၁၉၇၄ခုနှစ်က မဟာရန်ကုန်မြို့ရဲ့ မြင်ကွင်းရုပ်သံဖိုင်ပါ..။
ပြည်တွင်းမှ စာဖတ်ပရိသတ် မိတ်ဆွေများ ၁၉၇၄ခုနှစ်က မဟာရန်ကုန်မြို့ရဲ့ မြင်ကွင်းရုပ်သံဖိုင် ဒေါင်းလုပ်လုပ်ချင်ရင် http://www.mediafire.com/?re1i10kcqerp6f9
သမိုင်းတရားခံ ဦးနေဝင်း အာဏာသိမ်းပြီး ၁၂နှစ်အကြာ မဟာရန်ကုန်မြို့ရဲ့ မြင်ကွင်းတွေပါ...။ ရန်ကုန်မြို့လယ်ကောင် မြင်ကွင်းတွေထဲမှာ လူမရှိတဲ့ သံတမာန်ကုန်တိုက်နဲ့ သိမ်ကြီးဈေးဝန်းကျင် .. ထိုစဉ်က ဆူးလေဘုရားလမ်းပေါ်မှာ ယခုလို သံဇကာတွေ ကာရံထားခြင်း မရှိပါဘူး။ ကန်တော်ကြီး ဝန်းကျင် မြင်ကွင်းများနဲ့ ထိုစဉ်က ဆောက်လက်စ ကရဝိတ်ဟိုတယ်ကို မြင်တွေ့နိုင်ပါတယ်...။ပါလီမာန် ခေတ်ရဲ့ အကြွှင်းအကျန်တွေ ကုန်ဆုံးပြီး တစစ အာဏာရှင်ခေတ် ရုပ်လုံးတွေ ပီပြင်လာနေပြီလို့ ဆိုနိုင်တဲ့ အခြေအနေတွေပါပဲ..။ မြန်မာ့ သမိုင်းရဲ့ အရေးပါတဲ့ နှစ်ဖြစ်တဲ့ ၁၉၇၄ခုနှစ် မဆလရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုတဲ့ နှစ်ဖြစ်သလို နိုင်ငံဂုဏ်ဆောင် ဦးသန့်ရဲ့ရုပ်ကလပ်အား နိုင်ငံတော် ဈာပနအဖြစ် ထိုက်ထိုက်တန်တန် ဂုဏ်ပြုချင်တဲ့ ရဟန်းရှင်လူ၊ ကျောင်းသား၊ ပြည်သူတွေ သွေးမြေကျခဲ့ရတဲ့ ဦးသန့်အရေးအခင်း ဖြစ်ပွားခဲ့ရတဲ့ ခုနှစ်လည်း ဖြစ်ပါတယ်..။ တစ်ချို့သော ပုဂ္ဂိုလ်တွေက ကွန်မာန့်တွေမှာ ရေးလာကြပါတယ်..။ အဟောင်းတွေကို ပြန်မဖေါ်ဖို့တို့ ပြီးခဲ့တာတွေ ပြီးပြီလို့ ဆိုတဲ့သူတွေ ရှိသလို ဒီထက်ဆိုးတာကတော့ ယခင်နဝတ၊ နအဖလုပ်ဆောင်ခဲ့တာတွေဟာ ယခုသိန်းစိန် အစိုးရနဲ့ မဆိုင်ဆိုပြီး မလိမ့်တပတ် သမိုင်းကို လိမ်ဖို့ ဖျောက်ဖျက်ဖို့ ကြံနေတာကိုလည်း မြင်တွေ့လာရပါတယ်...။
သမိုင်းဆိုတာ ဖျောက်ဖျက်လို့ မရသလို လုပ်ကြံဖန်တီးလို့လည်း မရပါဘူး...။ ဆရာကြီး ဒေါက်တာသန်းထွန်း ပြောသလို ကျွန်တော်တို့ မအအောင် လေ့လာသင်ယူရပါမယ်...။ ကျွန်တော်တို့ ငယ်စဉ် မဆလခေတ် သမိုင်းသင်ရိုး ညွှန်းတန်းတွေထဲမှာ အိမ်စောင့်အစိုးရ၊ တော်လှန်ရေးကောင်စီ၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၊ လူနဲ့လူ့ပတ်ဝန်းကျင် အညမည ဆိုတာတွေနဲ့ ကျင်လည်ခဲ့ရတာပါ....