ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

Popular Journal ထူးဆန်းထွေလာ ဖားနှစ်ကောင်သတင်းနဲ့ အတူပြန်လည်ထွက်ရှိ လာတဲ့ တစ်ပတ်ခန့်ထုတ်ဝေမှု အပိတ်ခံရသော ပေါ် ပြူလာဂျာနယ်...

Popular Journal
ထူးဆန်းထွေလာ ဖားနှစ်ကောင်သတင်းနဲ့ အတူပြန်လည်ထွက်ရှိ
လာတဲ့ တစ်ပတ်ခန့်ထုတ်ဝေမှု အပိတ်ခံရသော ပေါ် ပြူလာဂျာနယ်


နအဖစစ်အစိုးရ၏ စာပေကင်ပေတိုင်ဌာနမှ ထုတ်ဝေခွင့် တစ်ပတ်တိတိ ပိတ်ပင်ခံခဲ့ရသော ပေါ်ပြူလာဂျာနယ်နှင့် အင်ဗွိုင်းဂျာနယ်နှစ်စောင်တို့ အနက် ပေါ်ပြူလာဂျာနယ်မှာ ယခုတနင်္ဂနွေနေ့တွင် ပြန်လည် ထုတ်ဝေခွင့်ရရှိခဲ့ပြီး၊ အင်ဗွိုင်းဂျာနယ်မှာလည်း မကြာခင်မှာ ပြန်လည်ထုတ်ဝေခွင့် ရရှိတော့မှာ ဖြစ်ကြောင်း စာပေအသိုင်းအ၀ိုင်းနှင့် နီးစပ်ပတ်သက်သော အသိုင်းအ၀ိုင်းမှ ကြားသိရပါသည်။ ယင်းဂျာနယ်နှစ်စောင်အား စာပေကင်ပေတိုင်ဟူသော အမည်ဆိုးဖြင့် ကျော်ကြားနေသော မြန်မာနိုင်ငံစာပေစိစစ်ရေးမှ ၄င်းတို့ဂျာနယ် ထုတ်ဝေသူများအား အကြောင်း အမျိုးမျိုးကြောင့် ထုတ်ဝေနိုင်ခြင်း မရှိပါဟူ၍ လျှောက်ထား စာရေးသား တင်ခိုင်းခဲ့သော်လည်း ( Bi Weekly Eleven) နှင့်( Monitar) ဂျာနယ်တို့က မိန်းကလေးအဖော်၊ အလန်ပုံများကို ဖော်ပြသောကြောင့် မြန်မာစာပေစိစစ်ရေးမှ ထုတ်ဝေမှု ရပ်ဆိုင်းခဲ့ရခြင်း ဖြစ်ကြောင်းကို ဖော်ကောင်လုပ် ရေးသား တင်ပြခဲ့သဖြင့် ပေါ် ပြူလာဂျာနယ်နှင့် အင်ဗွိုင်းဂျာနယ် ထုတ်ဝေသူတို့မှာ စာပေ၀န်းကျင်တွင် အရှက်ရခဲ့ပါသည်။

မြန်မာနိုင်ငံ စာပေစိစစ်ရေးညွှန်မှုး (ဗိုလ်မှုးတင့်ဆွေ(ခ)ရဲရင့်တင့်ဆွေ)မှာ ၄င်း၏နောက်ကွယ်မှ ထောက်လှမ်းစုံစမ်း ဖိအားပေးနေသည့် (ဗိုလ်မှုးမျိုးမြင့်မောင်)ကို မလွန်ဆန်နိုင်သောကြောင့် ဖြစ်သည်ဟု စာပေစိစစ်ရေးနှင့် နီးစပ်သူတို့က ပြောဆိုခဲ့ပါသည်။ (၂၀၁၀)ရွေးကောက်ပွဲကာလ နီးကပ်လာသည်နှင့် မြန်မာနိုင်ငံစာပေစိစစ်ရေး ကင်ပေတိုင်များက စာပေအနုပညာ၊ ဂျာနယ်၊ မဂ္ဂဇင်းထုတ်ဝေမှုများ၊ ရေးသားမှုများအပေါ်တွင် ပိုမိုကာ ဖိအားပေး နှိပ်ကွပ်လျှက် ရှိနေပါသည်ဟုလည်း ယင်းစာပေအသိုင်းအ၀ိုင်းက ဆိုလာပြန်ပါသည်။ နအဖစစ်အစိုးရ အကြိုက်ကိုသိသော အလိုတော်ရိ လျှပ်တပြက်ဂျာနယ်မှ (ဆရာကြီးတစ်ခါစားမြတ်ခိုင်)၊ စာပေစိစစ်ရေးအတွင်းရေးမှုး (ကိုကို-စက်မှုတက္ကသိုလ်) ဆိုသူတွေကတော့ ၄င်းတို့အရှင်သခင် နအဖစစ်ဗိုလ်ချုပ်၊ ဗိုလ်မှုးကြီးများကို မိန်းမအပျော်အပါး၊ ယမကာသေရည်တို့ ဆက်သတိုက်ကျွေးပြီး၊ ၄င်းတို့ဂျာနယ်များ ဆင်ဆာ ဖြတ်ခြင်းမခံရအောင်၊ အ၀ါရောင်စာပေများ ရေးသားခွင့်ရအောင် လာဘ်သက္ကာယများ ဆက်သနေပါတယ် လို့လည်း ပြောကြားလာပါတယ်။ ယခုအပိတ်ခံရတဲ့ ဂျာနယ် ထုတ်ဝေသူများကလည်း မိမိတို့ ဂျာနယ်များထုတ်ဝေမှု အပိတ်မခံရအောင် အရှင်သခင်ကြီးများကို မည်သည့်နည်း၊ မည်သည့်အရာများဖြင့်ဆက်သရမည်လဲဆိုသည်ကို စဉ်းစားနေရပါကြောင်း ကြားသိခဲ့ရပါသည်။ (၂၀၁၀)ခုနှစ် ကမ္ဘာ့ ဖလားပြိုင်ပွဲတွင် ဘောလုံးအနိုင်အရှုံးကို မှန်ကန်တိကျစွာ ဆုံးဖြတ်ပေးခဲ့သော ရေဘ၀ဲလေး ပေါလ်ကို အားကျတော်မူသော နအဖအကြိုက် (ဖော်လံဖား) တတ်သော ဒါရိုက်တာကြည်စိုးထွန်းနှင့် (ကပ်ဖား)သော တေးသံရှင်ရော့ခ်ကာကြီး ဇော်ဝင်းထွဋ် တို့ကလည်း ပြန်လည် ထုတ်ဝေခွင့်ရခဲ့သော ယခုတစ်ပတ်ထုတ် ပေါ်ပြူလာဂျာနယ်တွင် နအဖစစ်အစိုးရ ရွှေ တို့သဘောကျမည့် အကြောင်းအရာများကို ဆောင်းပါးအဖြစ် ရေးသားထားသည် ကိုတော့ ရေးသားတင်ပြခဲ့ပါရင် ရှည်ဝေးနေမည် စိုးပါသဖြင့် ရှာဖွေဝယ်ယူ ဖတ်ရှုကြပါရန် လေးစားစွာ တိုက်တွန်းအပ်ပါသည်။

မာဃ၀ိဇ္ဇာ
Popular Journal2
ဇော်ဖါးထွဋ်ရဲ့ နှစ်ခွဖား ဆောင်းပါး....
Popular Journal1