လက်ရှိမြန်မာနိုင်ငံ၌ ဒီမိုကရေစီလမ်းစဉ်အား စတင်အကောင်အထည်ဖော်နိုင်ခဲ့ခြင်းမှာ ယခင်အစိုးရခေါင်းဆောင်များ၏ ဆောင်ရွက်ပေးခဲ့မှုဖြစ်ကြောင်းနှင့်
ယခင်စစ်အစိုးရခေါင်းဆောင်များ လုပ်ဆောင်ပေးခဲ့သဖြင့် ပြည်သူများ
ဒီမိုကရေစီအရသာအား စတင်ခံစားနေရပြီဖြစ်ကြောင်း၊ လက်ရှိအစိုးရ၏
ခေါင်းဆောင်ပိုင်း တာဝန်ရှိသူအချို့မှ ပြောနေခြင်းအပေါ် ၀ါရင့်သတင်းစာ
ဆရာကြီး ဟံသာဝတီဦးဝင်းတင်အား Hot News Weekly သတင်းထောက်မှ တွေ့ဆုံ၍
မြန်မာနိုင်ငံ၌ ဒီမိုကရေစီလမ်းစဉ် ကျင့်သုံးနိုင်ခြင်း အပေါ်
ယခင်စစ်အစိုးရခေါင်းဆောင်များ၏ အခန်းကဏ္ဍအပေါ် အမြင်သုံးသပ်ချက်အချို့အား
မေးမြန်းဖြစ်ခဲ့သည်။လက်ရှိအစိုးရခေါင်းဆောင်ပိုင်းက
တာဝန်ရှိသူတွေအနေနဲ့ ဒီနေ့ မြန်မာ နိုင်ငံ မှာ ဒီမိုကရေစီလမ်းစဉ် ကျင့်သုံး
လာနိုင်တာ ယခင်စစ်အစိုးရခေါင်း ဆောင်တွေ လုပ်ပေးခဲ့လို့လို့ ပြောနေ
ကြပါတယ်။ ဒီအပေါ် ဘဘရဲ့ အမြင် လေးကို သိပါစေ။
ခုသမ္မတဦးသိန်းစိန်နဲ့
အသိုင်း အ၀ိုင်းကလည်း ဒီလို ပြောနေတယ်။ နောက်ဆုံး
သမ္မတဦးသိန်းစိန်ကိုယ်တိုင် ကကို ထုတ်ဖော်ပြောခဲ့တာပဲ။ ခု ဒီမို
ကရေစီလမ်းစဉ်ကို လျှောက်လှမ်းနိုင်ဖို့ ယခင်စစ်အာဏာရှင်အစိုး ခေါင်းဆောင်
တွေက လုပ်ပေးခဲ့တာပါ၊ လမ်းခင်းပေး ခဲ့တာပါလို့ သူတို့ပြောနေကြတာတွေကို
လုံးဝလက်မခံပါဘူး။ သူတို့ကပြောရင်
ယခင် နှစ် နှစ်ဆယ်ကျော်ထဲက
ဒီမို ကရေစီစနစ်တည်ဆောက်ဖို့ စီစဉ်ပြီး သားပါဆိုတာတွေ ပြောကြတယ်။ အဲဒီ
အချိန်ကတည်းကပြောရရင် ၁၉၈၈/၈၉ ထဲက တိုင်းပြည်ကိုဖျက်ဆီးခဲ့တာ၊ နှိပ်ကွပ်
ခဲ့တာ စစ်အုပ်စုတွေပဲ။ သူတို့က ဒီမို ကရေစီနဲ့ တိုင်းပြည်ကိုသွားဖို့
ဖွင့်ပေးခဲ့ တာမဟုတ်ဘူး၊ ဒီမိုကရေစီကို ပိတ်ခဲ့ တာ။
၁၉၉၀
အထွေထွေရွေးကောက်ပွဲကြီး တုန်းကလည်း ဗိုလ်ချုပ်မှူးကြီးစော မောင်က အနိုင်ရ
NLD ကို အခြေခံ ဥပဒေဆွဲခိုင်းတယ်လို့ သိရပါတယ်။ အဲဒီတုန်းက
တိုင်းပြည်ရဲ့အခြေအနေ တွေအပေါ် ဘဘအနေနဲ့ ဘယ်လို သုံး သပ်ပါသလဲ။
အဲဒီအချိန်က လူထုက စစ်အုပ်စု တွေကို မလိုလားလို့ NLD ကို မဲပေးခဲ့ တာ
အပြတ်အသတ်နိုင်ခဲ့တာပဲ။ ဒီတော့ ရွေးကောက်ပွဲမလုပ်ခင် ဗိုလ်ချုပ်မှူးကြီး
စောမောင် ပြောခဲ့တာပဲ။ ရွေးကောက်ပွဲ ကျင်းပပေးမယ်။ အနိုင်ရတဲ့သူကို အာ
ဏာလွှဲပေးမယ်။ ပြီးရင် သူတို့တွေ စစ် စခန်းတွေကို ပြန်မယ်။ ဒီတော့ လိုအပ်
တဲ့အခြေခံဥပဒေဆွဲပါလို့ ပြောတယ်။ ဒီဟာက ကမ္ဘာ့သတင်းစာတွေမှာတောင်
