ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ငိုကျော်ဆန်း ကို စိန်ခေါ်သူများ

ယနေ့အမေစုနှင့် ရုပ်ရှင်၊ ဂီတအနုပညာရှင်များ တွေ့ဆုံပွဲ
ငိုကျော်ဆန်းကို ရဲရဲကြီးစိန်ခေါ်သူများ
 ဖွတ်နှင့် အတူပြေး၍ ဒေါင်းနှင့်အတူ အမှီပြန်လိုက်မည့် ဘိတ်မြို့အထိ သွားရောက်ပြီး ကြံ့ဖွတ်ပါတီအမတ် ယုဇနဦးဋ္ဌေးမြင့်အား မဲပေးခဲ့ကြောင်း ဗြောင်ကြေငြာခဲ့သည့်... ဒေါင်းယောင်ဆောင်သော ဖွတ်မိုး...
အပြောင်းအလဲတွေက မြန်ဆန်လွန်းလိုက်တာ... ရုပ်ရှင်ကြည့်နေရသလိုပါပဲ..။

ဓာတ်ပုံ ပေးပို့လာသူအား ကျေးဇူးတင်ပါသည်..။
ဒီမိုဝေယံ

မိမိကိုယ်တိုင် မတရားပြုကျင့်ခံရ၊ မိခင်ကအသတ်ခံရ၊ ဖခင်က မတရားဖမ်းခံရပြီး ငွေများတရားနိုင် အဖြစ်နဲ့ကြုံတွေ့နေရတဲ့ ဟင်္သာတမြို့နယ် လိပ်ချောင်းကျေးရွာအုပ်စုမှ မစုမေသော်ရဲ့ အမှုဖြစ်စဉ်...

မိမိကိုယ်တိုင် အသက်မပြည့်သေးခင် မတရားပြုကျင့်ခံရ၊ မိခင်ကအသတ်ခံရ၊ ဖခင်က မတရားဖမ်းခံရပြီး ငွေများတရားနိုင် အဖြစ်နဲ့ကြုံတွေ့နေရတဲ့ ဟင်္သာတမြို့နယ် လိပ်ချောင်းကျေးရွာအုပ်စုမှ မစုဝေသော်ရဲ့ အမှုဖြစ်စဉ် အပြည့်အစုံနှင့် တိုင်ကြားစာနဲ့ ရုပ်သံဖိုင်ပါ...။ အလွန်မှ မတရားတဲ့ အဖြစ်အပျက်ပါ... အမှန်တရား ပေါ်ပေါက်ရေးဟာ အင်မတန်အရေးကြီးပါတယ်။  မျက်နှာမွဲ ပြည်သူတွေရဲ့ အဖြစ်အပျက် အသံတွေပါ။ 

ပြည်သူတွေရဲ့ အသံကိုနားထောင်မယ် ဆိုထားတဲ့ Good Government၊  Clean Government ဖြစ်ကြောင်း သက်သေပြဖို့နဲ့ တရားဥပဒေ စိုးမိုးရေးအတွက် ယခုလို ငွေများတရားနိုင် အဖြစ်နဲ့ ကြုံတွေ့နေရတဲ့  ပြည်သူတွေရဲ့ တိုင်ကြားစာကို ဖြေရှင်းပေးဖို့ လိုအပ်ပါတယ်..။ 

သက်ဆိုင်ရာမှ  အမှုမှန်ပေါ်ပေါက်ဖို့ အတွက် အဆိုပါမတရားမှုအား အသေအချာ စုံစမ်း ဖြေရှင်းပေးဖို့ နစ်နာသူ ရိုးသားတဲ့ သနားစဖွယ် မောင်နှမ၂ဦးကိုယ်စား မေတ္တာရပ်ခံ တောင်းဆိုအပ်ပါတယ်..။ငွေများတရားနိုင် အဖြစ်နဲ့ကြုံတွေ့နေရတဲ့ ဟင်္သာတမြို့နယ် လိပ်ချောင်းကျေးရွာအုပ်စုမှ မစုဝေသော်ရဲ့ အမှုဖြစ်စဉ်...
Scribd File ဖတ်မရရင် ဒီမှာ ဒေါင်းလုပ်ယူပါ.. http://www.mediafire.com/?8ij49e77gz6m4zq
အမှုဖြစ်စဉ် ကာယကံရှင် မစုဝေသော်နဲ့ သက်သေများ ပြောကြားချက် ရုပ်သံဖိုင်

သာကေတမြို့နယ် (၇)ရပ်ကွက် ဈေးသူဈေးသားများ (တိုင်ကြားစာ)

