ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဟောင်တဲ့ခွေးကို ဖိနပ်နဲ့ပစ်မိလို့ ဖိနပ်မှန်ကြေး ရှုပီး ၂၀၀၀နဲ့ ပြီးဆုံး..


ပြီးခဲ့တဲ့ သောကြာနေ့က နယူးဒေလီမြို့ မြန်မာသံရုံးရှေ့ စစ်အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ အိန္ဒိယရဲများရဲ့ ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ခံခဲ့ရတဲ့ မြန်မာအရေးတက်ကြွလှုပ်ရှားသူ ၂၆ဦးအား အင်္ဂါနေ့က အိန္ဒိ္ဒယတရားရုံးမှ တစ်ဦးလျှင် ဒဏ်ငွေ ရူပီး၂ထောင် (ဒေါ်လာ ၄၀ခန့်) ကျခံစေပြီး အမှုမှတရားသေ လွတ်ပေးလိုက်ပါတယ်။ ယင်းသို့ပြန်လည်လွတ်ပေးခဲ့တာနဲ့ ပတ်သတ်ပြီး လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ရွှေဝါရောင် ဦးဆောင်ဆရာတော် တစ်ပါးဖြစ်တဲ အရှင်ထာဝရနဲ့ အင်္ဂါနေ့ညက ဆက်သွယ်မေးမြန်းခဲ့တာကို ဖော်ပြလိုက်ပါတယ်။

" ဦးဇင်းတို့အဖွဲ့ကို အိန္ဒိယတရားရုံးက တစ်ယောက်ကို ရူးပီးငွေ(2000) ဒေါ်လာ(၄၀)လောက် ဆောင်စေပြီး တရားသေ လွတ်ပေးလိုက်ပါတယ်။ စစ်အစိုးရအတွက်တော့ ရှက်စရာပေါ့ မြန်မာပြည်မှာလို အာဏာကို အလွဲသုံးစားလုပ်ပြီး ဖမ်းခိုင်းရင် ရမယ်ထင်ပြီး တရားစွဲတာလေ.... ပုဒမ်က ငါးခု ဦးဇင်းတို့ ရှေ့နေတွေက မြန်မာနိုင်ငံမှာ ဖြစ်နေတာ တွေကို တင်ပြပြီး အသက်ညှာဆုံး စဉ်းစားပေးဖို့ လျှောက်လဲတော့ တရားသူကြီးက ဦးဇင်းတို့ကို တယောက်ကို ရူပီး ၂၀၀၀ စီ ဆောင်ခိုင်း လိုက်တယ်၊ ဒါပြီးရင်တော့ ဦးဇင်းတို့ ကို တရားသေ လွတ်ပါပြီ”ဟု ပြောတယ်။ ပြီးတော့ လက်မှတ်ထိုးခိုင်ပါတယ်... ။ လက်မှတ်ထိုးခိုင်းတယ် ဆိုတာလဲ စစ်အာဏာရှင်တွေလို နောင်မလုပ်တော့ပါဘူး.. နောက်တကြိမ်လုပ်ရင် ပြစ်ဒဏ် ၂ခုပေါင်းခံစေ ဘာညာ မဟုတ်ပါဘူး.. အမှုကြေအေးကြောင်း လက်မှတ်ထိုးခိုင်းတာပါပဲ...


ဗီဒီယို မဇ္ဈိမမှရယူပါသည်။

ဦးဇင်းတို့ကိုယခုကဲ့သို့ ဖမ်းဆီး အရေးယူခံရပေမယ့်လည်း... မြန်မာ့ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးအတွက် ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်သွားတဲ့ အတွက် ဦးဇင်းတို့စိတ်ဓာတ်နဲ့ လှုပ်ရှားမှုကတော့ ဘာမှ မဖြစ်သွားပါဘူး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး တွေအတွက် ဆန္ဒပြတာတွေ လုပ်နေဦးမှာပဲ၊ ဒီလို ဖျက်ဆီးမိတာမျိုးတော့ ရှောင်ရမှာပေါ့။... ဦးဇင်းတို့ကို တစ်ချို့က အကြမ်းဖက်သမားလို့ ပြောဆို ရေးသားကြပါတယ်။ အဲဒီအပေါ်မှ ဦးဇင်းတို့အနေနဲ့ သူတို့ကို ပြန်မေးချင်တာကတော့ ကိုယ်ကိုယ်တိုင်ကော မိသားစုနှင့် တိုင်းပြည်အပေါ် တာဝန်ကျေခဲ့ပါလားလို့... ပြီးတော့ အကြမ်းဖက်ဆိုတဲ့ စကားလုံးကို နားလည်ပါလားလို့မေးချင်ပါတယ် ………

