ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မြန်မာ့ဂုဏ်ဆောင်များနှင့် တစ်သောင်းပြည့်..


မြန်မာ့ဂုဏ်ဆောင်များနှင့် တစ်သောင်းပြည့်

၇.၁ဝ.၂ဝ၁၃ (တနင်္လာနေ့) နံနက် (၈းဝဝ) နာရီအချိန်တွင် မြောက်ဒဂုံမြို့နယ်၊ ဗိုလ်မှူးဗထူးလမ်းရှိ နာရေးကူညီမှုအသင်း(ရန်ကုန်) အဆောက်အဦးတစ်ခုလုံး လူငယ်ပရဟိတ မောင်မယ်ပေါင်း မြောက်များ စွာတို့ စုရုံးရောက်ရှိနေကြသည်။ လူပေါင်းမြောက်များစွာရှိနေသော်လည်း အဆောက်အဦးတစ်ခုလုံး တိတ် ဆိတ်ငြိမ်သက်နေသည်။ နာရေးကူညီမှုလမ်းကြောင်း တောင်းခံသည့် တယ်လီဖုန်းသံအား အားလုံးစူးစိုက် နားထောင်နေကြသည်။ နာရေးကူညီမှု တစ်သောင်းပြည့်မည့် နာရေးရှင်၏ အမည်၊ အသက်နှင့် နေရပ်လိပ် စာတို့အား နားစွင့်နေကြသည်။ ယင်းနေ့တွင် နာရေးကူညီမှု တစ်သောင်းပြည့်ရန်အတွက် နာရေးကူညီမှု တောင်းခံသည့်လမ်းကြောင်း (၇) ကြောင်းရှိသည့်အနက် အကူအညီတောင်းခံသည့် လမ်းကြောင်းများ တစ်ကြောင်းပြီးတစ်ကြောင်း တယ်လီဖုန်းသံတို့ ကြားနေရသည်။ နံနက် (၁ဝးဝဝ) နာရီအချိန်တွင် တစ် သောင်းပြည့်မည့် အကူအညီတောင်းခံသည့် နာရေးလမ်းကြောင်း တယ်လီဖုန်းမှတဆင့် ကြားသိလိုက်ရ သည်။ ကွယ်လွန်သူမှာ ဦးကြည်သူ အသက် (၄၅) နှစ်၊ တိုက် ၄၈၊ တော်ဝင်အိမ်ရာ၊ မြောက်ဒဂုံမြို့နယ် နေထိုင်သူဟု သိရှိရတော့သည်။ သင်္ဂြိုလ်ပေးရမည့် အချိန်သည်ကား နေ့လည် (၁းဝဝ) နာရီဟု သတ်မှတ် လိုက်သည်။

နံနက် အစောပိုင်းကတည်းက တစ်သောင်းပြည့် ဈာပနလမ်းကြောင်းအား ကူညီမှုပေးနိုင်ရန် စီစဉ် ထားသော နိဗ္ဗာယာဉ်၊ လိုက်ပါပို့ဆောင်မည့် BM ယာဉ် (၃) စီး၊ ရှေ့ပြေးယာဉ်၊ လူနာတင်ယာဉ်၊ မီနီဘတ် အစရှိသည့် မော်တော်ယာဉ် (၁ဝ) စီးတို့ဖြင့် တစ်သောင်းပြည့် ဈာပနလမ်းကြောင်းအား လိုက်ပါကုသိုလ် ယူကြမည့် အသင်းသား/သူများ၊ ဝန်ထမ်းများ၊ မီဒီယာများနှင့်အတူ ဂီတပညာရှင် ဦးရဲလွင်(မဇ္ဈိမလှိုင်း)၊ ကိုဆောင်းဦးလှိုင်၊ တေးရေး လင်းထက် (မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၂၇ ကြိမ်မြောက် ဆီးဂိမ်း သီချင်းရေးသားသူ)၊ Graffiti Artist လူငယ်ပညာရှင် အာကာကျော်နှင့်အဖွဲ့တို့အပြင် Miss Supranati onal Internet ဆု၊ Miss osology Website မှ ပေးအပ်သည့် Miss International 2012 ပြိုင်ပွဲတွင် Miss Internet Award နှင့်အတူ People Choice Award ဆု (၂) ဆုရှင် နန်းခင်ဇေယျာ၊ People Choice Award, Face of Miss Supranational 2013, Belarus Webste မှ ပေးအပ်သည့် Most Beautiful Girl in the World အစရှိသည့် ဆု (၄) ဆုရှင် ခင်ဝင့်ဝါ တို့မှ လာရောက်၍ အများပြည်သူတို့အတွက် အနိမ့်ကျဆုံးသော ကုသိုလ်အလုပ်ဖြစ်သည့် နာရေးကူညီပို့ဆောင်မှု ကုသိုလ်တော်ကြီးအား ထမ်းရွက်ကြ ရန် အသင့်အနေအထား ဖြစ်နေကြသည်။

နာရေးကူညီမှုဈာပနလမ်းကြောင်းအား လာရောက်၍ မိမိတို့ တတ်စွမ်းသော ဓါတ်ပုံပညာရပ်ဖြင့် ကူညီအားဖြည့် ကုသိုလ်ပြုကြသော ဓါတ်ပုံပညာရှင် ကိုကျော်သူ (W.K.A)နှင့် ကိုစောတင်အောင် တို့သည်လည်း တက်ကြွစွာဖြင့် မှတ်တမ်းဓါတ်ပုံများအား ရိုက်ကူးပေးရန် စောင့်ဆိုင်းလျှက်ရှိသည်။ (၁၂း၃ဝ) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဥက္ကဋ္ဌ ဦးကျော်သူ၊ ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင် တို့နှင့်အတူ ပရဟိတသမားများ စုံညီစွာဖြင့် နာရေးနေအိမ်သို့ သွားရောက် ကာ နေအိမ်လမ်းထိပ်တွင် နိဗ္ဗာယာဉ်အားရပ်နား၍ နိုင်ငံခြားဖြစ်အခေါင်းအား နန်းခင်ဇေယျာနှင့် ခင်ဝင့်ဝါ တို့မှ ဦးဆောင်၍ အသင်းသူများတို့ဖြင့် တိုက်ခန်းရှိရာသို့ သယ်ဆောင်ခဲ့ကြသည်။