 သာကေတမြို့နယ် (၇)ရပ်ကွက်ဈေး
ကိုဒီမိုရေ
ကျွန်မတို့ သာကေတမြို့နယ်(၇) အနောက်ရပ်ကွက်က ဈေးသူဈေးသားတွေ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်နေကြတာကို ကိုဒီမိုရဲ့ဘလော့မှ တဆင့် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ကို တင်ပြပေးပါဦး။ သမ္မတကြီးရဲ့ပြုပြင် ပြောင်းလဲရေး မူတွေကိုလဲ အားပေးပါတယ်။ ဒါပေမဲ့ အပြောနည်းနည်းလျှော့ပြီး အလုပ်ကို ပိုလုပ်ပြပါလို့လဲ တဆက်ထဲ တောင်းပန်ချင်ပါတယ်။

သာကေတမြို့နယ်(၇) အနောက်ရပ်ကွက် ဈေးကြီးတွင် ဈေးတာဝန်ခံဦးထင်လင်းသည် ဈေးဆိုင်များကို အခွန်အခများအား နည်းမျိုးစုံ အကြောင်းပြ၍ အကြီမ်ကြိမ် ကောက်ခံနေပါသည်။ ပါမစ်နစ် (Permanent) ဆိုင်များဖြစ်သည့် ကျွန်မတို့ ဆိုင်ရှင်များသည် ပင်တိုင်လည်စင်းခံ နေရပါသည်။ ဈေးကောက်များနေ့တိုင်း ရရှိနိုင်ရန်အတွက် ပျံကျဈေးတန်းများကို အခိုင်အခံ့ ဆောက်လုပ်ပြီး၊ ထိုဆိုင်များကို တနေကုန် ရောင်းချခွင့် ပေးထားသောကြောင့် ကျွန်မတို့ဈေး ကြီးမှာဝယ်သူမရှိ၊ လာရောက်သူမရှိ ဖြစ်နေရပါသည်။ ကျွန်မတို့ပါမစ်နစ် ဈေးဆိုင်များ၏ အခွန်များမှာ နိုင်ငံတော်အခွန်ငွေ အဖြစ်ဝင်ပြီး၊ ပျံကျဈေးတန်းများ၏ ဈေးကောက်များမှာ ဈေးတာဝန်ခံများအား ပေးသုံးထားသောကြောင့်၊ ပျံကျဈေးတန်းများကို ဈေးတိုင်းတွင် တွေ့မြင်နေရခြင်း ဖြစ်ပါသည်.။ 
ကျွန်မတို့မှာ ဈေးဆိုင်ခန်းခ၊ အလုပ်သမားခ၊ အခွန်မျိုးစုံ၊ လတိုင်းထွက်ငွေသာရှိပြီး ၀င်ငွေမရှိသည့်အပြင်၊ ၀ါယာရှော့ဖြစ်ပြီး မီးလောင်မည်ကိုလဲ ရင်တမမဖြစ်နေရပါသည်။ လုံခြုံရေးအခွန်များ ပေးဆောင်ကြရပြီး ဈေးစောင့်ရှိသော်လည်း ဈေးအတွင်းမကြာခဏ ဆိုင်ခန်းများ ဖောက်ထွင်းခံရခြင်းများလဲ ဖြစ်ပွားနေပါသည်။ ဈေးတာဝန်ခံကို ဖြေရှင်းပေးရန် ပြောသော်လည်း မချေမငံ ပြန်ပြောပြီး၊ တိုင်ချင်တဲ့ နေရာတိုင်ဟု ပြောပါသည်။ ကျွန်မတို့မှာ ဆိုင်ခန်းများရှိနေ၍ ဈေးဆိုင် မထွက်၍လည်းမဖြစ်၊ ဈေးရောင်း၍လဲမကောင်း၊ အခွန်အခများကိုလဲ မဆောင်၍မဖြစ်၊ အစစဒုက္ခများနေ၍ ဘယ်လိုမှ မလှုပ်သာအောင် ဒုက္ခ ရောက်နေရပါသောကြောင့် ကျွန်မတို့ ဈေးသူဈေးသားများ ဒုက္ခကို ကူညီဖြေရှင်းပေးပါရန် တိုင်ကြားလိုက်ရပါသည်။

သာကေတမြို့နယ်(၇)ရပ်ကွက်ဈေးသူဈေးသားများ

ယနေ့မနက်ပိုင်းက ရွှေညဝါဆရာတော်ကြီးအပါအဝင် မြန်မာပြည်တွင်း လူမှုရေးလုပ်ဆောင်နေတဲ့ ထင်ရှားတဲ့ ပုဂ္ဂိုလ်များနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton တို့တွေ့ဆုံ..

