ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

သရုပ်ဆောင်ရဲတိုက် ဆန္ဒထုတ်ဖော်..

 

သရုပ်ဆောင်ရဲတိုက် ဆန္ဒထုတ်ဖော်

ရန်ကုန်၊ မေ ၂၈။

ရုပ်ရှင်မင်းသား ရဲတိုက်သည် ယနေ့ နံနက် ၁၀ နာရီခန့်က ရန်ကုန်မြို့
ဗိုလ်ချုပ်လမ်းမနှင့် ဗိုလ်အောင်ကျော်လမ်းထောင့်ရှိ စိန့်မေရီ ကာသီဒြယ်
ဘုရားကျောင်း ဘုရားဝင်ဖူးရာတွင် ယင်းကျောင်းမှ တာဝန်ရှိသူတစ်ဦးက
မောင်းထုတ်လိုက်သည့်အတွက် “ဘာသာမတူလျှင် ဖူးမျှော်ခွင့်၊
လေ့လာခွင့် မရှိဘူးလား” ဟု ဆိုကာ နေ့လည် ၁ နာရီ ၁၀ မိနစ်မှ စ၍ ဆန္ဒပြနေခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ဒီကို မနက် ၁၀ နာရီကတည်းက ရောက်နေတာ။ ပထမ
ကားရေဆေးနေတာ ပြီးတော့မှ ဘုရားကျောင်းထဲဝင်ပြီး ဘုရားဝင် ဖူးတာ။
ဒုတိယတစ်ခေါက် ဝင်ဖူးတဲ့အချိန်မှာ မောင်းထုတ်လိုက်တယ်လို့ သူက ပြန် ထွက်လာတော့ ပြောတယ်။ ချာ့လ်ကျောင်းဆိုတာ ဘယ် သူမဆို ဖူးမျှော်ခွင့်၊ ဝင်ရောက်လေ့လာခွင့် ရှိတယ်ဆိုပြီးနောက်တစ်ခါ ရဲတိုက် ဘုရားကျောင်းထဲ
ပြန်ဝင်သွားတဲ့အခါ ထိုးတာ ကြိတ်တာတွေလည်း ရှိတယ်” ဟု ရုပ်ရှင်မင်းသား
ရဲတိုက်၏ သူငယ်ချင်းဖြစ်သူ ကိုမောင်စိုးကပြောကြားသည်။

ယခုကဲ့သို့ ဆန္ဒပြခြင်းသည် ဆူပူလိုစိတ်ဖြင့် ဆန္ဒပြခြင်း မဟုတ်ဘဲ ဘာသာမတူ
သော်လည်း အများပြည်သူ ဝင်ရောက်လေ့လာနိုင်စေရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း
သိရသည်။

ရည်မွန်
ဗမာ့ခေတ်

နိုင်ငံသားဖြစ်တည်မှုနဲ့ OIC စွက်ဖက်မှုအပေါ် ကိုမင်းကိုနိုင်နဲ့ ဦးကိုကိုကြီး အဖြေ.. (ရုပ်သံ)

နိုင်ငံသားဖြစ်တည်မှုနဲ့ OIC စွက်ဖက်မှုအပေါ် ကိုမင်းကိုနိုင်နဲ့ ဦးကိုကိုကြီး အဖြေ..

မေလ-၂၅-ရက်နေ့က အမေရိကန်နိုင်ငံ နယူးယောက်မြို့ ၈၈ကျောင်းသားခေါင်းဆောင်များနဲ့ မြန်မာမိသားစု တွေ့ဆုံပွဲမှာ နိုင်ငံသားဖြစ်တည်မှုနဲ့ OIC ဝင်ရောက်စွက်ဖက်မှုအတွက် ကိုမင်းကိုနိုင်နဲ့ ဦးကိုကိုကြီး ဖြေဆို ပြောကြားသွားတဲ့ ရုပ်သံ..

ရုပ်သံSandar Thuria

မန္တလေးတိုင်း မိထ္တီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုအတွင်း ဆရာတော် ဦးသောဘိတ သေဆုံးခဲ့မှုနဲ့ ပတ်သက်ပြီး တရားစွဲဆိုခံထားရသူ ၇ ဦးအား ထောင်ဒဏ် အသီးသီးချမှတ် (ရုပ်သံ၊ ဓာတ်ပုံ)

 
မန္တလေးတိုင်း မိထ္တီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုအတွင်း ဆရာတော် ဦးသောဘိတ သေဆုံးခဲ့မှုနဲ့ ပတ်သက်ပြီး တရားစွဲဆိုခံထားရသူ ၇ ဦးအား ထောင်ဒဏ် ၂နှစ်တဦး၊ ၄နှစ်တဦး၊ ၇နှစ်တဦး၊ ၁၄နှစ်တဦး၊ ၁၆နှစ်တဦး၊ ၂၈နှစ်တဦး၊ တသက်တကျွန်းနဲ့ လေးနှစ်တဦးအသီးသီး ပြစ်ဒဏ်များအား မေလ ၂၁ ရက်နေ့မှာ မိတ္ထိလာမြို့နယ်နဲ့ ခရိုင်တရားရုံးတွေမှာ ပြစ်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။ ကျန်လေးဦးကတော့ ထွက်ပြေး လွတ်မြောက်နေဆဲဖြစ်ပါတယ်..။

ဒီဗွီဘီသတင်း
ဓာတ်ပုံ 1 Post

နေပြည်တော် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထောက်ပံ့ကြေးငွေတစ်ထောင်ကျပ်မရရှိသော သ(၀၂၉-၁) ၀န်ထမ်းငယ်များ၏ ရင်ဖွင့်လွှာ..

ယနေ့ ဒီမိုဝေယံသို့ ပေးစာ....

နေပြည်တော် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထောက်ပံ့ကြေးငွေတစ်ထောင်ကျပ်မရရှိသော သ(၀၂၉-၁) ၀န်ထမ်းငယ်များ၏ ရင်ဖွင့်လွှာ

နိုင်ငံတော်သမ္မတကြီးနှင့် ဆက်သွယ်ရေးနှင့် သတင်းအချက်လက် နည်းပညာဝန်ကြီးတို့အား သိစေချင်ပါသည်

ကျွန်တော်/ကျွန်မတို့သည် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် တာဝန်ထမ်းဆောင်နေသော သ(၀၂၉-၁) နေ့စားဝန်ထမ်းများ ဖြစ်ကြပါသည်။ ကျွန်တော် /ကျွန်မတို့သည် နေ့စားဝန်ထမ်းများဖြစ်သည့် အတွက် တစ်ရက်လျှင် လစာငွေကျပ်(၁၁၀၀)ကျပ် ရရှိပါသည်။

 နိုင်ငံတော်သမ္မတကြီးမှ ယခုနှစ်(၂၀၁၃)ဧပြီလမှစတင်ပြီး အရာထမ်းဝန်ထမ်းများအား လစာငွေကျပ်(၂၀၀၀၀)ကျပ် တိုးမြှင့်ပေးပြီး၊ နေ့စားဝန်ထမ်းများအား တစ်ရက်လျှင်(၁၁၀၀+၆၀၀)ကျပ်၊ စုစုပေါင်း တစ်ရက်လျှင် (၁၇၀၀)ကျပ် တိုးမြှင့်ပေးခဲ့ပါသည်။ ယခင်နှစ်(၂၀၁၂)ဧပြီလတွင် နိုင်ငံတော်သမ္မတမှ ထောက်ပံ့ကြေးငွေအဖြစ် အရာထမ်းဝန်ထမ်းများအား ထောက်ပံ့ကြေးငွေ(၃၀၀၀၀)ကျပ် ထောက်ပံ့ပေးရန် နှင့်တစ်ရက်လျှင်
(၁၁၀၀)ကျပ်ရရှိသော နေ့စားဝန်ထမ်းများအား (၁၁၀၀+၁၀၀၀)ကျပ် ထောက်ပံ့ပေးရန် သတ်မှတ်ခဲ့ကြောင်း သတင်းစာများ၊ ရုပ်မြင်သံကြားများနှင့် တခြားသော အသံလွှင့်ဌာနများတွင် တရားဝင် ကြောညာခဲ့သည်မှာ အားလုံးသိရှိပြီးဖြစ် ပါလိမ့်မည်။

သို့ပါသော်လည်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတွင် တာဝန်ထမ်းဆောင် နေသောနေ့စား ၀န်ထမ်းများအနက် သ(၀၂၉-၁) နေ့စားများမှာေ ထာက်ပံ့ကြေးငွေ တစ်ရက်လျှင် (၁၀၀၀)ကျပ်မရရှိသည်မှာ (၃၀.၄.၂၀၁၃)တွင် (၁)နှစ်ပြည့်ခဲ့ပြီဖြစ်ပါသည်။ ထိုသ(၀၂၉-၁) နေ့စားများတွင် ပညာအရည်ချင်း အနေဖြင့်BEဘွဲ့ ရရှိထားသော နေ့စားများလည်း ပါဝင်ပါသည်။ ထိုသို့ခံစားခွင့် မရှိခြင်းကို အထက်လူကြီးများ သိရှိကြသော်လည်း မည်သို့မျှ ဆောင်ရွက်ပေးနိုင်ခြင်း မရှိဟုသိရှိရပါသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် နေ့စားဝန်ထမ်းအား သ(၀၂၉-၁) နှင့်သ(၀၂၉-၃)ဟု နှစ်မျိုး ခွဲခြားထားပါသည်။ မိမိတို့ထောက်ပံ့ကြေးငွေ တစ်ရက်လျှင်(၁၀၀၀)ကျပ် မရရှိခြင်းမှာ အထက် လူကြီးများ၏ ပြောစကားအရသ(၀၂၉-၁)ဖြစ်သည့် အတွက် မရရှိခြင်းဖြစ်သည်ဟု ဆိုပါသည်။ 

ထိုစကားသည်လည်းတစ်ဆင့် စကားတစ်ဆင့်နား ဆိုသကဲ့သို့ တိကျသေချာသော ရှင်းလင်းချက်မဟုတ်ပဲ ပြောစကား သက်သက်သာ ဖြစ်ပါသည်။ အခြားသော ၀န်ကြီးဌာနများတွင် သ(၀၂၉-၁)/သ(၀၂၉-၃)ဟု ခွဲခြားထားခြင်းမျိုးမရှိပါ။ တစ်ရက်(၁၁၀၀)ရရှိသော နေ့စား ၀န်ထမ်းများအားလုံး တန်းတူ ထောက်ပံ့ကြေးငွေ တစ်ရက်လျှင် (၁၀၀၀)ကျပ်ရရှိကြပါသည်။ မိမိတို့ဝန်ကြီးဌာနရှိ သ(၀၂၉-၃) နေ့စားများသည်လည်း တစ်ရက်လျှင် လစာငွေကျပ် (၁၁၀၀)ရရှိပါသည်။ 

