ဓာတ်ပုံ AP & Reuter
ယနေ့ ညနေ (၄)နာရီက အမျိုးသားခေါင်းဆောင် တပ်မတော်၏ ဖခင်ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီး မဟာသီရိသုဓမ္မ မိခင်ကြီးဒေါ်ခင်ကြည် ၏ဂူဗိမာန်သို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ဂါဝရပြုခဲ့ပါတယ်...။ မဟာသီရိသုဓမ္မဘွဲ့ရ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ မိခင်ကြီး မဟာသီရိသုဓမ္မဒေါ်ခင်ကြည်ဟာ ၁၉၈၈ခုနှစ် ဒီဇင်ဘာလ (၂၇)ရက်နေ့က ရန်ကုန်မြို့မှာ ကွယ်လွန် အနိစ္စရောက်ခဲ့ပါတယ်..။ဘယ်နေရာမှာ ဘယ်သူတွေ ဘာတွေ ကြည့်နေကြတာလဲ...
Sunday, December 26, 2010
ဒီမိုဝေယံ
No comments
Posted in:
တပ်မှုးတပ်သားပြောစကားအသံဖိုင်
ဓာတ်ပုံ
သတင်း
ဘယ်နေရာမှာ ဘယ်သူတွေ ဘာတွေ ကြည့်နေကြတာလဲ...??? ကာကွယ်ရေး ပစ္စ္စည်းစက်ရုံ ကပစ(၁၀) မိတ္ထီလာ.. ဘာတွေကြည့် ဘာတွေလုပ်နေတယ် ဆိုတဲ့ အကြောင်းအရာတွေ မကြာမှီ ဖော်ပြပေးပါမယ်....
အောက်မှာတော့ ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းရဲ့ VOA အင်တာဗျူးကို ဖော်ပြလိုက်ပါတယ်...။ ပြည်တွင်းမှာလည်း မချစ်သော်လည်း အောင့်ကာနမ်းနေရတဲ့ ဗိုလ်မှူးစိုင်းသိန်းဝင်းလို အမြင်ကျယ်တဲ့ မျိုးချစ်စစ်သည်တွေ အများကြီး ရှိတယ်ဆိုတာ သိစေချင်ပါတယ်..။ ရရှိထားတဲ့ သတင်းများကို မကြာမှီ ရေးသားတင်ဆက်သွားပါမယ်...
မြန်မာစစ်အစိုးရ၏ နျူးကလီးယားစီမံကိန်း နှင့် ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်း - အပိုင်း (၃)
တပ်မှူးတပ်သား ပြောစကား (၀၄၀) VOA အသံဖိုင်
မနေ့က ကျင်းပပြုလုပ်တဲ့ တပ်မတော် ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားသို့ တက်ရောက်လာကြသူများတဲ့... .
၂၀၀၆ခုနှစ် နိုဝင်ဘာလ ၁၀ရက်နေ့ အမျိုးသားညီလာခံက သတင်းပါ..။ သတင်းပုံကတော့ Google Search ကရတာပါ....
၂၀၀၆တုန်းက ပြောတဲ့ပုံအရဆို အပေါ်ကအလံပေါ့...။ တဖြည်းဖြည်းနဲ့ ကြယ်ဖြူက ရသမျှ စားရင်း စားရင်း Evolution Teoryဆင့်ကဲ ဖြစ်စဉ်အရ ကြီးကြီးလာပြီး အလယ်ကို ရွှေ့လျှားလာပါတယ်... အစိမ်းက အလယ်ရောက် အဝါက အပေါ်ရောက်နဲ့
အစိမ်းရောင်တွင် လက်ဝဲဘက်၌ ကြယ်ဖြူကြီးကို အထက်သို့ မတ်မတ်ညွှန်လျှက် တည်စေရမည်တဲ့...။ ကြယ်ဖြူကြီးဆိုတာ တပ်ချုပ်ကြီးကို ပြောတာလားတော့မသိပါဘူး.. ။ ခုမှ တရေးနိုးလို့ ထရေးတာတော့ မဟုတ်ပါဘူး.. သတင်းပုံလေးတွေ့လို့ မျက်စိများမှားလားလို့ပါ...။ ၂၀၀၆ခုနှစ်က အပြောနဲ့ ၂၀၁၀ ခုနှစ် ထွက်လာတဲ့ အလံရဲ့ ကြယ်ဖြူက ဗိုက်ပူနံကား စားတာ များတဲ့ နအဖ စစ်ခေါင်းဆောင်တွေကိုများ ကိုယ်စားပြုလားလို့ပါ..။ သြော်နအဖ လက်ထက် အလံက အစ အဓိပ္ပါယ်တွေ ...ခုတစ်မျိုး တော်ကြာတစ်မျိုး ကဘောက်တိ ကဘောက်ချာတွေနဲ့ပါလား။
“ငါးဆယ့်နှစ်”
၅၂ နှစ်တဲ့ဗျာ . . .