ဦးဇင်းတို့ကို အဓိက စွဲတဲ့အမှုက အဓိကသုံးခု ရှိတယ်။ တခုက အိန္ဒိယနိုင်ငံရဲ့ တရားဥပဒေကို ဖီဆန်မှုပေါ့၊ နောက်တခုက ပြည်သူပိုင်ပစ္စည်းပေါ့။ သံရုံးကပစ္စည်းတွေကို ဖျက်ဆီးမှု၊ နောက်တတိယတခုကတော့ တားမြစ်ထားတဲ့ နယ်မြေမှာ စည်းကမ်းချိုးဖောက်ပြီးတော့ ဆန္ဒပြတာပေါ့နော်။ ဒီသုံးချက်နဲ့ ဦးဇင်းတို့ကို စွဲတာ။ ဒါပေမဲ့ တရားသူကြီးနဲ့ ဦးဇင်းတို့ ရှေ့နေနဲ့ပြောဆိုရာမှာတော့ ဦးဇင်းတို့ရှေ့နေက ဦးဇင်းတို့အတွက် အယူခံဝင်တယ်လေ။ သူတို့က လူဆိုးတွေမဟုတ်ပါဘူး။ လူကောင်းတွေပါ။ သူတို့က မြန်မာပြည် ငြိမ်းချမ်းရေးအတွက် လုပ်နေတဲ့သူတွေပါ။ နအဖ အကြောင်းကိုလည်း ရှင်းပြတယ်လေ။ စစ်အစိုးရ ဆိုတဲ့အကြောင်း။ ပြီးတော့ အခုလက်ရှိ ရွေးကောက်ပွဲအကြောင်းတွေကို ရှင်းပြတယ်။ အဲဒါကြောင့် မကျေနပ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အကျဉ်းသားတွေ မလွတ်မြောက်နိုင်လို့ ဆိုပြီး ရှင်းပြတော့ တရားသူကြီးက လက်ခံပြီး ဦးဇင်းတို့ကို ဒဏ်ငွေနဲ့ ပြန်လွှတ်လိုက်တာပါ.....

အရင်တုန်းကဦးဇင်းတို့ နားလည်တာမေတ္တာလက်နက်ပေါ့ ၂၀၀၇ ဦးဇင်းတို့ကိုယ်တိုင် ဦးဆောင်ပါဝင်ခဲ့တဲ့ ရွှေဝါရောင်မှာ မေတ္တာပို့တဲ့ သံဃာတွေကို စစ်တပ်က ရိုက်နှက်သတ်ဖြတ်တာတွေ ခံရတော့မှ ဒီအာဏာရှင်တွေဟာ ငရဲမကြောက်တဲ့ မိစ္ဆာဒိဌိတွေ ပါလားဆိုတာ သိလာရတယ်။ အောင်ခြင်း၈ပါးမှာ ဦဇင်းတို့ ဘုရားရှင်တောင်မှ နန္ဒောပနန္ဒနဂါးမင်းကို အကြမ်းနည်းသုံးရသေးတာကိုး.. ဒီစစ်အာဏာရှင် မိစ္ဆာဒိဌိတွေကို တော်လှန်ရာမှာ ဘယ်နည်းနဲ့ပဲ တော်လှန်တော်လှန် တရားတယ်လို့ ထင်မြင်မိတယ်လေ...။

ရဲကလည်း သံရုံးကနေ တိုင်လို့သာ ရဲက အမှုဖွင့်ရတာ.... တရားမစွဲချင်ပါဘူး... အဲဒါကြောင့် အမြန်ဆုံး လွတ်ပေးနိုင်မယ် အမှုတွေနဲ့ တရားစွဲထားတာပါ။ ဦးဇင်းတို့ လွတ်မြောက်ရေး အတွက်ဝိုင်းဝန် ကူညီပေးကြတဲ့ ဒေါက်တာတင့်ဆွေ၊ ကိုဇော်ဝင်းအောင်၊ ဒေါ်သင်းသင်းအောင်... နောက်တရားရုံးမှာ ရှေ့နေလိုက်ဖို့ စီစဉ်ပေးတဲ့ ကိုစိုးမြင့်နှင့် ၀ိုင်းဝန်းကူညီပေးကြတဲ့ သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်...။ ဟု ဆရာတော်ဦးထာဝရမှ ပြောဆိုသွားပါတယ်။