ထိုနေ့စားဝန်ထမ်းများသည် ယခင်နှစ် နိုင်ငံတော်သမ္မတ၏ ထောက်ပံ့ကြေးငွေ တစ်ရက်(၁၀၀၀)ကျပ် ရရှိသည့်အပြင် ယခုနှစ်တိုးမြှင့်လစာငွေ ကျပ်တစ်ရက်လျှင်(၆၀၀)ကျပ်ရရှိပါသည်။
မိမိတို့သည်လည်း တစ်ရက်(၁၁၀၀)ကျပ် ရရှိပါသော်လည်း ယခင်နှစ်တွင် နိုင်ငံတော်သမ္မတကြီးပေးသော ထောက်ပံ့ကြေးငွေ တစ်ရက်လျှင်(၁၀၀၀)ကျပ် မရရှိပါ။

 နိုင်ငံတော်သမ္မတကြီးက ယခုနှစ်(၂၀၁၃)ဧပြီလမှ စတင်ပြီး တိုးမြှင့်လစာငွေ အပြင်ယခင်နှစ်(၂၀၁၂)ဧပြီလတွင် ထောက်ပံ့ပေးခဲ့သော ထောက်ပံ့ကြေးငွေများကိုလည်း ဆက်လက်ခံစားခွင့် ရှိကြောင်းကိုလည်း တရားဝင် သတ်မှတ်ပေးခဲ့ပါသည်။ သို့ပါသော်လည်း မိမိတို့သည်ယခုနှစ်(၂၀၁၃)ဧပြီလ၏ တိုးမြှင့်လစာငွေ တစ်ရက်လုပ်အားခ (၁၁၀၀+၆၀၀)သာ ရရှိပါသည်။ မိမိတို့သည် အနယ်နယ်အရပ်ရပ်မှ လာရောက် တာဝန်ထမ်းဆောင်နေရ သောအောက်ခြေ လခစားဝန်ထမ်းများ ဖြစ်ပါသည်။ 

မိဘများနှင့်ခွဲခွာပြီး နိုင်ငံတော်၏ တာဝန်တစ်စိတ်တပိုင်းအား ကျရာနေရာမှ မိမိတို့တတ်စွမ်းသမျှဖြင့် တာဝန်ကျေပွန်စွာ ထမ်းဆောင်နေကြခြင်း ဖြစ်ပါသည်။ မိမိတို့ အောက်ခြေ၀န်ထမ်းများ၏ ဘ၀သည် တရားဝင်ဝန်ထမ်းဖြစ်မည့် အခွင့်ရေးသည်လည်း မည်သည့်အချိန်ထိ စောင့်ရမည်မှာ သေချာရေရာခြင်းမရှိပါ။ လက်ရှိလုပ်နေသော နေ့စားအလုပ် မှနှုတ်ထွက်လျှင်လည်း မိမိတို့ ပေးဆပ်ခဲ့ရသော လုပ်သက်နှစ်အတိုင်းတာအား တွက်ကြည့်ပြီး ထွက်ပစ်ဖို့ မဖြစ်နိုင် ဖြစ်နေရပါသည်။ မိမိတို့ အောက်ခြေ၀န်ထမ်းများမှာ ဆုပ်လည်းဆူးစားလည်းရူး အနေအထားသို့ ရောက်မှန်းမသိ ရောက်နေရပါသည်။ ရပ်ဝေးမှလာရောက် တာဝန်ထမ်းဆောင်နေရသော ၀န်ထမ်းများ ပါဝင်သောကြောင့် နေထိုင်စားသောက်ရေးအတွက် အခက်ခဲပေါင်းများစွာကို ကြုံ့တွေ့နေရပါသည်။ 

သို့ပါသော်လည်း နိုင်ငံတော်သမ္မတကြီး၏ ၀န်ထမ်းများအပေါ် ငဲ့ညှာသော စေတနာဖြင့် ထောက်ပံ့ကြေးငွေများ၊ တိုးမြှင့်လစာငွေများ ချီးမြှင့်ခဲ့သော်လည်း မိမိတို့ အောက်ခြေ၀န်ထမ်းများသည် တိကျရေရာ ရှင်းလင်းမှု အကြောင်းတစ်စုံတရာမရှိပဲ ထောက်ပံ့ကြေးငွေများ မရရှိခြင်းအပေါ်များစွာ စိတ်ပျက်အားလျှော့မိပါသည်။ မိမိတို့ ရရှိသောလစာငွေဖြင့်သာ လောက်ငှအောင် စားသောက်နေထိုင်နေရသော ရိုးသားသည့် အောက်ခြေ၀န်ထမ်းငယ်များ၏ ဘ၀အား စာနာနားလည် စေလိုပါသည်။ ထောက်ပံ့ကြေးငွေများ၊ လစာများ တိုးမြှင့်ပေးခဲ့သည့်အတွက် များစွာဝမ်းမြောက် ရပါသော်လည်း လစာထုတ်သည့်အခါ မိမိတို့ မပါသည့်အတွက် အလွန်ပင် စိတ်ပျက်အားလျှော့မိပါသည်။ မိမိတို့ခံစားချက်များအား တစ်နှစ်တိတိရင်ထဲတွင် သာသိမ်းဆည်းခဲ့ရပါသည်။ အဘယ့်ကြောင့်ဆိုသော် မိမိတို့လို အောက်ခြေ နေ့စားဝန်ထမ်း များအနေဖြင့် မိမိတို့၏အခက်အခဲများအား အထက်လူကြီးများဆီသို့ ပေါက်ရောက်အောင် တင်ပြနိုင်ခြင်းမျိုးလည်း မရှိသောကြောင့်ဖြစ်ပါသည်။ ထိုကဲ့သို့ အနေအထားရှိသည့် မိမိတို့လိုအောက်ခြေ နေ့စားဝန်ထမ်းများ၏ ဘ၀ပေါင်းများစွာအား ငဲ့ညှာသောအနေဖြင့် ယခုကိစ္စအား ပြန်လည်စီစစ် စဉ်းစားပေးစေလိုပါကြောင်းကို လေးစားစွာဖြင့် အသနားခံတင်ပြအပ်ပါသည်။


နေပြည်တော် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ၀န်ကြီးဌာန မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ထောက်ပံ့ကြေးငွေတစ်ရက်(၁၀၀၀)ကျပ်မရရှိကြသော ၀န်ထမ်းငယ်များ

သမိုင်းကြွေးကို သမိုင်းမှန်နဲ့ ပြန်ဆပ်ပါ.

 သမိုင်းကြွေးကို သမိုင်းမှန်နဲ့ ပြန်ဆပ်ပါ.




ကိုယ်ပိုင် အုပ်ချုပ်ရေးဒေသက ပြည်နယ် တောင်းဆိုနေတာ ကြားနေရတော့ သမိုင်းတကွေ့က အဖြစ်အပျက်လေးတခုကို ရေးသားဖော်ပြပါမယ်..။

တကယ်တော့ ဝတိုင်းရင်းသားတွေဟာ အသားညိုကြပါတယ်.။
ခေါင်းဆောင်တွေကတော့ တရုတ်တွေ ဖြစ်နေပါတယ်..။
တရုတ်ခေါင်းဆောင်တွေက သူတို့ ကို ဝလူမျိုးလားလို့ မေးရင် ရှူးရှူးရှားရှား ဒေါသထွက်ကြပါတယ်..။

၁၉၅၉ - မှာ မြန်မာ့တပ်မတော်နဲ့ ဝတပ်ဖွဲ့တွေ ငြိမ်းချမ်းရေး လက်မှတ်ထိုးပါတယ်..။
ထိုစဉ်က ဝနယ်ထဲကို လားရှိုးပြည်စောင့်ရဲတပ်ရင်း(၈)မှ ဗိုလ်ကြီးတဦးဟာ တိုင်းမှူးကိုယ်စား ငြိမ်းချမ်းရေး လက်မှတ်သွားထိုးခဲ့ရပါတယ်.. ။ ဝတပ်ဘက်က လက်မှတ်ရေးထိုးတဲ့ အရာရှိကတော့ မြန်မာ့တပ်မတော်မှ တောခိုသွားသူ အရာရှိတဦးဖြစ်ပါတယ်..။

၁၉၈၉ မှာ ငြိမ်းချမ်းရေးယူတော့ ဝတပ်က ၁၉၅၉က စာချုပ်ယူလာတယ်။
မြန်မာ့တပ်မတော်မှာ ၁၉၅၉ခုနှစ်က ရေးထိုးခဲ့တဲ့ ငြိမ်းချမ်းရေး စာချုပ်ချုပ်က ပျောက်နေတယ်။
အဲဒီလောက်အထိ တော်ကြတာပါတဲ့..။ ၁၉၈၉မှာ ဗိုလ်ချုပ်ခင်ညွန့်တို့ ငြိမ်းချမ်းရေးယူကြတော့ အဆိုပါ ပြည်စောင့်တပ် ဗိုလ်ကြီး (ငြိမ်း) ကိုသွားရောက် မေးယူကြတယ်လို့ ဆိုပါတယ်..။

အဲ့ဒီတော့ ဗိုလ်ချုပ်ခင်ညွန့်အနေနဲ့လည်း သမိုင်းတကွေ့မှာ
ပြည်သူတွေအတွက် တကယ့်သမိုင်းမှန် အဖြစ်အပျက်တွေ ဖော်ထုတ်ပါ..။ သမိုင်းကြွေးကို သမိုင်းမှန်နဲ့ ပြန်လည် အကြွေးဆပ်ပါ။ နှောင်းလူတွေ သင်ခန်းစာယူနိုင်အောင် ဖော်ပြပါ ဖော်ထုတ်ပါ ပြည်သူ့မေတ္တာခံယူပါလို့ တိုက်တွန်း ပြောကြားလိုပါတယ်..။
ဒီမိုဝေယံ
ဓာတ်ပုံများအတွက် ပေးပို့သူအား ကျေးဇူးတင်ပါသည်..။
 





ရောင်းအားအကောင်းဆုံး တူရကီစာရေးဆရာမ ကိုယ်လုံးတခုလုံး လွှမ်းခြုံရသောခြုံလွှာ စွန့်လွှတ်သည့်အတွက် အသေသတ်ရန် ခြိမ်းခြောက်ခံရ (ဘာသာပြန် ဆောင်းပါး)

ရောင်းအားအကောင်းဆုံး တူရကီစာရေးဆရာမ ကိုယ်လုံးတခုလုံး လွှမ်းခြုံရသောခြုံလွှာ 
စွန့်လွှတ်သည့်အတွက် အသေသတ်ရန် ခြိမ်းခြောက်ခံရ (ဘာသာပြန် ဆောင်းပါး)
 (ရေးသားပေးပို့သူ မျိုးဆက်မော်ကွန်း) 
အင်္ဂလိပ်ဘာသာ မူရင်းလင့်ခ် http://www.muslimwomennews.com/faces/sn.php?nid=21964