ထို့နောက် ကွယ်လွန်သူ ဦးကြည်သူ အသက် (၄၅) နှစ်၏ ရုပ်ခန္ဓာအား တော်ဝင်အိမ်ရာ ဒုတိယထပ်မှတဆင့် ထမ်းပိုးသယ်ဆောင် ၍ တိုက်ခန်းရှေ့တွင် အသင့်ပြင်ဆင်ထားသည့် နိုင်ငံခြားဖြစ် အခေါင်းထဲသို့ထည့်သွင်း၍ ယူဆောင်လာ သော နှင်းဆီပန်းပွင့်များဖြင့် ကွယ်လွန်သူ၏ ရုပ်ခန္ဓာအား ပြင်ဆင်မွန်းမံပေးပြီးနောက် ကျန်ရစ်သူမိသားစု တို့အား အသင်းသား/သူများတို့မှ စုပေါင်း၍ လှူဒါန်းထားသည့် အလှူငွေ ၄၂၆ဝဝဝိ/- (လေးသိန်းနှစ် သောင်းခြောက်ထောင်) ကျပ်တိတိ၊ ဈာပနပို့ဆောင်သူတို့အတွက် အသုံးပြုရန် ပေးဝေသည့် ယပ်တောင် (၃ဝဝ) လက်နှင့် သင်္ကန်းပရိက္ခရာအစုံအား (၇) ရက်ပြည့် ရက်လည်ဆွမ်းကပ် လှူဒါန်းမှုပြုရန်အတွက် ပေးအပ်လှူဒါန်းခဲ့သည်။ 
 
ထို့နောက် ရုပ်ခန္ဓာထည့်သွင်းထားသည့် အခေါင်းအား ဦးကျော်သူ၊ ဦးရဲလွင်၊ ကိုဆောင်းဦးလှိုင်၊ လင်းထက်၊ အာကာကျော်တို့မှ ဦးဆောင်၍ အသင်းသားများတို့ဖြင့် နိဗ္ဗာန်ယာဉ်ပေါ် ပြန်လည်တင်ဆောင်ပြီး ရေဝေးသုဿန်သို့ စည်ကားသိုက်မြိုက်စွာဖြင့် ရပ်ကွက်သူ/သားများ၊ တော်ဝင် မေတ္တာ သာမှုနာမှုကူညီရေးအသင်း၊ နာရေးကူညီမှုအသင်း(ရန်ကုန်) ဝတ်ရွတ်အဖွဲ့တို့နှင့်အတူ ပို့ဆောင် သင်္ဂြိုဟ်ပြီးစီးခဲ့ပါသည်။
ထို တစ်သောင်းပြည့် ဈာပနပို့ဆောင် အခမ်းအနားအတွက် အချိန်ပေး၍ လုပ်အားဒါနပြုကြသော အသင်းသား/သူများ၊ ပရဟိတ လူငယ်မောင်မယ်များ၊ ဂီတပညာရှင်များ၊ ပန်းချီပညာရှင်လူငယ်များ၊ မြန်မာ့အလှမယ်များ၊ ပြည်တွင်းသတင်းမီဒီယာများ၊ ဓါတ်ပုံပညာရှင်များနှင့်အတူ သတင်းမှတ်တမ်းများ လာရောက်ရိုက်ကူးကြသော ပြည်ပသတင်းဌာနများဖြစ်ကြသော DVB, RFA ဝိုင်းတော်သားများအားလည်း အများပြည်သူ ဈာပနရှင်တို့ကိုယ်စား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခု ၂ဝ၁၃ ခုနှစ်အတွက် နာရေးကူညီမှုတစ်သောင်းပြည့် အခမ်းအနားတွင် လူသားချင်းစာနာစိတ် ရှိကြသော၊ ဗြဟ္မစိုရ်စိတ်ဓါတ်များ လက်ကိုင်ပြုထားသော၊ အများပြည်သူလူထုတို့အား ကျေးဇူးပြန်လည် ဆပ်ကြသော ပရဟိတသူရဲကောင်းများ ဖြစ်ကြသည့် ဦးရဲလွင်(မဇ္ဈိမလှိုင်း)၊ ကိုဆောင်းဦးလှိုင်တို့အပြင် မြန်မာ့ဂုဏ်ထူးဆောင် လူငယ်မျိုးဆက်သစ်များဖြစ်ကြသော တေးရေး လင်းထက် Graffiti Artist လူငယ် ပညာရှင် အာကာကျော်နှင့်အဖွဲ့တို့အပြင် နန်းခင်ဇေယျာ၊ ခင်ဝင့်ဝါ တို့မှ နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် အတူတကွ ပူးပေါင်းပါဝင်လာမှုသည် အနာဂတ် လူမှုရေးလောကအတွက် ငြိမ်းချမ်းမှုပြယုဂ်အဖြစ် လူမှုရေး သမိုင်းမှတ်တိုင်တစ်ခုအဖြစ် ထူထောင်နိုင်ခဲ့တော့သည်။
 
နာရေးကူညီမှုအသင်း (ရန်ကုန်)

ပရဟိတမယ် ခင်ဝင့်ဝါ...