အရေးအကြောင်းတွေကစလာခဲ့ပြီဘဲ၊
သူမရဲ့ အတွေးအခေါ်တွေက နုပျိုလာဆဲ။
၅၂ နှစ်တဲ့ဗျာ . . .
ခြေလှမ်းတွေက နှေးကွေးလာမြဲ၊
သူမရဲ့လှမ်းချက်တွေကတက်ကြွနေဆဲ။
၅၂ နှစ်တဲ့ဗျာ . . .
အရွယ်နှောင်းလို့ ဖေးမကူကာတွဲ၊
သူမရဲ့ ဖေးမပေးဆပ်မှုကလူသားမျိုးစုံဘဲ။
၅၂ နှစ်တဲ့ဗျာ . . .
ဖြတ်သန်းမှုတွေက ဘ၀မျိုးစုံထဲ၊
သူမရဲ့ဖြတ်သန်းမှုဘ၀ကတော့ သီလလုံဆဲ။
၅၂ နှစ်တဲ့ဗျာ . . .
ဇရာဖက်ကို ခြေလှမ်းခဲ့ပြီဘဲ၊
ကျွန်တော့်အဖို့ကတော့ လှပနေဆဲ။
၅၂ နှစ်တဲ့ဗျာ . . .
သူမနဲ့ ကျွန်တော်က မတိမ်းမယိမ်းရှိနေဆဲ၊
ကျွန်တော်နဲ့ သူမတို့ရဲ့ ဦးတည်အရပ်ကား အစဉ်ထာဝရ ငြိမ်းချမ်းမှုဒေသဘဲ။ (မောင်တစ်ထမ်းမယ်တစ်ရွက် ရုန်းကန်၊ တိုက်ခိုက်၊ ဖေးမ၊ ကူညီ၊ ပံ့ပိုးပေးခဲ့သော ကျွန်တော့်မဟေသီ ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်၏ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ (၁) ရက်နေ့ မွေးနေ့အတွက် နှစ်သစ်ကြိုဂုဏ်ပြု မွေးနေ့စာသား)
ကျော်သူ
ကရင်ပယက ဥက္ကဌ ဗိုလ်မှူးချုပ် ဇော်မင်း
ကရင်ပယက ဥက္ကဌ ဗိုလ်မှူးချုပ် ဇော်မင်းသည် သူ့လက်အောက်ရှိ ဌာနဆိုင်ရာ ပြည်နယ်အဆင့်များကို ဆဲဆိုကြိမ်းမောင်း ထိုးကြိတ်ခဲ့မှုသည် (၁) နှစ်လျှင် အနည်းဆုံး( ၁၀ ) ကြိမ်ထက်မနည်းရှိခဲ့သည့်အတွက် ဌာနဆိုင်ရာပြည်နယ်အဆင့်ရှိ ၀န်ထမ်းများမှာ ကြောက်ရွံ့ နေရပါသည်။ ၄င်းဝန်ထမ်းများသည် ကရင်ပြည်နယမှ ပြောင်းရွေ့ ခွင့် ရအောင် ကြိုးစားနေရကြောင်းကို စုံစမ်းလျှင် သိရှိနိုင်ပါသည်။
ကရင်ပြည်သူအတွက် မည်သည့်တိုးတက်မှုများကိုမှ တာဝန်ထမ်းဆောင်စဉ် ကာလထဲမှ ယနေ့တိုင်မ လုပ်ပေးဘဲနှိပ်ကွပ်လျက်ရှိပြီး ပြည်နယ်မှ ကရင်လူမျိုးများ အချင်ချင်း မသင့်မြတ်အောင် လုပ်ဆောင်နေခြင်း၊ ငြိမ်းချမ်းရေး အဖွဲ့ဝင်များကို အစိုးရနှင့် မသင့်မြတ်အောင် လုပ်ဆောင်ဖန်တီးခြင်း၊ လာဘ် အကြီးအကျယ်စားပြီး မန္တလေးမြို့တွင် မူးယစ်ဆေး အရောင်းအ၀ယ်ပြုလုပ်သည့် လူနှစ်ဦးထံမှ လာဘ်ငွေ ကျပ်သိန်း ( ၅၀၀၀) ခန့်ကို ယူပြီး မြ၀တီရှိ ကျောက်ခွဲစက်နျင့် ပဲတီစိမ်းစိုက်ရန် အတွက် ချပေးထားသော မြေဧက ( ၅၂) ဧကကို အိမ်ယာစီမံကိန်းအဖြစ် ဆောက်လုပ်ရန် (၀) အဖွဲ့အစည်းမှ လောစန်း၏ ကိုယ်စားလှယ် ခင်စန်းရီ ( ပင်းပဒုမ္မာ ) ကုမ္ပဏီ အမည်ဖျောက်ပြီး သူ၏ ညီဖြစ်သူကို ကုမ္ပဏီ ထဲတွင်အလုပ်လုပ်ခိုင်ပြီး ရှယ်ယာဝင်ယူခဲ့ပါသည်။
