ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

နေပြည်တော် ရဲတပ်ဖွဲ့ဋ္ဌာနချုပ်၏ အဂတိလိုက်စားမှုအား စုံစမ်းစစ်ဆေး ပေးပါရန် (တိုင်ကြားစာ)

တရားဥပဒေစိုးမိုးရေးနှင့် အဂတိလိုက်စားမှု ပပျောက်ရေးအတွက်မည်သူ့တွင်တာဝန်ရှိသနည်း..

နိုင်ငံတော်သမ္မတနှင့်ကာကွယ်ရေးဦးစီးချုပ်တို့ သိရှိစေလိုပါသည်။

ဒီမိုကရေစီအစိုးရ လက်ထက်မှာ ရဲတပ်ဖွဲ့အနေဖြင့် တရားဥပဒေစိုးမိုးရေးကို အဓိက ဆောင်ရွက်နေပါသည်။ ခုတစ်လော ရဲတပ်ဖွဲ့မှာရေပန်းစားနေတာက ဒုရဲမှူးရာထူးတိုးမြင့်ပေးမယ့် ရဲအရာရှိတွေကို CID မှ စုံထောက်သင်တန်း တက်ရောက်စေတဲ့ ကိစ္စဖြစ်ပါတယ်။ အပြင်ဘက်ကကြည်မယ်ဆိုရင်တော့ နိုင်ငံတကာရဲနှင့် အဆင့်မှီအောင် သင်တန်းတက်စေပြီးမှ ဒုရဲမှူးရာထူး တိုးမြှင့်ပေးတယ်လို့ ထင်ရပေမယ့်  အတွင်းဘက်ကို ဖေါက်ထွင်းကြည့်မယ်ဆို နေပြည်တော်ရဲတပ်ဖွဲ့ဋ္ဌာနချုပ်က အဂတိ လိုက်စားမှု ပြုလုပ်နေခြင်း ဖြစ်ပါတယ်။ 

အစိုးရသစ်အနေဖြင့် ပြုပြင်ပြောင်းလဲရေး ကာလမှာ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနေတယ်လို့ ထုတ်ဖေါ်ဝန်ခံတာကို တွေ့ရပေမယ့် ရဲတပ်ဖွဲ့ဋ္ဌာနချုပ်၏ အဂတိလိုက်စားမှုကို ပြုပြင်ပြောင်းလဲမှုပြုလုပ်ဖို့ ခက်ခဲနေပါတယ်။   အဓိကပြသနာကတော့ ရဲချူပ်နှင့် ပြည်ထဲရေးဝန်ကြီးဋ္ဌာနချုပ်တို့မှာ ကာကွယ်ရေးဦးစီးချုပ်မှ ခန့်အပ်ထားတဲ့ ပုဂ္ဂိုလ်များဖြစ်နေလို့ အစိုးရအဖွဲ့အနေနဲ့ အာဏာ သက်ရောက်မှုမရှိပဲ ပြုပြင်ပြောင်းလဲရေး ပြုလုပ်ဖို့ ခက်ခဲနေပါတယ်။

 ရဲတပ်ဖွဲ့ အကြီးအကဲများက အဂတိလိုက်စားမှု မကင်းဘူးဆိုရင် အောက်ခြေရဲ တပ်ဖွဲ့ဝင်များကပါ လာဘ်ပေး လာဘ်ယူမှု ပြုလုပ်နေမယ်ဆိုရင် ဒုစရိုက်မှုတွေများပြားပြီး တရားဥပဒေစိုးမိုးရေး မရှိတော့ဘူး စုံထောက် သင်တန်းတက်ရောက်ဖို့ ရဲအုပ်များ၏ အမည်စာရင်းကို တပ်ရင်းတပ်ဖွဲ့အလိုက် ရုံးချုပ်သို့ ပေးပို့ရာမှာ လုပ်သက်ရင့်သူ အရာရှိများကို ဦးစားပေး စာရင်းပြုစုတင်ပြမှု ရှိမရှိဆိုရာတွင် တပ်ရင်းတပ်ဖွဲ့ အလိုက်ပေးပို့ခဲ့တဲ့ အမည်စာရင်းများအတိုင်း နေပြည်တော် ရဲတပ်ဖွဲ့ဋ္ဌာနချုပ်မှ မှန်မှန်ကန်ကန် သင်တန်းစေလွှတ် ဆောင်ရွက်မှုရှိ မရှိဆိုရာတွင် စီစစ်လိုက်ရင် အမည်စာရင်းကွဲလွဲမှုတွေကို တွေရမှာဖြစ်ပါတယ်...။ နေပြည်တော် ရဲတပ်ဖွဲ့ ဋ္ဌာနချုပ်မှ ရဲအုပ်တစ်ဦးစီလျှင် ငွေကျပ် (ငါးသိန်း)စီရယူပြီး စုံထောက်သင်တန်း တက်ရောက်ခွင့်ပြုခဲ့တယ်ဆိုတာ စစ်ဆေး ပေါ်ပေါက်မှာဖြစ်ပါတယ်။