ပရဟိတမယ် ခင်ဝင့်ဝါ

(၇) ရက်သော သားသမီးများတို့အား အမှူးထားပြီး Miss Supranational Internet ဆု၊ Missosology Website မှ ပေးအပ်သည့် People Choice Award, Face of Miss Supranational 2013, Belarus Webste မှ ပေးအပ်သည့် Most Beautiful Girl in the World အစရှိသည့် ဆု (၄) ဆု ဆွတ်ခူး ရယူခဲ့သူ ခင်ဝင့်ဝါသည် အမိမြန်မာပြည်သို့ ပြန်လည်ရောက်ရှိခဲ့ချိန်၌ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ၆.၇.၂ဝ၁၃ ရက်နေ့တွင် မိသားစုနှင့်အတူ အလှူငွေ ၅ဝဝဝဝဝိ/- (ငါးသိန်းကျပ်) တိတိတို့အား လာရောက် လှူဒါန်းခဲ့ရာ ဥက္ကဋ္ဌ ဦးကျော်သူမှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

            ဦးကျော်သူမှ အသင်း၏ လုပ်ဆောင်ပေးဆပ်မှုများ (နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေး ကူညီမှုနှင့် အရေးပေါ်ကယ်ဆယ်ရေး) အစရှိသည်တို့အား လိုက်လံရှင်းလင်း ပြသခဲ့ပြီး ၇.၁ဝ.၂ဝ၁၃ ရက်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ၂ဝ၁၃ ခုနှစ် တစ်နှစ်တာအတွင်း နာရေးကူညီမှု (တစ် သောင်းပြည့်) အစီအစဉ်အား ကျင်းပပြုလုပ်ရန်ရှိကြောင်း ပြောကြားခဲ့ရာ ခင်ဝင့်ဝါမှ ယင်းနေ့တွင် စာမေးပွဲ တစ်ခု ဖြေဆိုရန်ရှိနေသည့်အတွက် စာမေးပွဲဖြေဆိုပြီးချိန်တွင် လာရောက်၍ ကိုယ်တိုင်ကိုယ်ကျ ယင်း တစ်သောင်းပြည့် နာရေးဈာပနအား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ၊ အသင်းသား/ သူများ၊ လူမှုရေးမောင်နှမများ၊ ပရဟိတ အနုပညာမောင်နှမများနှင့်အတူ လက်တွဲ၍ ကုသိုလ်ယူမည် ဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။

            ထိုကဲ့သို့သော နုငယ်လှပသည့် မြန်မာနိုင်ငံ၏ ဂုဏ်
ထူးဆောင် အလှမယ်ကလေးများဖြစ်ကြသော နန်းခင်ဇေယျာ၊ ခင်ဝင့်ဝါ၊ ဂုဏ်ရည်အေးကျော်တို့ကဲ့သို့ လူသားတိုင်း မလွန်ဆန်နိုင်သော သေခြင်းတရား ဖြစ်သည့် နာရေးတည်းဟူသော နောက်ဆုံးခရီးစဉ်အား မိမိတို့ပိုင်ဆိုင်မှု မှတ်တိုင်ထူထားသော ဘွဲ့ထူး၊ ဂုဏ်ထူး၊ ဆုတံဆိပ်များနှင့် မသက်ဆိုင်သည်ဟု အများထင်မြင် ယူဆထားသော အယူသည်းမှုတို့ကို ရိုက်ချိုးတိုက်ဖျက်မှုအတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှများစွာ လေးစားဂုဏ်ယူမိကာ သံသရာဘဝ မှ စောင့်မျှော်နေကြသော သမ္မာဒေဝါ နတ်ကောင်းနတ်မြတ်များတို့မှလည်း သာဓု .. သာဓု .. သာဓု ဟု ခေါ်ဆိုနေမည်မှာ မလွဲတော့ပေ။

နာရေးကူညီမှုအသင်း (ရန်ကုန်)

သံတွဲမြို့ ကမ္ဘောဇဘဏ်မှ အမျိုးသမီးဝန်ထမ်းများ၏ (ပေးစာ)

သံတွဲမြို့ ကမ္ဘောဇဘဏ်မှ  အမျိုးသမီးဝန်ထမ်းများ၏ (ပေးစာ)

တရားဥပဒေ နှင့် ဘ၀ရပ်တည်ရေးကို ရွေးချယ်ရတော့မည့် သံတွဲဒေသ မှ ရခိုင်တိုင်းရင်းသူ ဘွဲ့ရ မိန်းကလေးများ .... (ပေးစာ)

သံတွဲမြို့ ပေါ်တွင် ပုဂ္ဂလိက ဘဏ်တစ်ခုဖြစ်သော ကမ္ဘောဇဘဏ်တွင် တာဝန် ထမ်းဆောင်နေရသော ၀န်ထမ်းများ(အထူးသဖြင့် မိန်းကလေးများမှာ) ဘဏ်ဖွင့်ရက်များတွင် နေ့စဉ် ဘဏ်ပိတ်ချိန်တွင် မပြန်ရဘဲ အချိန်ပိုဆင်း နေရပါသည်၊

 မိမိတို့ လုပ်ငန်းခွင်တိုးတက် အဆင်ပြေစေရန် အချိန်ပို ဆင်းရခြင်းသည်ကောင်းမွန်သည်မှန်သော်လည်း၊ လတ်တလော ဒေသ တွင်းအခြေအနေရ ည ၆ နာရီမှ မနက် ၆နာရီထိ အပြင်မထွက်ရပါ၊ ညနေ ၆နာရီ ထိုးရန် ၅မိနစ်အလိုမှ ပြန်ခွင့်ရသည့်အတွက်၊ တရားဥပဒေ နှင့် ဘ၀ရပ်တည်ရေးကို ရွေးချယ်ရတော့မည့် အခြေအနေကြုံတွေ့ နေရပါသည်။