 သူမသည် မျက်နာဖုံးစွပ်ကို ချွတ်ရန်ဆုံးဖြတ်လိုက်သည့်အတွက် အစွန်းရောက် အစ္စလာမ်မစ်ကေင်စီ အဖွဲ့ ၏ သတ်ဖြတ်ရန် ခြိမ်းခြောက်မှုတွေကို ခံရပါတယ်။ တကယ်တော့ သူမလေးနှစ်အရွယ် ကတည်းက မိခင်ဖြစ်သူက အဓမ္မအတင်းအကျပ် ဝတ်ခိုင်းသဖြင့်သာ ဝတ်ဆင်နေရတာ ဖြစ်ပြီး မိမိသဘောအရ စိတ်ကြိုက်လွတ်လပ်စွာ ရွေးချယ်ထားသော ကိစ္စမဟုတ်ပါ။

သူမသည် ရဲစခန်းသို့ သွားပြီး ခေါင်းခြုံလွှာသည် မိခင်၏ ဆုံးဖြတ်ချက်သာဖြစ်ပြီး မိမိ၏ဆုံးဖြတ်ချက် မဟုတ်ပါ။ ခေါင်းစွပ်ချွတ်လိုက်ရသဖြင့် မိမိဘဝတစ်လျှောက်တွင် လွတ်လပ်မှုကို ပထမဦးဆုံးအကြိမ် ခံစားလိုက်ရပါသည်ဟု ကြေငြာခဲ့ပါသည်။ ၎င်းအပြင် အာဏာပိုင်တွေနင့် ကိုရမ်ကျမ်းစာတွင် ဘယ်နေရာတွင်မှ ခေါင်းခြုံလွှမ်းထားရန် ညျွန်ကြားချက်အပိုဒ် တစ်ပိုဒ်ပင်မရှိဟု ငြင်းဆိုထောက်ပြခဲ့ပါသည်။ သည့်အတွက် သူမ၏လူမှုအသိုင်းအဝန်းတွင်လည်း အကြီးအကျယ်ဝေဖန်ခံရပါသည်။ သူမ၏ဖခင်က သူ့ အိမ်ကိုခဲများနှင့် လာရောက် ပစ်ပေါက်တိုက်ခိုက်ခဲ့ပါသည်။(ဥပဒေကခွင့်ပြုထားလေလား .. ဒါကရောအကြမ်းဖက်မှုလို့  Ruby mirror တို့ရှုံချနိုင်ကြမလား)

 ကုလသမဂ္ဂလက်အောက်ခံ လူ့ အခွင့်အရေးအဖွဲ့  (WFUNA) အဖွဲ့ တွင် လုပ်အားပေးနေသော သူမက ခေါင်းခြုံလွှာသည် အစ္စလမ်ဘာသာ မပေါ်ထွန်းမှီကတည်းက (အစ္စလမ်ဘာသာသည် ခရစ်သက္ကရာစ်.၆၀၀-ကျော်တွင် စတင်ပေါ်ထွန်းပါသည်) အာရပ် ယောက်ျား မိန်းမများက ရာသီဥတု အခြေအနေအရ ဝတ်ဆင်ခဲ့သော ရှေးဓလေ့ဝတ်စား ဆင်ယင်မှုသာဖြစ်ပါသည်။ အစ္စလာမ်အမျိုးသမီး အခွင့်အရေးအတွက် လေ့လာမှုများလုပ်ပြီး ကာဇံက မိမိဘာကြောင့် ခေါင်းမြီးချုံလွှာဖြုတ်ရသည့် အကြောင်းရင်းကို ရှင်းလင်းခဲ့ပါသည်။ မိမိဘာတွေ ပြောင်းလဲခဲ့ရသည်ကို ရှင်းပြခဲ့ပါသည်။ (ကျမခေါင်းခြုံလွှာ ချွတ်လိုက်တာနဲ့ ကျမလွတ်လပ်မှုကို ခံစားရပါသည်)

လူတစ်ဦးတစ်ယောက်သည် ပြူတင်းပေါက် တစ်ခုတည်းကသာ ကြည့်တတ်တဲ့အကျင့် ရနေခဲ့မယ်ဆိုရင် ယင်းထက် ပိုဆိုးဝါးစွာ တခြားပြူတင်းပေါက်တွေ ရှိမှန်းပင် မသိတော့ခဲ့ရင် ထိုသူတို့ဟာ ဒီတင်းကြပ်မှု... မျက်ကန်းဆန်မှု တရားသေအမိန့်အောက် ..သင်ကြိုက်သလို ခေါ်ဝေါ်လိုက်ပါ။ သူတို့ ဟာ သနားဖွယ်ရာ ရှင်သန်ရပ်တည် နေရပါတော့တယ်။ ကျမ၏ ယုံကြည်ချက်ဒဿနဟာ ခက်ခက်ခဲခဲ ရပ်တည်ခဲ့ရပြီး ကျမ၏လုပ် နိုင်ခွင့်ဘောင် အပြင်ရောက်နေခဲပါသည်။ မိဘတွေ ကွာရှင်းထားတဲ့ အခက်အခဲနဲ့ မိခင်၏ ဘာသာရေး အလွန်အကျွံ့ အစွန်းရောက်မှု တွေက ကလေးငယ် တစ်ယောက်အတွက် ကျော်လွန်ရန် အလွန်ခက်ခဲခဲ့ပါသည်။

ကျမသည် အမှန်တရားကို ယုံကြည်သူဖြစ်သော်လည်း ကျမမှာ ရွေးချယ်ပိုင်ခွင့်မရှိခဲ့ပါ။ အမေက ကျမငယ်ငယ် အရွယ်ကတည်းက အတင်းအကြပ် ခေါင်းစွပ် ဝတ်ခိုင်းပါတော့သည်။ ခေါင်းမြှီးခြုံနေရခြင်းသည် ခံယူချက်နှင့် ပေးဆပ်မှုရှိရန် အလွန်လိုပါသည်။ သို့သော်ကျမမှာ ရွေးချယ်ပိုင်ခွင့် မရခဲ့ပါ။ ဒီရွေးချယ်မှုဟာ အလွန်ခက်ခဲပြီး မတ်စောက်သည့် တောင်ကိုတက်ရသကဲ့သို့ အလွန် ခက်ခက်ခဲခဲ ဆုံးဖြတ်ယူရပါသည်။ မိမိ၏ခံယူချက် မိမိ၏ယုံကြည်မှု (အမှန်တရား) မိမိ၏ဆင်ခြင်တုံ တရားကတဖက်နှင့် ဒီလိုဆုံးဖြတ် ရွေးချယ်လိုက်လျှင် ရင်ဆိုင်ရမဲ့ နောက်ဆက်တွဲ တန်ပြန်မှုတွေကို စဉ်းစားချင့်ချိန်ရသော အခက်အခဲမှာ အလွန်ခက်ခဲသော ဆုံးဖြတ်ချက်ဖြစ်ပါသည်။ ခေါင်းခြုံလွှာ စတင်ဝတ်ရသောပထမနှစ်တွေမှာ ကျမခေါင်းကို နိုင်လွန်အိတ်ထဲမှာ ပိတ်လှောင်ထားခံရသလို အနေရအထိုင်ရ အလွန်ခက်ပါသည်။

နားထဲမှာလဲ ငြီးသံတခု ကြားနေရပါသည်။ တခါတခါတွင် လည်ပင်းမှ တွယ်အပ်ပြုတ်ပြီး မိမိလည်ချောင်းကို ထိုးဖေါက်သွားလေမလား ကြောက်လန့် စိတ်လည်း မကြာခန ဖြစ်တတ်ခဲ့ပါသည်။ ဒါကြောင့် မိခင်အလစ်တွင် ရံဖန်ရံခါ ခေါင်းစွပ်ဖြုတ်ခဲ့ပါသည်။ တရက်တွင် မိခင်တွေ့မြင်သွားလို့  တစ်သက်တာ မမေ့နိုင်လောက်အောင် နောင်ကျဉ်အောင် အရိုက်ခံရပါတော့သည်။


အဲဒီအရိုက် အနှက်ခံရအပြီး နစ်ပေါင်း ၃၀- အကြာတွင် ခေါင်းစွပ်ဖြုတ်ရန် ဆုံးဖြတ်ချက် ချလိုက်သောအခါ တိုက်ပွဲတခု ကြုံရပါတော့သည်။ အစွန်းရောက် အစ္စလာမ်မစ်အဖွဲ့ တွေ အကြီးအကျယ် ဒေါသထွက်ကြပါတော့သည်။ ခေါင်းမြှီးခြုံ နာမည်ကျော် စာရေးဆရာမက ဒီလို လုပ်လိုက်တာ အသဲကျွဲခတ်ခံရသည့်နယ် ဖြစ်သွားကြပါသည်။ ကျမကို စော်ကားတာတွေလုပ်ကြ သတ်ပစ်ရန် ခြိမ်းချောက် တာတွေခံရပါတော့သည်။ အပြောင်းအလဲလုပ်ရတာ အတော်လေး နာကျင်ရပါသည်။ ကျမအမေရိကကို ရောက်လာတော့ ပထမဦးဆုံး ကျမ စိတ်ကျေနပ်သည်အထိ တစ်ဝကြီး ရေကူးပစ်လိုက်ပါတော့သည်။ နစ်ပေါင်းများစွာ ရေကူးခွင့်မရခဲ့တာ အလွန်ဝမ်းနည်းစရာ ဖြစ်စေတော့သည်။ ရေကူးကန်ကပင် ပြန်မတက်ချင်အောင် ခံစားလာရပါသည်။ နောက်ရက်တွေမှာ နေ့စဉ် ညတိုင်း နစ်နာရီကြာ ရေကူးနေမိပါတော့သည်။
ကျမသည် တကိုယ်လုံး လွှမ်းခြုံထားရသည့်အတွက် အသားအရေတွေဟာ နေရောင်ခြည် လိုအပ်သလောက် မရသည့်အတွက် အသားအရေ ဖွေးစွတ်နေပြီး ဗိုက်တာမင်ဒီ-ဓါတ်ချို့ တဲ့မှု ခံစားနေရပါသည်။ အကျိုးဆက်အဖြစ် မကြာခဏ ပျင်းပျင်းထန်ထန် ဖျားနာတတ်ပါသည်။ အားနည်းမှု စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှု တွေခံစားရပါသည်။ ကျမသည် နေရောင်အောက်မှာ နေစာလှုံပြီး တင်းနစ်ကစားပါတော့သည်။ ကောင်းကင်ပြာကြီး အောက် အဖြူရောင် တင်းနစ်ဝတ်စုံဖြင့် ကစားပါသည်။