မှန်မှန်ကန်ကန် စုံစမ်းစစ်ဆေးမယ်ဆိုရင် ညွှန်ချုပ်နှင့် အခြားဦးစီးဋ္ဌာနတို့မှ ပူးပေါင်း ဆောင်ရွက်သင့်ပါတယ်။ စက်တင်ဘာလ၂ရက်နေ့က ဒုရဲမှုး ၄၁၂ ဦး ရာထူးတိုးများအနက် အချို့မှာ စုံထောက်သင်တန်း မတက်ရသူများ ဟုသိရှိရပါသည်။ လက်ရှိ CID မှာ စုံထောက် သင်တန်းတက်နေတဲ့ ရဲအုပ်၁၅၀ ဦးနှင့် သင်တန်းတက်ရန်ကျန်ရှိနေတဲ့ ရဲအုပ်၃၀၀ တို့၏လုပ်သက်အနုအရင့် တို့ကိုပြန်လည် စီစစ်ပေးပါ။ ဒီကိစ္စနဲ့ပတ်သက်လို့ မှုခင်းတပ်ဖွဲမှ စုံစမ်းစစ်ဆေးရာမှာ မပေါ်ပေါက်ဟုသိရပါတယ်။

 ပြည်ထောင်စုအဆင့် စစ်ဆေးဖေါ်ထုပ်မှုကို အခြားပြည်ထောင်စု အဆင့်အဖွဲ့အစည်းမှ စုံစမ်းစစ်ဆေးမှသာ အမှန်တရားကို ဖေါ်ထုတ်နိုင်မှာဖြစ်ပါတယ်။ လက်ရှိအခြေအနေတွင် ရဲချုပ်နှင့် ရဲချုပ်အားတာဝန်ပေးအပ်မှုတို့မှာ ဥပဒေအထက်တွင် ရှိနေသည်ဟု မြင်နေရပါသည်။ တပ်မတော်တွင် လုပ်သက်ရင့်သူကို လုပ်သက်နုသူက လေးစားရပြီး ရာထူးတိုးမြှင့်ရာတွင်လဲ လုပ်သက်ရင့်သူကို ဦးစားပေးသည့် အစဉ်အလာကောင်း စည်းကမ်း ရှိပါသည်။ ရဲတပ်ဖွဲ့တွင်မူ စည်းကမ်းမရှိပဲ အဂတိ လိုက်စားမှုများရှိသည့်အတွက်  ရဲတပ်ဖွဲ့တွင်တာဝန်ရှိသူ အဆင့်ဆင့်ကိုဖေါ်ထုတ်ပြီး ပညာပေး အရေးယူသင့်ပါသည်။ 

သိုမှသာရဲတပ်ဖွဲ့သည် စည်းကမ်းရှိသော တပ်ဖွဲ့ တစ်ဖွဲ့ဖြစ်လာနိုင်မှာ ဖြစ်ပါသည်။ 
သို့ဖြစ်ပါ၍ တရားဥပဒေ စိုးမိုးရေးကို အဓိက ဆောင်ရွက်နေသည် ဆိုသော
 ပြည်ထဲရေးဝန်ကြီးဋ္ဌာန အနေဖြင့်   တပ်ရင်းတပ်ဖွဲ့ အလိုက်ပေးပို့ခဲ့တဲ့ 
အမည်စာရင်းများအတိုင်း  မှန်မှန်ကန်ကန် သင်တန်းစေလွှတ် ဆောင်ရွက်မှုရှိ မရှိနှင့်
ရဲအုပ်တစ်ဦးစီလျှင် ငွေကျပ် (ငါးသိန်း)စီရယူပြီး စုံထောက်သင်တန်း တက်ရောက်ခွင့်ပြုခဲ့သည်  နေပြည်တော် ရဲတပ်ဖွဲ့ဋ္ဌာနချုပ်၏ အဂတိလိုက်စားမှုအား စုံစမ်းစစ်ဆေး ပေးပါရန် ပန်ကြားအပ်ပါသည်...။

နစ်နာရသော ရဲအရာရှိများ..