ဓာတ်ပုံ... AP
ယနေ့မနက်ပိုင်းက ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အကျိုးဆောင်ချုပ် (ကြည့်မြင်တိုင် သာဓုပရိယတ္တိ စာသင်တိုက်ကြီး၏ နာယကဆရာတော်) ဘဒ္ဒန္တ ပညာသီဟ (ရွှေည၀ါဆရာတော်) ဆရာတော်ကြီးနှင့်  မြန်မာပြည်တွင်း လူမှုရေးလုပ်ဆောင်နေတဲ့ ထင်ရှားတဲ့ ပုဂ္ဂိုလ်များနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး  Hillary Clinton တို့တွေ့ဆုံခဲ့ကြပါတယ်..။

သတင်း ဆက်လက်ဖော်ပြပါမည်...။

ယနေ့လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Hillary Clinton တိုရဲ့ တွေ့ဆုံပွဲ မှတ်တမ်း (ဓာတ်ပုံများ)

 အမေစုနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Hillary Clinton တိုရဲ့ ဟန်ဆောင်မှုကင်းတဲ့ ကြည်နှူး ဝမ်းမြောက်ဖွယ် သမိုင်းဝင်မှတ်တမ်း ဓာတ်ပုံတွေပါ... (ဓာတ်ပုံ AP)

သောကြာနေ့မှာ အမေရိကန်သံရုံး၌ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် တွေ့ခွင့်ရမည့် ပုဂ္ဂိုလ်(၁၀)ဦးတွင် ရွှေညဝါဆရာတော်ကြီး ပါဝင်...

မနက်ဖြန် သောကြာနေ့မှာ ရန်ကုန်မြို့ရှိ  မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် တွေ့ခွင့်ရမည့် ပုဂ္ဂိုလ်(၁၀)ဦးတွင် ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အကျိုးဆောင်ချုပ် (ကြည့်မြင်တိုင် သာဓုပရိယတ္တိ စာသင်တိုက်ကြီး၏ နာယကဆရာတော်) ဘဒ္ဒန္တ ပညာသီဟ (ရွှေည၀ါဆရာတော်) ဆရာတော်ကြီးမှ တဦးတည်းသော သံဃာတပါးအနေနှင့် တွေ့ခွင့်ရမည် ဖြစ်ကြောင်း သိရှိရပါသည်။

မနက်ဖြန် သောကြာနေ့ မနက် ၁၁နာရီ ၁၅မိနစ်၌ ရန်ကုန်မြို့ အမေရိကန်သံရုံး၌ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရင်ကလင်တန်နှင့် ရွှေညဝါဆရာတော်၊ ဦးကျော်သူ၊ ကိုဇာဂနာအပါအဝင်.. ပုဂ္ဂိုလ်(၁၀)ဦးတွေ့ခွင့်ရမည် ဖြစ်ကြောင်းသိရှိရပါသည်...။ ပြီးခဲ့တဲ့ နိုဝင်ဘာလ (၂၇)ရက်နေ့ကတည်းက ရန်ကုန်မြို့အမေရိကန် သံရုံးမှလာရောက် ဖိတ်ကြားခဲ့ပြီး... အဆိုပါနေ့၌ ဆရာတော်ကြွရောက်မည့် ကားနံပါတ်မှ အစမှတ်သား သွားကြောင်း သိရှိရပါသည်..။ ရန်ကုန်မြို့သို့ ရောက်ရှိနေတဲ့ နယူးယောက်တိုင်းမ် သတင်းဋ္ဌာနမှလည်း လာမည့် ၃ရက်နေ့ စနေနေ့၌ ဆရာတော်နှင့် အင်တာဗျူးရန် ကမ်းလှမ်းထားကြောင်း သိရှိရပါသည်..။

ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အကျိုးဆောင်ချုပ် ရွှေညဝါဆရာတော်ကြီးဟာ အမျိုးဘာသာ၊ သာသနာတော်အတွက် မေတ္တာစေတနာ ထားပြီးရဲရဲဝံ့ဝံ့ တရားတော်များအား ဟောကြားတော် မူသည့်အတွက် အာဏာပိုင်များမှ ပြည်တွင်း၌ တရားဟောခွင့် တနှစ်ပိတ်ထားခြင်း ခံရပါတယ်..။ လာမည့် ၂၀၁၂ခုနှစ် တရားဟောခွင့် ပြန်လည်ရရှိမည့် ဖေဖော်ဝါရီလ ၁၃ရက်နေ့ ဗိုလ်ချုပ်မွေးနေ့တွင် ဒီပဲယင်းမြို့၌ တရားဟောပြောရန် လက်ခံထားကြောင်း သိရှိရပါသည်..။


သတင်း.. ဒီမိုဝေယံ..

