လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ ၆၄နှစ်မြောက် မွေးနေ့မင်္ဂလာပွဲကို ဂျပန်နိုင်ငံ၊တိုကျိုမြို့
အိုစုကရပ်ကွက် မိနာမိအိုစုကဟော၌ ၁၄-၆-၂၀၀၉ တနင်္ဂနွေနေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ ဦးဆောင်ကျင်းပခဲ့ရာတွင် အခမ်းအနားသို့လာရောက်ကြသော
ဂျပန် ရောက်မြန်မာဒီမိုကရေစီလှုပ်ရှားသူများ မြန်မာအရေးစိတ်ဝင်စားသောဂျပန်များ၊ဖိတ်ကြားထား
သောဧည့်သည်တော်များ အယောက် ၈၀၀ကျော် တက်ရောက်ဂုဏ်ပြုခဲ့ပါသည်။ ထိုဧည့်သည်တော်များ
ထည့်သွင်းလှူဒါန်း ခဲ့သော အလှူငွေများဖြင့် ထိုင်းနယ်စပ် မဲဆောက် သွေးသစ်ကျောင်းရှိ မြန်မာက
လေးငယ်များအတွက် လိုအပ်သော ကျောင်းစာသင်ခန်းနှင့် အဆောင်များ ဆောက်လုပ်ရန်အတွက်
လှူဒါန်းခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်၏ ၆၄နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် အမှတ်တရအနေ

ဖြင့် ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား ကလေးများအတွက် လှူဒါန်းခဲ့ကြောင်း၊ ထပ်မံလိုအပ်သော
အလှူ ငွေများကို လည်းဆက်လက်ပေးပို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း တာဝန်ခံ ကိုထင်ကျော်မှပြောကြားခဲ့ပါ
တယ်။
သတင်း၊ဓာတ်ပုံ....NLD(LA)JB Youth & Student - http://nldlajb.blogspot.com/ မှရယူပါသည်။
အလှူ ငွေများကို လည်းဆက်လက်ပေးပို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း တာဝန်ခံ ကိုထင်ကျော်မှပြောကြားခဲ့ပါ
တယ်။
သတင်း၊ဓာတ်ပုံ....NLD(LA)JB Youth & Student - http://nldlajb.blogspot.com/ မှရယူပါသည်။
အရက်စက်ဆုံးရန်သူ
တ၀ုန်းဝုန်း
တိုက်ခံလေဟာ...
ဘ၀တွေကို အစိမ်းလိုက်ကုတ်ဖြဲမယ့်
ငရဲသားတွေရဲ့ ညာသံပေါ့...
အဲဒီ့နာရီ..မိနစ်တွေဟာ....
အရှင်လတ်လတ်ပြာဖြစ်သွားခဲ့ပြီ..
လူတွေသေတယ်....
စိတ်တွေသေတယ်...
လူတွေရော.. စိတ်တွေရော...
ကုစားမရအောင်.. သေကြတယ်..
ဘယ်လို ၀ဋ်ကျွေးမျိုတွေလဲ..
ရက်စက်တဲ့ ရန်သူမျိုးငါးပါး..
မုန်တိုင်းတစ်ခုရဲ့ရလဒ်
အဲသလို သောကတွေပွက်ပွက်ညံနေတဲ့
ဒုက္ခ ငရဲဘုံကိုမှ..
ထိမ်ချန်ကွယ်ဝှက်ချင်ကြသတဲ့
လျစ်လျူမျက်ကွယ်ပြုချင်သတဲ့....
ငါတို့..
အရာအားလုံးထက်ဆိုးတဲ့
မင်းမျိုးရန်သူလက်အောက်မှာ..
