ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေးခရီးစဉ် ပရိတ်သတ်ဦးရေ စံချိန်တင်များပြား..

ရန်ကုန် ၊ မတ် ၃ (The Voice Weekly)
ပရိတ်သတ် စံချိန်တင်များပြားသောဒေါ်အောင်ဆန်းစုကြည် ၏ မန္တလေးခရီးစဉ်

ကြားဖြတ်ရွေးကောက်ပွဲ အတွက် ပါတီစည်းရုံးရေးခရီး ခရီးများထွက်နေသော ဒေါ်အောင်ဆန်းစုကြည်သည် မတ်လ ၃ ရက်နေ့ နံနက်ပိုင်း ၉နာရီခန့် မန္တလေမြို့သို့ ရောက်ရှိလာခဲ့ပြီး လူထု ဟောပြောပွဲပြုလုပ်မည့် မြို့သစ်(အောင်ပင်လယ်) သို့သွားရောက်ရာတွင် လာရောက်ကြိုဆိုကြသူများ ဦးရေမှာ ဒေါ်အောင်ဆန်းစုကြည်၏ စည်းရုံးရေးခရီးစဉ်များတွင် စံချိန်တင်လောက်အောင် အလွန်များပြားခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ စည်းရုံးရေးခရီးစဉ်များကို လိုက်ပါသတင်းရယူခဲ့သူ သတင်းမီဒီယာသမားများက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် တံတားဦးလေဆိပ်မှထွက်ခွာပြီး ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး မှတဆင့် မန္တလေးမြို့အတွင်းသို့ ၀င်ရောက်ရာလမ်းတစ်လျှောက်ရှိ မန္တလေးမြို့ခံ များသာမက နိုင်ငံခြားသားများ၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူများနှင့် တိုင်းရင်းသားလူငယ်များပါ လာရောက်ကြိုဆိုကြပြီး ကားတန်းမှာ တံခွန်တိုင်အ၀ိုင်းမှ သိပ္ပံလမ်းအထိ ကားတန်းမှာ အလွန်ရှည်လျား များပြားနေကြောင်း The Voice Weekly သတင်းထောက်က ပြောကြားသည်။

ယခု သတင်းရေးသား ထုတ်လွှင့်ချိန်တွင် မွန်းတည့် ၁၂ နာရီခန့်တွင် ဒေါ်အောင်ဆန်းစုကြည်မှာ လူထုဟောပြောပွဲပြုလုပ်မည့်ကွင်းအတွင်း သို့ရောက်ရှိလာခြင်း မရှိသေးဘဲ သိပ္ပံလမ်း ပေါ်တွင်သာရှိသေးကြောင်း The Voice Weekly သတင်းထောက်က ပြောကြားသည်။
(DVB) ရုပ်သံ..

ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လာရောက်ကြိုဆိုသူများ မြင်ကွင်း...

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မန္တလေးမြို့သို့ နံနက် (၉)နာရီအချိန်ခန့်တွင် ရောက်ရှိလာပြီဖြစ်ပါသည်။ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ လာရောက်ကြိုဆိုကြသည့် မန္တလေးလူထု... (ဓာတ်ပုံ ELEVEN MEDIA GROUP)
 တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့သွားရာ လမ်းဘေးဝဲယာတစ်လျှောက်မှ ပြည်သူများက ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုလျှက်ရှိကြပြီး ကမ္ဘာလှည့်ခရီးသည်များကပါ NLD အလံများဝှေ့ရမ်းကာ ကြိုဆိုခဲ့ကြသည်။ (ဓာတ်ပုံ ELEVEN MEDIA GROUP)
ဒေါ်အောင်ဆန်းစုကြည်အား လေဆိပ်တွင်လာရောက်ကြိုဆိုနေကြသော မန်းပျိုဖြူများ။
 (ဓာတ်ပုံ-ဥက္ကာကိုကို)
မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ လာရောက်ကြိုဆိုကြသည့် တိုင်းရင်းသား ကလေးငယ်လေးများ..
 (ဓာတ်ပုံ-ဥက္ကာကိုကို)


အောင်မင်္ဂလာ အဝေးပြေးကားဝင်း တာဝန်ခံစစ်တပ်မှ ဗိုလ်ကြီးဥာဏ်ထွန်းအောင်၏ လာဘ်စား၊ အနိုင်အထက်ပြုနေခြင်းအား အသိပေး အကြောင်းကြားခြင်း (တိုင်ကြားစာ)

 အောင်မင်္ဂလာ အဝေးပြေးကားဝင်း မြင်ကွင်း (ဓာတ်ပုံ ပေါ်ပြူလာ ဂျာနယ်)
အောင်မင်္ဂလာ အဝေးပြေးကားဝင်း တာဝန်ခံစစ်တပ်မှ ဗိုလ်ကြီးဥာဏ်ထွန်းအောင်သည် ဆင်းရဲသား လက်လုပ်လက်စားများ အပေါ်တွင်လည်းကောင်း၊ ၀န်ထမ်းအချင်းချင်း ပေါ်တွင်လည်းကောင်း အနိုင်အထက်ပြုကျင့်ခြင်း၊ လာဘ်စားခြင်းများ ပြုလုပ်နေကြောင်း ပြည်သူတစ်ဦး၏ သတင်းပေး တိုင်ကြားချက်။