ယနေ့ည ညစာစားပွဲမှာ တွေ့ရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Hillary Clinton

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Hillary Clintonမှ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အထူးဖိတ်ကြားတဲ့ Private Dinner ဖြစ်ပါတယ်.. (ပုံ Getty Image)

ဟင်္သာတမြို့ ဂုဏ်ဆောင် အမှိုက်ပုံ၊ ပျံကျဈေးသည်များနှင့် အကျင့်ပျက် စည်ပင်ဝန်ထမ်းများအကြောင်း (တိုင်ကြားစာ)

ကျွန်တော်တို့ ငယ်ငယ်က ကွယ်လွန်သူ ဟင်္သာတသား နာမည်ကြီး အဆိုတော်မင်းအောင်ရဲ့ သီချင်းလေးတပုဒ် မှတ်မိသေးပါတယ်..။ " ကျွန်တော်တို့ မြို့ရွာ ကြုံရင်လိုက်ခဲ့ပါ.. စိတ်လည်းချမ်းသာ သာယာလွန်းလို့ပါ.. မြတ်ဘုရား၊ ကျောင်းကန် စုံအောင်လိုက်ပြမှာတဲ့" အခုတော့ ဟင်္သာတမှာ အမှိုက်ပုံနဲ့ ပျံကျဈေးတွေနဲ့ ဆိုတော့ ကိုမင်းအောင်သီချင်းထဲကလို ဟသာင်္တမြို့ကို အနယ်နယ် အရပ်ရပ်က  ဧည်သည်များအလည် လာချင်အောင် တိုင်ကြားစာများကို အမြန်ဖြေရှင်း ပေးပါလို့ ဟသာင်္တမြို့သားများ ကိုယ်စား သက်ဆိုင်ရာ တာဝန်ရှိသူများအား တိုက်တွန်း နှိုးဆော်လိုက်ရပါတယ်..။

ပျံကျကျူးကျော် ဈေးသည်များ ဖယ်ရှားပေးရန် တိုင်ကြားစာ
ဆက်သွယ်ရန် စည်ပင်ဖုန်း 098580250 ဗိုလ်ကြီးခင်မောင်မြင့် 04421130 ၀င်းအောင်သူ ဈေးအရာရှိ တဆင့်ခေါ်ဆိုရန်
တနှစ်ကို တဆယ့်သုံးလခ ပေးနေရတဲ့ ဈေးသည်များ.. တိုင်ကြားစာ
 ဟင်္သာတမြို့ ဂုဏ်ဆောင် အမှိုက်ပုံ၊ ပျံကျဈေးသည်များနှင့် အကျင့်ပျက် စည်ပင်ဝန်ထမ်းများအကြောင်း

ဟင်္သာတမြို့လယ်ခေါင် ဖြစ်သောမြို့တော်ခန်းမနှင့် အ.လ.က (၁)နေရှင်နယ် အမျိုးသားကျောင်းကြားရှိ လုပ်ငန်းရှင်များနှင့်  စည်ပင်သာယာဝန်ထမ်းများမှ စွန့်ပြစ်ထားသော အမှိုက်ပုံကြီးများကို စည်ပင်မှ မရှင်လင်း သောကြောင့် ကျောင်းသူကျောင်းသားများနှင့် မြို့ခံပြည်သူများမှာ နေတိုင်းရှူရှိက်နေရပါတယ်။ စည်ပင်မှ ဗိုလ်ကြီးခင်မောင်မြင့် နေတိုင်း ဂေါက်ရိုက်သွားလျှင် ဖြတ်သွားရသော နေရာဖြစ်သော်လည်း မသိကျေးကျွန်ပြုနေပါသည်။ vip လမ်းကြောင်းရှိလျှင် အမှိုက်ပေါ်မှ သဲဖြင့်အုပ်၊ တိုင်ကြားစာပို့လျှင်လည်း ကားလေးနဲ့ အသယ်ပြဓါတ်ပုံရိုက် ပုသိမ်သတင်းပို့ အရှင်းပြ မြို့တော်ခန်းမနောက်တွင်မူ ကြည့်ရက်စရာမရှိ အမှိုက်ပုံကြီး ဖြစ်နေပါသည်။ 

