ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

နအဖမှ ဒေါ်အောင်ဆန်းစုကြည်အား အမိန့်ချမှတ်ခြင်း MRTV အသံဖိုင်။ (ဦးကုလားဟုခေါ်သည် ဘလော့မှ)


ဒေါ်စု နေအိမ် အကျယ်ချုပ် ၁နှစ်ခွဲ ကျခံရ။(AP) သတင်းဋ္ဌာန

Suu Kyi to return to house arrest

YANGON, Myanmar – A Myanmar court has found pro-democracy leader Aung San Suu Kui guilty of violating her house arrest, but the head of the military-ruled country says she can serve out a 1 1/2-year sentence under house arrest.

The court initially sentenced Suu Kyi on Tuesday to a three-year prison term. But after a five-minute recess, the country's home minister entered the courtroom and read aloud a special order from junta chief Than Shwe.

The order said Than Shwe was cutting the sentence in half to 1 1/2 years and that it could be served under house arrest.

Suu Kyi has been in detention for 14 of the last 20 years, mostly under house arrest.



NLD CEC ဒေါ်အောင်ဆန်းစုကြည် စီရင်ချက်ချက်ချမည့် တရားခွင် တက်ရောက်ခွင့်ရရန် တောင်းဆို။...။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးမှ မနက်ဖြန် ဒေါ်အောင်ဆန်းစုကြည် အမိန့်ချမည့် တရားခွင်ဆီသို့ တက်ရောက်ခွင့်ပြုရန် သက်ဆိုင်ရာသို့ တောင်းဆိုထားကြောင်း သိရှိရပါတယ်။ NLD CEC ၆ဦးနှင့် ဗဟိုအမျိုးသမီး အဖွဲ့ဝင်တယောက် တက်ရောက်ခွင့် ပြုရန် တောင်းဆိုထားပါတယ်။ ည ၈နာရီ အထိ အကြောင်း ပြန်ကြားခြင်း မရှိသေးကြောင်း သိရှိရပါတယ်။


မတရားထောင်ပြောင်းရွှေ့မှုများ။....။

ပြီးခဲ့တဲ့လက မတရားထောင်ဒဏ် ၂နှစ်စီရင်ချက် ချမှတ်ခံရသည့် အသက် ၈၇ နှစ်ရှိပြီဖြစ်သည့် တောင်ကုတ်မြို့နယ် NLD ဥက္ကဋ္ဌ ဦးကျော်ခိုင်အား သံတွဲထောင်မှ ပိုမိုဝေးလံသည့် သရက်ထောင်သို့ ပြောင်းရွှေ့လိုက်ကြောင်း သိရှိရပါသည်။


စစ်အစိုးရ၏ ထောင်ဒဏ်နှစ်ရှည် ချမှတ်ခံထားရသည့် မစုစုနွေးအား ကလေးထောင်မှ ပို၍ဝေးလံသော ခန္တီးထောင်သို့ ထပ်မံပြောင်းရွှေ့လိုက်ကြောင်း သိရှိရပါသည်။ ယခင်ကလေးထောင်သို့ ထောင်ဝင်စာသွားတွေ့လျှင် အနည်းဆုံး ၇ ရက်ကြာမြင့်ပြီး ကုန်ကြစားရိတ် အင်မတန်များပြားကြောင်း ယခုခန္တီးထောင်သို့ ထပ်မံပို့ပြောင်းရွှေ့လိုက် သဖြင့်ထောင်ဝင်စာသွားတွေ့ရန် ပို၍ခက်ခဲသွားကြောင်း ကြားသိရပါသည်။ လူ့အခွင့်အရေးလှုပ်ရှားသူ မစုစုနွေးသည် လေးဘက်နာရောဂါနှင့် နှလုံးရောဂါ အခံရှိပြီး ပြီးခဲ့သည့် မတ်လက ကလေးဆေးရုံတွင် ဆေးကုသမှုခံခဲ့ရပြီး ၊ပြီးခဲ့သည့် လကလည်း ကိုမင်းကိုနိုင်ရေးစပ်သည့် အာဇာနည်နေ့ ဂုဏ်ပြုသီချင်း သီဆိုသည့်အတွက် ၃ရက် တိုက်ပိတ်ခံခဲ့ရပါသည်။



ကမ္ဘာမကြေတေး။





















ကမ္ဘာမကြေတေး


အနှစ်(၂၀) ကြာပေမယ့်
မကျက်နိုင်သေးတဲ့ဒဏ်ရာ
သွေးပြန်ထွက်လာပေါ့..

အာဏာနဲ့လက်နက်ကတော့
ဗီဇအတိုင်း ရက်စက်မှာပဲ
သွေးစွန်းသွားတဲ့ သင်္ကန်းတွေ
မျက်ရည်နဲ့ပဲ လျှော်နေကြတော့မလား..

ယမ်းနံ့သွေးနံ့တွေ ညှီဟောက်နေတဲ့ကြားက
အနှစ် (၂၀) သန္ဓေသား ရအောင်မွေးဖွားမယ်..

ကဲ...
သိုဝှက်သိမ်းဆည်းထားသမျှဆန္ဒတွေ..
ဖေါက်ခွဲပစ်ကြတော့
ငါတို့ ရင်ထဲ.. ဓါးမြှောင်တစ်လက်ရှိနေတာ...
ကမ္ဘာ ကသိတယ်..။

လင်းလင်းလတ် (တိုကျို)




မုဆိုးမတစ်ယောက်ရဲ့..အခန်း။...။










မုဆိုးမတစ်ယောက်ရဲ့..အခန်း။...။



ကြိုးအားလုံးပြတ်နေတဲ့ ဂစ်တာမှာ အသံရှိတယ်
ကြေမွနေတဲ့ မှန်စတွေပေါ်မှာ အသံရှိတယ်
သဲကြိုးပြတ် ဖိနပ်တစ်ရံမှာ အသံရှိတယ်
သွေးစွန်းတဲ့ အင်္ကျီတစ်စမှာ အသံရှိတယ် ။

ခိုင်မာတဲ့ ယုံကြည်မှု့မှာ အသံရှိတယ်
သံတိုင်တွေကြားမှာ အသံရှိတယ်
ထော့နေတဲ့ ခြေတစ်ဖက်မှာ အသံရှိတယ်
သွေဖီစည်းမျဉ်းတွေအောက်မှာ အသံရှိတယ် ။

မဲမှောင်တိုက်ခန်းငယ်မှာ အသံရှိတယ်
ဝါကျင်ကျင် မီးလုံးလေးမှာ အသံရှိတယ်
မျက်မှန်ဟောင်းကို စမ်းတဲ့လက်မှာ အသံရှိတယ်
ပင့်ကူမျှင်တွေနဲ့ မျက်နှာကျက်မှာ အသံရှိတယ် ။

ပုရွက်ဆိတ်တက် ထမင်းကြမ်းခဲမှာ အသံရှိတယ်
လွင့်တက်လာတဲ့ မြောင်းပုတ်နံ့မှာ အသံရှိတယ်
စိုနေတဲ့ ပါးနှစ်ဖက်မှာ အသံရှိတယ်
အသံမှာ အသံရှိတယ် ။

ဒါပေမဲ့.........
လင်သေ သားပျောက် မုဆိုးမတစ်ယောက်ရဲ့
မျှော်လင့်ချက်မှာ .. .. .. .. .. .. .. အသံမဲ့တယ် ။


ရင်ဘတ်ရှိသူတိုင်း အဲဒီ အသံတွေကို
ကြားနိုင်မယ်လို့ ယုံကြည်နေပါရစေ..........။
လေးစားထိုက်သူများကို လေးစားစွာဖြင့်..................