။ သမိုင်းစာအုပ် အမှန်တွေထက် ဆိုရှယ်လစ်အာဘော်တွေသာ ဖတ်ခဲ့ရတာပါ...။ နိုင်ငံတကာရေးရာဆိုတဲ့ မဆလထုတ် စာစောင်လောက်သာ ဖတ်ခဲ့ရပြီး ထိုစဉ်က စစ်အေးတိုက်ပွဲတွေကို အကြောင်းပြပြီး အမေရိကန်နဲ့ ဆိုဗီယက် စစ်အင်အား သတင်းတွေကြားထဲမှာ သူငယ်ချင်း မိတ်ဆွေ အချင်းချင်းတွေ သူဆိုဗီယက် ကိုယ်အမေရိကန်ဆိုပြီး လဖက်ရည်ဆိုင်တွေ ဆံပင်ညှပ်ဆိုင်တွေမှာ အရေမရအဖတ်မရ နိုင်ငံရေးအတွေးအခေါ်တွေ ကင်းမဲ့အောင် ရန်တိုက်ပေးထားတာ ခံခဲ့ရတဲ့ မဆလခေတ် အခြေအနေတွေပါပဲ...။
နဝတ၊ နအဖခေတ် ရောက်တဲ့အချိန်မှာလည်း အာဏာရှင်လက်အောက် သမိုင်းအမှန် ပြုစုရေးအဖွဲ့ကို ဖွဲ့ပြီး သေနတ်အောက်က သမိုင်းမှန်ဆိုပြီး အတင်းအကြပ် ပြုစေခဲ့တာပါပဲ...။ ဆိုလိုချင်တာကတော့ အာဏာရှင်ကြီး ဦးသန်းရွှေနဲ့ ဗိုလ်ချုပ်တွေဟာ သမိုင်းမှန်တွေကို ဖျောက်ဖျက်ဖို့ ကြိုးစားလာတာပါပဲ...။
အသံဖိုင် နားဆင်ရန်.
ဝေသာလီ၊ လေးမြို့၊ မြောက်ဦး ခေတ်မှ ရှေးဟောင်း စေတီပုထိုးများ ဖြစ်ကြောင်းသိရှိရပါတယ်... ရတနာ မာန်အောင်ဘုန်းကြီးကျောင်းတိုက်ရဲ့ ရွှေမဉ္ဖူတောင်ပေါ်မှ ဘုရားပျက်များအား ပြင်ဆင်ရာမှ ရွှေဆင်းတုတော်နဲ့ ရှေးဟောင်းပစ္စည်း ဆင်းတုတော်အပါအဝင် ၃၆မျိုးခန့်တွေ့ရှိရတယ်လို့ ဆိုပါတယ်..။ ဒေသခံတဦးရဲ့ ပြောပြချက်... အသံဖိုင်ပါ..။
အသံဖိုင်ဒေါင်းလုပ်.. http://www.mediafire.com/?duibzmnnx6gxdpr
မြောက်ဦးမြို့မှ ရရှိသော ၄ ပိသာ ၆၄ ကျပ်သားရှိ ဘုရားဆင်းတုတော် အပါအ၀င် အခြား ရှေးဟောင်း ဆင်းတုတော်၂၇ ဆူကို နေပြည်တော်သို့ ယူဆောင်ရန် ညွှန်ကြားလိုက်ပြီ ဖြစ်သည်။ ယနေ့ (သို့မဟုတ်) နက်ဖြန်ခါ ယူဆောင်တော့မည် ဖြစ်သည်။ မြောက်ဦးတွင် မြို့သူ မြို့သားများမှ နန်းရာကုန်းတွင် စုရုံးပြီး ဘုရားကို မယူဆောင်ရန် မေတ္တာရပ်ခံ ပန်ကြားနေကြသည်။ တချို့က အထူး မကျေမနပ် ဖြစ်နေကြသည်ဟု သိရသည်။ ရုန်းရင်း ဆန်ခတ် ဖြစ်မည့် အနေအထားသို့ ရောက်ရှိနေသည်ဟု သိရသည်။ အမြန်ဆုံး တတ်နိုင်သလို လုပ်ကြပါ။
ဆက်သွယ် မေးမြန်းရန်
ဦးအောင်သန်းတင် - ၀၉ ၄၉၆၄၁၇၅၉ ရခိုင်ယဉ်ကျေးမှု ၀န်ကြီး
ဒေသခံတစ်ဦး ဦးေ ရွှတင်- ၀၉ ၄၉၆၆၈၈၈၇
ဒေသခံတစ်ဦး ဦးေ
