ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

VOICE OF BURMA စာစောင်။..။

VOB737KK

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ဂျပန်ဋ္ဌာနခွဲ အဖွဲ့ဝင်များသို့.....

Photobucket

နာဂစ် မိဘမဲ့ကလေးများအကြောင်း မှတ်တမ်းရုပ်ရှင် ( Orphans of Burma Cyclone) ဆုရရှိ


( Orphans of Burma Cyclone) မှတ်တမ်းတင် ရုပ်ရှင်ကားကို ကြည့်ရူနိုင်ပါတယ်။
ရွှေဇင် - ဒီဗွီဘီ

ကင်မရာမင်းတွေ ရိုက်ကူးထားတဲ့ ( Orphans of Burma Cyclone) နာဂစ်ဒေသမှ မိဘမဲ့ ကလေးတွေအကြောင်း’ မှတ်တမ်းတင် ရုပ်ရှင်ကားကို Rory Peck ဆုပေးဖို့ လန်ဒန်ရှိ ဆုရွေးချယ်ရေးအဖွဲ့က ရွေးချယ်လိုက်ပါတယ်။ ဒီမှတ်တမ်းတင် ရုပ်ရှင်ကားကို အဓိကရိုက်ကူးခဲ့တဲ့ ဒီဗွီဘီ တီဗွီ သတင်းထောက် တီနဲ့ ဇက်တို့ ဆုရရှိကြောင်း ကြေညာသွားတာပါ။ မြန်မာနိုင်ငံရဲ့ အခြေအနေကြောင့် ဒီသတင်းထောက်တွေရဲ့ နာမည် အပြည့်အစုံကို မဖော်ပြနိုင်ဘဲ တီနဲ့ဇက် လို့သာ သုံးစွဲခဲ့ရတာ ဖြစ်ပါတယ်။ Rory Peck ဆု ဆုဟာ ကမ္ဘာ့ နိုင်ငံအသီးသီးက အန္တရာယ်တွေကြား၊ ဖိနှိပ်ချုပ်ချယ်မှုတွေကြားမှာ စွန့်စွန့်စားစား သတင်းရိုက်ကူး တင်ပြသူတွေကို ရွေးချယ်ပေးတဲ့အတွက် သတင်းသမားတွေကြားမှာ ဂုဏ်သိက္ခာကြီးတဲ့ ဆုတခု ဖြစ်ပါတယ်။

ဒီဆုဟာ ရုရှားနိုင်ငံ ပါလီမန်မှာ သတင်းယူရင်း ပစ်သတ်ခံခဲ့ရတဲ့ ဗြိတိသျှ သတင်းထောက် ပက် ကို ဂုဏ်ပြုတဲ့အနေနဲ့ နှစ်စဉ် ချီးမြှင့်တဲ့ ဆုတခု ဖြစ်ပါတယ်။ ဒီနှစ်အတွက် သတင်းမှတ်တမ်းကား ဆုအဖြစ် နိုင်ငံတကာ သတင်းကား ၃ ကား နောက်ဆုံး ဆန်ခါတင်အဆင့် ရောက်ရှိလာခဲ့တာပါ၊ အဲဒီ ၃ ကားက အာဖဂန်နစ္စတန် စစ်ပွဲတွေကြားက လူတွေရဲ့နေ့စဉ် ဘဝအကြောင်းရိုက်ကူးထားတဲ့ကား၊ အာဖရိကတိုက် ကွန်ဂိုနိုင်ငံက စစ်ဒဏ်ကြောင့် မိတကွဲ၊ ဖတကွဲဖြစ်ပြီး ပတ်ဝန်းကျင်က မေ့လျော့ခံနေရတဲ့ ကလေးငယ်တွေ အကြောင်းနဲ့ မြန်မာနိုင်ငံက နာဂစ်မိဘမဲ့ ကလေးတွေအကြောင်း ရိုက်ကူးထားတဲ့ သတင်းမှတ်တမ်းကားတွေ ဖြစ်ပါတယ်။ ဒီမှတ်တမ်းကား ၃ ကားစလုံးဟာ တင်ပြပုံရော ရိုက်ချက်တွေပါ အထူး ကောင်းမွန်တယ်လို့ အကဲဖြတ်တွေက မှတ်ချက်ပြုကြပါတယ်။