 ဒီလွတ်လပ်မှုအရသာကို စကားဖြင့် ဖေါ်ပြရန် စကားပင် ရှာမရခဲ့ပါ။ ဒီနောက်တွင်တော့ မိန်မသားတစ်ဦးရဲ့ စိတ်ကူးအိမ်မက် ဖြစ်သော လက်သည်းကို အရှည်ထားပြီး နီနီရဲရဲ လက်သည်း ဆိုးဆေးလေးတွေ ချယ်သမှုပြုပါတော့သည်။ သည်လို လက်သည်းဆိုးရတာနှင့် ကျမဘဝအတွက် အမှတ်ရစရာကို ပြေးသတိရမိပါတော့သည်။ အီရန်ကိုအလည်သွားစဉ်က အမျိုးသမိးတစ်ယောက်နှင့်ကြုံခဲ့ရတာက သူမလက်သည်းကို အနီရောင်ချယ်သခဲ့မှုအတွက် အင်ဆက်ပိုးမွှားတွေ ထဲ့ထားသော အိတ်ထဲကို သူမ၏လက်ကို ထည့်ပြီးဒါဏ်ပေးတာကို ခံရပါသည်။ ကျမလက်သည်းဆိုးသည့် အကြိမ်တိုင်း ထိုအမျိုးသမီးကြီး၏ ဝမ်နည်းခံစားရမှုကို ပြေးမြင်ယောင်မိနေပါသည်။

 အခုတော့ ကျမသည် လွတ်လပ်ခွင့်ရခဲ့ပါပြီ။ ဘုရားသခင်သည် ကျမခေါင်းပေါ်က ဆံပင်အတွက် ပြသနာမဖြစ်နေပါဘူး။ ဘုရားသခင်သည် ဒီဆံပင်အတွက်နှင့် သူ၏ငရဲမှာ ကျမကို မီးလောင်တိုက်သွင်းမည် မထင်ပါ။ ဘုရားသခင်သည် ကျမတို့  ထင်ထားသည်ထက်ပိုပြီး ဂရုဏာ ပိုကြီးမားကာ သနားညှာတာတတ်ပါသည်။ ၎င်းအပြင် လူကောင်း တစ်ယောက်ဖြစ်ရေးသည် အနက်ရောင်ခြုံလွှာထက် ပိုမိုအရေးကြိးသော ကိစ္စဖြစ်ပါတော့သည်။ ဘုရားသခင်သည် ကျမတို့ ၏ကျေးဇူး နာမတော်ကို ရှင်းရှင်းသိမြင်ခြင်းအတွက် ကျမတို့ ပေးဆပ်ရသော ပြစ်မှုကျူးလွန်သူကဲ့သို့  ပေးဆပ်တာခံရမှုမျိုးကို သူလိုလားမည်မထင်ပါ။ (မှတ်ချက် ။ ။ လွတ်လပ်မှုအတွက် အပြစ်ဒါဏ်ပေး ခံရမှုကိုဘုရားက ညွှန်ကြားမည်ဟု သူမ မထင်လို့ ဆိုလိုပါသည်)

 (ဒီလှုပ်ရှားမှု ခေါင်းမြှီးခြုံဖြုတ်သိမ်းရေး) လှုပ်ရှားမှုကို တိုက်ခိုက်ဝေဖန်နေကြသည်ထက် ရှေးခေတ်ဦးပိုင်းက အသိအမြင် ခေါင်းပါးသော ရှေးအာရပ် လူအဖွဲ့ အစည်းရဲ့  ဓလေ့ရိုးရာ နှင့်ပိတ်လှောင်ခံနေရမှုမှ လွတ်မြောက်အောင် လုပ်ခြင်းဖြစ်တာမို့  အားပေးသင့်ပါသည်။ အမျိုးသမီးများသည်သာ မိမိတို့  ဘာဝတ်သင့်သည်ကို လွတ်လပ်စွာ ဆုံးဖြတ်ခွင့်ပေးရပါမည် ။


ဘာသာပြန်သူ၏ မှတ်ချက်။ ။  လွတ်လပ်ခွင့်လို့ပြောနေသူ သူတို့ကိုယ်တိုင်က ဘာသာရေး လွတ်လပ်ခွင့်မပေးနို်င်ဘဲ မြန်မာနိုင်ငံမှာ ဘာသာရေး လွတ်လပ်ခွင့် တောင်းဆိုနေကြတာပါ။ အနိမ့်ဆုံးအဆင့် ရေကူးခွင့် လက်သည်းနီဆိုးခွင့်တောင် မရရှိနိုင်ကြတာ..။

(မြန်မာပြည်မှာတော့ ဘာသာခြားလှဝင်း (Grand Wynn ကုမ္မဏီမှ မြန်မာတွကို (ဘဲ) ယိုးဒယားမိတ်ကပ်တွေအညံ့တွေ (Lo Lane လိုလိမ်း) ဆံပင်ဆိုးဆေးတွေ တင်သွင်း ရောင်းချနေပါတယ်။ ဒီကုမ္မဏီဟာ ၁၉၉၃ ကတည်းက အင်ဒိုနီးရှားကနေ ရက်လွန် ချော့ကလက်တွေ ရက်လွန် (Mother Choice Margarine) (ရက်လွန်က အဖုံးမှာသာ ရိုက်ထားတော့ အဖုံးပြောင်းလိုက်ရုံပါ။ ဒိန်းမတ်ကွတ်ကီမုန့်တွေကို ဦးပိုင်နှင့်ပေါင်း တင်သွင်းပြီး မတရား ချမ်းသာသွားပါသည်။ သူ့ ယုတ်မာမှုကြောင့်အခု မြန်မာတွေဟာ ကမ္ဘာမှာ ကင်ဆာအဖြစ်အများဆုံး တိုင်းပြည်ဖြစ်နေပါပြီ။ ဦးပိုင်နှင့်ပေါင်းပြီး စက်မှုသုံး စားအုံးဆီအခဲတွေ သွင်းတာလဲသူပါဘဲ။ အရင်က စားအုံးဆီတွေ ခဲနေတာ သူ့လက်ချက်ပါ။ ဦးပိုင်က ပြည်သူလူထု သက်သာချောင်ချိဖို့ မြန်မြန်သေလေ စားရိတ်သက်သာလေ)။

ကနေ့ အင်ဒိုနီးရှားက မြန်မာကို ဂျီဟတ် ခြိမ်းခြောက်တာ ဒီလှဝင်းတို့  သတင်းအလိမ်တွေ ပို့တာလဲပါပါသည်။ ဒီတော့ မျိုးချစ်စိတ်ရှိသူတွေက ဂရင်ဝင်းကုမ္မဏီက တင်သွင်းနေတဲ့ အစားအသောက်တွေကို ဖေါ်ထုတ်ကြပါ။ ဂရင်းဝင်းတင်ထားတဲ့ ဆိုင်တွေကို လူထုသိအောင် ဖေါ်ထုတ်ကြပါ  ဝိုင်းကျဉ်ကြရပါမယ်။ မြန်မာတွေကို တဖြေးဖြေးချင်း ကင်ဆာဖြစ်အောင် လုပ်နေသူပါ။ ဆာဂါ-တံဆိပ်နဲ့ စားအုံးဆီ တင်သွင်းနေပါသည်။ စားအုံးဆီ စက်ရုံတည်ဆောက်ခွင့်လဲ မြန်မာရဖို့ မလွယ် ဘာသာခြား ကတော့လွယ်လှ ဦးပိုင်ဆိုတာ ဘာသာခြားတွေကို ဦးစားပေးတာ ဦးပိုင်ပါ။။

 (မင်းတုန်မင်းလက်ထက်က ဘာသာခြားဦးပိန် သန်းရွှေ လက်ထက် ဘာသာခြား ဦးစားပေးတဲ့ ဦးပိုင်ပါ)။

မျိုးဆက်မော်ကွန်း
မူရင်းလင့်ခ် http://www.muslimwomennews.com/faces/sn.php?nid=21964 
Bestselling Turkish Writer is receiving death threats, after she took her veil off

“ ဖွ ” (ကျော်သူ)

“ ဖွ ” (ကျော်သူ)


အဆောက်အဦးတစ်ခု တည်ဆောက်မည်ဆိုပါက အခြေခံအောက်ခြေအုတ်မြစ် ခိုင်မာမှုရှိရန် အရေးကြီး လှသည်။ ကျန်းမာသန်စွမ်းမှုဖြစ်ရန် သန့်ရှင်းမှုသည် အဓိကကြသည်။ တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်မှုသည် ထိုတိုင်း ပြည်၏ အစိုးရနှင့် ပြည်သူလူထုတို့၏ ပူးပေါင်းစွမ်းဆောင်မှုသည် အရေးပါလှသည်။ ဒီမိုကရေစီ နိုင်ငံထူထောင်မှု သည် ကျွန်တော်တို့ ပြည်သူလူထုတို့၏ စောင့်ထိန်းရမည့် စည်းကမ်းများသည် အဓိကဖြစ်တော့သည်။

ထို့ကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံတော်ကြီးသည် ကမ္ဘာ့အလယ်တွင် နာမည်ကောင်းဖြင့်ထင်ရှား၊ ကျော် ကြား၊ စံနမှုနာဖြစ်စေမည့် ခေတ်မှီတိုးတက် ဖွံ့ဖြိုးသန့်ရှင်းသော ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ အင်တိုက်အားတိုက် အားမာန်ပြည့်ဝစွာဖြင့် စတင်ချီတက်မှုကို ပြုလုပ်နေချိန်တွင် ပြည်သူလူထုတို့၏အားထားရာ၊ ပြည်သူလူထုတို့တင် မြှောက်ထားသော သန့်ရှင်းသော အစိုးရအဖွဲ့အစည်း (Clean Governance) နှင့် ပြောင်းလဲမှု (Change)ကို ပြုလုပ် လိုသော နိုင်ငံတော်သမ္မတကြီးမှလည်း ယင်းကဲ့သို့ တိုင်းပြည်တိုးတက်ရာ တိုးတက်ကြောင်းတို့အား ပုံဖော်မှုပြုရာ တွင် အရပ်ဘက်လူ့အဖွဲ့အစည်းများ (လူမှုရေးအသင်းအဖွဲ့များ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ) နှင့်အတူ လက်တွဲပုံဖော်ရန် အရေးကြီးကြောင်း တရားဝင်အများပြည်သူလူထုတို့အား ရေဒီယိုမှ၎င်း၊ နိုင်ငံတော်ထုတ် သတင်းစာများမှ၎င်း၊ ဂျာနယ်၊ စာစောင်များတွင်၎င်း မိန့်ခွန်းပြောကြားခဲ့မှုများ ပါဝင်ခဲ့သည်။
 