၎င်းမြေ၏ အမည်ပေါက် ( ၃) ဦးရှိပါသည်။ နှစ်ဦးမှာ မူးယစ်ဆေးရောင်း ၀ယ်မှုဖြင့် သေဒါဏ် ကျခံနေရသော ဦးရန်လောက်ဟိုငင်း ၁၃ ၊ တလန (နိုင်) ၀၂၂၆၄၅ ကိုင်ဆောင်သူဖြစ်ပြီး ကျန်တစ်ဦးမှာ မူးယစ်အမှုဖြင့် ထွက်ပြေးတိမ်းရှောင်နေရသော ဦးမယူတဲ့ ၁၃။ တစန(နိုင်) ၀၃၃၆၈၁ ကိုင်ဆောင်သူ ဖြစ်ပါသည်။ ၄င်းတို့ ကျူးလွန်ခဲ့သော မူးယစ်ဆေးများမှာ မင်းပဒုမ္မာ ကုမ္ပဏီမှ ခင်စန်းရီ နောက်ကွယ်မှ ၀အဖွဲ့အစည်း၏ အဖွဲ့မှ လောစန်း ဖြစ်ပါသည်။
မူးယစ်ဆေးတန်ဘိုးများမရရှိသည့်အတွက် မြ၀တီမြို့ ရှိ ကျောက်ခွဲစက်နှင့် ပဲတီစိမ်းစိုက်ခင်းကို သိမ်းယူပြီး ပယက ဥက္ကဌ ဗိုလ်မှူး ချုပ်ဇော်မင်းကို ငွေပေး ပြီး မန္တလေးမြို့  တွင် တိုက်ဆောက်ပေးပြီး ဥက္ကဌ ညီကို ကုမ္ပဏီတွင် ပါဝင်ခိုင်ပြီး ရှယ်ယာဝင်ယူပြီး မူးယစ်ဆေးရောင်း ချသူ ထုပ်လုပ်သူ (၀) လူမျိုး လောက်စန်းတို့အား ကူညီပါဝင်ပတ်သက်နေသည့်ကို စုံစမ်းလျှင်သိရှိနိုင်ပြီး လာရောက်မစုံစမ်း မစစ်ဆေးဘဲနေသည်ကို ကရင်ပြည်သူလူထုနှင့် မြ၀တီမြို့ မှ တာဝန်ကျဝန်ထမ်းများမှာ သိလျက်နှင့် ပယက ဥက္ကဌ ကို ကြောက်နေရပါဝသည်။ ၀န်ထမ်းများမှာလည်း ၄င်းတို့ ကြံရာပါ အဖြစ် သတ်မှတ်ခံရမှာကို နေ့စဉ် စိုးရိမ်နေကြပါသည်။
ပယက ဥက္ကဌ အနေဖြင့် မူးယစ်မှုနှင့် ပတ်သက်သည့် မြေ အဆောက်အဦးတို့ကို နိုင်ငံပိုင် အဖြစ်ပြန်လည်သိမ်းယူရမည်ကို သိလျက်နှင့် (၀) လူမျိုး လောစန်း. အဆမတန် ပေးထားသော လာဘ်ငွေကြောင့် ယခုကဲ့သို့ အိမ်ယာစီမံကိန်ကို မင်းပဒုမ္မာကုမ္ပဏီသို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်မှ စည်းကမ်းကို ဖောက်ဖျက်ကျူးလွန်ခဲ့ခြင်း ဖြစ်ပါသည်။
မန္တလေး မြို့တော်ဝန်ဗိုလ်မှူးချုပ် ဖုန်းဇော်ဟန်