အောင်မင်္ဂလာ အဝေးပြေးကားဝင်း တာဝန်ခံစစ်တပ်မှ ဗိုလ်ကြီးဥာဏ်ထွန်းအောင်သည်
၁။ကားဝင်းအတွင်း၌ လစဉ်ငွေ (၅)သောင်းမှ (၁)သိန်းအထိ တောင်းခံပြီး တရားမ၀င်စက်မှု လုပ်ငန်း (၅၀)ခုအား အဝေးပြေး ကားဝင်းတိုက်ခန်းများ၌ ခွင့်ပြုခြင်း။

၂။အနယ်နယ် အရပ်ရပ်မှလာသော ခရီးသည်ကားများအား သတ်မှတ်နေရာတွင် မရပ်ပါက ဒဏ်ငွေ(၅)သောင်း တရားမ၀င် ဒဏ်ရိုက်ခြင်း။

၃။ကားရပ်ဝင်း(၂)ခုရှိ မီးတိုင်များ၏ မီတာခများအား (၁)လ (၁)သိန်း တရားမ၀င် ဖွဲ့ထားသော အငှားယာဉ် ဂိတ်မှူးများထံ တောင်းယူခြင်း။

၎။နေ့စဉ်အငှားယာဉ် ဂိတ်မှူးများမှ ငွေပေးရခြင်း။

၅။စာရင်းဝင် အငှားယာဉ်များသာ ပြေးဆွဲစေပြီး ပြင်ပအငှားယာဉ်များ ပြေးစွဲပါက စည်ပင်ရဲနှင့် ဖမ်းခိုင်း၍ ဒဏ်ရိုက်ခြင်း။

၆။ဝင်းအတွင်း လမ်းဘေးကွမ်းယာဆိုင်၊ ဖုန်းဆိုင်၊ လမ်းဘေးဈေးသည် (၂၀၀)ဦးတို့အား (၁)လ(၁)ကြိမ် တရားမ၀င် ဈေးရောင်းခွင့် ကဒ်ထုတ်ပေးပြီး ဈေးသည်များမှ လစဉ်ငွေ (၂)ထောင်မှ (၅)ထောင်အထိ ပေးရခြင်း။

၇။၎င်းနေထိုင်သော အောင်မင်္ဂလာဝင်း သောင်ကြီးလမ်း နေအိမ်သို့ ကားဂိတ်မှူးများမှ ဟင်းချက်စရာ ၀ယ်ပေးရခြင်း။ ၎င်းနေအိမ် ပြုပြင်ရန်အတွက် အလှူငွေကောက်ခံခြင်း။

၈။၇.၂.၁၂ နေ့တွင် ၎င်း၏ညွှန်ကြားချက်ဖြင့် လူခေါ်ပွဲစား(၅)ဦးအား ရဲများကိုဖမ်းခိုင်းပြီး ရဲက ဥပဒေ အရအရေးမယူရဘဲ ၎င်းမှ စစ်ဒုတိုင်းမှူးတံဆိပ်ဖြင့် ဘောက်ချာဖြတ်၍ (၁)ဦးလျှင် ဒဏ်ငွေ (၃)သောင်း တောင်း၍ ရဲထံဘောင်ချာ ဖြတ်ပိုင်းဖြင့် လွှတ်ခိုင်းခြင်းများ။ ပြုလုပ်နေကြောင်း အကြောင်းကြား အသိပေး တိုင်ကြားလိုက်ရပါသည်။

ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟောပြောမည့် မန္တလေးမြို့နယ် ၅၀x၅၁လမ်းကြားရှိ အောင်ပင်လယ်ကွင်း အတွင်း ကြိုတင်ပြင်ဆင်မှု မြင်ကွင်းများနှင့် အကြိုနေ့ည မန္တလေးမြင်ကွင်း (ရုပ်သံဖိုင်)

ပြည်သူလူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟောပြောမည့် မန္တလေးမြို့နယ် ၅၀x၅၁လမ်းကြားရှိ အောင်ပင်လယ်ကွင်း အတွင်း ကြိုတင်ပြင်ဆင်မှု မြင်ကွင်းများ..
ဓာတ်ပုံ... ဒီမိုကောင်းကင်၊ ဒီမိုဝေယံ
Untitled from Demo Waiyan on Vimeo.
မန္တလေး အကြိုနေ့ည မြင်ကွင်း ရုပ်သံဖိုင် (ရုပ်သံဖိုင် ကိုညိုကြီး)

မတရားလာဘ်စားလွန်းသော ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်း (အပိုင်း-၂) (ရေးသားသူ စောဖိုးခွား)