အချို့ သော သူများမှာ ဂျိတ်တော၊ မြပြင် ရွာများသို့ ပြန်ရပါသည်။ ညမထွက်ရအမိန့်ကြောင့် လမ်းတစ်လျှောက်တွင် လူသွားလူလာမရှိ ၊ လိုင်းကားများ မရှိတော့သည့်အချိန်ဖြစ် သဖြင့် ဆိုင်ကယ် သို့ မဟုတ် စက်ဘီးဖြင့် ပြန်နေရသည့်အတွက် ညနက်မှ အိမ်သို့ ပြန်ရောက်ပါသည်၊ မိသားစုလည်း အိမ်မှာနေပြီး စိတ်ပူနေရသကဲ့ သို့ ကာယကံရှင်မှာလည်း အိမ်မရောက်မခြင်း ဆိုင်ကယ် ၊သို့ မဟုတ် စက်ဘီး လမ်းခုလတ်မှာ မပျက်ပါစေနဲ့ စက်မချို့ ယွင်းပါစေနဲ့  ညမထွက်ရ အမိန့်ကို ဖေါက်ဖျက်သူအဖြစ် အဖမ်းမခံပါရစေနဲ့ ....စသည်ဖြင့် ပူပန်စိတ်များဖြင့် ကြုံတွေ့နေရပါသည်။

 ဘ၀ရပ်တည်ရေးအတွက် ... လက်ရှိကြုံတွေ့ နေရသော အခက်အခဲကို ........ဘဏ်မှ မာန်နေဂျာ အတွေးအခေါ် မရှိ၊ မစာနာတတ်တဲ့ အတွက် ယခုကဲ့သို့ ကြုံတွေ့နေရခြင်းဖြစ်ပါသည်။

 .... ယခုလို အချိန်အခါမျိုးတွင် မိမိတို့၏ လုံခြုံရေးနှင့် မိမိတို့၏ မိဘများ ပူပန်စိုးရိမ်မှုများအား .... တရားဥပဒေကို လေးစား(ကြောက်)ပါတယ်။ ယခုလို သံတွဲမြို့ပေါ်တွင် လုံခြုံရေးအတွက် ညမထွက်ရအမိန့် ထုတ်ထားသော အချိန်အခါတွင် အခြားသော သံတွဲမြို့ ပေါ်မှ ပုဂ္ဂလိက ဘဏ်များလို အချိန်စောစော ပြန်ချင်ပါသည်...။ ယခုကဲ့သို့ ကျွန်မတို့ ကမ္ဘောဇဘဏ်မှ ဝန်ထမ်းများ၏ စိုးရိမ်ကြောင့်ကျမှုများအား သက်ဆိုင်ရာ တာဝန်ရှိသူများမှ မေးမြန်းဖြေရှင်း ပေးပါရန် ရေးသားတင်ပြ အပ်ပါသည်..။

တရားဥပဒေနှင့် ဘ၀ရပ်တည်ရေးကို ရွေးချယ်ရတော့မည့် 
သံတွဲဒေသ မှ ရခိုင်တိုင်းရင်းသူဘွဲ့ ရ မိန်းကလေးများ ...
ဓာတ်ပုံ ARAKAN TIMES

အမေးရှိရင် အဖြေရှိရမယ် (ကျော်သူ)

အမေးရှိရင် အဖြေရှိရမယ်
(ကျော်သူ)

မြန်မာပြည်သူလူထုတို့အတွက် အနစ်နာခံ ပေးဆပ်နေကြသည်ဟု ကမ္ဘာနှင့် မြန်မာမှာပါ ပြောဆိုပြီး အရပ်ဘက်အဖွဲ့အစည်းများဥပဒေ ပေါ်ပေါက်လာရေးအတွက် ကြိုးစားပမ်းစား အကောင် အထည်ဖော် ဆောင်ရွက်နေကြသော အဖွဲ့အစည်း (သို့) အုပ်စုတစ်စုအတွင်းရှိ သူတို့အား ကျွန်တော် မေးမြန်းလိုသည်မှာ -
·       သင်တို့သည် ဗြဟ္မစိုရ်တရားလေးပါး၏ အဓိပ္ပါယ်နှင့် အနှစ်သာရကို သိရှိပါသလား ??

·       သင်တို့သည် ရောဂါဝေဒနာ ခံစားနေသူတစ်ဦးအား ကိုယ်တိုင်ကိုယ်ကျ ကယ်တင်ဖူးပါသလား ??

·       သင်တို့သည် ကျောင်းသားလူငယ်လေး တစ်ဦးတစ်ယောက်အား အသိပညာ၊ အတတ်ပညာရပ် များအား ဆုံးခန်းတိုင် စီစဉ်ဆောင်ရွက်ပေးဖူးပါသလား ??

·       သင်တို့သည် ကွယ်လွန်သွားသူတစ်ဦး၏ နာရေးကိစ္စရပ်အား ကိုယ်တိုင်ကိုယ်ကျ ထမ်းပိုး သင်္ဂြိုဟ်ပေးမှု လုပ်ဆောင်ပေးဖူးပါသလား ??

·       သင်တို့သည် ရန်သူမျိုးငါးပါးကြောင့် ဒုက္ခပင်လယ်ကြီးထဲမှာ နစ်မွန်းနေသူအပေါင်းတို့အား ကိုယ်တိုင်ကိုယ်ကျသွားရောက်၍ ထိထိမိမိ အားပေးကူညီ လှူဒါန်းမှုမျိုး လုပ်ဖူးပါသလား ??

