ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

RFA ကထုတ်လွှင့်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်း အသံဖိုင်။



RFA လွှင့်ထုတ်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်း အသံဖိုင်ပါ။

ပေးပို့လာသူ ညီငယ်အာကာ...၊ညိငယ် ခမိခဆဲ....။

Quarterly Human Rights Report (Jul-Sep 2009) by ND-Burma

Quarterly Human Rights Report (Jul-Sep 2009) by ND-Burma

ပေးပို့လာသူ ကိုအောင်မျိုးမင်းသိန်းအား ကျေးဇူးတင်ပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာတပ်ပေါင်းစု အဖွဲ့ကြီး၊ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ကြေငြာချက်။

Joint Statement No.7 2009 Bur
ပေးပို့လာသူ ကိုစိုင်း....

The Voiceဂျာနယ်။(နိုဝင်ဘာ၁၆)

The Voiceဂျာနယ်။(နိုဝင်ဘာ၁၆)

ပေးပို့လာသူ ကိုစိုင်း။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဆဋ္ဌမအကြိမ်ညီလာခံမှ ထုတ်ပြန်ကြေငြာချက်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဆဋ္ဌမအကြိမ်ညီလာခံမှ ထုတ်ပြန်ကြေငြာချက်။

ပေးပို့လာသူ မြတ်လေးငုံ

ရွှေဂုံတိုင်ကြေညာချက်ကို ဆုပ်ကိုင်ရန် အန်အယ်ဒီ-အယ်အေ ဆုံးဖြတ် (မဇ္ဈိမသတင်းဋ္ဌာန)

Photobucket
ကျော်သိင်္ခ
ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ 18 ရက် 2009 ခုနှစ် 19 နာရီ 45 မိနစ်


မဇ္ဈိမ (ချင်းမိုင်)။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-လွတ်မြောက်နယ်မြေက ညီလာခံကို ထိုင်း-မြန်မာနယ်စပ် တနေရာ၌ မကြာ သေးမီက ကျင်းပပြီးစီးပြီး ရွှေဂုံတိုင်ကြေညာချက်ကို ဆက်လက်ဆုပ်ကိုင်သွားမည်ဟု ဆုံးဖြတ်ခဲ့ကြသည်။

နိုဝင်ဘာလ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကျင်းပခဲ့သည့် ညီလာခံ၌ ၂ဝ၁ဝ ရွေးကောက်ပွဲကာလ အတွက် လုပ်ငန်းစဉ်များ ချမှတ်ခဲ့ပြီး မိခင်အဖွဲ့အစည်းဖြစ်သော အန်အယ်ဒီ၏ ကြေညာစာတမ်းပါ ရပ်တည်ချက်များကို ဆက်လက် ဆုတ်ကိုင်သွားမည်ဟု ဆုံးဖြတ်ကြောင်း အဖွဲ့အထွေထွေအတွင်းရေးမှူးကပြောသည်။

“ကျနော်တို့ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ တွေ့ဆုံဆွေးနွေးရေး ဖြစ်ဖို့အတွက် အတတ်နိုင်ဆုံး ကြိုးစား မယ်။ ရွှေဂုံတိုင်ကြေငြာစာတမ်းပါ ရပ်တည်ချက်တွေနဲ့အညီ ၂ဝ၁ဝ ရွေးကောက်ပွဲကို ဘယ်လို အခြေအနေ နဲ့ ဖြတ်သန်းမလဲ။ ဘယ်လိုပြင်ဆင်ထားသင့်တယ် ဆိုတာမျိုးကို လေးလေးနက်နက် ဆွေးနွေးကြပါတယ်” ဟု အဖွဲ့အထွေထွေအတွင်းရေးမှူး ဦးစိုးမြင့်က မဇ္ဈိမကိုပြောသည်။

ရွှေဂုံတိုင်ကြေညာစာတမ်းတွင် ၂ဝဝ၈ ခု ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးရေး၊ ၁၉၉ဝ ရွေးကောက်ပွဲရလဒ်ကို တနည်းနည်းဖြင့် အသိအမှတ်ပြုရေး၊ တွေ့ဆုံဆွေးနွေးရေးတို့ တောင်းဆိုထားသည်။

ထို့အပြင် ၂ဝဝ၈ ခု ဖွဲ့စည်းပုံအား ပြုပြင်ခြင်းမရှိပဲ ရွေးကောက်ပွဲကျင်းပခဲ့ပါက “ဆန့်ကျင်တိုက်ဖျက်” ရန် အတွက် နည်းလမ်းများကိုလည်း
ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သို့သော် အနောက်နိုင်ငံများက မြန်မာ နိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့ထားမှုများနှင့် ပတ်သက်၍မူ ညီလာခံ၌ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ခြင်း မရှိကြောင်း သိရသည်။