ဓာတ်ပုံ မဇ္ဈိမ
မတရားလာဘ်စားလွန်းသော ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်း (အပိုင်း-၂)
ဖွတ်ယောင်ဆောင်သော စားဖားဦးဇော်မင်း

မကြာမီ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်း မြ၀တီမြို့ကို တိုင်းခန်း လှည့်လည်ပါတော့မယ်။ ခရိုင်တရားရုံးအသစ် ဆောက်လုပ်ပြီးစီးသွားတာကို အကြောင်းပြပြီး ရုံးသစ်ဖွင့်ပွဲကို သူကိုယ်တိုင် လာဖွင့်မည်ဖြစ်ပါသည်။ ရုတ်တရက်ကြည့်ရင်တော့ အလုပ်မရှိ အလုပ်ရှာတာပေါ့။ ခရိုင်တရားရုံးဖွင့်တာ ပြည်နယ်တရားသူကြီးအဆင့်နဲ့ ပြီးပါတယ်။ ဘုန်းကြီး(၅)ပါးဆွမ်းလေးကပ် ခရိုင်မှာရှိတဲ့ အကြီးအကဲလောက်နဲ့ ပြီးပါတယ်။ ခရိုင်တရားရုံးဆိုတာ ပြသနာဖြေရှင်းတဲ့ရုံးပါ။ ပြည်သူ့အကျိုးပြုတဲ့ ရုံးမဟုတ်ပါဘူး။

ပြည်နယ်ဝန်ကြီးချုပ်ဟာ တရားရုံးအကြောင်းပြပြီး ကုန်သွယ်ရေးဇုန်မှာ တာဝန်ထမ်းဆောင်နေတဲ့ အကောက်ခွန် ၀န်ထမ်းများကို ညှစ်ဖို့လာတာ နံပါတ် (၁) အဓိကဖြစ်ပါတယ်။ သောင်ရင်းမြစ်ကမ်း တစ်လျှောက် စက်သုံးဆီတွေဟာ ကရင်ပြည်နယ်တွင် မကပါဘူး။ မြန်မာတစ်နိုင်ငံလုံးအထိ သယ်ယူနေတာပါ။ ငြိမ်းချမ်းရေးအဖွဲ့တွေ စားဝတ်နေရေးကို အကြောင်းပြပြီး တိတ်တဆိတ် ကြိတ်ပုန်းခုတ် လာဘ်စားနေတာ (၅)နှစ်ကျော်ခဲ့ပါပြီ။ နိုင်ငံတော်အတွက် ၀င်ငွေတွေဟာ အလွန်ပင် ဆုံးရှုံးပါတယ်။ ပဲခူးတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် အသုံးပြုနေတဲ့ အကောက်အခွန်မဲ့ စက်သုံးဆီဟာ မြ၀တီမြို့ကပဲဖြစ်ပါတယ်။ စက်သုံးဆီတွေဟာ ထိုင်းနိုင်ငံ ဘက်ကနေ သောင်ရင်းမြစ်ကို ဖြတ်ကာ (၄)လက်မပိုက်လိုင်းများနဲ့ စက်သုံးဆီဆိုင်များကို ဖြတ်သလို လှေပေါ်ကနေတဆင့် ပီပါတွေနဲ့ သယ်ယူနေကြပါတယ်။ စက်သုံးဆီ ခိုးသယ်နေသူများအထဲက အင်းအားအကြီးဆုံးက ပြည့်ဖြိုးဆားဗစ် ဆီဆိုင်ပဲဖြစ်ပါတယ်။ ပိုင်ရှင်ကတော့ ဦးမောင်မောင်ငြိမ်း ဖြစ်ပါတယ်။ ပထမဆုံး မြ၀တီခရိုင်ဥက္ကဌ လုပ်ခဲ့သူ ဗိုလ်မှူးကြီးမောင်မောင်ငြိမ်း၊ ကြယ်ငါးပွင့် ဦးဆောင်ညွှန်ကြားရေးမှူး အငြိမ်းစား၊ တချိန်က နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် ယုံကြည်ရသူ ဖြစ်တယ်လို့သိရပါတယ်။