21.11.2011 မနက် 5း15 မီးနစ်မှာ ထိုအမှိုက်ပုံကြီးအား မသမာသူများက 3 နေရာခွဲ မီးရှို့သွားရာ မီးသတ်ကို ၄ခါတိတိ ဖုန်းဆက် အကြောင်းကြားပါသော်လည်း မနက်6း10 မီးနစ်မှ မီးသတ်ကားရောက်လာပြီး မီးသတ်ခဲ့ပါသည်။ 27.11.2011 မနက်6း00 နာရိတိတိမှာ မြို့တော်ခန်းမ အနောက် အမှိုက်ပုံ မီးလောင်ရာ လူတစ်ယောက်လောက် မြင့်လာသောကြောင့် ပါတ်ဝန်းကျင်မှ အော်ဟစ်သော အခါမှ ဈေးစောင့်များ ရေနဲ့ ပြေးပက်ရပါတယ်။ ထိုအမှိုက်ပုံမှ အမှိုက်များမှာ ကပဒေသာဈေးနှင့် ဌေးဝင်းဈေး ဘေးကပ်လျှက် ဆည်မြောင်းပိုင် တာတမံပေါ်တွင် စည်ပင်မှ တရားမ၀င် ခွင့်ပြုထားသော ကျူးကျော်ဈေးသည်များက  စွန့်ပစ်သော အမှိုက်များဖြစ်ပါသည်။ ဈေးကောက်လိုင်စင် စည်းများသည် ဈေး၁၃ ဈေးအရာရှိ ဦးဝင်းအောင်သူကို မိမိတို့အား ဖမ်းမယ်ဆိုရင် ကြိုပြောပါဟု လာဒ်ငွေထိုး ၀ါးဓနိတို့ဖြင့် အခိုင်အမာဆောက်လုပ်ခွင့် ပြုထားပါတယ်။ ဈေးကောက်ကို တစ်နေ့ တစ်ကြိမ်သာ ကောက်ခိုင်းသော်လည်း ဈေးအရာရှိကို ပေးရသည့် လာဒ်ငွေကာမိအောင် တစ်နေ့ကို 3 ကြိမ်ကောက်ပါသည်။ ထိုကျူးကျော် ဈေးသည်များကြောင့် ပုံမှန်ဆိုင်ပိုင်ရှင်များပါ တစ်နေ့ကို ၂၀နဲ့ တစ်ပါတ်ကို ကိုယ့်ဆိုင်ကိုယ် ထွက်တာတောင် ပိုက်ဆံပေးရ။ စည်ပင်ခွန်၊ အမြတ်ခွန်၊ အလှူခံတစ်မျိုးပြီး တစ်မျိုးကောက်ခြင်း၊ ဆိုင်ခန်းမှတ်ပုံတင်တောင် တစ်နှစ်၁၂ လအစား ၁၃လစာ အမျိုးမျိုးကောက်ခံနေသည့် ကြားမှတစ်နေ့ကို ငွေ ၇၀ ကျပ်သာပေးပြီး ထွက်သော ကျူးကျော် ဈေးသည်များကို ရှင်လင်းခြင်းမရှိသည့် အတွက်မီးဘေးအန္တရာယ်နှင့် ဈေးသူဈေးသားများမှ အများကြီးနစ်နာ ဆုံးရှူံးရပါသော်လည်း ထိုကျူးကျော် ဈေးသည်များကို ကိုင်တွယ်ရသော ၀န်ထမ်းများအဖို့တော့ များစွာ အဆင်ပြေနေပါသည်။ စည်ပင်သာယာမှ ရရှိသောဝင်ငွေသည် မြို့ခံလူထု၏ နစ်နာမှုနဲ့ နှိုင်းယှဉ်၍မရပါ။

ဈေးသူဈေးသားများ

ဟင်္သာတ ပျံကျဈေးအကြောင်း တိုင်ကြားစာ(အသံဖိုင်) by demowaiyan

စားမြဲ၊ ဝါးမြဲ၊ ဘာမှမပြောင်းလဲ သေးတဲ့ ကရင်ပြည်နယ်မှ ကြံ့ဖွံ့ပြည်နယ်ဝန်ကြီးချုပ်နဲ့ အာဏာပိုင်များ .(တိုင်ကြားစာ)

ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးဇော်မင်းနှင့် ဇနီး
ဘာမှမပြောင်းလဲ သေးတဲ့ ကရင်ပြည်နယ်
ပြည်တွင်းပြည်ပသတင်းမီဒီယာတွေမှာ ရေးသားအသံလွှင့်နေတာတွေကော အာဆီယံအကြီးအကဲများ၊ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အကြားမှာ ပြောနေကြတာတွေကော နိုင်ငံတော်အစိုးရ ဦးသိန်းစိန် အစိုးရဟာ အပြောင်းအလဲ စနေပြီ ပြောင်းလဲနေပြီလို့ သိရပါတယ်။ နိုင်ငံတကာအနေနဲ့လည်း ရှေ့ကိုဆက်သွားပြီး နောက်ပြန်မလှည့်စေရန်လည်း ၀ိုင်းဝန်းထိန်းကြောင်းနေကြပါတယ်။ မည်သို့ပင် ပြည်ထောင်စုအစိုးရ ပြောင်းလည်း နေစေသော်ငြားလည်း ကရင်ပြည်နယ် အတွင်းမှာတော့ ယနေ့အချိန်အထိ န၀တ၊ နအဖ လက်ထက်ကအတိုင်း ဘာမှ မပြောင်းလဲသေးပါဘူး။ ပြောင်းလဲဖို့လည်း ပြည်နယ်အစိုးရမှ စိတ်ကူးမရှိကြပါဘူး။ ပြည်နယ်ဝန်ကြီးချုပ် ဆိုသူကလည်း၊ အခြားပြည်နယ်တိုင်းကဲ့သို့ မဟုတ်ပဲ ယခင် ပယကဥက္ကဌ ဗိုလ်မှူးချုပ်ဇော်မင်းကနေ ဦးဇော်မင်း ဆိုပြီး ဘောင်းဘီချက်ချင်းချွတ်ပြီး တိုက်ပုံနဲ့ပုဆိုး ကောက်ဝတ်လိုက်တာ ဖြစ်ပါတယ်။

ယနေ့အချိန်အထိ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ လူမှုရေး အားလုံး၏ လုပ်ဆောင်ချက်အားလုံးလိုလိုမှာ နဂို အာဏာရှင် စစ်အုပ်ချုပ်ရေးအတိုင်းပါပဲ။ အောက်ခြေ ပညာတတ်၊ ပညာရှင် ၀န်ထမ်းတွေအပေါ် မောက်မာနေဆဲပါပဲ။ ကရင်ဝန်ကြီးချုပ်ဟာ စီးပွားရေးသမားတွေနဲ့ပေါင်းပြီး ဘားအံ၊ ကော့ကရိတ်နှင့် မြ၀တီ ကားလမ်းတစ်လျှောက် သစ်တောမြေတွေကို စိုက်ပျိုးမြေပြောင်း၊ စိုက်ပျိုးမြေကနေ လန(၃၉)မြေယာ လုပ်ပိုင်ခွင့် ပြောင်းပြီး မြေကွက်တွေကို လပ်ယူပြီး ဖော်ထုတ်နေပါတယ်။ နေစရာအိမ်မရှိတဲ့ ဆင်းရဲနွမ်းပါတဲ့ ပြည်သူတွေကို အတည်တကျနေထိုင်ရန် စီစဉ်လုပ်ကိုင် ပေးခြင်းမရှိပါဘူး။ သူတို့ အစိုးရအဖွဲ့တွေ ရောင်းစားဖို့ မြေတွေပဲ ဖော်ထုတ်နေကြပါတယ်။ ပြည်နယ်အစိုးရမှာရှိတဲ့ ၀န်ကြီးတွေကလည်း ပညာအရည်အချင်းနဲ့ အသိပညာခေါင်းပါးတာကြောင့် ပြည်နယ်တိုးတက်ရေး၊ ပြည်သူလူထု စားဝတ်နေရေးချောင်လည်ပြီး အာမခံချက်ပေးနိုင်သော စီးပွားရေးလမ်းကြောင်းပေါ်သို့ တွန်းတင် ပေးနိုင်ခြင်းလည်း မရှိကြဘူး။

