်ပေးရပါတယ်၊ ဒေါ်ခင်မိုးမိုးက ရှေ့နေတဦးဖြစ်တဲ့ အတွက်ကြောင့် သူတို့က ၁၉၇၄ခုနှစ် အခြေခံဥပဒေ ရှိသေးတယ်ဆိုပြီး သွယ်ဝိုက်ပြီး တင်ပြတာကို အန်ကယ်တို့က ၁၉၇၄ အခြေခံဥပဒေ မရှိတဲ့ အကြောင်း အပြန်အလှန် မေးခွန်းထုတ်ကြတယ်၊ Issue ကကြီးတဲ့ အတွက်ကြောင့် ညနေ ၅နာရီမှ ပြီးပါတယ် "

ဟုရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါသည်။ နောက်တကြိမ် ရက်ချိန်းကို လာမည့် ၂၄ရက်နေ့ သောကြာနေ့ နေ့လည်၂နာရီ သို့ချိန်းဆိုလိုက်ကြာင်း သိရှိရပါတယ်။ ထိုနေ့မှာ ၂ဘက်လုံးမှ အပြီးသတ် လျှောက်လဲချက် ပေးရမည်ဟု သိရှိရပါသည်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ပြီး၊ စိတ်ဓာတ်ကြံ့ခိုင်ကြောင်း သိရှိရပါသည်။

သတင်း......ဒီမိုဝေယံ။...။







ဒေါ်အောင်ဆန်းစုကြည်၊ SNLD ဥက္ကဋ္ဌဦးခွန်ထွန်ဦးနှင့်နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဂျပန်နိုင်ငံ UN ရုံးရှေ့ဆန္ဒပြပွဲ အခမ်းအနား သတင်း၊ဓာတ်ပုံ။....။

























ပူတာအိုထောင်၌ မတရားနှစ်ရှည် အကျဉ်းကျခံ နေရသော ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦး နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ဆန္ဒပြပွဲ အခမ်းအနားကို ဦးခွန်ထွန်းဦး မွေးရက်ဖြစ်သည့် လစဉ် ၉ရက်နေ့တိုင်း ကျင်းပ ပြုလုပ်ပါသည်။ အခမ်းအနားသို့ ဂျပန်နိုင်ငံရောက် အဖွဲ့အစည်း အသီးသီးမှ ဒီမိုကရေစီအရေး လှုပ်ရှားသူ ၇၀ကျော်ခန့် တက်ရောက်ခဲ့ပါသည်။

တိုင်းရင်းသား အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များမှ အမှာစကားများ ပြောကြားကြပါသည်။အခမ်အနားကို နေ့လည် ၃နာရီမှ၎နာရီ အထိကျင်းပ ပြုလုပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၊ SNLD ဥက္ကဋ္ဌဦးခွန်ထွန်းဦးနှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ကြွေးကြော်သံများတိုင်ကာ ရုပ်သိမ်းခဲ့ပါသည်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦး ဟာ ၃ရက်နိုဝင်ဘာ၂၀၀၅ ခုနှစ်မှာ မတရားဖမ်းဆီး ထိမ်းသိမ်းခံရပြီး ပူတာအိုထောင်မှာ နှစ်ရှည် ထောင်ဒါဏ် ၉၃နှစ် ချမှတ် ခံထားရပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦးဟာ ပုံမှန်လေ့ကျင့်ခန်း စိတ်တိုင်းကျ လုပ်ခွင့် မရသောကြောင့် (အသိအာရုံကြောအားနည်းသော) ခြေထောက်ယောင် ရောဂါ ခံစားနေရကြောင်း ယနေ့( သျှမ်းသံတော်ဆင့် )သတင်းမှာဖော်ပြပါရှိတယ်။....။


သတင်း။...။ဦးထွန်းလွင်(FWUBC)
..................ဒီမိုဝေယံ

တစည၏ ၂၀၁၀ ရွေးကောက်ပွဲ အတွက် မသမာခြေလှမ်များ။…။

ပွဲလန့်တုန်း ဖျာခင်းမလို့တဲ့။...။



ဆောင်းပါး။...။ဒီမိုဝေယံ..........