ဒီအမှုအခြေအနေတွေကို ကြည့်ခြင်းအားဖြင့် စစ်အာဏာရှင် လက်ကိုင်တုတ်တွေဟာ တိုင်းပြည်မှာ ကိုယ့်လူမျိုးတွေ အပေါ်မှာ အာဏာအလွန်အကျွံသုံးပြီး မတရားတဲ့ အာဏာတွေ မရှိတဲ့ဥပဒေတွေ အမိန့်တွေနဲ့ ဖိနှိပ်အုပ်ချုပ် နေပေမယ့်လည်း ဥပဒေလေးစားလိုက်နာတဲ့ တိုင်းပြည်တွေမှာတော့ ကိုယ့်ရှုး ကိုယ်ပတ်ပြီး နောက်ဆုံးတော့ မှန်ကန်တဲ့ တရားဥပဒေ အဆုံးအဖြတ်ကိုသာခံရတာပါပဲ... ။ အခုတော့ မိအေးနှစ်ခါနာ အမှုလည်းမနိုင် နိုင်ငံတကာမှာလည်း စစ်အစိုးရကို ဆန့်ကျင်တာ လူသိရှင်ကြားဖြစ်နဲ့ ခံလိုက်ရပါပြီ.. အခုလည်းတိုင်းပြည်မှာ မတရားဥပဒေတွေနဲ့ မတရားအုပ်ချုပ်ဖို့ မတရားရွေးကောက်ပွဲတွေနဲ့ မတရားကြံ့စည်နေရင် ဘယ်တော့မှ ငြိမ်းချမ်းရေးမရပဲ တနေ့မှာပြည်သူတွေရဲ့ ဒဏ်ခတ်တာကို မုချပြန်ခံရမှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

ယခင်ဆန္ဒပြပွဲ မေးမြန်းချက်သတင်း ပြန်ဖတ်ချင်ရင်...
သတင်း.. ဒီမိုဝေယံ

ဘဘဦးဝင်းတင်ပြောတဲ့ ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ ဝံသာနု၊ ဝံသာကြမ်း၊ ဝံသာနက် NLD... အသံဖိုင်...

Aunty
မေးလ်ထဲကရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပုံ....

VOA နဲ့ဘဘဦးဝင်းတင် မေးမြန်းခန်းအသံဖိုင်ပါ.....

စူးရှတဲ့စကားလုံးများ သွန်မှောက် ပြသခြင်း.....


AAPP ၁၀နှစ်မြောက် အခမ်းအနား ထုတ်ပြန်ကြေငြာချက်... ဓာတ်ပုံမှတ်တမ်း...


ဓာတ်ပုံ ပေးပို့လာသူ ကိုစိုင်းနှင့် မြတ်လေးငုံတို့အား ကျေးဇူးတင်ပါသည်။
AAPP Info Release 10th Anniversary in Burmese[1] အစီရင်ခံစာအနှစ်ချုပ်နှင့် အကြံပြုတိုက်တွန်းချက် အောက်မှာဆက်ဖတ်နိုင်ပါသည်...
Executive Summary and Recommendations_Burmese[1](2)
ကိုစိုင်းအားကျေးဇူးတင်ပါသည်....

ပါတီမှတ်ပုံတင်ရေး ဒေါ်အောင်ဆန်းစုကြည် ဆန့်ကျင်

ဒေါ်အောင်ဆန်း စုကြည်က သူ့တဦးတည်း ဆန္ဒအနေဖြင့် ပါတီမှတ်ပုံတင်ရေးကို မစဉ်းစား သော်လည်း ပါတီဗဟို ကော်မတီဝင် များက သူမနှင့် ပါတီဥက္ကဌ ဦးအောင်ရွှေအား အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် (NLD) ပါတီ မှတ်ပုံတင်ရေး ကိစ္စနှင့် ပတ်သက်၍ အပြီးသတ် ဆုံးဖြတ်ချက် ပေးရန် လုပ်ပိုင်ခွင့် အာဏာများအား ထပ်လောင်းအတည်ပြုကြောင်း သိရသည်။

ပီးခဲ့သော သောကြာနေ့က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ မြန်မာသံရုံးရှေ့တွင် မြန်မာ့အရေး ဆောင်ရွက်နေသော မြန်မာပြည် လွတ်မြောက်ရေး အဖွဲ့မှ အဖွဲ့ဝင်များ ဆန္ဒပြနေပုံ (ဓာတ်ပုံ - Getty Images)

ယနေ့ တွေ့ဆုံမှု၌ ဒေါ်အောင်ဆန်း စုကြည်က အစိုးရ ထုတ်ပြန် ထားသည့် မတရား ရွေးကောက်ပွဲ ဥပဒေအရ ပါတီမှတ်ပုံ တင်ရေး ကို ထည့်သွင်း စဉ်းစားခြင်း မရှိကြောင်း၊ သို့ရာတွင် ပါတီ၏ အဆုံးအဖြတ်ကို လက်ခံမည် ဖြစ်ကြောင်း ၎င်းကို ပြောကြားသည် ဟု ရှေ့နေ ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။

ဦးဉာဏ်ဝင်းက “ဒေါ်အောင်ဆန်းစုကြည်က အဖွဲ့ချုပ်ကို ပြောပါ၊ သူညွန်ကြားတာလည်း မဟုတ်ဘူး၊ အမိန့်ပေး တာလည်း မဟုတ်ဘူး၊ အဖွဲ့ချုပ် အနေနဲ့ ဒီမိုကရေစီနဲ့ အညီဆုံး ဖြတ်ဆောင်ရွက်ဖို့ သူတိုက်တွန်း ပါတယ်လို့ ပြောတယ်”ဟု ပြောပြသည်။

