ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ရွှေစက်တော်သွား တောလား (၁) (အမိမြန်မာပြည် အမှတ်တရ ဓာတ်ပုံ)

ဒီတစ်ခေါက်တော့ ကျွန်တော်တို့ ငယ်ဘဝက နွေရာသီ ကျောင်းပိတ်ရက်တွေမှာ ဘုရားဖူးထွက်ရင် မဖြစ်မနေ ရောက်အောင် သွားကြတဲ့ ရွှေစက်တော်ဘုရား ကတော့ မပါမဖြစ်ပေါ့...။ ငယ်ငယ်တုန်းက ရွှေစက်တော် ဘုရားဖူးသွားရင် မကွေးမှာ ဇာတ်ကူးဖို့ စောင့်ရတာ တစ်မေ့တစ်မော ဒီကြားထဲ VIP ဆိုတာတွေ ရောက်လာရင်လည်း ကြားဖြတ်ပြီး သူတို့ကို အလှည့်ပေးရနဲ့ပေါ့.. ဇာတ်ကူးဖို့ ကမ်းပါးကနေ ဧရာဝတီ မြစ်ဆိပ်ကို ကားတွေ ဆင်းရတာလည်း အသည်းတယားယားနဲ့လေ လတ်တလော တခြားတိုင်းပြည်တွေ ရောက်တဲ့အခါ Safety First ကိုဦးစားပေးတာ တွေ့ရမှ ကိုယ့်မြန်မာလူမျိုးတွေ ဘဝကို တွေးပြီး ရင်မောရပါတယ်...။ ရေးရင်းနဲ့ မင်းဘူးမရောက်ပဲ မင်းဆိုးဆီ ရောက်ရောက်သွားတယ်..။ အဲ့မင်းဘူးကနေ ရွှေစက်တော် ဘုရားသွားတဲ့ လမ်းကတော့ အဲ့ဒီအချိန်က ဖုန်တလုံးလုံးနဲ့ပေါ့.. ကားရောလူရော မြင်မကောင်းအောင်ပါပဲ..။ တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်ပြီး ရယ်ကြမောကြပေါ့.။ ရွှေစက်တော် ရောက်ပြီး မန်းချောင်းရေအေးအေး ကြည်ကြည်လင်လင်ကို မြင်ရတော့လည်း အမောတွေ ပျောက်ပေါ့ဗျာ..။ 

ဘာပဲဖြစ်ဖြစ်ဗျာ ကျွန်တော်တို့ နိုင်ငံဟာ သဘာဝအလှတရားတွေ ပြည့်စုံကုံလုံတဲ့ တိုင်းပြည်ပါပဲ...။ အခုလို ရေခြား မြေခြားကို ရောက်နေကြသူတွေ အားလုံး ကိုယ့်အမိမြေကို လွမ်းကြမှာပါပဲ..။ ဒီ့အတွက်ကြောင့် ပြည်ပမှာ ရောက်ရှိနေကြတဲ့ ညီအကို မောင်နှမတွေ အားလုံးအတွက်  အမိမြန်မာပြည် အမှတ်တရ ဓာတ်ပုံ ကဏ္ဍလေးကို ဓာတ်ပုံတွေနဲ့အတူ ရေးသား တင်ဆက်လိုက်ရပါတယ်..။ ဓာတ်ပုံမျှဝေလိုသူ ဝါသနာရှင်တွေလည်း ဓာတ်ပုံတွေ ပေးပို့နိုင်ပါတယ်..။

ရွှေတောင်မြို့က မြန်မာပြည်မှာ တစ်ဆူတည်းသော မျက်မှန်တပ်ထားတဲ့ရွှေမျက်မှန်ဘုရား
 မကွေး မြသလွန်စေတီတော်ကြီးအား သပ္ပါယ်စွာ ဖူးတွေ့ရစဉ်
မြသလွန် ဘုရားပေါ်က လှမ်းမြင်ရတဲ့ ဧရာဝတီတံတားနဲ့ မြစ်အလှ
မြသလွန်ရင်ပြင်ပေါ်က အပြစ်ကင်းတဲ့ ကလေးငယ်များ.. မီးပူဇော်နေစဉ်
မြသလွန်စေတီရင်ပြင်က လှမ်းမြင်ရတဲ့ နေဝင်ချိန်အလှ...
သဘာဝအလှတွေကြားက ဝမ်းရေးအတွက် ဧရာဝတီမြစ်ကို အမှီပြုနေကြရတဲ့ ပြည်သူတွေဘဝ...
မင်းဘူးက နဂါးပွက်တောင် ကလေးဘဝကတော့ ဘာမှန်းညာမှန်းမသိပဲ ငွေအကြွေစေ့တွေ ပစ်ထည့်ပြီး ဆုတောင်းခဲ့ရသေး
ရွှေစက်တော် ရောက်ပြီ.... ယာယီချောင်းကူး တံတားလေး
မပြောင်းလဲသေးတဲ ဝါးဘန်ဂလိုတွေနဲ့ ချောင်းရေကြည်..
ရွှေစက်တော်က Made in Myanmar အိမ်သာတွေလေ.. တစ်လောကမှ နေ့စဉ် သတင်းစာထဲမှာ မြင်နေကျ လူကြီးတွေ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးထားတာတဲ့...
ပြည်ပအားကိုး ပုဆိန်ရိုးဆိုပြီး တံဆိပ်ကပ်လေမလားပဲ

ဓာတ်ပုံများ ဆက်လက် ဖော်ပြပေးပါမယ်...