ယခုလူစုနေကြပြီ ဖြစ်ကြောင်းသိရှိရပြီး နောက်ဆုံးအခြေအနေအရ လူတော်တော်များလာပြီ ဖြစ်ကြောင်း နန်းတော်ရာကုန်းကို ၀ိုင်းလိုက်ပြီ ဖြစ်ကြောင်းသိရှိရပါတယ်...။ မတရားမှုကို ငုံခံမနေကြပါနဲ့ အားလုံး ပူပေါင်း ဆော်သြကြပါ...။
နှလုံးသားတွင် ဘုရားတည်
လေးဆူဓါတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ကျွန်တော် မဖူးမြှော်ရသည်မှာ လေးနှစ်တာ ကာလအတွင်းသို့ ရောက်ခဲ့ပြီဖြစ်သည်။
ကုန်လွန်ခဲ့ပြီးသောကာလ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလမတိုင်မီ အချိန်များတွင် ကျွန်တော် သည် တစ်ပါတ်လျှင် တစ်ကြိမ်အနည်းဆုံး ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်သို့ တက်ရောက် ဖူးမြှော်ခဲ့ဖူးပါသည်။ ထို့အပြင် တက်ရောက်ကြည်ညို ဖူးမြှော်ခွင့်ရခဲလှသော ရွှေတိဂုံ စေတီတော်မြတ်ကြီး၏ အထွဋ်အထိပ်တွင် တည်ရှိနေသော စိန်ဖူးတော်ကြီးအားလည်း ကျွန်တော်နှင့် ကျွန်တော်၏သား ပြည်သိမ်းကျော်တို့ တက်ရောက် ဖူးမြှော်ခဲ့ဘူးပါသည်။
ရွှေတိဂုံ စေတီတော်မြတ်ကြီးသည် မြန်မာပြည်သူလူထုတင်မက ကမ္ဘာ့နိုင်ငံအသီးသီးမှ ဘာသာခြားများနှင့်ပါ မစိမ်းပါ။ လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာမရွေး လွတ်လပ်စွာတက်ရောက် ဖူးမြှော် ခွင့်ရရှိသည့် တန်ခိုးကြီးမားလှသည့် ဗုဒ္ဓဘာသာနွယ်ဝင်တို့၏ အထွဋ်အမြတ်ထား ကိုးကွယ်ရာတည်း ဟူသော ဗုဒ္ဓမြတ်စွာဘုရား၏ ဆံတော်များကိန်းဝပ်ရာ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ၂၀၀၇ ခုနှစ် စက်တင်ဘာလ နောက်ပိုင်းတွင် လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာမရွေးတို့၏ နာရေး၊ ဆေးကူညီမှု၊ ပညာရေးကဏ္ဍများအား (အခမဲ့) ဖေးမကူညီပေးနေသော ကျွန်တော်တက်ရောက် ဖူးမြှော်ရာတွင် လွတ်လပ်မှုများ ဆုံးရှုံးခဲ့တော့သည်။
(၃၊၆၊၂၀၁၁) ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဂျွန်မက်ကိန်း နေပြည်တော်သွားပြီး ဒုသမ္မတ ဦးတင်အောင်မြင့်ဦး နဲ့ တွေ့တဲ့အကြောင်း ထုတ်ပြန်ထားပါတယ်။ ဒီအထဲက လိုရင်းအချက် နှစ်ချက်ပဲ တွေ့ရပါတယ်။