ထို့အပြင် ပါတီဆက်လက်ရပ်တည်သည်ဖြစ်စေ၊ မရပ်တည်သည်ဖြစ်စေ ပါတီ ဂုဏ်သိက္ခာရှိရန်လိုသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုကြောင်းလည်း ၎င်းက ဆိုသည်။

တနင်္လာနေ့က ပြုလုပ်ခဲ့သော NLD ဗဟိုကော်မတီ အစည်းအဝေး၌ ပါတီအဖွဲ့ဝင်များက ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ရွှေ တို့ကို ပါတီကိစ္စအဝဝနှင့်ပတ်သက်ပြီး ဆုံးဖြတ်နိုင်ခွင့် လုပ်ပိုင်ခွင့်ရှိကြောင်း ဖော်ပြသော စာတစောင်အား ဦးအောင်ရွှေကို ပေးအပ်ကြောင်း သိရသည်။

စစ်အစိုးရထုတ်ပြန်ထားသည် ရွေးကောက်ပွဲဥပဒေသည် နိုင်ငံရေးပါတီများအနေဖြင့် အကျဉ်းကျ ပါတီဝင်များ မပါဝင်နိုင်စေရန် ကန့်သတ်ထားသောကြောင့် NLD ပါတီသည် မှတ်ပုံတင်လိုပါက ဒေါ်အောင်ဆန်းစုကြည်အား ပါတီမှ ထုတ်ပယ်ရမည့် အခြေ အနေရှိသည်။

အသက် ၉၂ နှစ် အရွယ်ရှိ ဗိုလ်မှူးချုပ်ဟောင်းဖြစ်သည့် ပါတီဥက္ကဌ ဦးအောင်ရွှေနှင့် ပါတီခေါင်းဆောင်တချို့က ပါတီမှတ်ပုံ တင်ရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားထားသည်။

သို့သော် ဦးဝင်းတင်နှင့် တချို့ ဗဟိုကော်မတီဝင်များကမူ ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပယ်၍ စစ်အစိုးရဥပဒေအား ကာကွယ်စောင့်ရှောက်ရမည်ဟူသည့် အချက်များကို ထောက်ပြပြီး မှတ်ပုံတင်ရေးကို ဆန့်ကျင်ကြသည်။
တနင်္လာနေ့က ပြုလုပ်ခဲ့သော အစည်းအဝေး၌ လာမည့် မတ်လ၂၉ ရက်နေ့ အစည်းအဝေးတွင် ပါတီမှတ်ပုံတင်ရေး မတင် ရေးနှင့် ပတ်သက်၍ ယတိပြတ်ဆုံးဖြတ်ချက်အဖြစ်မယူရန် သဘောတူညီခဲ့ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဦးခင်မောင်ဆွေ က ပြောကြားသည်။

“ကျနော်တို့ ဒေါ်စုနဲ့ ဦးအောင်ရွေှ့ဆီက သဘောတူညီချက်ရပြီးမှပဲ နောက်ဆုံးဖြတ်ချက်ချဖို့ ကျနော်တို့ သဘောတူခဲ့တယ်”ဟု ဦးခင်မောင်ဆွေက ဆိုသည်။

ထို့ပြင် လာမည့် မတ်လ ၂၉ ရက်နေ့ အစည်းအဝေးတွင် ပါတီ မှတ်ပုံတင်ရေး မတင်ရေးအတွက် ယခင် အဆိုပြုထားသည့် အတိုင်း လျှို့ဝှက်မဲခွဲ ဆုံးဖြတ်ခြင်း မပြုရန် သဘောတူခဲ့ကြောင်း သိရသည်။

“အဲဒီအစည်းအဝေးမှာ အဖွဲ့ဝင် အသီးသီးရဲ့ ပြောဆိုချက်တွေကို စုစည်းပြီး ဒေါ်စုနဲ့ တွေ့တဲ့အခါ သူ့အကြံဉာဏ်ကို တောင်း သွားမယ်”ဟု ဦးခင်မောင်ဆွေ က ပြောသည်။

ပါတီ၏ နိုင်ငံရေးလုပ်ငန်းစဉ်များ ဆက်လက်လုပ်ဆောင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီဗဟိုကော်မတီဝင်များ တွေ့ဆုံခွင့်ပေးရန် စစ်အစိုးထံ မေတ္တာရပ်ခံကြောင်း ကြေညာချက်တစောင်ကို ပြီးခဲ့သည့် တနင်္လာနေ့က ထုတ်ပြန်ခဲ့သည်။