·       သင်တို့သည် မြန်မာပြည်သူလူထုအပေါင်းအား မြန်မာပြည်သူလူထုတို့ လှူဒါန်းထားသော အလှူငွေ (ငွေကြေး)တို့ဖြင့် “အများပြည်သူအတွက် အများပြည်သူကောင်းမှု” ဟူ၍ ကိုယ်ကျိုး မပါဘဲ လိပ်ပြာသန့်စွာ ပေးဆပ်မှုမျိုး လုပ်ဖူးပါသလား ??

·       သင်တို့သည် မိမိတို့ ကူညီလှူဒါန်း ဆောင်ရွက်ပေးမှု အပေါင်းတို့အပေါ် ရဲဝံ့စွာ သစ္စာဆို အမျှပေးဝေရဲပါသလား ??

·       သင်တို့သည် ဒုက္ခရောက် ပြည်သူလူထုတို့အား စွန့်လွှတ်အနစ်နာခံ ပေးဆပ်နေကြသော လူမသိ သူမသိ မထင်မရှား ဗြဟ္မစိုရ်လူသားများ (သို့) လူမှုရေးအသင်းအဖွဲ့ငယ်များထံသို့ သွားရောက် ခြေချပြီး သူတို့နှင့်အတူ ထပ်တူခံစားဖူးပါသလား။

          အထက်ပါ အချက် (၈) ချက်လုံးဖြင့် ပြီးပြည့်စုံသော အဖွဲ့အစည်း (သို့) အုပ်စုတစ်စုမှ အရပ်ဘက် လူ့အဖွဲ့အစည်းဥပဒေအား ဦးဆောင်ဆွေးနွေး တင်ပြမည်ဆိုပါက ကျွန်တော် ဘာမှ မပြောလိုတော့ပေ။
မြန်မာပြည်သူ/သားတို့အတွက်၊ မြန်မာ့ (ပြည်တွင်း)လူမှုရေးအဖွဲ့အစည်းများအတွက် ရင်လေးစွာဖြင့်

လိပ်ပြာသန့်စွာဖြင့် လူမှုရေးသစ္စာဆိုရဲတဲ့

       ကျော်သူ

ကြာကြာဝါးမယ့်သွား ဘာစားစား အရိုးကြည့်ရှောင်ဟေ့...

ကြာကြာဝါးမယ့်သွား ဘာစားစား အရိုးကြည့်ရှောင်ဟေ့...

ယနေ့ဂျပန် သတင်းရုပ်သံများမှ ၁၉၆၁ခုနှစ်က နောက်ဆုံးအကြိမ် ပြုလုပ်ခဲ့ပြီး အာဏာရှင် ဦးနေဝင်း လက်ထက်မှ စ၍ ရပ်နားခဲ့ကာ ၅၂နှစ်ကြာမှ ပြန်လည် ကျင်းပခဲ့တဲ့ “2013 Miss Universe Myanmar" ပြိုင်ပွဲနှင့်အတူ ဆုရရှိခဲ့သည့် မိုးစက်ဝိုင်ရဲ့ သတင်းဓာတ်ပုံအား ဖော်ပြပါရှိခဲ့သည်။

ယနေ့ အင်တာနက် နောက်ဆုံးသတင်းတွေမှာတော့
တက္ကသိုလ်များ ချန်ပီယံလိဂ်ဖွင့်ပွဲမှာ “2013 Miss Universe Myanmar" မိုးစက်ဝိုင် တက်ရောက်တဲ့ သတင်းနဲ့အတူ ချန်ပီယံဆုရ အသင်းအား နေရွှေသွေးအောင်မှ
မှသိန်း ၅၀ ဆုချီးမြှင့် မည်ဆိုသည့် သတင်းဓာတ်ပုံများ တက်လာခဲ့သည်။

အဆိုပါ နေရွှေသွေးအောင်နှင့် 2013 Miss Universe Myanmar မိုးစက်ဝိုင်တို့ ယှဉ်တွဲ ဓာတ်ပုံများ တက်လာပြီးနောက်ပိုင်းမှာ ဖေ့စ်ဘွတ်ခ် ပရိသတ်များမှ ဆုရရှိမှုအတွက် ဝေဖန်မှုတွေ ရှိလာသလို Vote ပေးမပေး ဝေဖန်ချက်မျိုးစုံ ထွက်လာခဲ့သည်...။

မည်သို့မျှ ဝေဖန်ချက် မပေးလို သို့ပေတည့် ထန်းသီးကြွေခိုက် ကျီးနင်းခိုက်ဆိုသလို အာဏာရှင် မြေးဖြစ်သူနှင့် အတူပေါ်ထွက်လာသည့် ဓာတ်ပုံမှတ်တမ်းများသည် မိုးစက်ဝိုင် ပရိသတ်တွေ အတွက် မျက်စိစကားမွှေး ဆူးစရာ ဖြစ်ခဲ့ရသည်..။

ထို့အတူ တက္ကသိုလ်များ ချန်ပီယံလိဂ် ဖလားသည်လည်း အာဏာရှင် မြေးဖြစ်သူ၏ ဖလားအဖြစ် ဆန့်ကျင်ဘက် အသွင်သဏ္ဍာန် အရောင်စွန်းထင်းခဲ့ရသည်။

ပြည်သူ၏ ထောက်ခံမှုသည် ရေရှည်တည်တံ့ခိုင်မြဲ၏။ အာဏာရှင်၏ ထောက်ခံမှုသည် တခဏသာ ဖြစ်သည်...။ အခန့်မသင့်လျှင် နာမည်ပါ ပျောက်ပျက် သွားနိုင်သည်..။