နေရာယူခဲ့တာ။ အဲဒီတုန်းက အခြေ အနေတွေကို သုံးသပ်ရရင် NLD နိုင်ခဲ့ တယ်။ NLD
နိုင်တယ်ဆိုတာက သိပ် ကောင်းလို့မဟုတ်ဘူး။ အဲဒီ ရွေးကောက် ပွဲရဲ့ရလဒ်ကို
စစ်အုပ်စုတွေအောက်မှာ နှစ်ပေါင်းများစွာ ချုပ်ချယ်မှုတွေနဲ့ နေ လာခဲ့ရတဲ့
ပြည်သူတွေက စစ်အုပ်စုတွေ၊ စစ်အာဏာရှင်တွေကို လက်မခံတော့ ကြောင်း ပြလိုက်တာ
NLD ပွဲကလည်း တစ်နှစ်နဲ့ ၇ လကျော်ပဲရှိတာ။ ဒါဟာ စစ်အာဏာရှင်အုပ်စုကို
ပြည်သူက ငြင်း ပယ်လိုက်တာပဲ။ မင်းတို့တွေသွားလို့ မောင်းထုတ်လိုက်တာပဲ။
အဲဒီတုန်းက လူထုက ဒီမိုကရေစီလိုချင်တယ်ဆိုတာ ထက် စစ်အုပ်စုကို
အလိုမရှိဘူးဆိုပြီး ငြင်းလိုက်တာပဲ။
အဲဒီတုန်းက အနိုင်ရတဲ့ NLD က
လွှတ်တော်ခေါ်ပေးဖို့ န၀တအစိုးရကို တောင်းဆိုတုန်း ၁/၉၀ ကြေညာချက်
ထုတ်ပြန်မှုအရ အမျိုးသားညီလာခံကြီး ကျင်းပရတဲ့အပေါ်ရော ဘယ်လိုမြင်မိ ပါသလဲ။
၁၉၉၀ မှာ NLD က ရွေးကောက်ပွဲ နိုင်တယ်။ အဲသလို နိုင်ပြီးတဲ့နောက် န၀တကို
လွှတ်တော်ခေါ်ပေးဖို့ တောင်း ဆိုတယ်။ နှစ်လအထိ အစိုးရက လွှတ် တော်မခေါ်ဘူး။
အဲဒါနဲ့ နောက်တစ်လ ထပ်စောင့်မယ်။ အဲဒီလိုစောင့်တာမှ မရ ရင်
ကိုယ့်သဘောနဲ့ကိုယ် လွှတ်တော် ခေါ်မယ်ဆိုပြီး န၀တကို ရာဇသံပေး လိုက်တယ်။
အဲဒီမှာပဲ န၀တက ၁/၉၀ ကြေညာချက်ဆိုပြီးထုတ် ဒီတော့ အစိုးရ က
အာဏာလွှဲပြောင်းဖို့တာ ဟုတ်ပြီ။ အခြေခံဥပဒေဆွဲပါ။ တကယ်တော့ စစ် အုပ်စုတွေက
အာဏာလည်း မလွှဲချင် ရော အမျိုးသားညီလာခံ ခေါ်ပြီးမှ အခြေခံဥပဒေဆွဲပါ။
အဲဒီညီလာခံမှာ NLD ကိုယ်စားလှယ်တွေလည်း တက် ပါ။ တကယ်တက်ခွင့်ရတော့ အနိုင်ရ
NLD အမတ် ၄၀၀ ထဲက လေးပုံတစ်ပုံ ပဲ တက်ရတယ်။ ညီလာခံကိုယ်စားလှယ်
တွေနဲ့ယှဉ်ရင် ၈ ပုံ ၁ ပုံပဲ တက်ရတယ်။ ဒါဟာ အစိုးရရဲ့ တစ်ဖက်သတ်ဖိနှိပ်တဲ့
သဘောကို ပြခဲ့တာပဲ။ အနိုင်ကျင့်တဲ့ သဘောကို ပြခဲ့တာပဲ။ ကျွန်တော် ဆွဲ
ပြောနေတာ မဟုတ်ဘူး ဒီလိုပဲမြင်တယ်။
အဲဒီညီလာခံကြီးရဲ့ ရလဒ်တွေအရ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပစ်အခတ်ရပ်စဲနိုင်တာတို့၊ နိုင်ငံရေး ပြဿနာတွေ ဖြေရှင်းနိုင်ခဲ့တာရော ရှိခဲ့ပါသလား။
အဲဒီညီလာခံကြီးမှာ ပြည်တွင်းက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့
အပစ် အခတ်ရပ်စဲရေးဆိုတာလည်း လုပ်ခဲ့တာ ပဲ။ ပြဿနာကို အဖြေရှာခဲ့ကြတာပဲ။
ဒါပေမဲ့ အပစ်အခတ် ရပ်စဲရေးဆိုတာ လောက်ပဲ လုပ်နိုင်ခဲ့တယ်။ သူတို့ရဲ့