NLD ခေါင်းဆောင်ပိုင်းအား ပါတီမှတ်ပုံ မတင်ရန်နှင့် ရွေးကောက်ပွဲ မဝင်ရန် ပြည်တွင်းပြည်ပမှ နိုင်ငံရေးအင်အားစုများက အပြင်းအထန် ဖိအားပေးမှုများလည်းရှိနေသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း သြဇာတိက္ကမကြီးမားသည့် သတင်းစာဆရာ လူထုစိန်ဝင်းက NLD အနေဖြင့် ပြည်သူလူထု အကျိုးအတွက် ဆောက်ရွက်နိုင်ခဲ့ခြင်း မရှိဟု ပြင်းထန်စွာ ဝေဖန်ခဲ့သည်။ ထို့ပြင် NLD သည် ရွေးကောက်ပွဲဝင်မည်ဆိုပါက ပါတီခေါင်းဆောင်ပိုင်းအနေဖြင့် စစ်အစိုးရ၏ အမျိုးသားညီလာခံမှ ၁၉၉၅ တွင် နုတ်ထွက်ခဲ့ခြင်းနှင့် အခြေခံဥပဒေ ပြုပြင် ပြောင်းလဲရေး ရွှေဂုံတိုင်ကြေညာစာတမ်း ထုတ်ပြန်ခဲ့ခြင်းများသည် မှားယွင်းကြောင်း ပြည်သူကို လူသိရှင်ကြားတောင်းပန်ရန် တိုက်တွန်းပြောဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် မပါဘဲနှင့် NLD ပါတီသည် ရွေးကောက်ပွဲ ဝင်မည်ဆိုပါက ၁၉၉၀ ကဲ့သို့ လာမည့်ရွေးကောက်ပွဲတွင် အပြတ်အသတ် နိုင်ဖွယ် မရှိကြောင်း လေ့လာသူများက သုံးသပ်ကြသည်။

သို့ရာတွင် ရွေးကောက်ပွဲ ဝင်ရန်ထောက်ခံသူ ဦးခင်မောင်ဆွေကမူ NLD က အပြတ်အသတ် အနိုင်ရရန် အလားအလာ မရှိသော်လည်း လွှတ်တော်ထဲ၌ အားကောင်းသည့် အတိုက်အခံအင်အားစုအဖြစ် ရှိနေနိုင်ကြောင်း ပြောကြားသည်။

ပြည်တွင်းရှိ နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ အဆိုအရ NLD ၏ လက်ရှိ အခြေအနေနှင့် ပတ်သက်၍ ပါတီအဖွဲ့ဝင်များ အကြား၌ရော ပြည်သူလူထုအတွင်း၌ပါ နားလည်နိုင်ရန် ခက်ခဲနေကြောင်း သိရသည်။

ဧပြီလ ၆ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီဗဟိုကော်မတီဝင်များကို တွေ့ခွင့်ပြုမည်ဖြစ်သော်လည်း ပါတီ ဒု ဥက္ကဌ ဦးတင်ဦးနှင့် ဗဟိုကော်မတီဝင် ဦးဝင်းတင်တို့အား တက်ရောက်ခွင့်ပြုမည် မဟုတ်ကြောင်း ရန်ကုန်တွင် သတင်းတရပ် ဖြစ်ပေါ် လျက်ရှိသည်။

သတ်မှတ်ထားသည့် ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံမတင်ပါက NLD ပါတီသည် တရားဝင်ပါတီအဖြစ် ရပ်စဲခံရမည် ဖြစ်သည်။

ယနေ့ တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏အိမ်ကိစ္စနှင့် ပတ်သက်၍ ဦးခင်မောင်အေးကို တရားစွဲဆိုရေး အဆို လွှာ အတွက် လိုအပ်သည်များ ပြင်ဆင်ခဲ့ကြောင်း၊ အယူခံကိုလည်း နောင်လာမည့် သတင်းပတ်တွင် တင်ရန်ပြင်ဆင်သွား မည်ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ဆက်လက် ပြောဆိုခဲ့သည်။

ဤ သတင်းအား ဧရာဝတီ သတင်းထောက် ဘကောင်း နှင့် ကိုထွေး ပူးပေါင်း ရေးသားသည်။

ရင်းမြစ် http://www.irrawaddy.org/bur/index.php/news/1-news/2854-2010-03-23-13-06-09

အဖွဲ့ချုပ် ညီညွတ်ရေးမျက်နှာကို ကြည့်ပါ... မဇ္ဈိမဆောင်းပါး....