ဘာလုပ်ရမှန်းလည်း အကြံဥာဏ်မရှိသလို လုပ်ကိုင်နိုင်တဲ့ စွမ်းရည်လည်းမရှိကြပါဘူး။ ၀န်ကြီးဆိုပြီး ပညာတတ်၊ ပညာရှင်ဝန်ထမ်းကြီးတွေအပေါ် ဖြစ်ညှစ်၊ ညစ်ပြီး သူတို့ကို ဂါရ၀ပြုလာရန် လုပ်နေတဲ့ ၀န်ကြီးတွေလည်း ရှိနေကြပါတယ်။ ကြံရာမရတဲ့အချို့ ၀န်ကြီးတွေကလည်း သူတို့ရွေးကောက်ပွဲမှာ မဲနိုင်ပြီး တက်လာတဲ့ နယ်မြေတွေမှာရှိတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး တွေအပေါ် အုပ်ချုပ်ရေးမှူး တာဝန်ဆက်လက် တာဝန်ထမ်းဖို့အတွက် သူတို့လုပ်ပေးရင်ဖြစ်တယ် ဘာမဆိုဖြစ်တယ်ဆိုပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး တွေထံ ဆပ်ကြေးကောက်သလို လိုက်လံတောင်းစား နေကြပါတယ်။ စည်ပင်ဝန်ကြီးဆိုတဲ့ ၀န်ကြီးကလည်း အောက်ခြေ၀န်ထမ်းတွေ အပေါ် ဖြစ်ညှစ်နေလို့ လမ်းတွေ မခင်းနိုင်ပါဘူး။ ၀န်ကြီးညှစ်လို့ ကတ္တရာတွေလည်း လျှော့ဝယ်နေရတယ်လို့လည်း ၀န်ထမ်းအသိုင်းအ၀ိုင်းထံမှ အသံထွက်နေပါတယ်။ 
မဲဆောက်မှ မြန်မာပြည်သို့ တင်ပို့မည့် Without မော်တော်ယာဉ်များ
ပါတီက တပည့်တပန်းတွေနဲ့ ပူးပေါင်းပြီး Without မော်တော်ယာဉ်များ ပို့ဆောင် လုပ်စားနေကြပါတယ်။ ၀န်ကြီးတွေဟာ ရွေးကောက်ပွဲ အနိုင်မရခင်က မိမိတို့လက်ထက်မှာ ကောင်းအောင် ဘာတွေ လုပ်ပစ်မယ်ဆိုပြီး ကြိမ်းဝါးခဲ့ပေမဲ့လည်း တကယ်တော့ အတတ်ပညာ၊ အသိပညာ နည်းပါးတာကြောင့် တကယ်ဝန်ကြီး ဖြစ်လည်းသွားရော ဘာလုပ်ရမှန်းမသိ ဖြစ်နေကြတယ်။ နောက်ပိုင်းမှာတော့ (၅)နှစ်အတွင်း မိသားစုအတွက် တွက်ချေကိုက်မည့် အလုပ်တွေကို ဦးစားပေးလုပ်လာကြတယ်။

ပြည်နယ်အတွင်းမှာ မှီခိုနေတဲ့ ပြည်သူအများစုအနေနဲ့ ၀န်ကြီးတွေ၊ ဘာတွေ၊ နိုင်ငံရေးတွေကို စိတ်မ၀င်စားကြပါဘူး။ မြ၀တီ-မဲဆောက် ချစ်ကြည်ရေးတံတားဖွင့်ဖို့ပဲ စိတ်ဝင်စားကြပါတယ်။ ချစ်ကြည်ရေး တံတားအပေါ် မှီခိုလုပ်ကိုင် ကူးသန်းသွားလား လုပ်ကိုင်စားသောက် နေကြရတာကြောင့် ဖြစ်ပါတယ်။ ချစ်ကြည်ရေးတံတား ပိတ်ထားလိုက်တဲ့အတွက် စားဝတ်နေရေး ကြပ်တည်းကြသလို ပြည်နယ် တိုးတက်ရေးအတွက် ရရှိမဲ့ ကုန်စည်ဖြတ်သန်းခ၊ အကောက်အခွန်အခများလည်း နေ့စဉ်နဲ့အမျှ ဆုံးရှုံးနေရပါတယ်။ ချစ်ကြည်ရေးတံတား ပိတ်ထားတဲ့အတွက် လက်တစုပ်သာရှိတဲ့ မှောင်ခို စီးပွားရေးသမား များကတော့ နှစ်သက်ကြသလို မှောင်ခို စီးပွါးရေးလုပ်ငန်းကို အားပေးနေတဲ့ အာဏာပိုင်တွေ အတွက်ကတော့ အရမ်းကြိုက်နှစ်သက် ကြပါတယ်။ ပြည်နယ်ဖွံ့ဖြိုး တိုးတက်ဖို့ ၀င်ငွေများ ကျဆင်းသလို ပြည်နယ်ကို အုပ်ချုပ်နေတဲ့ အာဏာပိုင်တွေရဲ့ ကောက်ခံနေတဲ့ ၀င်ငွေဟာ နေ့စဉ် တိုးတက်နေပါတယ်။ သူတို့အနေနဲ့ ချစ်ကြည်ရေးတံတား မဖွင့်နိုင်ဖို့အတွက် ဆုတောင်းနေကြမှာပါ။