(ခင်လေးငယ်)

မခင်လေးငယ် ကဗျာအတိုင်း တိုက်ပွဲဝင်နေတဲ့ အာဇာနည်တိုင်းကို အသံဖြစ် ဂုဏ်ပြုအပ်ပါသည်။

ကိုရင်နော်ခင်လေးငယ်ဘလော့မှ (link) ရယူပါသည်။





၈၈ မျိုးဆက်သစ် ကျောင်းသားများ၏ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ အထိမ်းအမှတ် ကြေငြာချက်။...။

21st 8888 anniversary statement.

မြောက်ကိုရီးယား သင်္ဘောတစ်စင်း မြန်မာပြည်အနီးရှိ အိန္ဒိယပိုင် အက်ဒမာန်ကျွန်းအနီး အိန္ဒိယ ရေတပ်မှ ထိန်းသိမ်း။...။




သင်္ဘောသား ၃၉ဦး ပါဝင်တဲ့ မြောက်ကိုရီးယား သင်္ဘောအား အိန္ဒိယ အာဏာပိုင်များက မြန်မာပြည်အနီး အိန္ဒိယပိုင် အက်ဒမာန်ကျွန်း အနီးတွင် အန္ဒိယ ရေတပ်မှ တက်ရောက်ရှာဖွေပြီး ခေတ္တ ထိန်းသိမ်း လိုက်ကြောင်း ဂျပန်သတင်းဋ္ဌာနများမှာ ကြေငြာသွားပါတယ်။ သကြားများ တင်ဆောင်ပြီး အီရတ်နိုင်ငံသို့ သွားရောက် ရန်ဖြစ်သည် ဆိုကြောင်း ပြောဆိုသွားပါတယ်။

မပြေးသော်လည်းကန်ရာရှိ။

၈၈ကျောင်းသားခေါင်းဆောင်များ ကိုယ်တိုင် တက်ရောက်ပါဝင်ခဲ့သော ရှစ်လေးလုံး လူထုအရေးတော်ပုံ အနှစ် (၂၁) ပြည့်နေ့ ချီတက်ဆန္ဒပြပွဲ သတင်း၊ဓာတ်ပုံ။



ယနေ့သည် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ရဟန်းရှင်လူ ကျောင်းသား ပြည်သူတစ်ရပ်လုံးမှ စစ်အာဏာရှင်အစိုးနှင့် ဆိုရှယ်လစ်လမ်းစဉ် တစ်ပါတီစနစ်အား ရှုတ်ချဆန့်ကျင်ခဲ့သော (၈၈၈၈)အရေးတော်ပုံကြီး၏ (၂၁)နှစ်မြောက်နေ့ ဖြစ်ပါသည်။ (၈၈၈၈) လူထုအရေးတော်ပုံ အနှစ် (၂၁) ပြည့်နေ့အဖြစ် Gotada ပန်းခြံမှ မြန်မာစစ်အခွန်ရုံး အနီးပန်းခြံအထိ ချီတက်ဆန္ဒပြခဲ့ကြပါသည်။ ဂျပန်နိုင်ငံရောက် မြန်မာဒီမိုကရေစီလူပ်ရှားသူများ၊ မြန်မာဒီမိုကရေစီအရေး စိတ်ဝင်စားသူ ဂျပန်လူမျိုးများ၊ တခြားနိုင်ငံခြားသားများ အပါအဝင် စုစုပေါင်း လူဦးရေ ၁၀၂၀ခန့် တက်ရောက် ချီတက် ဆန္ဒပြခဲ့ကြပါသည်။....။

သတင်း။..။ကိုတင်ဝင်း
ဓာတ်ပုံ။....။ဒီမိုဝေယံ

သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ ရှစ်လေးလုံး ဆန္ဒပြပွဲ ဓာတ်ပုံ၊မှတ်တမ်း။...။


ဆရာကြိုင်လှမောင်မောင်၏ ရှစ်လေးလုံး ကဗျာများ။...။

ဆရာမောင်မောင်လှကြိုင်၏ ရှစ်လေးလုံးကဗျာများ။