ဦးမောင်မောင်ငြိမ်း ဆိုသူက မြ၀တီပြည်ခိုင်ဖြိုးအသင်းကို အမည်တတ်ကာ (၁၉၉၆-၉၇)ကတည်းက ထိုင်းနိုင်ငံ စက်သုံးဆီရောင်းဝယ် သူနဲ့ ပူးပေါင်းကာ တိတ်တဆိတ် အမည်မသိ ကိုယ်ကျိုးစီးပွား ရှာခဲ့သူဖြစ်ပါတယ်။ လူအမြင်မှာတော့ ဘာသာရေးကို အလွန်စိတ်ဝင်စားတယ်လို့ ထင်ရပါတယ်။ စက်သုံးဆီများ အခွန်ငွေကောက်ခံပါက ပြည်ခိုင်ဖြိုးကို ခေါင်းစဉ်တတ်ကာ အခွန်ငွေကို လျှော့သွင်းခဲ့ပါတယ်။ အခြားဆိုင်တွေ ကျပ်သိန်းငါးဆယ်အခွန်ငွေကောက်ရင် ဦးမောင်မောင်ငြိမ်း ဆိုင်က (၅)သိန်းခန့်သာသွင်းပါတယ်။ ဒါကြောင့်လည်း ပတ္တမြား ဓာတ်ဆီဆိုင် အခွန်ကိစ္စများ မကျေနပ်ဖြစ်ကာ ယခုအထိ ပြသနာတက်နေပါတယ်။ ယခု ဒီမိုကရေစီ လမ်းကြောင်းကို သွားနေသည်ဟု နိုင်ငံတော်အစိုးရက ဟစ်အော်နေသော်လည်း ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်း ကတော့ အောက်ခြေမှာ မသိချင်ဟန်ဆောင်ကာ သူတော်ကောင်းလိုလိုနဲ့ တိုက်ပုံအဖြူဝတ်ကာ အရေခြုံနေတာကို ကရင်ပြည်သူတွေက သိနေကြပါတယ်။ ဒေါနတောင်ပေါ်မှာ (၁၂)ဘီး ဆီကားတွေဟာ နေ့စဉ်အစီး(၅၀)ခန့် ဖြတ်သန်းနေတဲ့အပေါ် အကျိုးအမြတ် ရနေပါတယ်။

အဆိုးဆုံးကတော့ အမှတ်(၂)ရပ်ကွက် ဗလီဆောက်အဦးပါပဲ။ ဗလီအဆောက်အဦးဟာ နိုင်ငံတော်က ခွင့်ပြချက် ပေးမထားတာကို ပြည်သူတွေက သိပါတယ်။ အခု ဆိုလျှင် ဗလီအဆောက်အဦး အားလုံးပြီးသွားပါပြီ။ တချိန်က ဗလီအဆောက်အဦး ပြုပြင်ရန်ကိစ္စကို ခယက၊ မယကတွေက တိတ်တဆိတ် လာဘ်စားကာ မသိချင်ဟန်ဆောင် ခွင့်ပြုခဲ့ပါတယ်။ ပြည်သူတွေက တိုင်ကြတဲ့အခါ စစ်ဆေးမယ်ဆိုတဲ့ အဖွဲ့တွေက နောက်ဆုတ်သွားကြပါတယ်။ နောက်ကွယ်မှာတော့ ကရင်ပြည်နယ် ပယကဥက္ကဌ ဗိုလ်မှူးချုပ်ဇော်မင်း အိမ်ကို မြ၀တီ ဗလီအကျိုးတော်ဆောင်က ဝင်ထွက်ကာ အဘ အဘနဲ့ ပြေလည် နေကြတာဖြစ်ပါတယ်။
သောင်ရင်းမြစ်အတွင်း ဆီသယ်နေပုံ
လွန်ခဲ့တဲ့ (၃)နှစ်လောက်က ပြည်ခိုင်ဖြိုး အသင်းဝင်ဟာ စာရေးသူထံ ပြောခဲ့တာရှိပါတယ်။ ပယက လက်ထက်တုန်းက သာသနာရေးဝန်ကြီး ဗိုလ်မှူးချုပ်သူရမြင့်မောင် ခဏခဏ ကရင်ပြည်နယ်ကိုလာတယ်။ လာတဲ့အချိန်တိုင်းလည်း ဘားအံ ပယက ရုံးမှာ တွေ့ဆုံပွဲလုပ်ကြတယ်။ ၀န်ကြီးကလည်း မြို့နယ်အသီးသီးရဲ့ ကိုယ်စားလှယ်တွေကို မြို့အခြေအနေမေးမြန်းပါတယ်။ မြ၀တီက လူတွေက မြ၀တီအကြောင်းပြောဆိုတော့ ၀မ်းသာက တက်တက်ကြွကြွနဲ့ ၀န်ကြီးကိုတင်ပြကြတယ်။ ၀န်ကြီးကို တင်ပြတဲ့အကြောင်းအရာမှာ ဆန်ကိစ္စ တစ်ခုကို သီးခြားတင်ပြခဲ့ကြတယ်။ မြ၀တီဂိတ်ပေါက်အားလုံးက ဆန် တွေ ခိုးထွက်နေတယ်အဘ။ ကြာရင် မြန်မာနိုင်ငံအတွင်း ဆန်တွေ ဈေးကြီးကုန်မယ်။ တားမြစ်ကုန်ဖြစ်တဲ့အတွက် နိုင်ငံတော် ပို့ကုန် အခွန်တွေလည်း ဆုံးရှုံးခဲ့ပါတယ်လို့ တင်ပြခဲ့တယ်။ ၀န်ကြီးရှေ့မှာ ပယကဥက္ကဌက ခေါင်းလေးငြိမ့်ပြီး ပြုံးနေတယ်။ ၀န်ကြီးကို ပယကဥက္ကဌ ဦးဇော်မင်း က ကျွန်တော် ကောင်းကောင်း အရေးယူလိုက်မယ်ဆိုပြီး ပြောပါတယ်။ အားလုံးတွေ့ဆုံပြီး ပြန်သွားကြပြီးတဲ့အခါ တင်ပြသူတွေကလည်း ပြန်ကြတာပေါ့။ ၀န်ကြီးလည်း ရိပ်သာမှာ အနားယူလောက်ပြီလည်း ဆိုရော စောစောက တင်ပြခဲ့တဲ့ ပြည်ခိုင်ဖြိုးအသင်းဝင်ကို သူ့ရုံးခန်းကို အမြန်ခေါ် ဆိုပြီး သက်ဆိုင်သူကို ရာဇသံပေးကာ ခေါ်ခိုင်းပါတယ်။ တင်ပြသူ သူ့ရုံးခန်းလည်းရောက်ရော မအေ၊ နှမ ၊ ငါ …..မ ဆိုပြီး မိုက်ရိုင်းစွာ ဆဲပါလေကော။ တင်ပြသူပြောတာကတော့ ပယကဥက္ကဌ ဒေါသပုံထတာလေ လက်ထဲမှာ ပန်းလုံးတကိုင်ကိုင်နဲ့ နဖူးတော့ကွဲပြီ နောက်နေ့ မြ၀တီမပြန်နိုင်တော့ဘူး။ ဘားအံဆေးရုံတော့ ရောက်တော့မယ်လို့ စိတ်ထဲကတွေးရင်း သူဆဲဆိုနေတဲ့ မိနစ်(၂၀)အကြာကို ထောင်အနှစ်(၂၀)ကျသလို ခံစားခဲ့ရတယ်လို့ ပြောတာ သိရပါတယ်။