သုံးနှစ်တကြိမ် ကျင်းပသည့် ညီလာခံမှ ဥက္ကဌအသစ်အဖြစ် လွှတ်တော် အမတ် ဦးဘိုသောင်း၊ ဒုဥက္ကဌ အဖြစ် ဒေါက်တာအေးကျော်တို့ကို ရွေးချယ်ခဲ့သည်။ အလုပ်အမှု ဆောင်အဖွဲ့ဝင်များထဲတွင် လည်း လူငယ်များဖြင့် အစားထိုးရွေးချယ်မှုများရှိကြောင်း တွေ့ရသည်။

ဦးဘိုသောင်းသည် စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) အန်အယ်ဒီ လွှတ်တော် အမတ်ဖြစ်ပြီး ၁၉၉၂ ခုတွင် မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ ထွက်ခွာခဲ့သည်။ အန်အယ်ဒီ-လွတ်မြောက် နယ်မြေ (ဗဟို) ဒု-ဥက္ကဌ၊ မြန်မာနိုင်ငံအမျိုးသားကောင်စီတွင် အတွင်းရေးမှူးအဖွဲ့ဝင်၊ အဖွဲ့ဝင် (ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့) နှင့် အဝေးရောက်ညွန့်ပေါင်းအစိုးရ၏ လုပ်ငန်းကော်မတီဝင်တဦး လည်း ဖြစ်ခဲ့ဖူးသည်။

ဒုဥက္ကဌ ဒေါက်တာအေးကျော်သည် ယခင်က အန်အယ်ဒီ-လွတ်မြောက်နယ်မြေ (သြစတေးလျဌာနခွဲ) ဥက္ကဌတာဝန်ထမ်းဆောင်ခဲ့ပြီး အန်အယ်ဒီ-လွတ်မြောက်နယ်မြေ (ဗဟို) ၏ ဒုဥက္ကဌ တာဝန်ကို ယခုမှ စတင်ထမ်းဆောင်မည်ဖြစ်သည်။

ယခုနှစ် ညီလာခံသည် ဆဌမကြိမ်မြောက် ညီလာခံဖြစ်ပြီး၊ ဒေသတွင်းဆိုင်ရာလှုပ်ရှားမှုများရှိနေသဖြင့် မတက်ရောက်နိုင်သည့် ဂျပန်နှင့် မလေးရှားရှိ ဌာနခွဲများမှအပ နိုင်ငံတကာရှိ ဌာနခွဲ အားလုံးမှ ကိုယ်စား လှယ် စုစုပေါင်း ၄၃ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

၁၉၉ဝ ခု ရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရပြီးနောက် စစ်အစိုးရက အာဏာလွှဲ ပေးခြင်းမရှိပဲ အဖွဲ့ချုပ်ဝင်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအား ဖမ်းဆီးသဖြင့် အဖွဲ့ဝင်အချို့ နယ်စပ်ဒေသများသို့ တိမ်းရှောင်လာကာ ၁၉၉၁ ခုနှစ်တွင် ထိုင်း-မြန်မာနယ်စပ်ရှိ မာနယ်ပလောဌာနချုပ်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-လွတ်မြောက်နယ်မြေ (ဗဟို) ကို စတင်ဖွဲ့စည်းခဲ့ပြီး၊ ဒေါက်တာစိန်ဝင်းက ပထမဦးဆုံး ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ယခုအခါ ဒေါက်တာစိန်ဝင်းသည် အဝေးရောက်ညွန့်ပေါင်းအစိုးရ၏ ဝန်ကြီးချုပ်ဖြစ်သည်။

(ကိုဝိုင်း တည်းဖြတ်သည်)
http://www.mizzimaburmese.com/news/regional/4233-2009-11-18-13-28-43.html

ရွှေဂုံတိုင်ကြေငြာစာတမ်း အပြည်ပြည်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ။(အချိန်ဇယား မြန်မာ၊အင်္ဂလိပ်၊ဂျပန်)

Invitation
ရွှေဂုံတိုင်ကြေငြာစာတမ်း အပြည်ပြည်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ။(အချိန်ဇယား)(ENG-JP)