 ထို့အပြင် ယခုအချိန် ကာလတွင် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်သည် ကမ္ဘာ့ဒီမိုကရေစီနိုင်ငံတော်ကြီးဖြစ်သော အမေရိကန်နိုင်ငံသို့ သွားရောက်၍ အမေရိကန်နိုင်ငံသမ္မတ ဘာရက် အိုဘားမားနှင့်လည်း တွေ့ဆုံကာ အရပ်ဘက်လူ့အဖွဲ့အစည်းများ သည် ဒီမိုကရေစီနိုင်ငံထူထောင်ရာတွင် အဓိကကျသည့်အကြောင်း အချက်အလက်များအား ဆွေးနွေးကြမည်ဟု လည်းသိရှိရသည်။ ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်သည်လည်း ယခုနှစ်မဟာသင်္ကြန်မကျရောက်မှီ တစ်ရက်အလိုတွင် ပြည်သူလူထုတို့အတွက် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဖွဲ့စည်းတည်ထောင်ထားသော “ပေးဆပ်သူများ” မဟာသင်္ကြန်သံချပ်အဖွဲ့မှ ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ သွားရောက်ဖျော်ဖြေမှုပြုလုပ်ခဲ့ရာတွင် ဖျော်ဖြေပွဲအပြီးတွင် ဂုဏ်ပြုဆုငွေပေးအပ် ခဲ့စဉ် “တိုင်းပြည်ထူထောင်ရာတွင် သားတို့ရဲ့ လူမှုရေးအသင်းအဖွဲ့တွေရဲ့ အင်အားတွေ အများကြီးလိုအပ်တယ်၊ အခုလိုတက်တက်ကြွကြွ အများပြည်သူလူထုအတွက် လုပ်ဆောင်ပေးမှုများအပေါ် အမေ အရမ်းကျေနပ်ဝမ်းသာ တယ်၊ အခုလိုပေးဆပ်မှုများအပေါ် ကျေးဇူးလည်းအထူးတင်တယ်” ဟူ၍ ပြောကြားခဲ့သည်။

ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)အနေဖြင့် ရန်ကုန်တိုင်းအတွင်း (အခမဲ့) နာရေးကူညီပံ့ပိုး ပေးမှုများကို ပြုလုပ်ပေးခဲ့သည်hအပြင် မြန်မာပြည်တွင်းရှိ တိုင်း/ မြို့နယ်/ ရပ်ကွက်များရှိ ကိုယ်ထူကိုယ်ထ နာရေးကူညီမှုအဖွဲ့များအတွက် လိုအပ်သော နိဗ္ဗာန်မော်တော်ယာဉ်၊ နိဗ္ဗာန်ရေယာဉ်၊ နိဗ္ဗာန်ယာဉ် ထော်လာဂျီ၊ နိဗ္ဗာန်လက်ဆွဲလှည်းယာဉ်၊ စတီးဗန်း၊ အလူမီနီယံအခေါင်းအဖုံး၊ မီးသင်္ဂြိုလ်စက် စသည့်နာရေးလုပ်ငန်းနှင့် ပတ်သက်သော နိဗ္ဗာန်အသုံးအဆောင်ပစ္စည်းများအားလည်း လှူဒါန်းမှုတို့ကို ပြုလုပ်ပေးကာ နှစ်လတစ်ကြိမ်ခန့် မြန်မာတစ်ပြည်လုံးရှိ မြို့နယ်/တိုင်းဒေသများတွင် ဖွဲ့စည်းထူထောင်ထားသော လူမှုရေးအသင်းအဖွဲ့များအား လူမှုရေးစွမ်းရည်မြှင့်သင်တန်းများအားလည်း မြောက်ဒဂုံမြို့နယ်ရှိ နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်တွင် (Camp) စခန်းသွင်း၍ သင်ကြားပေးလျှက်ရှိသည်။ ကျန်းမာရေးကူညီစောင့်ရှောက်ကုသပေးမှုအဖြစ်လည်း ရန်ကန်မြို့ မြောက်ဒဂုံမြို့နယ်တွင် သုခကုသိုလ်ဖြစ်ဆေးခန်း ဟူ၍ မျက်စိခွဲစိတ်ကုသပေးမှု၊ အရိုးအကြော၊ အရိုး အဆစ်၊ ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေး (Physiothraphy)၊ ကလေး၊ အရေပြား၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ခွဲစိတ်(အသေးစား)၊ OG(ကိုယ်ဝန်ဆောင်မိခင်)၊ သွား၊ အထွေထွေ ရောဂါဝေဒနာရှင်များအား (အခမဲ့) နေ့စဉ်လ ကုန် နောက်ဆုံးရက်မှအပ ကုသပေးလျှက်ရှိပြီး နယ်ဒေသများသို့လည်း နယ်လှည့်ဆေးကုသပေးမှုလုပ်ငန်းအား ပရဟိတဆရာဝန်ကြီးများ၊ ပရဟိတလူငယ်လူရွယ်များနှင့် လက်တွဲကာ သွားရောက်ကုသပေးလျှက်ရှိသည်။ ၄င်း အပြင် ပြည်မြို့၊ ကြို့ပင်ကောက်မြို့၊ ပဲခူးမြို့များတွင်လည်း သုခကုသိုလ်ဖြစ်ဆေးခန်း အခွဲများဖွင့်လှစ်ပေးခဲ့ပြီး ဒေသခံပရဟိတလူငယ်များ ပရဟိတဆရာဝန်များနှင့် ပူးပေါင်း၍ ကုသိုလ်ဖြစ် အများပြည်သူအကျိုးအတွက် တစ်ဖက်တစ်လမ်း ကူညီမှုများကို ပေးဆပ်ကာ အစိုးရဆေးရုံကြီးများတွင် လိုအပ်လျှက်ရှိသော ခွဲစိတ်ခန်းသုံး ကုတင်၊ ဆေးကုသမှု အသုံးအဆောင်ပစ္စည်းများနှင့် ကိုယ်ထူကိုယ်ထ နယ်ဆေးခန်းများအတွက်လည်း လစဉ် ဆေးဝါးထောက်ပံ့မှုများအားလည်း ပြုလုပ်ပေးလျှက်ရှိသည်။ 
 
ပညာရေးကိစ္စရပ်များနှင့် ပတ်သက်၍ သုခအလင်း ပညာဒါန ဟူ၍ အမည်တပ်ကာ ဘုန်းတော်ကြီးပညာသင်ကျောင်းများမှအစ အမေ့အိမ်ပညာရေးကျောင်းများ၊ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းများ၊ တက္ကသိုလ်ဝင်တန်းပညာရေး၊ ဆေးကျောင်းတက်ရောက်နေသော ဆရာဝန် လောင်းလျာများအတွက် ဆရာဝန်ဖြစ်သည်အထိ ဂုဏ်ပြုချီးမြှင့်ငွေများပေးဆပ်မှု၊ ဘွဲ့ရကျောင်းသား၊ ကျောင်းသူများ အား အလုပ်အကိုင်ရှာဖွေရေးဖြစ်သော LCCI စာရင်းအင်းပညာသင်တန်းများ၊ ဟိုတယ်ဝန်ဆောင်မှု အတတ်ပညာ (Hospitality) သင်တန်း၊ ကွန်ပြူတာသင်တန်း၊ အင်္ဂလိပ်စာ 4Skills သင်တန်း၊ ပန်းချီသင်တန်းများနှင့် ကလေး သူငယ်များအတွက် အနာဂတ်တွင်အလိုအပ်ဆုံးသော ယဉ်ကျေးလိမ္မာသင်တန်းများအား (အခမဲ့) သင်ကြားပို့ချ ပေးကာ အနယ်နယ်အရပ်ရပ်ရှိ ဆရာ/ဆရာမများအတွက်လည်း (TOT) သင်တန်းများအားလည်း (Camp)စခန်း သွင်း၍ သင်ကြားပေးလျက်ရှိသည်။ နယ်ဒေသများရှိ ကိုယ်ထူကိုယ်ထစာကြည့်တိုက်များအတွက်လည်း စာအုပ် စာပေများအား စဉ်ဆက်မပြတ်လှူဒါန်းမှုများကို ပြုလုပ်ပေးလျှက်ရှိကာ နယ်လှည့်ပညာ သင်ကြားမှုများအားလည်း ပရဟိတဆရာ/မများနှင့် လက်တွဲ၍ နယ်ဒေသများသို့ သွားရောက်ပညာဒါနပြုလုပ်ပေးကာ အချို့သော ဒေသများ တွင် ပျက်စီးယိုယွင်းနေသော အစိုးရစာသင်ကျောင်းများအားလည်း ပြန်လည်ဆောက်လုပ်လှူဒါန်းပေးလျှက်ရှိသည်။
 
 ထို့အပြင် သဘာဝဘေးဒါဏ်မျာဖြစ်သော ရေဘေး၊ မီးဘေး၊ လေဘေးသင့်ဒေသများသို့လည်း အချိန်နှင့် တပြေးညီ ပရဟိတလူငယ်များနှင့် ပူးပေါင်း၍ သွားရောက်လှူဒါန်းကူညီ ဖေးမမှုများကိုလည်း စဉ်ဆက်မပြတ်ပြုလုပ်ပေးခဲ့သည့် အပြင် စစ်ဘေးသင့်ဒေသများရှိ စစ်ဘေးဒါဏ်ခံ တိုင်းရင်းသားမိဘပြည်သူအပေါင်းတို့အား၎င်း၊ လူမျိုးရေး ပဋိပက္ခ ကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်သွားကြရရှာသော ပြည်သူပြည်သား အပေါင်းတို့ထံသို့၎င်း၊ လှူဒါန်းကူညီဖေးမအားပေး စကားများကို ပြောကြားကူညီခဲ့ကြသည်။ ၄င်းအပြင် မြန်မာပြည်တွင်း နွေရာသီကာလများတွင် သောက်/သုံးရေ ရှားပါး၊ နည်းပါး၊ လုံးဝမရှိသော အရပ်ဒေသများသို့လည်း ကွင်းဆင်းလေ့လာမှုများပြုလုပ်ခဲ့ကာ ရေတွင်းရေကန်များ၊ အဝီစိတွင်းများ တူးဖော်ပေးခြင်းများ၊ ရေပိုက်လိုင်းများ သွယ်တန်းပေးခြင်းများ၊ ရေသိုလှောင်ရန် အုတ်ကန်များ တည်ဆောက်ပေးမှုများ၊ ရေစုပ်စက်များ တပ်ဆင်ပေးမှုများအားလည်းပြုလုပ်ပေးကာ သောက်/သုံးရေရှားပါးသော လက်လှမ်းမှီရာ အရပ်ဒေသများဖြစ်ကြသော ဒေါပုံ၊ ဒလ၊ ပဲခူး၊ မှော်ဘီ၊ ခရမ်း၊ သင်္ဃန်းကျွန်းမြို့နယ်နှင့် မြောက်ဒဂုံ အရပ်ဒေသများသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဝယ်ယူထားသော ရေဂါလံ (၃၆ဝဝ) ဆံ့ မော်တော်ယာဉ်ဖြင့် သွားရောက်ကာ ရေကုသိုလ်လုပ်ငန်းအား ပေးဆပ်လျှက်ရှိသည်။