ဝန်ကြီးခင်ဗျာတော့ ရိပ်သာရဲ့ အိပ်ယာထည်းမှာ နဖူးလက်တင်ရင်း ပယကဥက္ကဌ တော့ ငါ့တပည့်တွေ တင်ပြတာတွေကို သဘောကျပြီး ဆန်မှောင်ခို ကောင်တွေကို ဖမ်းဆီး အရေးယူတော့မယ်လို့  တွေးတောရင်း အိပ်ပျော်သွားခဲ့ရှာတယ်။

မြန်မာနိုင်ငံမှာ န၀တ၊ နအဖကနေ ဒီမိုကရေစီစနစ်ကို ချီတက်နေတာ တကမ္ဘာလုံးအသိပါပဲ၊ မြ၀တီမြို့ ပြည်သူတွေကလည်း ထိုင်းနိုင်ငံက လမ်းဖောက်တော့မယ်ဆိုတော့ မြေဈေးတွေတက်တာကို ၀မ်းသာကြသလို အနယ်နယ်အရပ်ရပ်က ရင်းနှီးမြှုပ်နှံသူတွေလည်း စိတ်ဝင်စားကြပါတယ်။ အားလုံးထက် ပိုစိတ်ဝင်စားတာကတော့ ပြည်နယ်ဝန်ကြီးချုပ်ဖြစ်ပါတယ်။ မြေတစ်ဧကကို ကျပ်သိန်း(၁၀၀)တောင်းပြီး လန(၃၉) ထုတ်ပေးနေရလွန်းလို့ပါပဲ။ သူ့မိန်းမ ဒေါ်ညွန့်ညွန့်ဝေ က အိမ်ကနေ ထိုင်တောင်းနေတာကို ပြည်နယ်ဝန်ကြီးတွေ၊ ပြည်နယ်လွှတ်တော်အမတ်တွေ၊ ပြည်သူ့လွှတ်တော်အမတ်တွေ၊ အမျိုးသား လွှတ်တော်အမတ်တွေ၊ ၀န်ထမ်းတွေ၊ ပါတီဝင်တွေကအစ အတည်ပေါက်နဲ့ အဂတိ လိုက်စားနေတာကို သိနေကြပါတယ်။ မြေဧကပေါင်းလည်း မနည်းတော့ပါဘူး။ ဒါကိုမကျေနပ်တဲ့ ပြည်သူတွေဟာ ထောင်ကျကျကွာ ဗြောင်ကျကျ ခြံခတ်ကာ ကျူးကျော်နေထိုင်ကြပါတယ်။

ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံးပုတ် ဆိုသလိုပေါ့ လက်ရှိပြည်နယ် ၀န်ကြီးအချို့ဟာ အလိုလိုနေရင်း သမိုင်းတရားခံဖြစ်မှာ စိုးရိမ်နေကြပါတယ်။ ဒို့ကို ပြည်သူက ရွေးချယ်ထားတာ ဘာမှ မလုပ်ပေးနိုင်ဘူး။ ပါတီအဖွဲ့အစည်းတွေကလည်း အလိုလိုနေရင်း ပြည်သူနဲ့ အလွန်ဝေးကွာ လာကြတာကို သိမြင်နေကြပါတယ်။