ပြည်နယ်အတွင်း ပြည်သူလူထုတွေထံမှ အခွန်အတုတ်များကို နှစ်စဉ်ကောက်ခံနေပေမဲ့ ပြည်နယ် အတွင်းနေထိုင်တဲ့ ပြည်သူလူထုအတွက် လမ်းတံတား၊ ကျန်းမာရေးက အစ ဘာမှပြန်လုပ် ပေးနိုင်ခြင်းမရှိပါဘူး။ လမ်းတွေဆိုလည်း အလွန်ပျက်စီး နေပါတယ်။ အာဏာပိုင်ရဲ့ ကျောထောက်နောက်ခံဖြစ်တဲ့ ဘားအံ-မြ၀တီလမ်းကြောမှာ ကောက်ခံနေတဲ့ အေကေကုမ္ပဏီဆိုရင် နေ့စဉ်ဖြတ်သန်းသွားလာနေတဲ့ မော်တော်ယာဉ် အစီး(၈၀၀)ခန့်ကို (၂)နှစ်ကြာနေပြီ ကောက်ခံနေသော်လည်း လမ်းကောင်းအောင် ပြုပြင်ခြင်းမရှိပါဘူး။ စည်းမျဉ်းစည်းကမ်းအရ လမ်းပြုပြင်ပြီး(၃)နှစ်ကြာမှ လမ်းကြေး ကောက်ခံရမည်ဟု ကြော်ညာဆိုင်းဘုတ်များ ကပ်ထားသော်ငြားလည်း ဘာအတွက် ကောက်ခံသလည်းလို့ လွှတ်တော်မှာ မေးမြန်းတဲ့အခါ တံတားကြေး ကောက်ခံတယ်လို့ ပြည်ထောင်စုဝန်ကြီးက ဖြေသွားပါတယ်။ တကယ်တော့ သူတို့ကောက်ခံနေတဲ့ တံတားဟာ ထိုင်းနိုင်ငံက ချစ်ကြည်ရေး တည်ဆောက်ခဲ့တဲ့ တံတားဖြစ်ပါတယ်။ အေကေကုမ္ပဏီဟာ လမ်းတံတား တည်ဆောက်ပြုပြင်ရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ ထိုင်းနိုင်ငံမှ တရားမ၀င် မော်တော်ယာဉ်များ၊ စက်ယန္တယားများကို တင်သွင်းပြီး မြန်မာနိုင်ငံ အတွင်းပိုင်းရှိတဲ့ တည်ဆောက်ရေး လုပ်နေတဲ့ ကုမ္ပဏီကို ရောင်းစားနေပါတယ်။ ဒါကို အာဏာပိုင်တွေ အားလုံးသိပါတယ်။ တာဝန်ရှိတဲ့ ဌာနအဖွဲ့အစည်းတွေကိုလည်း ခရီးသွားပြည်သူတွေထံမှ ကောက်ခံတဲ့ငွေနေတဲ့ လမ်းမခင်းပဲ ပံ့ပိုးနေတာကြောင့် ဥပဒေအရ အမှန်တရားဆိုတာ ကွယ်ပျောက်နေတာကို ပြည်သူတွေသိကြပါတယ်။

ဒါကြောင့် ကရင်ပြည်နယ် တိုးတက်စေဖို့ ပြည်နယ် အစိုးအရအတွင်းမှာ အဂတိတရား ကင်းဝေးပြီး ကိုယ်ကျင့်တရားကောင်းမွန်တဲ့ အဆင့်မြင့် ပညာတတ်ဝန်ကြီးများ ဖြစ်ပေါ်လာဖို့လိုပါတယ်။ ယနေ့ မြန်မာနိုင်ငံဟာ အာဆီယံနိုင်ငံဝင်ဖြစ်ပါတယ်။ ၂၀၁၄-ခုနှစ်မှာ မြန်မာနိုင်ငံဟာ အာဆီယံနိုင်ငံဥက္ကဌ တာဝန်ယူရမည် ဖြစ်တဲ့အတွက် အဆင့်မြင့် ပညာတတ်ဝန်ကြီးများ မရှိတဲ့ ကရင်ပြည်နယ်က ပြည်သူတွေအတွက် လွန်စွာ စိတ်မကောင်း ဖြစ်မိပါတယ်။

စစ်အစိုးရ လက်ထက်အတိုင်း မြင်တွေ့နေရတာကြောင့် ဘာမှ မပြောင်းလည်းဘူး ဆိုတာကို ကရင်ပြည်နယ် ပြည်သူတွေနဲ့ တိုင်းပြည်ကို တိုးတက်အောင် လုပ်ဆောင်ပေးချင်တဲ့ တိုင်းပြည်နဲ့လူမျိုးကို ချစ်တဲ့သူတွေကို သိရှိအောင် တင်ပြရခြင်းဖြစ်ပါတယ်။

ကရင်ပြည်နယ်သား ဖိုးခွား။

ယနေ့နေပြည်တော်သို့ ရောက်ရှိလာတဲ့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Hillary Clinton (ဓာတ်ပုံများ)

ယနေ့ နေပြည်တော်သို့ ရောက်ရှိလာတဲ့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး
Hillary Clinton (ဓာတ်ပုံ AP,Reuters)