ယခုဆိုလျှင် ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှု၊ အိုဇုန်းလွှာပျက်စီးမှုအား ကာကွယ်မှုပြုရန်အတွက် သဘာဝ ပတ်ဝန်းကျုင် စိမ်းလန်းစိုပြေရေးအတွက်လိုက်လံ၍ လမ်းဘေးတွင် စည်ပင်သာယာအဖွဲ့မှ စိုက်ပျိုးထားပေးသော အရိပ်ရသစ်ပင်များအားလည်း ရှင်သန်ကြီးထွားလာရန်အတွက် ရေလောင်းပေးခြင်းလုပ်ငန်းရပ်အား “အစိမ်းရောင် စစ်ဆင်ရေး” ဟူ၍ ပထမခြေလှမ်းအဖြစ် မြောက်ဒဂုံမြို့နယ်ရှိ ဗိုလ်မှူးဗထူးလမ်းတစ်လျှောက် လုပ်ဆောင်ပေးနေပြီ ဖြစ်သည်။ 
 
ထပ်မံ၍ နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်တည်ဆောက်ရန်အတွက် နိုင်ငံတော်အစိုးရမှ ချမှတ် ပေးလိုက်သော အမှတ် ၁၃/က၊ ဗိုလ်မှူးဗထူးလမ်း၊ မြောက်ဒဂုံမြို့နယ်တွင် အဆောက်အဦးများတည်ဆောက်မှုတွင် ကြုံတွေ့ခဲ့ရသောအမှိုက်များ၊ စွန့်ပစ်ပစ္စည်းများ၊ ကြွပ်ကြွပ်အိတ် ပလပ်စတစ်များ၊ ကော်ဗူးများ၊ သံတိုသံစများနှင့် ပြည့်နှက်ဖုံးလွှမ်းနေသော (၂) ဧကကျော်မြေကွက်အား ပြုပြင်ပြောင်းလဲခဲ့ရသော အတွေ့အကြုံဆိုးများ၏ ဒဏ်ရာ ဒဏ်ချက်များကြောင့်၎င်း၊ ခေတ်မှီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်ရာတွင် အဓိက အခြေခံအုတ်မြစ်ဖြစ်သော လူ့စည်းကမ်း၊ ပြည်သူလူထုတို့ စောင့်ထိန်းရမည့် ကျင့်ဝတ်များထဲတွင် ပါဝင်သော စည်းမဲ့ ကမ်းမဲ့ အမိုက်ပစ်မှုများအား ပညာပေးလှုံ့ဆော်မှုအဖြစ်၎င်း၊ မြေသြဇာဖြစ်စေမည့်အမှိုက်နှင့် ပြန်လည်၍ အသုံးပြု နိုင်သည့်အမှိုက် (စက္ကူ၊ သစ်ရွက်၊ အဝတ်စုတ်နှင့် ရေသန့်ဗူးခွံ၊ သံဗူး၊ ပုလင်း၊ မီးချောင်း …) စသည့် စွန့်ပစ် အမှိုက် များအား စနစ်တကျခွဲခြား၍ စွန့်ပစ်ကြရန် သင်္ခန်းစာပေးလိုသည့်ဆန္ဒအရလည်းကောင်း၊ အမှိုက်ကအစ ပြဿဒ် မီးလောင်မှုမဖြစ်စေရန် ကာကွယ်ထိန်းသိမ်းမှုကို ပြုလုပ်ကြရန်အတွက်၎င်း၊ လူဦးရေ (၅.၆) သန်းကျော်ရှိသော ရန်ကုန်မြို့နှင့် ရန်ကုန်မြို့စည်ပင်သာယာသန့်ရှင်းရေး လုပ်သားဦးရေ (၅ဝဝဝ) ကျော်ဟူသော အချိုးအစားအရ၄င်း၊ ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်) လူမှုရေးအသင်းအဖွဲ့အနေဖြင့် လူသားချင်းစာနာထောက်ထားမှု၊ မြတ်စွာဘုရား၏ ဗြဟ္မစိုရ်တရားလေးပါးအား လက်ကိုင်ပြုပြီး နိုင်ငံထူထောင်မှုအချိန်ကာလတွင် တစ်ဖက်တစ်လမ်း ပံ့ပိုးကူညီပေးမှုအဖြစ် ၁၁.၅.၂ဝ၁၃ စနေနေ့တွင် ပန်းဆိုးတန်းဆိပ်ကမ်းဧရိယာအတွင်းရှိ ခရီးသည်နားနေဆောင်နှင့် ဆိပ်ခံဗောတံတားနှင့် အနီးပတ်ဝန်းကျင်များ၊ မြောက်ဥက္ကလာပမြို့နယ် လူစည်ကားသည့် မြောက်ဥက္ကလာပအဝိုင်း ကားမှတ်တိုင်အနီး ပတ်ဝန်းကျင်များတွင် စည်းမဲ့ကမ်းမဲ့ စွန့်ပစ်ထားသော အမှိုက်များတို့အား ကောက်ယူသိမ်းဆည်း ခြင်းများကို လိုက်လံ၍ လူမှုရေးသမားများနှင့် အတူတကွလက်တွဲ လုပ်ဆောင်ပေးခဲ့ကြသည်။
 
 မြို့နယ်ဒေသခံ မိဘပြည်သူများမှာလည်း ဝမ်းသာကြည်နူးစွာဖြင့်အတူလက်တွဲ ကူညီပေးခဲ့ကြသည်။ ကျွန်တော်တို့ ကောက်ယူခဲ့ သောအမှိုက်များအားလည်း မြောက်ဒဂုံမြို့နယ်ရှိ ထားဝယ်ချောင်သုဿန်အနီးရှိ အမှိုက်ပုံသို့ စနစ်တကျစည်းကမ်း ရှိစွာသွားရောက် စွန့်ပစ်ခဲ့ကြသည်။ ယခုထပ်မံ၍ ၁၈.၅.၂ဝ၁၃ စနေနေ့ ညနေ (၃းဝဝ) နာရီအချိန်တွင်လည်း ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ လူသွားလူလာ ရုံးတက်/ရုံးဆင်း ထူထပ်များပြားလှသော မဟာဗန္ဓုလပန်းခြံ တစ်လျှောက် လူမှုရေးသမားများ၊ ဂီတပညာရှင်များ၊ စာပေနှင့် စာနယ်ဇင်းပညာရှင်များနှင့် လက်တွဲကာ အင်တိုက် အားတိုက်သန့်ရှင်းမှုအား ပြုလုပ်ကြမည်ဖြစ်တော့သည်။ ယခုတစ်ကြိမ်တွင် ဂီတပညာရှင်များ၊ စာပေပညာရှင်များ ပါဝင်လာရခြင်းမှာ ပြည်သူပြည်သားများအား အသိပညာပေးမှုတွင်ထိရောက်သည့် လက်နက်ဖြစ်သော အနုပညာ စွမ်းအားများကို တာဝန်သိသိ၊ တာဝန်ရှိရှိနှင့် တာဝန်ယူကြကာ အများပြည်သူအတွက် ပေးဆပ်ကြမှုတစ်ခုပင် ဖြစ်သည်။ ကျွန်တော်တို့၏ အနာဂတ်ကာလအတွက် စိတ်ကူးအိမ်မက်များသည် မြို့နယ်တစ်ခုချင်း၊ ရပ်ကွက်တစ်ခု ချင်း၊ မြို့တစ်မြို့နှင့်တစ်မြို့ချင်း၊ ပြည်နယ်နှင့်တိုင်းတစ်ခုချင်း၊ သန့်ရှင်းစိုပြေလှပမှုများကို အပြိုင်အဆိုင်အနိုင် လုပ် ဆောင်ကြမည်ဆိုပါက နိုင်ငံတော်တာဝန်ရှိသူတစ်ဦး ပြောကြားခဲ့သလို “(၄) လအတွင်း စင်္ကာပူနိုင်ငံကဲ့သို့ ဖြစ်စေ ရမယ်” ဟူသောစကားမှာ မှန်ကောင်းမှန်ပေလိမ့်မည်။

သို့သော် ယနေ့ ၁၈.၅.၂ဝ၁၃ စနေနေ့ နံနက် (၉းဝဝ) နာရီခန့်အချိန်တွင် ကျွန်တော့်ထံသို့ တယ်လီဖုန်း ဝင်လာသည်။ “ဦးကျော်သူတို့ အမှိုက်ကောက်မည့်အစီအစဉ်အား ရပ်ဆိုင်းပေးပါရန်” ဟူ၍ ရန်ကုန်မြို့ စည်ပင် သာယာရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာန အရာရှိကြီးတစ်ဦးမှ ဆက်သွယ်ပြောကြားလာခဲ့သည်။ ထို့ကြောင့် ကျွန်တော်တို့ ပတ်ဝန်းကျင်သန့်ရှင်းရေးအတွက် လုပ်ဆောင်ပေးဆပ်ကြရန် စုရပ်ဖြစ်သော ဗိုလ်အောင်ကျော်လမ်း ထိပ်ရှိ “ရွှေလင်ဗန်း” လ္ဘက်ရည်ဆိုင်သို့ သွားရောက်ကာ အစီအစဉ်ဖျက်သိမ်းကြောင်း ဂီတ၊ စာပေလူမှုရေးသမား များ၊ ရပ်မိရပ်ဖပြည်သူလူထုများနှင့် လူမှုရေးလုပ်ငန်းအား စိတ်ဝင်စား၍ လာရောက်ကြသော မူလတန်းအရွယ် ကလေးငယ်များကို ဦးဆောင်၍ခေါ်ယူလာသော BG အဖွဲ့သားများအား ဝမ်းနည်းစွာဖြင့် အကြောင်းကြားခဲ့ရတော့သည်။ 
 