၇ ဇူလိုင် ပြည်တွင်းလှုပ်ရှားမှု။...။























ရန်ကုန်နည်းပညာတက္ကသိုလ်၊ကွန်ပျုတာတက္ကသိုလ်၊စီးပွါးရေးတက္ကသိုလ်တွေမှာ တက်ကြွလူုငယ်များမှ လိုက်လံ ကပ်ထားခြင်းဖြစ်ပါတယ်။

www.thebestmanure.blogspot.com

အကောင်းဆုံးမြေသြဇာအဖွဲ့(The Best Manure) ဘလော့မှရယူပါသည်။....။


တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (7 July) တိုက်ပွဲခေါ်သံ။...။

7-July Statement by Ta Ka Ta

ကိုနစ်နေမန်းဘလော့မှ.....

ယနေ့ဂျပန်နိုင်ငံ တိုကျိုမြို့ စစ်အခွန်ရုံးရှေ့တွင်ပြုလုပ်သော ၇ ဂျူလိုင်နေ့ အခမ်းအနား သတင်း၊ဓာတ်ပုံမှတ်တမ်း။


ဂျပန်နိုင်ငံ တိုကျိုမြို့ ရှိနာဂါဝမြို့နယ်ရှိ မြန်မာသံရုံး (ခေါ်)စစ်အခွန်ရုံးရှေ့တွင် ၄၇နှစ်မြောက် ၇ ဂျူလိုင်နေ့ အခမ်းအနားကို ယနေ့ နေ့လည် ၃နာရီ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။အခမ်းအနားသို့ ဂျပန်နိုင်ငံရှိ နိုင်ငံရေး အဖွဲ့အစည်း အသီးသီးနှင့် တိုင်းရင်းသားအဖွဲ့အစည်းအသီးသီးတို့မှ စုစုပေါင်းအင်အား၂၅၀ခန့် တက်ရောက်ခဲ့ ကြပါသည်။ ဆန္ဒပြပွဲ အခမ်းအနားမှူး အဖြစ် ကိုမြတ်သူ(လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဂျပန်ဌာနခွဲ)က ဆောင်ရွက်ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲမှ အတွင်းရေးမှူး ဦးသောင်းမြင့်ဦးမှ အာဏာရှင်စနစ် နှင့် ခွပ်ဒေါင်းစိတ်ဓါတ်၏ အဓိပ္ပါယ်ကွဲပြားခြားနားပုံ ကို၎င်း၊ အလင်းအိမ်စာစောင်မှ ကိုရဲငြိမ်းမှ ဇူလိုင်(၇)ရက်သမိုင်း အကျဉ်းချုပ်ကို၎င်း၊ မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုမောင်မောင်လှ၊ မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂမှ ကိုဖုန်းမြင့်ထွန်းတို့မှ ကျောင်းသားများအခန်းကဏ္ဍ နှင့် ပတ်သက်၍၎င်း၊ လက်ရှိ ခေတ်လူငယ်ကဏ္ဍကို မကြည်ပြာဇော်ဝင်း (လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဂျပန်ဌာနခွဲ) မှ၎င်း၊တိုင်းရင်းသားများနှင့်ပတ်သက်၍ ကိုမိုင်ကျော်ဦး က၎င်း၊ကိုမြင့်ဆွေ(မြန်မာ့အလုပ်သမားသမဂ္ဂ)မှ အလုပ်သမား အရေးတော်ပုံ သမိုင်းကို၎င်း ကိုယ်စားပြု ပြောကြားသွားခဲ့ပြီးနောက် အာဟာရစာစောင်မှ ကိုသက်လင်းက ကိုကျော်ကျော်ကို (ဗကသအဖွဲ့ချုပ်) ၏ကဗျာကို ကိုယ်စား ဖတ်ကြားပေးခဲ့ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲမှ ဒေါ်သန်းသန်းအေးက ကျောင်းသား များအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် ပန်းစည်းကို နအဖ အခွန်ရုံးအဝင်တံခါးဝ တွင်ထားရှိခဲ့ပြီးနောက် ကြွေးကြော်သံများ သံပြိုင်ရွတ်ဆိုကာ ညနေ ၄နာရီခွဲတွင် အခန်းအနား ပြီးဆုံးခဲ့ပါသည်။

သတင်းဓာတ်ပုံ။....။ဦးစိုးအောင်ဝင်းNLD(LA)JB (ပြန်ကြားရေး)
............................။မောင်ထွန်းလွင်(FWUBC)
............................။ဒီမိုဝေယံ

