ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာ့နိုင်ငံရေးလှုပ်ရှားမှု ဖြစ်စဉ်အကျဉ်း
ပေးပို့လာသူ အာကာမိုး..
ဓာတ်ပုံများဖြင့် ပြန်လည်မျှဝေ ဖော်ပြပါသည်....
ပေးပို့လာသူ အာကာမိုး..
ဓာတ်ပုံများဖြင့် ပြန်လည်မျှဝေ ဖော်ပြပါသည်....
အဖော်ဆိုတာ ဘယ်လိုဟာမျိုးကို ခေါ်မလဲ....?
ကိုယ့်စိတ်ထဲမှာ ဘာတွေ ခံစားနေရတယ်ဆိုတာကို သိတဲ့သူ…
ကိုယ့်ကို ကိုယ်ချင်းစာနိုင်တဲ့သူ…
ကိုယ့်ကို နားလည်တဲ့သူ…
(နားလည်တယ် ဆိုရာမှာလည်း ကိုယ့်ရဲ့ အကောင်းရော ၊ အဆိုးရော ၊
အားနည်းချက်တွေ အကုန်လုံးကို နားလည်တာကို ဆိုလိုတယ်။)
ကိုယ့်ကို အလကားနေရင်း အပြစ်မတင်တဲ့သူ ၊
အပြစ်မရှာတဲ့သူ ၊ မဝေဖန် မရှုံချတဲ့သူ ၊
အပြစ်မရှာတဲ့သူကို ကိုယ့်အဖော်လို့ ခေါ်တယ် ။
နားလည်တယ်ဆိုတဲ့ ကိစ္စဟာ ရာခိုင်နှုန်းပြည့် ဘယ်တော့မှ မဖြစ်နိုင်ဘူး ။
သို့သော် နားလည်ချင်စိတ်ရှိတယ် ၊ နားလည်ဖို့ကြိုးစားတယ်ဆိုရင်ကိုပဲ
တော်လှပါပြီ ၊
အဲဒီလောက် ရှိရင်ကိုပဲ ဒီလူနှစ်ယောက်က အဖော်ဖြစ်လို့ရပြီ ။
စိတ်ချင်းအဖော်လုပ်ဖို့က တကယ် သတ္တိရှိမှ ရတယ် ။ ဟန်ဆောင်မှု မရှိမှ ရမယ် ။
အရိုးသားဆုံးဆက်ဆံရမယ် ။ ပြိုင်ဆိုင်မှု လုံးဝ မရှိရဘူး ။
အဲဒီလို....
မိတ်ဆွေတွေဟာ တွေ့ကြတဲ့အခါ ပစ္စည်းအကြောင်း မပြောဘူး ၊
ပိုင်ဆိုင်မှုတွေ အကြောင်း မပြောဘူး ။
ဘ၀အတွေ့အကြုံတွေ အပေါ်မှာ အခြေခံပြီး တိုးတက်လာတဲ့
ကိုယ့်ရဲ့ အသိဉာဏ် , စိတ်ထား , အတွေးအခေါ်တွေကို ဆွေးနွေးမယ် ။
တစ်ယောက်ကို တစ်ယောက်အနိုင်မယူရဘူး ။
အထင်သေးတာ အထင်ကြီးတာ မရှိရဘူး ။
တစ်ယောက်ကို တစ်ယောက် နားလည်နိုင်ရမယ် ။
တစ်ယောက်ရဲ့ လွတ်လပ်မှုကို တစ်ယောက် အတားအဆီး မဖြစ်စေရဘူး ။
သူ့ကြောင့် ငါ မလွတ်လပ်တာ ၊ ငါ့ကြောင့် သူ မလွတ်လပ်တာ မဖြစ်စေရဘူး ။
နှစ်ယောက်စလုံး လွတ်လပ်မှုဘက်ကို သွားနေရမယ်။
ဒါမှ ” Soul Mate ” ဖြစ်မယ် ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဦးဇောတိက (တွေးမိတိုင်း ပျော်တယ်) မှ ကောက်နှုတ်ချက်
မျှဝေပေးသူ flgstudent

အင်းစိန်ထောင်မှာ ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရတဲ့ အမေရိကန်နိုင်ငံသား ကိုကျော်ဇောလွင်(ခ)ကိုညီညီအောင်၏ အမှုအား တရားရုံးမှ စွဲချက်တင်သင့် မတင်သင့် လာမည့် (၂၉)ရက်နေ့မှာ လျှောက်လဲချက်ပေးရမှာ ဖြစ်ကြောင်း ကိုညီညီအောင်၏ အကျိုးဆောင် ရှေ့နေတစ်ဦးဖြစ်တဲ့ ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။