htut


အခုလ ၂၉ ရက်နေ့ဆိုရင် ရန်ကုန် ရွှေဂုံတိုင်ဌာနချုပ်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဗဟို ကော်မတီဝင်များ တွေ့ဆုံပြီး သမိုင်းဝင် ဆုံးဖြတ်ချက်ကို ချရတော့မှာ ဖြစ်တယ်။ မီဒီယာတွေမှာ ပါနေပြီးဖြစ်တဲ့အတိုင်း ဗဟိုအလုပ်အမူဆောင်တွေကြားမှာ “ပါတီမှတ်ပုံတင်ရေး” နဲ့ ပတ်သက်ပြီး သဘောထားအမြင်တွေ ကွဲလို့။ “မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်” တဲ့ လမ်းကြောင်းပေါ်ကို လျှောက်လှမ်းခဲ့မယ်လို့ ပါတီက ဆုံးဖြတ်ခဲ့ရင် ပါတီကနေ ထွက်တော့မယ်လို့ ဦးဝင်းတင်က ပြောတယ်ဆိုတာလည်း သတင်းဌာနတွေမှာ ကြားနေရတယ်။

အဖွဲ့ချုပ် အဖွဲ့ဝင်တွေအနေနဲ့ မှတ်ပုံတင်မယ့်ဘက်က မှန်တယ်၊ မှတ်ပုံမတင်မယ့်ဘက်က မှန်တယ်ဆိုပြီး တဖက်ကို လိုက်ကြမယ်ဆိုရင်ဖြင့် လူတိုင်းမှာ ကိုယ်ပိုင်အတွေးအခေါ်၊ အမြင်တွေ ရှိတာဖြစ်လို့ ပါတီဟာ နှစ်ခြမ်းကွဲရတော့မယ့် အခြေအနေကို ဦးတည်နေတယ်။

တကယ့်အဖြစ်မှန်ကလည်း မှတ်ပုံတင်တာ မှန်တယ်၊ မှားတယ်ဆိုရုံနဲ့ မှန်ကန်တဲ့ ဖြေရှင်းချက် လမ်းကြောင်းပေါ်ကို ရောက်နိုင်မှာ မဟုတ်ဘူး။ တကယ့်အဖြစ်မှန်က ကတ္တီပါပိတ်သားစ တခုလို နူးညံ့သိမ်မွေ့လွန်းလှတယ်။ တပြိုင်တည်းမှာပဲ စစ်အစိုးရက NLD ကို ထောင်ခြောက်ဆင်ထားခဲ့ပြီး ဖြစ်တယ်။

ရွေးကောက်ပွဲ ကော်မရှင်ဥပဒေတွေကိုကြည့်ရင် နအဖဘက်က လူပါးဝလွန်းတာကို ရှင်းရှင်းလင်းလင်း မြင်ရပြီဖြစ်တယ်။ (ဥပမာတခုကို တင်ပြရရင်တောင်၊) မှတ်ပုံတင်မယ့် ပါတီကျတော့ ကျပ် ၃ သိန်းပဲ ကော်မရှင်မှာ တင်ရမှာ ဖြစ်ပြီး၊ ရွေးကောက်ပွဲဝင်မယ့် အမတ်လောင်းကျတော့ ကျပ် ၅ သိန်း တင်ရမယ်။ နအဖဘက်က ကိုယ်စားလှယ်တွေက အစိုးရစားရိတ်နဲ့ မလှိမ့်တပတ် တင်ကြမှာ အသေအချာပဲ။ စစ်အစိုးရ အထောက်အပံ့မရှိတဲ့ ပါတီတွေက ကိုယ်စားလှယ်တွေ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ ငွေကုန်ကြေးကျ အလွန်များလိမ့်မယ်။
ဒီကနေ့ NLD ရဲ့ အခြေအနေဟာ မိုင်းထောင်ထားတဲ့ စစ်မြေပြင်တခုကို ဖြတ်သန်းနေရတာ ဖြစ်တယ်။ ခြေချော်နင်းမိတာနဲ့ မိုင်းထိပြီး အဖွဲ့ဝင်တွေ ကစဥ့်ကလျားဖြစ်၊ ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာ ရတော့မှာဖြစ်တယ်။

အခက်အခဲ၊ အကျပ်အတည်းကြားက ဖောက်ထွက်ဖို့ဆိုရင် မရှိမဖြစ်လိုအပ်တဲ့ အရာက မကြာသေးခင်က ဦးဝင်းတင် ပြောခဲ့သလိုပဲ “သွေးစည်းညီညွတ်ရေးလက်နက်” ကို သုံးရမှာဖြစ်တယ်။ အနှစ် ၂ဝ ကျော် ပါတီဝင်တွေကြားမှာ ကျောချင်းကပ်၊ နှလုံးသားချင်း နီးစပ်ခဲ့ကြတဲ့ အစဉ်အလာကို ဒီနေ့ ဆက်လက်စောင့်ထိန်းပြီး မှတ်ကျောက်တင်ရတော့မှာ ဖြစ်တယ်။