နိုင်ငံ ရေးပြဿနာတွေကို မဖြေရှင်းနိုင်ခဲ့ဘူး။ တိုင်းရင်းသားတွေရဲ့
အခွင့်အရေးတွေ၊ ရပိုင်ခွင့်တွေကို ထိထိရောက်ရောက် မဆွေးနွေးနိုင်ခဲ့ဘူး။
အဖြေမရှာနိုင်ခဲ့ဘူး။ အဲသလို ဘာမှ အဖြေတိတိကျကျ မထွက် ခဲ့တဲ့ ညီလာခံက
ထွက်ပေါ်လာတဲ့ အခြေ ခံဥပဒေလည်း ဘာမှ အသုံးမကျဘူး။ တိုင်းပြည်အတွက်ရော
ညီလာခံတက်ခဲ့ တဲ့ တိုင်းရင်းတွေအတွက်ရော ဘာမှ အသုံးမကျခဲ့ဘူး။
ခု သမ္မတဦးသိန်းစိန် ဦးဆောင်ပြီး လုပ်နေတဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု တွေ၊ ဆွေးနွေးမှုတွေအပေါ်မှာရော ဘယ်လိုမြင်မိပါသလဲ။
ခုသမ္မတက တိုင်းရင်းသားတွေကို လာခဲ့ကြပါ။ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အတွက်
လွှတ်တော်ထဲဝင်ကြပါ။ ပါတီ တွေဖွဲ့ကြပါ။ ပြီးလျှင် လွှတ်တော်ထဲက နေ
ကိုယ့်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်
ဆောင်ရွက်ကြပါလို့ ပြောတယ်။ မသိတဲ့ လူကျတော့ ဒီအစိုးရ သိပ်ကောင်းတာပဲ။
သိပ်ပွင့်လင်းတာပဲ။ သင်ကြမယ်။ တကယ်တော့ ဒီလိုလုပ်နေတာတွေ၊ ဒီလို
ပြောနေတာတွေဟာ ဒီမိုကရေစီကို သူတို့ပေးတာ၊ ဒီမိုကရေစီကို သူတို့ဖန်တီး
တာဆိုတာမျိုး ဖြစ်အောင်ပြောနေတာ ကျွန်တော်က ဒီလိုပဲမြင်တယ်။
ဘဘခင်ဗျား…
လက်ရှိမြန်မာနိုင်ငံ ရဲ့ ဒီမိုကရေစီပြောင်းလဲလာမှုကရော ဘယ်အတိုင်းအတာထိ
ရှိပါသလဲ၊ အဲဒီ အပေါ်မှာရော ဘဘအနေနဲ့ ဘယ်လို မြင်မိပါသလဲ။
လက်ရှိဒီမိုကရေစီ ပြောင်းလဲမှုဖြစ် စဉ်က အရမ်းကို အရှိန်အဟုန်မြင့်နေ
တယ်လို့ မသိတဲ့လူတွေက ထင်ကြတယ်။ ပြီးတော့ ဒီအစိုးရကိုလည်း ဒီမိုကရေစီကို
ဖွင့်ပေးတဲ့အစိုးရ၊ ယခင် စစ်ခေါင်းဆောင် တွေကိုလည်း
ဒီမိုကရေစီသွားနိုင်အောင် လုပ်ပေးခဲ့သူတွေလို့ မြင်ကြတယ်။ တကယ်တော့
စစ်အစိုးရ အသွင်ပြောင်း အုပ်စုတွေက ဒီမိုကရေစီကို ဖွင့်ပေးတဲ့ သူတွေ၊
ဒီမိုကရေစီရအောင် လုပ်ပေးသူ တွေမဟုတ်ဘူး။ ဒီမိုကရေစီမရအောင် ပိတ်သူတွေပဲ။
ပြီးတော့ သူတို့လုပ်လို့ ရတယ်ဆိုတဲ့ ဒီမိုကရေစီကလည်း ရေ ပေါက်လေးပမာပဲ။
သူတို့တွေ ပိတ်ဆို့တဲ့ ကြားကနေ ပြည်သူတွေရဲ့ လိုလားမှုနဲ့ စိမ့်ထွက်လာတဲ့
ရေပေါက်လေးပမာပါပဲ။ ဒီတော့ ဒီကနေ့ ဒီမိုကရေစီဟာ ဘာမှ မပြည့်ဝသေးတဲ့
ဒီမိုကရေစီ လုံးဝပြည့်ဝမှု မရှိသေးတဲ့ ဒီမိုကရေစီပဲလို့ မြင်တယ်။
ဟုတ်ကဲ့၊ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဘဘ။
ရင်းမြစ်... The Hot News