ရွှေဂုံတိုင်ကြေငြာစာတမ်း နှီးနှောဖလှယ်ပွဲ ဖိတ်ကြားစာ။

မြန်မာ့နိုင်ငံရေး အကြပ်အတည်း၏ တခုတည်းသော ထွက်ပေါက်ဖြစ်သည့် ရွှေဂုံတိုင်ကြေငြာစာတမ်း အကောင်အထည် ပေါ်လာနိုင်ရေးအတွက် နိုင်ငံတကာနှီးနှောဖလှယ်ပွဲကို ဂျပန်နိုင်ငံ တိုကျိုမြို့ Ochinomizu အရပ်ရှိ Rengo အဆောက်အဦးမှာ လာမည့် (၂၃)ရက်နေ တနင်္လာနေ့တွင် မနက်(၁၀)နာရီမှ ညနေ(၄)နာရီ အထိကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ဂျပန်ဋ္ဌာနခွဲမှ တာဝန်ယူ၍ အခြားသော မဟာမိတ်အဖွဲ့အစည်းများမှ ပူးပေါင်း ပါဝင်ကြမှာ ဖြစ်ပါတယ်။ ဂျပန်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ နိုင်ငံတကာသံတမန်များ၊ အာစီယံအမတ်၊ ၁၉၉၀ပြည့်နှစ် အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲချုပ် လွှတ်တော်ကိုယ်စားလှယ်၊ မြန်မာ့အရေးကျွမ်းကျင်သူ ဂျပန်ပညာရှင်များ၊ မြန်မာ့ဒီမိုကရေစီအရေး ထောက်ခံအားပေးသည့် ဂျပန်အဖွဲ့အစည်းအသီးသီးနှင့် သတင်းဋ္ဌာန အသီးသီးမှ မီဒီယာများ တက်ရောက်မည် ဖြစ်ကြောင်းသိရှိရပါသည်။..။

ဖိတ်စာ
Photobucket

ရွှေဂုံတိုင်ကြေငြာစာတမ်း မြန်မာ-ဂျပန်-အင်္ဂလိပ်.....။

Photobucket
PhotobucketShwegonetiing3

မမှန်သတင်းများနှင့် အမှောင်ထဲက ဖော်လံဖား စီဘောက်များ။


သတင်းမမှန်များဖြင့် မဲမှောင်နေသော စစ်အစိုးရ ဖော်လံဖားစီဘောက်များ

နဂိုကတည်းက နအဖအကြိုက် ဖော်လံဖားရေးသားနေတဲ့ ကျေးစေတမာန်(ကျီးစေတန်)နဲ့ OppositEye(စွေစောင်း) ဘလော့(၂)ခုမှ စီဘောက်များ ယနေ့မဲမှောင်ကာဘာမှ မမြင်ရတဲ့ အခြေအနေသို့ရောက်ရှိ သွားပါတယ်။ သတင်းအမှောင်များနဲ့ အမြင်မကြည်လင် တဖက်စောင်းနင်း ရေးသားဖော်ပြလေ့ရှိပြီး အထူးသဖြင့် လူထုခေါင်းဆောင်နှင့် ဒီမိုကရေစီအရေး လှုပ်ရှားသူများ၊ အဖွဲ့အစည်းများအား တဖက်စောင်းနင်း သတင်းများ မမှန်မကန်သတင်းများနှင့် တိုက်ခိုက်လေ့ရှိကာ ၊ နိုင်ငံရေးဘလော့များ ၊နိုင်ငံရေးသတင်းWebsite များအားလည်း နအဖပြန်ကြားရေးဝန်ကြီး ကျော်ဆန်း၏ မီဒီယာကို မီဒီယာဖြင့် တိုက်မည်ဆိုပြီး အောက်လမ်းနည်းဖြင့် Hack ခြင်း၊ စီဘောက်များတွင် ရုန့်ရင်းကြမ်းတမ်းသော အသုံးအနှုံးများ သုံးခြင်းဖြင့်ဖြင့် တိုက်ခိုက်လေ့ရှိပါတယ်။

ယနေ့မှာတော့ အမဲပေါ်အမဲထပ်ကာ ကျီးကန်းကို အိုးမဲသုတ် ပေးထားသကဲ့သို့ ဒယ်အိုးက အဖေခေါ်ရလောက်အောင် နအဖ၏ ခေတ်မမှီ မဖွံဖြိုး မီးမရသော နိုင်ငံကဲ့သို့ မဲမှောင်နေပါကြောင်း သတင်းကောင်း ပါးလိုက်ပါတယ်။ အောက်ပါလင့်ခ်များမှာ သွားရောက်ကြည့်ရှုနိုင်ပါသည်။

http://oppositeyes.blogspot.com/
http://kyeesaytaman.blogspot.com/

မေးလ်ထဲကပါ ပြန်လည်မျှဝေပါတယ်။