ပထမအချက်အနေနဲ့ ဂျွန်မက်ကိန်းက “မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား နှစ်ထောင် ရှိတယ် လို့ ကြားသိရတဲ့အတွက် ICRC ကို လာရောက် လေ့လာခွင့် ပြုစေလိုပါတယ်”တဲ့။ ဒါကို ဒုသမ္မတ က တုံ့ပြန်တဲ့နေရာမှာ- နိုင်ငံရေး အကျဉ်းသားများနဲ့ ပတ်သက်ပြီး ယခင်ပြောနေကြ စကားဖြစ်တဲ့ “မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားများ မရှိပါကြောင်း” ဆိုတဲ့ စကားတစ်လုံးတည်းနဲ့ပဲ ပယ်ချပစ် လိုက်ပါတယ်။ ICRCကိစ္စကို တုံ့ပြန်တဲ့နေရာမှာတော့ “ကြက်ခြေနီအဖွဲ့အစည်းများကို ယခင်က လက်ခံ စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်သော်လည်း ၄င်းတို့အနေဖြင့် လုပ်ပိုင်ခွင့်အတိုင်း အတာထက် ကျော်လွန်ဆောင်ရွက်ခဲ့သည်များ ရှိခဲ့သည့်အတွက် ထပ်မံခွင့်မပြုတော့ ခြင်းဖြစ်ကြောင်း၊ သို့သော် အဆွေတော်အနေဖြင့် အလေးအနက်ထား၍ ဆွေးနွေးခဲ့ခြင်း ဖြစ်သည့်အတွက် မိမိတို့ဘက်မှလည်း အဆင်ပြေသည့်အချိန်တွင် စဉ်းစားဆွေးနွေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း” ဆိုပြီးတော့ တုံ့ပြန်သွားတာ တွေ့ရပါတယ်။
ဒီအချက်ကို သုံးသပ်ကြည့်ရင် နိုင်ငံရေးအကျဉ်းသားတွေကို နိုင်ငံရေးအကျဉ်းသား အဖြစ်နဲ့ အသိအမှတ်မပြုခဲ့တာဟာ အရင်ကလဲ ဒီလို အခုလဲ ဒီလိုဘဲ ဖြစ်နေတဲ့ အတွက် သူတို့တွေ ပြန်လည်လွတ်မြောက်လာဖို့ လက်ရှိအစိုးရဆီက ဘာမှမျှော်လင့် လို့ မရဘူး ဆိုတာရယ်၊ နောက်ပြီး ICRC လာပြီး နိုင်ငံရေးအကျဉ်းသားတွေနဲ့ တွေ့ဖို့ ဆိုတာကလဲ ကျားသနားမှ နွားချမ်းသာရမယ့် ကိန်းမျိုးဆိုက်နေတာရယ်၊ ဒါဘဲ တွေ့ရပါ တယ်။
နောက် ဒုတိယအချက် ဂျွန်မက်ကိန်းပြောတာက-“ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လအတွင်း ရန်ကုန်နယ်နိမိတ် ပြင်ပဒေသများသို့ ခရီးသွားရောက်မည် ဟုသိရှိရလို့ သွားရောက်ခွင့် ပြုမည်ဟု ယူဆပါကြောင်း” ဆိုပြီး ပြောပါတယ်။ ဒါကို ဒုသမ္မတက “ဒေါ်အောင်ဆန်းစုကြည်နှင့်စပ်လျဉ်း၍ ၄င်းအား သာမန် အရပ်သားတစ်ဦးအဖြစ် သဘောထားပါကြောင်း၊ သာမန်အရပ်သားတစ်ဦးအနေဖြင့် ဥပဒေနှင့်အညီ သွားလာ လှုပ်ရှားဆောင်ရွက်မှုများကို ကန့်သတ်ရန် မရှိပါကြောင်း၊ သို့သော်လည်း နိုင်ငံတော် တည်ငြိမ်းအေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကိုမူ အလေးထားစောင့်ထိန်းရန် လိုအပ်ပါကြောင်း” ဆိုပြီးတော့ တုံ့ပြန်သွားပါတယ်။ ဒီအချက်ကလဲ ရှင်းပါတယ်။ သွားချင်သွား၊ ဒီပဲယင်းလို ၀ိုင်းရိုက်တာမျိုး လုပ်ချင်လဲ လုပ်မယ်၊ ဖမ်းချင်လဲ ဖမ်းမယ်လို့ ပြောလိုက်တာပါဘဲ။ ဒီတော့ ဂျွန်မက်ကိန်း နေပြည်တော်သွားတဲ့အတွက် ဘာထူးသလဲ မေးရင် ပြည်သူတွေအတွက် ဘာမှ မထူးပါဘူး လို့ဘဲ ဖြေရမှာပါ။
ထူးတာကတော့ လက်ရှိအစိုးရအတွက် အတော့်ကို ထူးသွားပါတယ်။ ဒါကတော့ “မြန်မာနိုင်ငံသည် မှန်ကန်သော လမ်းကြောင်းအပေါ်တွင် ရောက်ရှိနေပြီ ဖြစ်သည်ဟု မိမိယုံကြည်လက်ခံပါကြောင်း၊ အမေရိကန်သို့ ပြန်ရောက်သည့်အခါ အမေရိကန် အစိုးရနှင့် လုပ်ဖော်ကိုင်ဖက်များအား မြန်မာနိုင်ငံနှင့် စတင်ဆွေးနွေးရန် လိုအပ်နေ ပြီဖြစ်သည်ကို အသိပေးပြောကြားသွားမည်ဖြစ်ပါကြောင်း” ဆိုတဲ့ ဂျွန်မက်ကိန်းရဲ့ စကားပါဘဲ။ ဒါဟာ လက်ရှိအစိုးရအတွက် သည်းခြေကြိုက်စကား ဖြစ်လို့ သတင်းစာမှာ စာလုံးမည်းကြီးနဲ့တောင် မျက်နှာဖုံးမှာ တင်ထားပါတယ်။ ကျွန်တော်တို့ မြန်မာ ပြည်သူ ပြည်သားတွေ အတွက်ကတော့ ဒီစကားဟာ တကယ့်ကို မင်္ဂလာ မရှိတဲ့စကား၊ အကာလ ညအခါမှာ ကြားရတဲ့ ငှက်ဆိုးထိုးသံကြီးသာ ဖြစ်ကြောင်းပါခင်ဗျား။
သီတလ
BG သွေးအကူညီပေးရေးမှ ၁၉ရက်(၆)လ၂၀၁၁တွင် ကျရောက်မည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၆)နှစ်ပြည့်မွေးနေ့အကြို သွေးလှူဒါန်းပွဲအား ၁၄.၆.၂၀၁၁မှ စတင်ပြီး စုပေါင်း သွေးလှူဒါန်းမည် ဖြစ်ပါသောကြောင့် ပူပေါင်းပါဝင်လိုသူများ၊ အကူအညီ ပေးလိုသူများအနေဖြင့် အောက်ပါ phone နံပါတ်များတွင် ကြိုတင်စာရင်း ပေးသွင်းနိုင်ကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။
အသက်ကယ် သွေးလှူဒါန်းလိုသူများ၊ အရေးတကြီး သွေးလိုအပ်သူများ ပူပေါင်းဆောင်ရွက်လိုသူများ ဆက်သွယ်ပါရန်။
ကိုညီညီ 0949328055၊
ဒေါ်သီတာ 01396476၊
ကိုလင်းထက် 0973125885၊
ဒီပဲယင်း ၈နှစ်ပြည့် နှစ်ပတ်လည်နေ့ က BG သွေးအကူညီပေးရေးမှ သွေးလှူဒါန်းနေပုံ
အောက်တွင် ဓာတ်ပုံများ ဆက်လက်ကြည့်ရှုနိုင်ပါသည်...
Subscribe to:
Posts (Atom)