မြို့ တော်ဝန်( မန္တလေး) ဗိုလ်မှူးချုပ် ( အငြိမ်းစား) ဖုန်းဇော်ဟန်ဟာ တပ်မမှူး ဖြစ်စဉ်က မိမိတပ်မ၏ လက်နက်တိုက်ကို မီးလောင်မှုဖြစ်အောင် လုပ်ဆောင်ပြီး သူ၏ ဆရာသမားများ၏ အစီအစဉ်ဖြင့် မန္တလေး စည်ပင်သာယာသို့ အရည်အချင်းမရှိပဲ ရောက်ရှိလာပြီး လုပ်ငန်းရှင်၊ စီးပွားရေးသမားတွေနျင့် ပေါင်းသင်ပြီး နည်းမျိုးစုံလာဘ်စားခြင်း ကိုယ့်ထက်စီနီယာများကို နှိပ်ကွပ်ခြင်း၊ မြို့တွင်းရေမြောင်းများကို မြေဖိှု့ အိမ်မြေကွက်များရောင်းစားခြင်း၊ ၄င်းဇနီးအမျိုးများ၏ကုမ္ပဏီ များ မိတ်ဆွေများနှင့် ပူးပေါင်းကာ လာဘ်လာဘ မျိုးစုံယူ၍ တိုက် ခြံမြေ ဈေးဆိုင်ခန်းမြောက်များစွာကို ပိုင်ဆိုင်ပြီး အများပြည်သူ၏ဘဏ္ဍာငွေများကို လစဉ် အထက်လူကြီးဧည့်ခံစရိတ်ဟု ပြပြိး ကျပ်သိန်း (၈၀၀ ) မှ သိန်း (၁၀၀၀) ကြား လာဘ်ပေးပြီး ပြည်သူကို နှိပ်စက်ဒုက္ခပေးနေသည်။ ၄င်းထံမှ လာဘ်ရထားသော ဆရာသမားများကလည်း လာဘ်ငွေရနေသောကြောင့် သိလျက်နှင့် ငြိမ်နေပြီး ယခုအခါ ဦးနု၏ သမီး ဒေါ်သန်းသန်းနုနှင့် ယှဉ်ပြိုင်အမတ်ရွေးရန် လုပ်နေပြီး ပြည်သူလူထုကို ထပ်မံဒုက္ခပေး ဖို့ ကြံရွယ်နေသော သူ့ကို မဲထည့်မည် စိုးရိမ်မိသဖြင့် DVB ၊ VOA တို့ကို သတင်းပေးခြင်း ဖြစ်ပါသည်။ (စုံစမ်းလျှင်သိနိုင်ပါသည်။)
မီးမလောင်ခင် ရတနာပုံဈေးကြီးကိုလည်း လမ်းများပိတ်၍ ဆိုင်ခန်းအသစ်ဆောက်ခြင်း၊ မီးသတ်လမ်းများကို ပိတ်၍ ဆိုင်ခန်းဆောက်ခြင်း၊ ရတနာပုံဈေး၏ မူလကန်ထရိုက်အင်ဂျင်နီယာမှ ယခုကဲ့သို့လုပ်လျှင် ပြိုကျမည်ဖြစ်ကြောင်း၊ မီးလောင်မှုဖြစ်လျှင် မီးသတ်ရန် ခက်ခဲမည်ဖြစ်ကြောင်းကို စာနှင့်တကွ အကြိမ်ကြိမ် ထိုသို့ မလုပ်ရန် တင်ပြသော်လည်း မြို့ တော်ဝန် ဖုန်းဇော်ဟန်မှာ လိုက်နာမှုမရှိဆက်လက် လုပ်ကိုင်ပြီး ဈေးအဟောင်း၏ ရေစင်များ အရေးပေါ်ထွက်ပေါက်များကို ပိတ်၍ ဆိုင်ခန်းများ ထပ်မံဆောက်ပြီး ဆိုင်ခန်းတစ်ခန်းလျှင် ကျပ်သိန်း(၁၀၀၀) မှ (၁၅၀၀) ဖြင့် ရောင်းချပါသည်။ ပြီးသည့်အခါ ဈေးလုံခြုံရေးကို လျှပ်စစ်ဝါယာ လျှော့(စ်) ဖြစ်အောင် ဖန်တီးခိုင်ပြိး ရတနာပုံဈေးကြီးကို မီးရှို့ ခိုင်းခဲ့ပါသည်။ ရတနာပုံဈေးကြီးမီးလောင်းသွားသည့်အခါ သူ့၏သမက်ဖြစ်သူနှင့် M.G.W