မြန်မာကလေးတွေအကြောင်း ရိုက်ထားတဲ့ ဒီကားရဲ့ ထူးခြားချက်က အစိုးရရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေ ကြီးမားနေတဲ့ အချိန်မျိုးမှာ စွန့်စွန့်စားစား သွားရောက်ရိုက်ကူးခဲ့တာရယ်၊ ရိုက်ချက်တွေဟာ ဒီလိုအခက်အခဲမျိုးကြားက ပီပြင်တယ်၊ အနုပညာမြောက်တယ်၊ ရိုက်တဲ့သူတွေနဲ့ ကလေးတွေကြားက ဆက်ဆံရေးကြောင့် ကလေးတွေဟာ ဒုက္ခသည်သက်သက်ထက် ကြည့်ရသူတွေရဲ့ စိတ်နှလုံးကို ဖမ်းစားနိုင်တဲ့ ဇာတ်ကောင်တွေ ဖြစ်လာကြတယ်ဆိုတဲ့ အချက်တွေကြောင့် နာဂစ်မှတ်တမ်းကားကို ရွေးချယ်ရတာလို့ ဆုရွေးချယ်ရေးအဖွဲ့က သုံးသပ်ပါတယ်။ ဒီ ကင်မရာမင်းတွေရဲ့ကိုယ်စား ဆုတက်ရောက်ယူခဲ့တဲ့ ဒီဗွီဘီက ကိုနန္ဒ က ဒီဆုကို ရရှိတဲ့အတွက် ဝမ်းသာဂုဏ်ယူရပေမယ့် ဆုရှင် ၂ ယောက်ထဲက ကင်မရာမင်း ၁ ယောက်ဟာ အခု အဖမ်းခံထားရတဲ့ အခြေအနေတွေကို ကြုံတွေ့နေရတဲ့အတွက် စိတ်မကောင်းဖြစ်ကြောင်း၊ ဒီဆုရတာကို ကာယကံရှင်တွေသိအောင် အကြောင်းကြားပေးမယ် ဆိုတဲ့ အကြောင်းတွေ ပြောကြားသွားပါတယ်။


စာပေချစ်မြတ်နိုးသော ပုဂ္ဂိလ်များထံသို့ တိုက်တွန်းနိုးဆော်စာ

U htawara 1

ကိုဖိုးတုတ်နှင့် ကိုကံမြင့်တို့အား မတရားထောင်ဒဏ်ထပ်မံ တိုးမြှင့် ခြင်းအပေါ် မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများ-အဖွဲ့ချုပ်ကြေငြာချက်

မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်ကြေငြာချက်....

ပေးပို့လာသူ ကိုစိုင်း.....

zy;ydkYvmol udkpdkif;

သိုက်နန်းရှင်တောင် မနေနိုင်ပေါင်။(အိုဘားမား၊မြနန်းနွယ်နှင့် ဆားပုလင်းသန်းရွှေ)

သိုက်နန်းရှင် မြနန်းနွယ်


ဧရာဝတီသောကြာစကားဝိုင်း အသံဖိုင်ပါ။

စင်ကာပူညီလာခံမှာ အမေရိကန်သမ္မတမှ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့တောင်းဆိုချက်နဲ့ ဗိုလ်တစ်ထောင်ဘုရားမှ သိုက်နန်းရှင် မြနန်းနွယ်ရုပ်ထု လက်ထိပ်ခတ်ခံရတဲ့ အကြောင်းတွေပါ။