မည်သို့မျှ မဝေဖန်လို စိုင်းထီးဆိုင်၏ ပလက်ဖောင်းမင်းသား သီချင်းထဲက စာသားလေးတပိုဒ် သွားသတိရမိသည်..။ ကြာကြာဝါးမယ့်သွား ဘာစားစား အရိုးကြည့်ရှောင်ဟေ့တဲ့..။

သို့သော် ၅၂နှစ်ကြာမှ မြန်မာနိုင်ငံကိုယ်စားပြု ပြန်လည် ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့ Miss Universe ပြိုင်ပွဲအတွက်တော့ ပထမဦးဆုံး အကြိမ် ဖြစ်သည့်အတွက် ကမ္ဘာ့အလည်မှာ မျက်နှာ မငယ်ရလေအောင် ယခင်ဆုရရှိသူတွေအတိုင်း စိတ်ဓာတ်ရေးရာအရ Voteပေးသင့်သည်ဟု ယူဆမိသည်..။

“2013 Miss Universe Myanmar"ဆုရှင် မိုးစက်ဝိုင်အနေဖြင့် ပြည်သူမေတ္တာလည်း ခံယူပါ ထို့အတူ အာဏာရှင်နဲ့ ငွေကြေးရှင်တွေရဲ့ အရိုးကိုလည်းကြည့်ရှောင်ပါ..။ ထန်းသီးကြွေခိုက် ကျီးနင်း မခံရလေအောင် ဂရုပြုအပ်ပေသည်...။



ကြာကြာဝါးမယ့်သွား ဘာစားစား အရိုးကြည့်ရှောင်ဟေ့...

ဒီမိုဝေယံ

မိမိမြင်တွေ့ရသည့် ရှုထောင့်တခုကတော့ တက္ကသိုလ်များ ချန်ပီယံလိဂ် ဖလားသည်လည်း အာဏာရှင် မြေးဖြစ်သူ၏ ဖလားအဖြစ် ဆန့်ကျင်ဘက် အသွင်သဏ္ဍာန် အရောင်စွန်းထင်းခဲ့ရသည်ဟု မြင်မိသည်..။

ဓာတ်ပုံ Credit Popular Journal

ပေါ်ပြူလာ ဂျာနယ် သတင်း...

တက္ကသိုလ်များ ချန်ပီယံလိဂ်ဖွင့်ပွဲအား အောက်တိုဘာ ၅ ရက်နေ့  ၃း၃၀ နာရီက
ရန်ကုန်ယူနိုက်တက် အသင်းပိုင် မြက်ခင်းတုကွင်းတွင် ကျင်းပရာရန်ကုန်တိုင်း
ဝန်ကြီးချုပ်ဦးမြင့်ဆွေ တက်ရောက်ပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့်အတူ
အားကစားဝန်ကြီးဋ္ဌာနပြည်ထောင်စုဒုတိယ၀န်ကြီး ဦးသောင်းထိုက်၊ ဗိုလ်ချုပ်မှူးကြီး
(ငြိမ်း) ဦးသန်းရွှေ ၏ မြေးဖြစ်သူ ကိုနေရွှေသွေးအောင်(ဖိုးလပြည့်)တို့ က
အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပါသည်။

“2013 Miss Universe Myanmar မိုးစက်ဝိုင် မှ တက္ကသိုလ်များ
ချန်ပီယံလိဂ်ဆုဖလားကြီးကို အဖွင့်ပွဲစဉ်အခမ်းအနားတွင်
ပရိသတ်များရှေ့မှောက်သို့ သယ်ဆောင်ပေးမည်ဖြစ်ကြောင်း”
ဟုတင်ကြိုအသိပေးခဲ့တဲ့အတိုင်း
ပြိုင်ပွဲချီးမြှင့်မည့် တက္ကသိုလ်များ ချန်ပီယံလိဂ်ဆုဖလား အား
ပူပူနွေးနွေး Miss Universe Myanmar ဆုရှင် မိုးစက်ဝိုင်
ကပြိုင်ကားဖြင့် ကွင်းတစ်ပတ်ပတ်ပြီး သယ်ဆောင်လာကာ
ဆုဖလားကိုစင်မြင့်ထက်သို့ သယ်ယူပို့ ဆောင်ပေးခဲ့ပါသည်။

ဖွင့်ပွဲနေ့ တွင် ဆေး(၁) နှင့် WYTU တို့ စတင်ယှဉ်ပြိုင်ကစားကြပြီး
အဆိုပါ ပြိုင်ပွဲတွင် ချန်ပီယံဆုရအသင်းအား ကိုနေရွှေသွေးအောင်
မှသိန်း ၅၀ ဆုချီးမြှင့် မည်ဟု လည်းသိရပါသည်။

ရန်ကုန်ယူနိုက်တက်ကွင်း၊တက္ကသိုလ်ကွင်းနှင့် ပဒုမ္မာကွင်းတို့ တွင်
ယှဉ်ပြိုင်ကစားကြမည့်တက္ကသိုလ်များ ချန်ပီယံလိဂ်ဘောလုံး
အားကစားပွဲကိုအောက်တိုဘာ ၂၇ ထိကျင်းပမည်ဖြစ်ကြောင်းသိရသည်။
၁။ရွှေရုပ်တု (တန်ဖိုး - 700 US$)။၂။ရွှေဖိနပ်ဆု (တန်ဖိုး - 320 US$)။
၃။ကြယ်တံဆိပ်ရုပ်တု (တန်ဖိုး - 165 US$) ။၎။လည်ဆွဲတံဆိပ်ပြားများ (၁ခုလျှင် - 5 US$ )-ဖြစ်ပြီးဆုတံဆိပ်များအားလုံးကို စင်ကာပူနိုင်ငံမှ
သီးသန့်မှာယူတင်သွင်းထားခြင်းဖြစ်ပြီး နှစ်ရှည်လများခံစေရန် သတ္တုဖြင့်ပြုလုပ်ထားကြောင်းလည်းUniversities Champions League ဆုတံဆိပ်များ၏တန်ဖိုးကိုUniversities Champions Leagueမှသိရပါသည်။
Photo ZMT,credit-Universities Champions League,Ko SaiSai, ဒီမိုဝေယံ

နေပြည်တော် ရဲတပ်ဖွဲ့ဋ္ဌာနချုပ်၏ အဂတိလိုက်စားမှုအား စုံစမ်းစစ်ဆေး ပေးပါရန် (တိုင်ကြားစာ)

တရားဥပဒေစိုးမိုးရေးနှင့် အဂတိလိုက်စားမှု ပပျောက်ရေးအတွက်မည်သူ့တွင်တာဝန်ရှိသနည်း..