အခါခါသေဆုံးခဲ့ကြပြီ..။
လင်းလင်းလတ် (တိုကျို)
ိ
တပ်မတော်လေ အရာရှိ၊အရာခံ၊အကြပ်၊တပ်သားများ၏ လက်ရှိ သရုပ်မှန် အခြေအနေ။
ပြန်လည်တင်ပြ ခွင့်ပြုတဲ့ ကိုဖိုးတရုတ်အား ကျေးဇူးအထူးတင်ပါသည်။...။ http://www.photayokeking.org/
ပြန်လည်တင်ပြ ခွင့်ပြုတဲ့ ကိုဖိုးတရုတ်အား ကျေးဇူးအထူးတင်ပါသည်။...။ http://www.photayokeking.org/
ယနေ့ အင်းစိန်တရားရုံးတွင် ဥပဒေပညာရှင် ဒေါ်ခင်မို့မို့၏ လျှောက်လဲချက်ကို မနက် ၁၀နာရီ မှ စတင်စစ်ဆေးရာ ညနေ၅နာရီတိုင်အောင် ကြာမြင့်ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ဥပဒေအကျိုးဆောင် ရှေ့နေကြီးဦးဥာဏ်ဝင်း ကပြောပါတယ်။ "ဒီနေ့ အန်ကယ်တို့ အင်းစိန်တရားရုံးမှာ မနက်၁၀နာရီက စပြီးတရားခံပြ သက်သေ ရှေ့နေဒေါ်ခင်မိုးမိုး လျှောက်လဲချက်ပေးရပါတယ်၊ ဒေါ်ခင်မိုးမိုးက ရှေ့နေတဦးဖြစ်တဲ့ အတွက်ကြောင့် သူတို့က ၁၉၇၄ခုနှစ် အခြေခံဥပဒေ ရှိသေးတယ်ဆိုပြီး သွယ်ဝိုက်ပြီး တင်ပြတာကို အန်ကယ်တို့က ၁၉၇၄ အခြေခံဥပဒေ မရှိတဲ့ အကြောင်း အပြန်အလှန် မေးခွန်းထုတ်ကြတယ်၊ Issue ကကြီးတဲ့ အတွက်ကြောင့် ညနေ ၅နာရီမှ ပြီးပါတယ် "
ဟုရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါသည်။ နောက်တကြိမ် ရက်ချိန်းကို လာမည့် ၂၄ရက်နေ့ သောကြာနေ့ နေ့လည်၂နာရီ သို့ချိန်းဆိုလိုက်ကြာင်း သိရှိရပါတယ်။ ထိုနေ့မှာ ၂ဘက်လုံးမှ အပြီးသတ် လျှောက်လဲချက် ပေးရမည်ဟု သိရှိရပါသည်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ပြီး၊ စိတ်ဓာတ်ကြံ့ခိုင်ကြောင်း သိရှိရပါသည်။
သတင်း......ဒီမိုဝေယံ။...။

ပူတာအိုထောင်၌ မတရားနှစ်ရှည် အကျဉ်းကျခံ နေရသော ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦး နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ဆန္ဒပြပွဲ အခမ်းအနားကို ဦးခွန်ထွန်းဦး မွေးရက်ဖြစ်သည့် လစဉ် ၉ရက်နေ့တိုင်း ကျင်းပ ပြုလုပ်ပါသည်။ အခမ်းအနားသို့ ဂျပန်နိုင်ငံရောက် အဖွဲ့အစည်း အသီးသီးမှ ဒီမိုကရေစီအရေး လှုပ်ရှားသူ ၇၀ကျော်ခန့် တက်ရောက်ခဲ့ပါသည်။
တိုင်းရင်းသား အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များမှ အမှာစကားများ ပြောကြားကြပါသည်။အခမ်အနားကို နေ့လည် ၃နာရီမှ၎နာရီ အထိကျင်းပ ပြုလုပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၊ SNLD ဥက္ကဋ္ဌဦးခွန်ထွန်းဦးနှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ကြွေးကြော်သံများတိုင်ကာ ရုပ်သိမ်းခဲ့ပါသည်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦး ဟာ ၃ရက်နိုဝင်ဘာ၂၀၀၅ ခုနှစ်မှာ မတရားဖမ်းဆီး ထိမ်းသိမ်းခံရပြီး ပူတာအိုထောင်မှာ နှစ်ရှည် ထောင်ဒါဏ် ၉၃နှစ် ချမှတ် ခံထားရပါတယ်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦးဟာ ပုံမှန်လေ့ကျင့်ခန်း စိတ်တိုင်းကျ လုပ်ခွင့် မရသောကြောင့် (အသိအာရုံကြောအားနည်းသော) ခြေထောက်ယောင် ရောဂါ ခံစားနေရကြောင်း ယနေ့( သျှမ်းသံတော်ဆင့် )သတင်းမှာဖော်ပြပါရှိတယ်။....။
သတင်း။...။ဦးထွန်းလွင်(FWUBC)
..................ဒီမိုဝေယံ
ရန်ကုန်နည်းပညာတက္ကသိုလ်၊ကွန်ပျုတာတက္ကသိုလ်၊စီးပွါးရေးတက္ကသိုလ်တွေမှာ တက်ကြွလူုငယ်များမှ လိုက်လံ ကပ်ထားခြင်းဖြစ်ပါတယ်။
အကောင်းဆုံးမြေသြဇာအဖွဲ့(The Best Manure) ဘလော့မှရယူပါသည်။....။
Subscribe to:
Posts (Atom)