ပေးပို့လာသူ ညီငယ်အာကာ

အပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်း (ဂျပန်) (International Sangha Office) (Japan) ဖွင့်ပွဲအခမ်းအနား ဓာတ်ပုံမှတ်တမ်း။


ဖြူးဆရာတော်ဘုရားကြီး၏ အရေးပေါ်ကျန်းမာရေးသတင်း


ဖြူးဆရာတော်ဘုရားကြီး၏ အရေးပေါ်ကျန်းမာရေးသတင်း

ကျေးဇူးတော်ရှင် နိုင်ငံကျော်ဓမ္မကထိက ပြည်တွင်းပြည်ပသာသနာပြု ဖြူးဆရာတော်ဘုရားကြီး ဘဒ္ဒန္တနရပတိ သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ရှိ ဖလန်ကောက်ဆေးရုံ (PRARAM 9 HOSPITAL)၊ စတုတ္ထထပ် အတွင်းလူနာဆောင် အခန်းအမှတ် (၃)တွင် ကျောက်ကပ်ရောဂါဝေဒနာကို ဆေးကုသမှု ခံယူလျှက်ရှိနေပါသည်။

ဆရာတော်သည် လွန်ခဲ့သော ၂-နှစ်က ကျောက်ကပ်အစားထိုးခဲ့ရာမှ ကျောက်ကပ်သို့ ပိုးဝင်ရောက်မှုကြောင့် ယခုအချိန်တွင် အရေးပေါ်ကုသမှုခံယူလျှက်ရှိပါသည်။

ဆေးရုံတွင် အထူးကုဆရာဝန်ကြီးများနှင့် ခေတ်မှီစက်ကိရိယာများဖြင့် ကုသလျှက်ရှိရာ ကုသစရိတ်မှာ တစ်ရက်လျှင် ကျပ်သိန်း(၃၀)ခန့် ကုန်ကျလျှက်ရှိပါသည်။ ယခုအချိန်အထိ ကုန်ကျငွေမှာ ကျပ်သိန်းငါးရာ ကျော်လာပြီဖြစ်ပါသည်။

သို့ပါသောကြောင့် ဆရာတော်ဘုရားကြီ၏ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ ကို ကြည်ညိုကြသော တပည့်ဒါယကာ၊ ဒါယိကာမများအနေဖြင့် ဘေသဇ္ဇဒါန ကျန်းမာရေးဆေးအလှူတော်အတွက် စွမ်းနိုင်သမျှ ကုသိုလ်တော် ပါဝင်လိုကြပါလျှင် အောက်ပါဖုံးနံပါတ်များသို့  ဆက်သွယ်လှူဒါန်းနိုင်ကြပါကြောင်
း ကုသိုလ်အကျိုးမျှော်၍ အသိပေးနှိုးဆော်ကြေညာအပ်ပါသည်။


ထိုင်းနိုင်ငံ
ဦးအဂ္ဂဝရ (ခေတ္တ ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ)
ဖုံးနံပါတ်။ ။+၆၆ ၈ ၁၄၃၉ ၄၅၉၆။
ဆန်စစ်ကရစ်ယူနီဗာစီတီ၊ ဗာရာဏသီ၊ အိန္ဒိယ
ဓမ္မရက္ခိတ ဖြူးမဟာစည်၊ ရန်ကုန် နှင့်
မဟာစည်သာသနာ့ရိပ်သာ၊ ဖြူးမြို့။

စင်္ကာပူနိုင်ငံ
ကိုညီညီလွင်+ မစမ်းမြ
ဖုံးနံပါတ်။ ။ +၆၅ ၉၀၀၉၆၈၂၀၊ +၆၅ ၉၈၅၁၇၆၆၀

မြန်မာနိုင်ငံ
ဦးစန္ဒာသီရိ၊ ဦးစန္ဒောဘာသ
အကျိုးတော်ဆောင်အဖွဲ့ -
ဓမ္မရက္ခိတဖြူးမဟာစည်သာသနာ့ရိပ်သာ