နိုင်ငံတော်သမ္မတနှင့်ကာကွယ်ရေးဦးစီးချုပ်တို့ သိရှိစေလိုပါသည်။

ဒီမိုကရေစီအစိုးရ လက်ထက်မှာ ရဲတပ်ဖွဲ့အနေဖြင့် တရားဥပဒေစိုးမိုးရေးကို အဓိက ဆောင်ရွက်နေပါသည်။ ခုတစ်လော ရဲတပ်ဖွဲ့မှာရေပန်းစားနေတာက ဒုရဲမှူးရာထူးတိုးမြင့်ပေးမယ့် ရဲအရာရှိတွေကို CID မှ စုံထောက်သင်တန်း တက်ရောက်စေတဲ့ ကိစ္စဖြစ်ပါတယ်။ အပြင်ဘက်ကကြည်မယ်ဆိုရင်တော့ နိုင်ငံတကာရဲနှင့် အဆင့်မှီအောင် သင်တန်းတက်စေပြီးမှ ဒုရဲမှူးရာထူး တိုးမြှင့်ပေးတယ်လို့ ထင်ရပေမယ့်  အတွင်းဘက်ကို ဖေါက်ထွင်းကြည့်မယ်ဆို နေပြည်တော်ရဲတပ်ဖွဲ့ဋ္ဌာနချုပ်က အဂတိ လိုက်စားမှု ပြုလုပ်နေခြင်း ဖြစ်ပါတယ်။ 

အစိုးရသစ်အနေဖြင့် ပြုပြင်ပြောင်းလဲရေး ကာလမှာ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနေတယ်လို့ ထုတ်ဖေါ်ဝန်ခံတာကို တွေ့ရပေမယ့် ရဲတပ်ဖွဲ့ဋ္ဌာနချုပ်၏ အဂတိလိုက်စားမှုကို ပြုပြင်ပြောင်းလဲမှုပြုလုပ်ဖို့ ခက်ခဲနေပါတယ်။   အဓိကပြသနာကတော့ ရဲချူပ်နှင့် ပြည်ထဲရေးဝန်ကြီးဋ္ဌာနချုပ်တို့မှာ ကာကွယ်ရေးဦးစီးချုပ်မှ ခန့်အပ်ထားတဲ့ ပုဂ္ဂိုလ်များဖြစ်နေလို့ အစိုးရအဖွဲ့အနေနဲ့ အာဏာ သက်ရောက်မှုမရှိပဲ ပြုပြင်ပြောင်းလဲရေး ပြုလုပ်ဖို့ ခက်ခဲနေပါတယ်။

 ရဲတပ်ဖွဲ့ အကြီးအကဲများက အဂတိလိုက်စားမှု မကင်းဘူးဆိုရင် အောက်ခြေရဲ တပ်ဖွဲ့ဝင်များကပါ လာဘ်ပေး လာဘ်ယူမှု ပြုလုပ်နေမယ်ဆိုရင် ဒုစရိုက်မှုတွေများပြားပြီး တရားဥပဒေစိုးမိုးရေး မရှိတော့ဘူး စုံထောက် သင်တန်းတက်ရောက်ဖို့ ရဲအုပ်များ၏ အမည်စာရင်းကို တပ်ရင်းတပ်ဖွဲ့အလိုက် ရုံးချုပ်သို့ ပေးပို့ရာမှာ လုပ်သက်ရင့်သူ အရာရှိများကို ဦးစားပေး စာရင်းပြုစုတင်ပြမှု ရှိမရှိဆိုရာတွင် တပ်ရင်းတပ်ဖွဲ့ အလိုက်ပေးပို့ခဲ့တဲ့ အမည်စာရင်းများအတိုင်း နေပြည်တော် ရဲတပ်ဖွဲ့ဋ္ဌာနချုပ်မှ မှန်မှန်ကန်ကန် သင်တန်းစေလွှတ် ဆောင်ရွက်မှုရှိ မရှိဆိုရာတွင် စီစစ်လိုက်ရင် အမည်စာရင်းကွဲလွဲမှုတွေကို တွေရမှာဖြစ်ပါတယ်...။ နေပြည်တော် ရဲတပ်ဖွဲ့ ဋ္ဌာနချုပ်မှ ရဲအုပ်တစ်ဦးစီလျှင် ငွေကျပ် (ငါးသိန်း)စီရယူပြီး စုံထောက်သင်တန်း တက်ရောက်ခွင့်ပြုခဲ့တယ်ဆိုတာ စစ်ဆေး ပေါ်ပေါက်မှာဖြစ်ပါတယ်။