- ၂ဝဝ၈ ဖွဲ့စည်းပုံအကြမ်းကို ရွေးဆွဲခဲ့တဲ့ အမျိုးသားညီလာခံကို တက်ခဲ့သူ ကိုယ်စားလှယ်အများစုဟာ လက်ညှိးထောင်ခေါင်းညိတ် နအဖလူတွေပဲ။ ဖွဲ့စည်းပုံမှာ ပါဝင်တဲ့ အချက်အလက်တွေဟာ ဒီမိုကရေစီနည်းလမ်း မကျဘူး။ ဖွဲ့စည်းပုံကို အတည်ပြုခဲ့တဲ့ ဆန္ဒခံယူပွဲမှာ စစ်အစိုးရက တိုင်းသိကမ္ဘာသိ မဲခိုးမဲလိမ်ခဲ့တယ်၊ ဒါကြောင့် ဒီဖွဲ့စည်းပုံဟာ ဒီမိုကရေစီနည်းလမ်း (လုံးဝ) မကျဘူး။
ဒီအချက်တွေကြောင့် NLD ပါတီ မှတ်ပုံမတင်သင့်ဘူး၊ ရွေးကောက်ပွဲ မဝင်သင့်ဘူး။
ဟုတ်ပြီ၊ ပါတီမှတ်ပုံမတင်ဘူးဆိုရင် ဘာဆက်လုပ်မလဲ။ ရွေးကောက်ပွဲကို ဖျက်မှာလား..၊ လူထုကြားမှာ ဘယ်လောက် ပြင်ဆင်ထားသလဲ၊ ဖျက်နိုင်တဲ့အင်အား ရှိလား။ ပါတီ မြေအောက်သွားမှာလား၊ မြေအောက်ကနေ ဆက်တိုက်မှာလား၊ တောင်အာဖရိက ANC လို လက်နက်ကိုင် တော်လှန်ရေးနဲ့ မြေအောက်တော်လှန်ရေး တပြိုင်နက်တည်း လုပ်မှာလား။ ပါတီခေါင်းဆောင်တွေ တောခိုမလား။ ဒီမေးခွန်းတွေကို အဖွဲ့ဝင်တွေ သေချာဖြေကြည့်ဖို့ လိုတယ်။ ယောင်ဝါးဝါးလုပ်လို့တော့ မရဘူး။
ဒါဖြင့် ဦးအောင်ရွှေတို့ ပြောသလို ပါတီမှတ်ပုံတင်ပြီဆိုပါစို့။ မှတ်ပုံတင်ပြီးရင် လိုအပ်ချက်အရ (၃ နေရာ) သာ မဟုတ်ဘဲ တနိုင်ငံလုံးမှာ ပါတီကိုယ်စားလှယ်တွေ ရွေးကောက်ပွဲ ဝင်မှာလား။ နိုင်မယ်လို့ ထင်လား။ လွှတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဆိုရင်တော့ NLD က ၇၅ % ရှိရာမှာ ၅ဝ % အထက်တော့ ရနိုင်သေးတယ်လို့ မျှော်လင့်ကြည့်လို့ ရတယ်။ ဒါပေမဲ့ ဗိုလ်သန်းရွှေကလည်း ဒါကို တွက်ထားပြီးသား၊ သူ့ကိုယ်သူ မယုံကြည်ဘူး။ မယုံကြည်တော့ အစီအမံတွေ လုပ်ထားမယ်ဆိုတာလည်း အသေအချာပဲ။ ဖြစ်နိုင်ခြေ အရှိဆုံးကတော့ လာမယ့် ရွေးကောက်ပွဲဟာလည်း ၂ဝဝ၈ က ဆန္ဒခံယူပွဲလိုပဲ ညစ်ပတ်လိမ်ညာပြီး သူတို့ပါတီတွေပဲ မဲရအောင် စစ်တပ်က လုပ်မှာပဲ။ ဒီရွေးကောက်ပွဲက မျက်လှည့်ပွဲနဲ့ မခြားဘူး။

ဒါ့အပြင် ပါတီမှတ်ပုံတင်လိုက်ပေမယ့်လည်း အကျဉ်းကျနေသူတွေ ပါတီဝင်ဖြစ်ခွင့်မရဆိုတဲ့ ကန့်သတ်ချက်မျိုးတွေ ပါနေတော့ ရွေးကောက်ပွဲ ကော်မရှင်ဥပဒေတွေအရ တနည်းမဟုတ်တနည်းနဲ့ နအဖက ညစ်ပြီး အချိန်မရွေး ပါတီကို ဖျက်လိုက်နိုင်သေးတဲ့ အန္တရာယ်လည်း ရှိနေသေးတယ်ဆိုတာ ကြိုတွက်ထားဖို့ လိုတယ်။