" ဒီနေ့ရဲ့ ကိုညီညီအောင်ရဲ့အမှုကို အင်းစိန်ထောင်တွင်းက တောင်ပိုင်းခရိုင်တရားရုံးမှာ ကြားနာစစ်ဆေးပါတယ်။ ဆရာဦးကြည်ဝင်းရယ်၊ အန်ကယ်ရယ်၊ အမေရိကန်ကောင်စစ်ဝန်ရယ် သွားရောက်ခဲ့ပါတယ်။ ဒီနေ့တော့ တရားလိုပြ သက်သေတွေ စစ်ဆေးပါတယ်။ အစိုးရသက်သေ ရဲအရာရှိတစ်ဦး စစ်ဆေးပြီး ကျန်တဲ့သူတွေကို ပယ်လိုက်တဲ့ အတွက် အစိုးရသက်သေ စစ်စရာကုန်သွားပါပြီ..... ဒီဇင်ဘာလ(၂၉)ရက်နေ့မှာ ကိုညီညီအောင့် အမှုကို စွဲချက်တင်သင့် မတင်သင့် လျှောက်လဲချက် ပေးရပါမယ်..... ပုံမှန်သောကြာနေ့ အမှုစစ်ပေမယ့် သောကြာနေ့က ခရစ်စမတ်နေ့ဖြစ်တဲ့အတွက်ကြောင့် အင်္ဂါနေ့(၂၉)ရက်နေ့မှာ ချိန်းပါတယ်။"
ကိုညီညီအောင်နဲ့ ရုံးရှေ့မှာပဲခဏ စကားပြောခွင့်ရပါတယ်...ကိုညီညီအောင် တော်တော်လေးပိန်သွားပါတယ်။ ရုပ်လည်းကျသွားပါတယ်..... အစာငတ်ခံ ဆန္ဒပြတာပြီးသွားပြီလို့ ပြောပါတယ်။ အစာငတ်ခံဆန္ဒပြတာနဲ့ ပတ်သတ်ပြီး အသေးစိတ်တော့ ပြောမပြသွားသေးပါဘူး။ အမေရိကန်ကောင်စစ်ဝန်လည်း ရုံးရှေ့မှာ ခဏပဲ နှုတ်ဆက်ခွင့် ရပါတယ်။ သီခြားတွေ့ခွင့် မရသေးပါဘူး.... ကိုညီညီအောင် အဒေါ်နဲ့တော့ လာမည့်တနင်္လာနေ့မှာ တွေ့ခွင့်ရမယ်လို့ သိရပါတယ်..... ဟုရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုသွားပါတယ်.....
....မြန်မာနိုင်ငံမှာ မွေးဖွားပြီး အမေရိကန်နိုင်ငံသား အဖြစ်ခံယူထားတဲ့ ကိုကျော်ဇောလွင်(ခ)ကိုညီညီအောင်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ(၃)ရက်နေ့က ရန်ကုန်မင်္ဂလာဒုံလေဆိပ်၌ ဖမ်းဆီးခြင်းခံရပြီး ၁၇ရက်နေ့က အင်းစိန်ထောင်သို့ ပို့ဆောင်ခြင်းခံခဲ့ရပါတယ်။ အင်းစိန်ထောင်အတွင်း ညှင်းပန်းနှိပ်စက်မှုမျိုးစုံ ခံခဲ့ရပြီး (၂၀)ရက်နေ့မှာ အမေရိကန်သံရုံးမှ တွေ့ခွင့်ရခဲ့ပါတယ်။ ထောင်တွင်း ညှင်းပန်းနှိပ်စက်ခံရကြောင်း တွေ့ရှိရတဲ့ အတွက် အမေရိကန်သံရုံးနဲ့ လူ့အခွင့်အရေးအဖွဲ့များက ကန့်ကွက်ခဲ့ကြပါတယ်။ ကိုညီညီအောင်အား လိမ်လည်မှု၊ စာရွက်စာတမ်း အတုပြုမှု တရားမဝင် နိုင်ငံခြားငွေ ကိုင်ဆောင်မှုတို့ဖြင့် စစ်အစိုးရမှ တရားစွဲဆိုထားပါတယ်။
ဒီဇင်ဘာလ (၄)ရက်နေ့မှာတော့ ကိုညီညီအောင်ဟာ ထောင်တွင်း အကျဉ်းသားချင်း ခွဲခြားမှု မညီမျှမှုတွေ၊ မတရား လုပ်နေမှုတွေ၊ ဖိနှိပ် ချုပ်ချယ်မှုတွေအတွက် အစာငတ်ခံ ဆန္ဒပြခဲ့ပါတယ်။ ပြီးခဲ့တယ့်သောကြာနေ့ ရုံးချိန်းကိုလည်း ကိုညီညီအောင် ကျန်းမာရေး မကောင်းသဖြင့် ရုံးမထွက်နိုင်ဟူသော အကြောင်းပြချက်ဖြင့် ရွှေ့ဆိုင်းခဲ့ပြီး။ ယနေ့ပြန်လည်စစ်ဆေးခြင်း ဖြစ်ပါတယ်...။
သတင်း....ဒီမိုဝေယံ
Subscribe to:
Posts (Atom)