အပြန်လမ်းတစ်လျှောက် ကျွန်တော်တွေးတောမိတော့သည်။ ကျွန်တော်တို့ လူမှုရေးသမားများသည် နိုင်ငံတော်အား နှောက်ယှက်ဖျက်ဆီးကြမည့်သူများမဟုတ်၊ နိုင်ငံတော်အား ဆူပူမှုဖြစ်အောင်လုပ်မည့်သူများ မဟုတ်၊ တည်ငြိမ်အေးချမ်းသော ရေပြင်အား ဂယက်ထဆူပွက်စေမည့် သူများမဟုတ်၊ ငြိမ်းချမ်းမှုကိုသာ လိုလား ကြသည့်၊ စည်းကမ်းရှိမှုကိုသာလိုလားကြသည့် ခေတ်မှီဖွံ့ဖြိုးတိုးတက်သော ရုပ်/စိတ်တို့ကိုသာ လိုလားကြသည်။ စိမ်းလန်းသာယာမှုကို လိုလားကြသည်။ ကျန်းမာသန်စွမ်းပြီး ပညာရေးတိုးတက်မှုတို့ကိုသာ လိုလားကြသည်။ အဘယ့်ကြောင့် ယခုကဲ့သို့ ပတ်ဝန်းကျင်သန့်ရှင်းမှုလုပ်ငန်းအား ဝိုင်းဝန်းပံ့ပိုးပေးမှုကို တားမြစ်ရသနည်း … ? ပိတ်ဆို့ရသနည်း … ? ဟန့်တားရသနည်း … ? ဤကဲ့သို့သော အသေးငယ်ဆုံး ပါမွှားလုပ်ငန်းလေးတစ်ခုကိုပင် တား မြစ်ခံရခြင်းအတွက် ကျွန်တော့်အတွက် အဖြေရှာမရ။
 
ထို့ကြောင့် အများပြည်သူအပေါင်းတို့အား တရားဝင်ကြေငြာ ထားသော အမှိုက်ကောက်မည့်အစီအစဉ်အား ဖျက်သိမ်းရခြင်းအကြောင်းကို အများပြည်သူတို့ထံသို့ တရားဝင် ပြန်လည်ပြောကြားရမည့် တာဝန်တစ်ရပ်ဖြစ်ပေါ်လာရသည်။ တစ်နည်းအားဖြင့် အများပြည်သူလူထုအား သတင်းပါးခြင်း၊ သတင်းပွားခြင်း၊ သတင်းဖွခြင်းပင် ဖြစ်တော့သည်။

(အမှိုက်မကောက်ရ၍ အမှိုက်ဖွရန်မဟုတ် ! ။ အမှိုက်မကောက်ရ၍ သတင်းပါးခြင်း၊ သတင်းပွားခြင်း၊ သတင်းဖွခြင်း သက်သက်မျှသာဖြစ်သည် . . .)
ကျော်သူ


 
 ဓာတ်ပုံများ ကိုမင်းကျော်ဦး ဖေ့စ်ဘွတ်ခ်မှ

နယ်စပ်ဒေသမှ ပြည်သူများအတွက် ဆိုင်ကယ်၊ ကားများ လိုင်စင်ချထားပေးပါရန် (သမ္မတထံပေးစာ)..

နယ်စပ်ဒေသမှ ပြည်သူများအတွက် ဆိုင်ကယ်၊ ကားများ လိုင်စင်ချထားပေးပါရန် သမ္မတထံပေးစာ.. 

နိုင်ငံတော်သမ္မတကြီးခင်ဗျာ ဆင်းရဲသားပပျောက်ရေး…ပြည်သူများခေတ်မှီ စိတ်အေးချမ်းသာစွာနေထိုင်ရေး… စသည့်များကို လုပ်ဆောင်နေသည်ဆိုလျှင်… နယ်စပ်နေပြည်သူများ၏ ကားများ…ဆိုင်ကယ်များကို… စဉ်ဆက်မပြတ် ..လိုင်စင်များ ဖွင့်ပေးထားသင့်ပါသည်။

 မြန်မာတစ်နိုင်ငံလုံး မည့်သည့် နေရာဝင်ပေါက်မှမဆို လိုင်စင်ပေးသင့်ပါသည်။ ဥပမာ ပြောရမည်ဆိုရင် ….မိမိတို့နှင့် အနီးစပ်ဆုံး ထိုင်းနိုင်ငံတွင် ဧရိယာသတ်မှတ်ကားများရှိပါသည်။
 (ရန်ကုန်ဆိုလျှင် ၁၂/ရကန/၀၀၀၁)ပါ ဇုန်ကားများဟု ခေါ်နိုင်ပါသည်။ ထိုကားများသည်ရန်ကုန်မှာသာလျှင် မောင်းနှင်ခွင့်ပြုပါသည်။ သို့သော် အခြားမြို့မန္တလေးသို့သွားလျှင် နယ်ကျော်ဖြတ်ခ ပေးသွင်းရပါသည်။


တစ်နိုင်ငံလုံးသို့ သွားလာခွင့်ရှိသော မော်တော်ယာဉ် (နယ်ဖြတ်ကျော်ခ မပေးရန်မလို) နံပါတ်တစ်မျိုး သတ်မှတ်ထားပါသည်။ ဥပမာ(၃၀/မမန/၀၀၀၀၁)ဖြစ်ပါသည်။ အများသောအားဖြင့် (without)များများမရှိပါ။ ဇုန်ကားများသာရှိပါသည်။ ကျွန်တော်တို့နယ်စပ်မြို့များတွင် အမှန်တကယ် (without)ကားများ များစွာရှိပါသည်။ ယာဉ်မတော်တဆမှုများတွင် ထိုကားများမှာ နံပါတ်အတည် မရှိသောကြောင့် ထွက်ပြေးတိမ်းရှောင်မှုများ ဖြစ်ပေါ်သောအခါ ယာဉ်တိုက်ခံရသူ ပြည်သူများနစ်နာမှုများစွာရှိပါသည်။ ထို့အတူ အထူးဒေသမှ လူများမှာ တွေ့ရာ နံပါတ်တပ်.. အထူးဒေသ နာမည်ခံကားများလည်း အလွန်ပေါနေပါသည်။ ၀န်ထမ်းများမှာလည်း Withoutကားများသာ စီးနှင်းနေကြပါသည်။

 ဥပမာ..ဆောက်လုပ်ရေး၊ မြန်မာနိုင်ငံရဲ၊ ထွေအုပ်၊ ရွေးကောက်ခံ ကိုယ်စားလှယ်များ၊ ကညန၊ ဌာနဆိုင်ရာ ၀န်ထမ်းများသာ များပါသည်။ ၀န်ထမ်းများ စီးနင်နေတော့ ပြည်သူပါတွေ လိုက်ဝယ်စီးပါသည်။ ၎င်းကားများ မြို့ထဲသို့ရောက်အောင် ၀န်ထမ်းတွေပဲ…စီးနင်းပေးပါသည်။ မည်သူတွင် တာဝန်ရှိပါသနည်း။ သမ္မတကြီးခင်ဗျာ…ဒါကြောင့် ဇုန်ကားများ သတ်မှတ်ပေးသင့်ပါတယ်။ နယ်စပ်တွင် Honda fit (model 2006/2007) ဆိုလျှင် (ကျပ်သိန်း-၃၀)၀န်းကျင်သာ ကျပါတယ်။ အစီး(၃၀)သာ ဖမ်းလျှင် (30×3000000)ကျပ်(900000000)နိုင်ငံမှ နစ်နာမှုများစွာ ရှိပါတယ်ခင်ဗျား/

 ဖမ်းထားတဲ့ကားတွေက ပြည်သူတွေစီးနင်းတဲ့ ကားများသာပါပါတယ်။ ၀န်ထမ်းများကတော့ ပုံမှန်စီးနေမြဲပါ။ ဖမ်းထားတဲ့ကားတွေထဲက ပစ္စည်းကောင်းတွေ ဖြုတ်ရောင်းတာ/ ဖြုတ်လဲတာ ဒါတွေကိုလည်း ၀န်ထမ်းတွေပဲလုပ်တယ်။ ပြည်သူတွေက ၀န်ထမ်းကို မလေးစားတာတွေထဲမှာ …ဒီအချက်တွေလည်းပါပါတယ်။ ပြည်သူတွေ သွားရေးလာရေး အဆင်ပြေချောမွေ့အောင်ခွင့်ပြုသင့်ပါတယ်ခင်ဗျား။

 နစ်နာမှုများကို အလကား ဆုံးရှုံးမှုမရှိစေဘဲ စဉ်းစားပေးစေလိုပါတယ်ခင်ဗျား။ လိုင်စင်များ ပုံမှန်ဖွင့်မပေးထားလျှင် မိမိနိုင်ငံသားများ၏ငွေများ များစွာ ထိခိုက်နစ်နာပါသည်။ ဥပမာ..အားဖြင့် ၂၀၀၈-ခုနှစ်နှင့်၂၀၁၂ခုနှစ် တို့တွင် မော်တော်ဆိုင်ကယ် စီမံချက်များတွင် ကျွန်တော်တို့နိုင်ငံသားများမှာ ယခင်ဆိုင်ကယ်အသစ်းဈေး ၁၅သိန်းဆိုလျှင် စီမံချက်နေ့ရက်ကန့်သတ်မှုများ ကြောင့် တစ်ဘက်နိုင်ငံမှ မတန်တဆဈေးတင်ထားသော ဈေးနှုန်း ၂၀သိန်းဝန်းကျင်ဖြင့် ၀ယ်ယူရပါတယ်။

 ဆိုင်ကယ်(၁)စီးပျမ်းမျှ သုံးသိန်း× ဆိုင်ကယ်လိုင်စင် လုပ်ပေးသွားသည့်စီးရေ= သိန်း----- ထိုင်းနိုင်ငံသားတစ်ဦးက ပြောပါတယ်…။ မြန်မာရှိရင်..တို့တွေကားစီးလည်း မရှုံးဘူး… ဆိုင်ကယ်စီးလည်း မရှုံးဘူးတဲ့။ တစ်ဘက်နိုင်ငံသား အဟောင်းကို ကျွန်တော်တို့တွေ… အကောင်းလုပ်စီးနေရတာ.. သူများနောက်ကဘဲ အမြဲလိုက်နေရမှာပါ။ အကောင်းဆုံးနည်းလမ်းများဖြစ်လေမလားလို့ …အကြံပေးမိပါတယ် သမ္မတကြီးကျန်းမာပါစေ..