ကြံ့ဖွံ့ပါတီဝင်တွေကတော့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းကို တိုက်ပုံအဖြူနဲ့တွေ့တဲ့အခါတိုင်း တိုးတိုးတိတ်တိတ်နဲ့ ဒေါင်းယောင်ဆောင်သောကျီးလို့ အမည်တတ်ကာ ဝေဖန်ကြတယ်လို့ သိရပါတယ်။ တချိန်က ကြံ့ဖွတ်အသင်းဝင်တွေကို အလွန်ပင် နှိပ်ကွက်ခဲ့တယ်လို့ သိရပါတယ်။ ယခုတော့ ကြံ့ဖွတ်ပါတီကနေ ၀န်ကြီးချုပ်ဖြစ်သယောင်ယောင်နဲ့ ဖွတ်ယောင်ဆောင် နေရပါတယ်။

ဘယ်လောက်အထိ ဆိုးသလည်းဆိုတော့ နိုင်ငံတော်က ချပေးလို့ ဘုန်းတော်ကြီးကျောင်း မြေနေရာတွေကိုတောင် ပြည်နယ်ဝန်ကြီးချုပ်ဆိုပြီးလိုက်သိမ်းချင်တယ်။ လူကယ်ရီလို့ အမှုဖြစ်ခဲ့တဲ့ ဦးစိန်ဝင်း ဆိုတဲ့သူရဲ့ မြေတွေကို ပြည်ထဲရေးဝန်ကြီးကတောင် မသိမ်းတဲ့ကိစ္စကို ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်စသုံးလုံးနဲ့ ခရိုင်အုပ်ချုပ်ရေးမှူးတွေကို ပြသနာရှာ မြေသိမ်းဖို့ လုပ်ကြတယ်။ ပြီးရင် သူ ခတ်တည်တည်နဲ့ ရောင်းစားမှာပါ။

မြန်မာနန်းမြေကွက်ကိစ္စမှာတော့ ဦးမင်းသူ ဆိုသူဟာ နိုင်ငံတော်အစိုးရကို တိုင်လွန်းလို့ခေါ်ယူပြီး မြေ (၈)ဧကကို ချော့မော့ကာ မတိုင်ပါနဲ့တော့ဆိုပြီး ပြန်ပေးခဲ့ရပါတယ်။

စာရေးသူ - စောဖိုးခွါး

(နောက်ဆက်တွဲ ဖော်ပြပါမည် -- အပိုင်း(၃) မျှော်ရန်)

ကရင်ပြည်နယ်ဝန်ကြီးချုပ် တည်ထားကိုးကွယ်မည့် စွယ်တော်စေတီကုန်း တောမီးလောင်

မြ၀တီမြို့ အနောက်ဖက် ရွှေဟင်္သာဘုရားကုန်းရှေ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်း တည်ထား ကိုးကွယ်မည့် စွယ်တော်ဘုရားကုန်းအား (၂၉-၂-၂၀၁၂)ရက်နေ့ ညနေ (၃း၄၀)နာရီခန့်လောက်ကစ၍ တောမီးလောင်ကျွမ်းရာ ဓမ္မာရုံအတွင်းပါ မီးလောင်ကျွမ်းခဲ့သည်။ အဆိုပါ စွယ်တော်ဘုရားကုန်းပေါ်တွင် လွန်ခဲ့သော ရက်သတ္တပတ်လောက် စွယ်တော်တည်နေသော ပန်းရံလုပ်သားများ အချင်းချင်းရန်ဖြစ်ကြရာ သွေးထွက်သံယိုမှုများ ဖြစ်ခဲ့သည်။ ယခုလည်း ဘုရား၏ ဓမ္မာရုံ မီးလောင်ခဲ့သည်။ နိ မိတ်မကောင်းဟု သတ်မှတ်နိုင်သည်။

အညာဒေသမှ ရောက်ရှိလာသော ဆရာတော်တပါး၏ မိန့်ကြားချက်ကတော့ ယခုတည်ထားကိုးကွယ်မည့် စွယ်တော်ဘုရားသည် မြ၀တီမြို့၏ ဘုမ္မိအရပ်ဖြစ်နေကြောင်း၊ ဘုရားတည်ထားသည့် လူသည် ငါးပါးသီလ မလုံခြုံကြောင်း၊ ယကြာချေရန် ရည်ရွယ် တည်ထားတာကြောင့်ဖြစ်ကြောင်း၊ အင်္ဂါသားမှ အင်္ဂါဘုရားကို ဘုမ္မိအရပ်တွင် တည်ထားသည့်အတွက် ရာထူးအလုပ်ကို ထိခိုက်နိုင်ကြောင်း မိန့်ကြားခဲ့သည်။