မြန်မာပြည်မှာ တောင်နဲ့မြောက် ကွဲနေခြင်း။....။(ဆောင်းပါး)

South &North Korea

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်မစ္စတာဘန်ကီမွန်းနှင့်NLD CEC တွေ့ဆုံစဉ် တောင်းဆိုချက်များ။


၃ ရက်နေ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်မစ္စတာဘန်ကီမွန်းနဲ့ NLD CEC ၄ဦးတွေ့ဆုံခွင့် ရခဲ့စဉ် NLD မှအချက် ၄ချက် တောင်းဆိုခဲ့ကြောင်း သိရှိရပါတယ်။ပထမဦးစွာ UN ဘက်မှ အချိန် အခက်အခဲကြောင့် ပါတီတခုလျှင် ၂မိနစ်စီသာ ပြောခွင့်ပြုကြောင်း NLD မှ ၂မိနစ်သာ ဆိုလျှင် ပြောစရာမရှိကြောင်း ပြောဆိုသည့် အတွက်ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တဖွဲ့တည်းအား ၁၅မိနစ်ပြောဆိုခွင့် ပြုခဲ့ပါတယ်။

Justify Full
NLD မှမစ္စတာဘန်ကီမွန်းထံသို့ အချက်၎ချက် တောင်းဆိုခဲ့ပါတယ်။

၁....ဒေါ်အောင်ဆန်းစုကြည် နှင့်တကွ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး။
၂....အမျိုးသားရင်ကြားစေ့ရေး အတွက်တွေ့ဆုံ ဆွေးနွေးရေး။
၃....၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲအား တနည်းနည်းဖြင့် အသိအမှတ်ပြုရေး။
၎....၂၀၀၈ခုနှစ် အခြေခံဥပဒေကို ပြန်လည် Rivew လုပ်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရှိရပါတယ်။

မစ္စတာဘန်ကီမွန်းမှ သူကြိုးစားပေးပါ့မယ်လို့ ပြောဆိုခဲ့တယ်လို့ သိရှိရပါတယ်။ နေပြည်တော်သို့ ခေါ်ယူသည့် ဖိတ်စာတွင်လည်း မစ္စတာ ဘန်ကီမွန်းနဲ့ တွေ့ခွင့်ရမည်ဟု မပါရှိဘဲအရေးကြီးပုဂ္ဂိုလ် တဦးနှင့် တွေ့ခွင့်ရမည်ဟုသာ ရေးသားထားကြောင်း ထိုဖိတ်စာအားလည်း မစ္စတာဘန်ကီမွန်းအား ပြသခဲ့ကြောင်း သိရှိရပါတယ်။

သတင်း။....။ဒီမိုဝေယံ.....


NLD CEC အဖွဲ့ဝင် လူကြီးများ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း နှင့် ၁၅ မိနစ်သာတွေ့ခွင့်ရ။

NLD CEC အဖွဲ့ဝင် လူကြီးများ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စ္စတာ ဘန်ကီမွန်း နှင့် ၁၅ မိနစ်သာ တွေ့ခွင့်ရတဲ့ အတွက် မစ္စတာဘန်ကီမွန်းရဲ့ ခရီးစဉ်အပေါ် အားရ ကျေနပ်မှု မရှိကြောင်း ပြောဆိုပါတယ်။ ပြည့်ပြည့်စုံစုံ ပြောခွင့်မရတဲ့ အတွက် နေပြည်တော်မှာ အချိန်တွေ အလကား ကုန်ကြောင်း ပြောဆိုပါတယ်။

သတင်း။....။ဒီမိုဝေယံ

မြန်မာခရီးစဉ် ဘန်ကီမွန်း စိတ်ပျက်။...။(VOA သတင်းဋ္ဌာန)


"ကျနော် အတော့်ကို စိတ်ပျက်မိပါတယ်။ ဒါဟာဆိုရင် အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်မှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နိုင်မယ့် နိုင်ငံရေးခေါင်းဆောင်တွေ အားလုံးနဲ သင့်မြတ်ရေး အတွက် တစိုက်မတ်မတ် လုပ်နေပါတယ် ဆိုတာနဲ့ ပတ်သက်လို့ သူတို့ဖက်က ပြသနိုင်မယ့် အခွင့်အလန်းတခု ဆုံးရှုံးခဲ့တာလည်း ဖြစ်ပါတယ်။" (အပြည့်အစုံဖတ်ရန်VOAသို့)