ကုမ္ပဏီ ကို ဆောက်လုပ်ရေး တင်ဒါ မခေါ်ပဲ လက်သိပ်ထိုးဆောက်ခွင့်ပြု ပြီး သူ၏ ဆရာသမားများ မိန်းမ၏ မိတ်ဆွေများ အမည်ခံများအတွက် ဆိုင်ခန်းပေါင်း (၁၅၀) ကျော်ကို ချပေးပြီး တစ်ဘက်လှည့် နှင့် လာဘ်ငွေ ယူနေသည်ကို စုံစမ်း လျှင်သိနိုင်ပါသည်။ မန္တလေး စည်ပင်သာယာအတွက် လိုအပ်သော သံချောင်း၊ ဘိလပ်မြေ၊ ကတ္တရာ များကို ပေါက်ဈေးထက် ကျပ်(၁)သိန်းကျော်ပိုပေး၍ ယောက်ဖများ၊ ဆွေမျိုးများကို ကြိုတင်၍ ၀ယ်ခိုင်းပြီး တစ်ဘက်လှည့်နှင့် ငွေများလာဘ်စားနေကြောင်းကို စည်ပင်သာယာဝန်ထမ်းများမှ ပြောကြားနေပြီး မည်သူမှ လာရောက်မစစ်ဆေးသည့် အတွက် ပြောရန်ခက်ခဲနေကြပြီး တိုင်းကြားရန် ခက်နေပါသည်။ သက်ဆိုင်ရာမှ လာရောက်စစ်ဆေးလျှင် ပြောဆိုရန် အသင့်ရှိနေပါသည်။
(ပေးပို့ပေးသော ကိုသန်းထွဋ်အား ကျေးဇူးတင်ရှိပါသည်)။
ခရစ်စမတ်အကြို U Naww Church ရှေ့က မြင်ကွင်းတစ်ခုပါ... နေ့စဉ်ပြည်တွင်းက ပြည်သူတွေရဲ့ နေထိုင်ကြပ်တည်းမှု ဘဝအောက်က သတင်းတွေကို မြင်ရကြားနေရတဲ့ နိုင်ငံရပ်ခြားရောက် ကျွန်တော်တို့ ပြည်သူ ပြည်သားတွေ အတွက် အမိမြေ အလွမ်းပြေပုံလေးတွေ တင်ပေးလိုက်ပါတယ်..။ လှပတဲ့ ရောင်စုံမီးလုံးတွေ အမြဲလင်းထိန် နေစေချင်ပါတယ်..။ မီးမပြတ်ပါစေနဲ့လို့လည်း ဆုတောင်းပေးပါတယ်...။
ဒီလိုနေရာတွေကတော့ သာမာန်ပြည်သူတွေအတွက်တော့ အလှမ်းဝေးလှပါတယ်..။ Junction Center ရှေ့ကပါ..
ဘာပဲဖြစ်ဖြစ် ကိုယ့်မွေးရပ်မြေကိုတော့ တိုးတက်စေချင်.. အေးချမ်းသာယာ စေချင်တာကတော့ ကျွန်တော်တို့ ပြည်ပရောက်နေသူတွေရဲ့ ဆန္ဒပါ...
မြန်မာပြည်ကြီး မီးထိန်ထိန်လင်းတဲ့ မြင်ကွင်းကတော့ ရှားပါးသတင်းပါပဲ... အားလုံး Merry X'Mas ပါ ..။ မြန်မာပြည်သားတွေ မီးထိန်ထိန်လင်းပြီး အေးချမ်းသာယာတဲ့ နေ့ကို အမြန်ရောက်ရှိနိုင်ပါစေ..
စာရွက်ပေါ်က အနှစ်(၂၀)ကျော် တွင်တွင်အော်နေတဲ့ သတင်းစာမီး.. ဝါဒဖြန့်မီးထက် တကယ့်လက်တွေ့ လျှပ်စစ်မီးကို ပြည်သူတွေ ရရှိခံစားနိုင်ကြပါစေ...
လူအချင်းချင်း မီးဖြတ်ချင်း ကင်းဝေးကြပါစေ...
Subscribe to:
Posts (Atom)


