အမှတ်(၅)ရပ်ကွက်၊ လှိုင်မြို့နယ်၊ ကမာရွတ်ဘူတာအနီး၊ ရန်ကုန်မြို့။
ဖုန်း - ၀၁-၅၃၀၀၆၈ ၊ ၅၀၁၈၄၆ (Ext- ၁၈၁) ၊ ၀၉၅၀ - ၁၇၅၅၄

အပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်း (ဂျပန်) ဖွင့်ပွဲအခမ်းအနား မနက်ဖြန် စနေနေ့ နေ့လည် (၂)နာရီမှာ ကျင်းပပါမည်။

အပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်းရှိရာ အဆောက်အဦး

အပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်း (ဂျပန်) (International Sangha Office) (Japan) ဖွင့်ပွဲအခမ်းအနားကို မနက်ဖြန် စနေနေ့ နေ့လည် (၂)နာရီမှာ Sugamo ရှိ သံဃာ့ရုံးခန်းမှာ ပြုလုပ်မှာဖြစ်ပါတယ်။ တာဝန်ခံဆရာတော် အရှင်ဓမ္မဇောတိကမှ ရုံးခန်းဖွင့်လှစ်ရခြင်း အကြောင်းကို ရှင်းလင်းပြောကြားမှာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ ရောက်ရှိနေကြတဲ့ နယူးဇီလန်၊ အင်္ဂလန်မှ ဆရာတော်များမှလည်း လာရောက် ဖွင့်လှစ်ပေးမှာ ဖြစ်ပါတယ်။ စိတ်ဝင်စားသူများ လာရောက် ဆွေးနွေးနိုင်ပါတယ်။

၂၀၀၇ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကြီးအား စစ်အစိုးရမှအကြမ်းဖက်ဖြိုခွဲခဲ့မှု နောက်ပိုင်း တိုင်းပြည်မှာ ဆုတ်ယုတ်နေတဲ့ သာသနာ့ အန္တရာယ်ကိုကာကွယ်ရန် နှင့် အပြည်ပြည်ဆိုင်ရာမှ သံဃာတော်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဂျပန်နိုင်ငံ၌ ပထမဦးဆုံးရုံးခန်းကို ဖွင့်လှစ်ခြင်းဖြစ်ပါတယ်။ လက်ရှိဖြစ်ပျက်နေတဲ့ မြန်မာနိုင်ငံရေးနှင့် နိုင်ငံတကာမှ သံဃာတော်များ အရေး၊ ဂျပန်နိုင်ငံလာရောက်စဉ် တည်းခိုနေထိုင်ရေး စသည်အချက်အလက်များ အတွက် မေးမြန်းဆက်သွယ်နိုင်ပါသည်။

ဆက်သွယ်နိုင်တဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်ကတော့....

Room(501) Sugamo 3-24-5 Toshima-ku
Tokyo, Japan
E-Mail...vcdma2006@gmail.com

ဦးဓမ္မဇောတိ ...... 080-3250-6712
......090-9972-6001
.....080-5373-2524
.....080-3380-5847
.....080-3120-9084
.....090-1695-2455



တန်ဖိုးရှိသော ဘဝအတွက်စာတိုလေးများ။(မေးလ်ထဲကပါပြန်လည်မျှဝေပါတယ်)။

မဖတ်ရသေးရင် အသစ်ပေါ့(စကားပုံ၂၃ခုပါပါတယ်)




























မေးလ်ထဲကို ရောက်ရှိလာလို့ ပြန်ဖော်ပြလိုက်ပါတယ်။
ပေးပို့လာသူ ညီငယ်အလင်းဆက်.....planet.com ကလို့ထင်ပါတယ်။
ဆရာတော်ဦးဇောတိကရဲ့ တရားစာအုပ်တွေနဲ့ အခွေတွေထဲက လို့ပေးပို့လာသူကဆိုပါတယ်။