ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အမေးဘုရားအလောင်း အဖြေနွားကျောင်းသား.. (လွှတ်တော်အတွင်းမှ NLD အမေး ကြံ့ဖွံ့အဖြေ..)

အမေးဘုရားအလောင်း အဖြေနွားကျောင်းသား.. (လွှတ်တော်အတွင်းမှ NLD အမေး ကြံ့ဖွံ့အဖြေ..)

http://www.youtube.com/watch?v=Xohg0uHjATM&feature=youtu.be
 ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတနဲ့ ဝန်ကြီးအဖွဲ့ဝင် အတွင်းမှာ တာဝန်တွေရရင် ပါတီနဲ့ ပတ်သက်ခွင့် မရှိဆိုတဲ့ အခြေခံဥပဒေပါ အချက်နဲ့ ပတ်သက်ပြီး အဖွဲ့ချုပ် ပုသိမ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်ရဲ့  အမေးကို ကြံ့ဖွံ့ပါတီက ပြန်လည် ဖြေဆိုရာမှာတော့
 လေလုံးမကွဲ ဝေ့လည်ကြောင်ပတ် မြန်မာစကားနဲ့ ဖြေရှင်းရမှာကို Dictionary ပါမချန် Definitionဖွင့်ပြီး ရောချသွားလေရဲ့...။ ဒီလို အနှစ်သာရမရှိ ရောချတဲ့ အဖြေကိုတောင် တို့လူလေးများ ဆိုသလေး ဝေလေလေ ဆိုပြီး လက်ခုပ်သံတွေ တညံညံကိုလည်း နားဆင်ရမှာပါ..။ 

မြန်မာစကားပုံမှာ ပါရှိတာကတော့ အမေးနွားကျောင်းသား အဖြေဘုရားအလောင်းတဲ့ ယခုရုပ်သံမှာ မြင်တွေ့ရတာကတော့ အမေးဘုရားအလောင်း အဖြေနွားကျောင်းသား လို့ဆိုရလေမလားပဲ..။

ဒီမိုဝေယံ
ရုပ်သံ Aldo Sawaldo