 အရှေ့တိုင်းသား(ကျိုင်းတုံ)

ယနေ့ မဟာစင်မုန်တိုင်း ဝင်ရောက်နေစဉ် အပျက်အစီး မြင်ကွင်းတချို့ (တရုတ်ရုပ်သံ)

ယနေ့ မဟာစင်မုန်တိုင်း ဝင်ရောက်နေစဉ် အပျက်အစီး မြင်ကွင်းတချို့ (တရုတ်ရုပ်သံ)
မုန်တိုင်း အန္တရာယ်ရှောင်ရန် ဘင်္ဂါလီများ ငြင်းဆန်မှု နောက်ကွယ်တွင် ကြိုးကိုင်သူများရှိဟုဆို
................................................................................
စစ်တွေ၊ မေ ၁၅

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် မုန်တိုင်းဒဏ် ခံရနိုင်သော ဒုက္ခသည် စခန်းများမှ ဒုက္ခသည်များကို လုံခြုံ စိတ်ချရသော နေရာပြောင်းရွှေ့မည့် အစီအစဉ်ကို ဘင်္ဂါလီဒုက္ခသည် အချို့က ငြင်းဆန်နေမှုနောက်ကွယ်တွင် ရန်ကုန်မြို့အခြေစိုက် ကြိုးကိုင် လှုံ့ဆော်နေသူများ ရှိနေကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်း ပြန်ကြားရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဥပဒေချုပ် ဦးဦးလှသိန်းက ပြောကြားသည်။

လွန်ခဲ့သောရက်ပိုင်းက ဒုက္ခသည် စခန်းတစ်ခုတွင် အစည်းအဝေး ပြုလုပ်ပြီး နေရာပြောင်းရွှေ့ရန် ဒုက္ခသည် များနှင့် သဘောတူညီမှုရသဖြင့် နေရာပြောင်းရန်ကားများ စေလွှတ် လိုက်သောအခါ ကားနှင့်လိုက်ရန် ငြင်းဆန်မှုနှင့် ကြုံတွေ့ခဲ့ရကြောင်း ၄င်းက ဆိုသည်။
"မုန်တိုင်းဖြတ်ဖို့ ရက်အားဖြင့် တစ်ရက်နှစ်ရက်ပဲကြာမှာပါ။ မူလနေရာမှာ ပြန်နေလို့ရတယ်။ အစိုးရက အကောင်းဆုံး ဖြစ်အောင် လုပ်နေပေမယ့် သူတို့မှာ နောက်က တယ်လီဖုန်းတွေနဲ့ ဆက်နေတဲ့ ရန်ကုန်က အဖွဲ့အစည်းတွေ ရှိနေတယ်"ဟု ဦးဦးလှသိန်းက ထပ်မံ ပြောကြားသည်။

အစိုးရအဖွဲ့က ပြန်လည် နေရာချထားပေးရန် စီစဉ်မှုများ တွင်လည်း ဒုက္ခသည်များနှင့် ညှိနှိုင်း ရာတွင် သဘောတူညီမှု ရရှိခဲ့သော်လည်း အမှန်တကယ် အဆောက်အအုံများ ဆောက်၍ အမှန်တကယ် လုပ်ကိုင်ရာတွင် သဘောတူထားသော ဘင်္ဂါလီများက ငြင်းဆန်မှုများရှိခဲ့ပြီး ယင်းအခြေအနေကို ကြည့်ခြင်းအားဖြင့် နောက်ကွယ်က အဖွဲ့အစည်း ရှိသည်ဟု ပြောဆိုခြင်းဖြစ်ကြောင်း ၄င်းကပြောဆို ခြင်းဖြစ်သည်။
"ခဏခဏ ကျွန်တော်တို့နဲ့ တွေ့တယ်။ ဆွေးနွေးတာတွေ သဘောတူတယ်။ တကယ်လုပ်ရင် ပျက်သွားတယ်။ အဲလိုခဏခဏ ကြုံနေရတယ်" ဟု ဦးဦးလှသိန်းက ထပ်မံပြော ကြားသည်။

အစိုးရအနေနှင့် မုန်တိုင်းအန္တရာယ် ကြုံတွေ့ရနိုင်သည့် အခြေအနေများ ရှင်းပြပြီး ပြောင်းရွေ့ရန် ဒုတိယသမ္မတ အပါအဝင် ပြည်နယ်ဝန်ကြီးများ၊ UN အဖွဲ့အစည်း ခေါင်းဆောင်များ စည်းရုံးနေသော်လည်း ဘင်္ဂါလီဒုက္ခသည်များ ဆက်လက် ငြင်းဆန်နေကြကြောင်း၊ သဲချောင်း၊ ဘောဒူဖ အပါအဝင် ဘင်္ဂါလီဒုက္ခသည်များမှ ဒုက္ခသည် အချို့ကို ဘေးလွတ်ကင်းရာ နေရာသို့ ပြောင်းရွှေ့ထားပြီး ဖြစ်ကြောင်း စည်ပင်သာယာရေးဝန်ကြီ ဦးလှဟန်က ပြောကြား သည်။

"မုန်တိုင်းဝင်မှာ သေချာပြီ ဆိုရင်တော့ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေ၊ အမျိုးသမီးတွေကို အတင်းအဓမ္မ နေရာပြောင်းမယ်" ဟု ဦးဦးလှသိန်းက ဆိုသည်။

အစိုးရအစီအစဉ်အရ အဆိုပါ ဒုက္ခသည်များ စစ်တွေမြို့ တပ်နယ်မြေအတွင်းရှိ အဆောက်အအုံအပြင် အခြားဘေးလွတ်ကင်းရာ နေရာများကို ပြောင်းရွှေ့ထားရန် စီစဉ်ထားပြီး ယင်းနေရာမှာ မုန်တိုင်း သဘာဝဘေးအန္တရာယ်အတွက် လုံခြုံစိတ်ချ ရကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရှိရသည်။
"နာဇီရွာကို ပြောင်းပေးမယ်ဆိုရင် ပြောင်းမယ်။ မဟုတ်ရင် မပြောင်းဘူး" ဟု သဲချောင်း ဒုက္ခသည်စခန်းမှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးမောင်မောင်ကဆိုသည်။

စားနပ်ရိက္ခာနှင့် အခြားအထောက် အပံ့ပစ္စည်းများ ခံစားခွင့်မရရှိသဖြင့် မပြောင်းရွှေ့နိုင်ကြောင်း သံထော်လီရွာမှ ပြောင်းရွှေ့လာသူများ နေထိုင်သည့် ဒါးပိုင် ဒုက္ခသည်စခန်းမှ အသက် ၃ဝ အရွယ် မာမွတ်နော်ဖိက ပြောကြားသည်။

"စစ်တပ်နယ်မြေဆိုရင် မပြောင်းချင်ဘူး။ ကြောက်တယ်" ဟု ဒါးပိုင်ဒုက္ခသည် စခန်းမှ အမျိုးသားတစ်ဦးက ဆိုသည်။

မုန်တိုင်းသဘာဝ ဘေးအန္တရာယ်ကို ကာကွယ်ရန် သဘာဝဘေးအန္တရာယ်စီမံ ခန့်ခွဲရေး ကော်မတီကို ဖွဲ့စည်းထားပြီး ဆပ်ကော်မတီရှစ်ခုကို ထပ်မံဖွဲ့စည်းဆောင် ရွက်နေကြောင်း ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ထံမှ သိရှိရသည်။
 The Voice Weekly

MAHASEN မဟာစင်မုန်တိုင်းနဲ့ ပတ်သက်ပြီး အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်း ထုတ်ပြန်ချက်.

MAHASEN မဟာစင်မုန်တိုင်းနဲ့ ပတ်သက်ပြီး အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်း ထုတ်ပြန်ချက်..............

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက်(၈/၂၀၁၃)
၁၃၇၅ခုနှစ်၊ ကဆုန်လဆန်း ၄ ရက်
၂၀၁၃ခုနှစ်၊ မေလ ၁၃ ရက်

၁။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ၂၀၁၃ခုနှစ် မေလ ၁၃ ရက်နေ့ မြန်မာစံတော်ချိန် (၁၃၀၀) နာရီအချိန် ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်း မဟာဆင် (MAHASEN) သည် မြန်မာနိုင်ငံ ကိုကိုးကျွန်း၏အနောက်ဘက် မိုင်(၄၁၀)ခန့် ပုသိမ်မြို့၏ အနောက်တောင်ဘက် မိုင်(၅၄၀)ခန့်၊ ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် မိုင်(၅၉၀)ခန့်၊ အိန္ဒိယနိုင်ငံ (ချင်းနိုင်မြို့)၏ အရှေ့တောင်ဘက် မိုင်(၃၈၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ ဆိုင်ကလုန်း မုန်တိုင်းသည် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး မုန်တိုင်း ဗဟိုချက်အနီးတွင် အမြင့်ဆုံး လေတိုက်နှုန်းမှာ မိုင်(၆၀)အထိ ရှိနိုင်ပါသည်။

၂။ အဆိုပါမုန်တိုင်း တိုက်ခတ်ချိန်တွင် ရခိုင်ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်း ဒေသတစ်လျှောက်တို့တွင် မုန်တိုင်း ဒီရေလှိုင်းဒဏ်များ လွှမ်းမိုးမှုများ ကြုံတွေ့ရနိုင်ပါသည်။ ထိုသို့ကြုံတွေ့ရနိုင်ချိန်တွင် ဒေသခံပြည်သူများအနေဖြင့် ဂရုပြုဆောင်ရွက်ရမည့် အချက်များကိုလည်း ရေဒီယိုနှင့် ရုပ်မြင်သံကြားတို့မှ ထုတ်ပြန်သတိပေး ပြန်ကြားလျက်ရှိပါသည်။

၃။ ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းဒဏ်နှင့် ဒီရေတက်လာနိုင်သည့် နေရာများ၊ ကမ်းခြေ တစ်လျှောက်တဲများ၊ ယာယီတဲများဖြင့် နေထိုင်နေသူများအား ၂၀၁၃ခုနှစ်၊ မေလ ၁၄ / ၁၅ ရက်အပြီး လုံခြုံစိတ်ချရသည့် နေရာများသို့ အမြန်ဆုံး ရွှေ့ပြောင်းထားရန် ညွှန်ကြားထားပြီး ဖြစ်သည်။

၎။ အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဥာဏ်ထွန်းနှင့် စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီတို့မှ တာဝန်ရှိသူများ ပါဝင်သည့် စီမံကွပ်ကဲမည့်အဖွဲ့အား ၂၀၁၃ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင်စ၍ ရခိုင်ပြည်နယ် အမ်းမြို့တွင် အခြေပြုကာ အနီးကပ် ကွပ်ကဲသွားရန် ညွှန်ကြားထားပြီး ဖြစ်ပါသည်။

၅။ တပ်မတော်အနေဖြင့် မုန်တိုင်းဒဏ်ကျရောက်နိုင်သော ပင်လယ်ကမ်းရိုးတန်း ဒေသရှိ တိုင်းစစ်ဌာနချုပ်များတွင် လေယာဉ်၊ ရဟတ်ယာဉ်၊ သင်္ဘော၊ မော်တော်ယာဉ် များအား လိုအပ်ပါက ချက်ချင်းအကူအညီပေးနိုင်ရေး အသင့်ပြင်ဆင်ထားပြီး ဆေးကုသရေးအဖွဲ့များနှင့် အခြား အထောက်အကူပြုနိုင်မည့် အဖွဲ့များကိုလည်း ဖွဲ့စည်း၍ ကြိုတင်အသင့်ပြင်ဆင် ထားပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

သတင်းထုတ်ပြန်ရေးအဖွဲ့
 
ပေါ်ပြူလာဂျာနယ်..