မြို့နေလူထု၏ ပြောဆိုနေမှုများမှာလည်း ယခင်ခရိုင်အုပ်ချုပ်ရေးမှူး ဇော်လွင်ဦး လည်း ဘုရားကိုအကြောင်းပြ စီးပွားရှာခဲ့မှုကြောင့် တစ်နှစ်ခန့်သာနေရာပြီး ပြောင်းပြေးရခဲ့သည်။ မြ၀တီမြို့တွင် တည်ထားကိုးကွယ်ရန် ပေးသည့် တိုင်းမှူး ဗိုလ်ချုပ်ထွန်းနေလင်း ဆိုသူပင်လျှင် ရာထူးမှ ပြုတ်သွားခဲ့ရသည်။ မည်သည့်အစီအရင်နှင့် မည်သူက ပေးသည်ဆိုသည့် သမိုင်းမသိရတဲ့အတွက် ရာထူးတွေ ထိခိုက်နေသည်ဟု ပြည်သူများက ပြောပါသည်။

စွယ်တော်ဘုရားတည်ရန် ရံပုံငွေအား မြ၀တီမြို့ ကုန်သည်များ၊ စတိုးဆိုင်များ၊ ဈေးဆိုင်များ၊ သောင်းရင်းမြစ်ကမ်းပါးတစ်လျှောက် စက်သုံးဆီဆိုင်များ၊ တည်းခိုခန်းများ၊ ရွှေမြန်မာ မော်တော်ယာဉ် အသင်းများမှ အလှူငွေ မထည့်မနေရ ထည့်ဝင်လှူဒါန်းခဲ့ရသည်။ ယခုလည်း သင်္ဃန်းညီနောင် ဂိတ်တွင် မော်တော်ယာဉ်လိုင်းပေါင်းစုံအဖွဲ့အား အမိန့်ပေးခံရ၍ ရံပုံငွေအား ရှာဖွေပေးနေလျှက်ရှိသည်။

ဖိုးသံချောင်း

သင်သည်လည်းလူ ဘယ်လိုလူလဲ... မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

သင်သည်လည်းလူ ဘယ်လိုလူလဲ

မာသာထရီဇာ လူလော့ကလာတော့
လူတွေကိုကူညီသွား မေတ္တာတွေပွါးသမို့
သူ့ကိုချစ်ကြ တမ်းတကြ၏။
အာဏာရှင်ဟစ်တလာ လူလောကလာတော့
လူတွေကိုသတ် လွန်နှိပ်စက်လို့
သူ့ကိုမုန်းကြ မတမ်းတကြ။
ဒို့ရဲ့ဖခင် သခင်ဗိုလ်ချုပ်အောင်ဆန်း
ဒို့ပြည်မှာ သူစွမ်းတော့
လူတွေကိုကူညီသွား မေတ္တာပွါးသမို့
သူ့ကိုတမ်းတ လွန်ချစ်ကြ၏။

အာဏာရှင်ယုတ် နေ၀င်းဗိုလ်စုတ်
ဒို့ပြည်မှာသူအုပ်ချုပ်တော့
တိုင်းပြည်လည်းစုတ် လူလည်းစုတ်မို့
သူ့ကိုမုန်းကြ သတ်ချင်ကြ၏။
ဒို့ပြည်ရဲ့မိခင် အောင်ဆန်းစုကြည်သခင်ရဲ့
ကြင်နာ မေတ္တာ ကရုဏာ တရား
ပြည်သူတွေပေါ်ထားသမို့
ပြည်သူလည်းချစ် ကမ္ဘာလည်းချစ်ပေါ့။

အာဏာရှင်ကြီးသန်းရွှေ
ဒို့ပြည်ကို သူမွှေလို့
သခင်ဘ၀မှ ကျွန်ဘ၀တွေဖြစ်ရ
နွံထဲနှစ်ရ လူလုံးမလှသမို့
သူ့ကိုမုန်းကြ ရှင်းချင်ကြ၏။
ဒီမယ်အမောင် သင်….ဤလူ့ဘောင်ကို
ရောက်တုန်းရောက်ခိုက် ရောက်သခိုက်မှာ
သင်သည်လည်းလူ ဘယ်လိုလူလဲ
လူတွေချစ်ရ တန်ဖိုးရသလား
လူတွေမုန်းပွါး အာဃာတထားသလား
သင့်ကိုယ်သင်မေး ပြန်စစ်ဆေးပါ
သင်သည်လည်းလူ ဘယ်လိုလူလဲ…..

                                                     မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

ဇလွန်မြို့နယ်မှ အဓမ္မငွေကောက်ခံခြင်းအား အရေးယူဆောင်ရွက်ပေးပါရန် တိုင်ကြားခြင်း..