မှန်မှန်ကန်ကန် စုံစမ်းစစ်ဆေးမယ်ဆိုရင် ညွှန်ချုပ်နှင့် အခြားဦးစီးဋ္ဌာနတို့မှ ပူးပေါင်း ဆောင်ရွက်သင့်ပါတယ်။ စက်တင်ဘာလ၂ရက်နေ့က ဒုရဲမှုး ၄၁၂ ဦး ရာထူးတိုးများအနက် အချို့မှာ စုံထောက်သင်တန်း မတက်ရသူများ ဟုသိရှိရပါသည်။ လက်ရှိ CID မှာ စုံထောက် သင်တန်းတက်နေတဲ့ ရဲအုပ်၁၅၀ ဦးနှင့် သင်တန်းတက်ရန်ကျန်ရှိနေတဲ့ ရဲအုပ်၃၀၀ တို့၏လုပ်သက်အနုအရင့် တို့ကိုပြန်လည် စီစစ်ပေးပါ။ ဒီကိစ္စနဲ့ပတ်သက်လို့ မှုခင်းတပ်ဖွဲမှ စုံစမ်းစစ်ဆေးရာမှာ မပေါ်ပေါက်ဟုသိရပါတယ်။

 ပြည်ထောင်စုအဆင့် စစ်ဆေးဖေါ်ထုပ်မှုကို အခြားပြည်ထောင်စု အဆင့်အဖွဲ့အစည်းမှ စုံစမ်းစစ်ဆေးမှသာ အမှန်တရားကို ဖေါ်ထုတ်နိုင်မှာဖြစ်ပါတယ်။ လက်ရှိအခြေအနေတွင် ရဲချုပ်နှင့် ရဲချုပ်အားတာဝန်ပေးအပ်မှုတို့မှာ ဥပဒေအထက်တွင် ရှိနေသည်ဟု မြင်နေရပါသည်။ တပ်မတော်တွင် လုပ်သက်ရင့်သူကို လုပ်သက်နုသူက လေးစားရပြီး ရာထူးတိုးမြှင့်ရာတွင်လဲ လုပ်သက်ရင့်သူကို ဦးစားပေးသည့် အစဉ်အလာကောင်း စည်းကမ်း ရှိပါသည်။ ရဲတပ်ဖွဲ့တွင်မူ စည်းကမ်းမရှိပဲ အဂတိ လိုက်စားမှုများရှိသည့်အတွက်  ရဲတပ်ဖွဲ့တွင်တာဝန်ရှိသူ အဆင့်ဆင့်ကိုဖေါ်ထုတ်ပြီး ပညာပေး အရေးယူသင့်ပါသည်။ 

သိုမှသာရဲတပ်ဖွဲ့သည် စည်းကမ်းရှိသော တပ်ဖွဲ့ တစ်ဖွဲ့ဖြစ်လာနိုင်မှာ ဖြစ်ပါသည်။ 
သို့ဖြစ်ပါ၍ တရားဥပဒေ စိုးမိုးရေးကို အဓိက ဆောင်ရွက်နေသည် ဆိုသော
 ပြည်ထဲရေးဝန်ကြီးဋ္ဌာန အနေဖြင့်   တပ်ရင်းတပ်ဖွဲ့ အလိုက်ပေးပို့ခဲ့တဲ့ 
အမည်စာရင်းများအတိုင်း  မှန်မှန်ကန်ကန် သင်တန်းစေလွှတ် ဆောင်ရွက်မှုရှိ မရှိနှင့်
ရဲအုပ်တစ်ဦးစီလျှင် ငွေကျပ် (ငါးသိန်း)စီရယူပြီး စုံထောက်သင်တန်း တက်ရောက်ခွင့်ပြုခဲ့သည်  နေပြည်တော် ရဲတပ်ဖွဲ့ဋ္ဌာနချုပ်၏ အဂတိလိုက်စားမှုအား စုံစမ်းစစ်ဆေး ပေးပါရန် ပန်ကြားအပ်ပါသည်...။

နစ်နာရသော ရဲအရာရှိများ..

အမေးဘုရားအလောင်း အဖြေနွားကျောင်းသား.. (လွှတ်တော်အတွင်းမှ NLD အမေး ကြံ့ဖွံ့အဖြေ..)

အမေးဘုရားအလောင်း အဖြေနွားကျောင်းသား.. (လွှတ်တော်အတွင်းမှ NLD အမေး ကြံ့ဖွံ့အဖြေ..)

http://www.youtube.com/watch?v=Xohg0uHjATM&feature=youtu.be
 ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတနဲ့ ဝန်ကြီးအဖွဲ့ဝင် အတွင်းမှာ တာဝန်တွေရရင် ပါတီနဲ့ ပတ်သက်ခွင့် မရှိဆိုတဲ့ အခြေခံဥပဒေပါ အချက်နဲ့ ပတ်သက်ပြီး အဖွဲ့ချုပ် ပုသိမ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်ရဲ့  အမေးကို ကြံ့ဖွံ့ပါတီက ပြန်လည် ဖြေဆိုရာမှာတော့
 လေလုံးမကွဲ ဝေ့လည်ကြောင်ပတ် မြန်မာစကားနဲ့ ဖြေရှင်းရမှာကို Dictionary ပါမချန် Definitionဖွင့်ပြီး ရောချသွားလေရဲ့...။ ဒီလို အနှစ်သာရမရှိ ရောချတဲ့ အဖြေကိုတောင် တို့လူလေးများ ဆိုသလေး ဝေလေလေ ဆိုပြီး လက်ခုပ်သံတွေ တညံညံကိုလည်း နားဆင်ရမှာပါ..။ 

မြန်မာစကားပုံမှာ ပါရှိတာကတော့ အမေးနွားကျောင်းသား အဖြေဘုရားအလောင်းတဲ့ ယခုရုပ်သံမှာ မြင်တွေ့ရတာကတော့ အမေးဘုရားအလောင်း အဖြေနွားကျောင်းသား လို့ဆိုရလေမလားပဲ..။

ဒီမိုဝေယံ
ရုပ်သံ Aldo Sawaldo