Untitled from Demo Waiyan on Vimeo.
ရုပ်သံဖိုင်ထဲမှာ ပြောကြား တိုင်ကြားသူဟာ တိုင်ကြားမှုနဲ့ ထောင်ကျသွားတယ်..။ ထို့အတွက်ကြောင့် သတင်းမီဒီယာများမှ ကူညီကြစေလိုပါတယ်...။ ကိုဖိုးတုတ်(ပုဂံ) ဟင်္သာတ

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟဲဟိုး၊ အောင်ပန်း၊ ကလောစည်းရုံးရေးခရီးစဉ် (သတင်း၊ ဓာတ်ပုံ)

ဟဲဟိုးလေဆိပ်သို့ ရောက်ရှိလာစဉ်..
လေဆိပ်မှ ကြိုဆိုသူများ..
တောင်ကြီးမြို့မှာ ရောက်ရှိနေတဲ့ မင်းသားရဲတိုက်မှ လာရောက်ကြိုဆိုစဉ်..
ဟဲဟိုးမြို့ ထရပ်ကားပေါ်မှ ဟဲဟိုးမြို့သူ မြို့သားများအား မိန့်ခွန်းပြောကြားစဉ်..
အမေစုရဲ့ စည်းရုံးရေးခရီးစဉ်မှာ ဟဲဟိုးမှ အောင်ပန်း ကလောအထိ အတူလိုက်ပါခဲ့ မင်းသားရဲတိုက်...
ကလောမြို့က ပြည်သူလူထု
 အောင်ပန်းမြို့ လူထုဟောပြောပွဲ..
ကလောမြို့လူထုမှ ကြိုဆိုနေကြစဉ်..
ရန်ကုန်သို့ ပြန်လည်ထွက်ခွာစဉ်....
ဓာတ်ပုံများ.. ဒီမိုကောင်းကင်၊ ဒီမိုဝေယံ၊ နန်းကြည်သိန်း..



လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကလောစည်းရုံးရေးခရီးစဉ် (သတင်း၊ ဓာတ်ပုံ)

ယနေ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကလောစည်းရုံးရေးခရီးစဉ် (သတင်း၊ ဓာတ်ပုံ)များ..
ဥယျာဉ်မှူးနဲ့ ဝေးတဲ့ရှမ်း အမေစုလာတော့လန်းတဲ့။ ၁၉၉၀ခုနှစ်နဲ့ မတူတော့ဘူးဆိုတဲ့ လက်ရှိကလော..
ရှမ်းအိုးစည်နဲ့ ကြိုဆိုကြတဲ့ ရှမ်းတိုင်းရင်းသားတွေရဲ့ မြင်ကွင်း
အမေစု ကလောခရီးစဉ်မှာ လိုက်ပါစည်းရုံးပေးတဲ့ မင်းသားရဲတိုက်..

မေခမြစ်ပေါ်က ချီဖွေရေအားလျှပ်စစ်စီမံကိန်း နောက်ဆက်တွဲပုံများ...

မေခမြစ်ပေါ်က ချီဖွေ ရေအားလျှပ်စစ် စီမံကိန်း နောက်ဆက်တွဲပုံတွေပါ... (ဒု)သမ္မတနဲ့ လျှပ်စစ်ဝန်ကြီးတို့ရဲ့ လုပ်ငန်းခွင် လှည့်လည်စဉ်က..
မြစ်ဆုံစီမံကိန်းကတော့ ရပ်တန့်လိုက်ပါပြီ..။ ဆိုလိုတာက မေခမြစ်ညှာက ဆက်လက်လုပ်ကိုင် ဆောင်ရွက်နေတဲ့ စီမံကိန်းတွေကို လက်သင့်ခံသင့် မခံသင့်ဆိုတာပါပဲ...။ ဆက်လုပ်နေ မလုပ်နေဆိုတာ ငြင်းချက်ထုတ်နေမယ့် အစား သတင်း၊ မီဒီယာတွေ ကျွန်တော်တို့ လုပ်နေတာထက် ပိုစွမ်းဆောင် နိုင်ပါတယ်..။ စီမံကိန်း ရပ်ဆိုင်းတယ်ဆိုတာ မြစ်ဆုံဒေသတခုတည်းကို ဆိုလိုတဲ့ သဘော သက်ရောက်နေလား အထက်ပိုင်း မြစ်ညှာက စီမံကိန်းတွေ ပါမပါဆိုတဲ့ အချက်ပါပဲ..။
ပြီးခဲ့တဲ့ သြဂုတ်လက သွားရောက်ခဲ့တဲ့ ခရီးစဉ်..
ပြီးခဲ့တဲ့နှစ် ၅လပိုင်းအထိ ပြီးစီးနေပြီ ဖြစ်တဲ့ ချီဖွေငယ် ရေအားလျှပ်စစ် စီမံကိန်း
၂၀၁၁ခုနှစ် နိုဝင်ဘာလက မြင်ကွင်း... အများသိရှိနိုင်စေဖို့ ရရှိသိရှိထားတွေကို တင်ပြလိုက်ရပါတယ်...။
သတင်း၊ ဓာတ်ပုံများ ဆက်လက်ဖော်ပြပါမည်..
ဒီမိုဝေယံ