ဒီအခြေအနေတွေအောက်မှာ ဘယ်လမ်းကိုရွေးရွေး NLD အတွက် အကောင်းဆုံးဆိုတာ မရှိဘူး။ အဆိုးဆုံး အခြေအနေ မဖြစ်အောင်ပဲ လုပ်ရတော့မယ့် အနေအထား ဖြစ်တယ်။
ကော်မရှင်မှာ မှတ်ပုံမတင်ရင် ပါတီက အလိုအလျောက် မြေအောက်ရောက်မယ်။

နောင်လာနောက်သားတွေ အတွက်တော့ NLD ဟာ ထွေးပြီးသား တံတွေးကို ပြန်မျိုမချခဲ့ဘူး၊ ရွှေဂုံတိုင်ကြေညာချက်ကို ကာကွယ်ခဲ့တယ်၊ ၉ဝ ရွေးကောက်ပွဲရလဒ်ကို စောင့်ထိန်းခဲ့တယ်၊ အသက်သေချင် သေသွားပစေ၊ မူပေါ်မှာ ကြံ့ကြံ့ခိုင်ခိုင် ရပ်တည်သွားတယ်ဆိုတာတော့ ကျန်ခဲ့မယ်။ သမိုင်းလှမယ်။ ရလဒ်အနေနဲ့တော့ နအဖ ဥပဒေအရ တရားမဝင်တော့တဲ့ ပါတီတရပ်အနေနဲ့ NLD နာမည်နဲ့ လှုပ်ရှားခွင့်တွေ ရှိတော့မှာ မဟုတ်ဘူး။ အဖွဲ့ဝင်တွေ ကစဥ့်ကလျားဖြစ်မယ်။

ဦးအောင်ရွှေတို့ သဘောအတိုင်း မှတ်ပုံတင်မယ်ဆိုရင်တော့ ဒီရွေးကောက်ပွဲမှာ အမတ်နေရာ ၃ နေရာပဲ အဖြစ်သဘော ဝင်ပြိုင်မယ်ဆိုရင်တောင် တရားဝင်ပါတီအဖြစ် ဆက်ရှိနေဦးမယ်ဆိုတဲ့ သဘောပဲ။ ဒေါ်စုနဲ့ အခြားအဖွဲ့ဝင်တွေ ပြန်လွတ်လာရင် ရှိပြီးသား တာဝန်တွေအတိုင်း ပြန်တာဝန်ယူနိုင်ဦးမယ်ဆိုတဲ့ သဘောပဲ။ ဘယ်သူ တရားတယ်၊ ဘယ်သူ မတရားဘူး၊ ဘယ်သူ ညစ်ပတ်တယ်၊ ဘယ်သူ မညစ်ပတ်ဘူး ဆိုတာတော့ ကလေးက အစ၊ ခွေးက အစ၊ ကမ္ဘာကြီး အဆုံး သိနေတော့၊ အထူးပြောနေစရာတော့ မလိုပါဘူး။

အနှစ် ၂ဝ အတွင်းမှာ NLD ဟာ စစ်အစိုးရကို အပြီးအပြတ် မဖြိုလှဲနိုင်ခဲ့ဘူး။ ပြည်တွင်းပြည်ပ အင်အားစု ဘယ်သူမှ စစ်အစိုးရကို အပြီးအပြတ် မဖြိုလှဲနိုင်ခဲ့ဘူး။ သူပြတ်ကိုယ်ပြတ် တိုက်ပွဲမှာ သူမပြတ်ဘဲ ကိုယ်ပြတ်တာမျိုးကတော့ သမိုင်းလှမှာ မဟုတ်ဘူး။ ဖြစ်လည်း မဖြစ်သင့်ဘူး။

ဦးအောင်ရွှေတို့၊ ဦးခင်မောင်ဆွေတို့ကလည်း ပါတီကို ချစ်တယ်ဆိုတာ ယုံမှားသံသယ ရှိစရာ အကြောင်းမရှိဘူး။ ဦးဝင်းတင်တို့၊ ဦးဥာဏ်ဝင်းတို့ ပါတီကို ချစ်တယ်ဆိုတာလည်း လက်မောင်းသွေးဖောက် သောက်ပြစရာကို မလိုဘူး။

Yes ပဲဖြစ်ဖြစ်၊ No ပဲဖြစ်ဖြစ် ဒီသမိုင်းဝင် ဆုံးဖြတ်ချက်ဟာ လွယ်လွယ်ကူကူနဲ့ လုပ်လို့ မရဘူး။ လာမယ့် ၂၉ ရက်နေ့မှာလုပ်မယ့် ဗဟိုကော်မတီ အစည်းအဝေးမှာ Yes ဆိုတဲ့ ပါတီမှတ်ပုံတင်ချင်တဲ့ လူတွေကလည်း သူတို့ရဲ့ မဟာဗျူဟာ၊ နည်းဗျူဟာ အနာဂတ်စီမံကိန်း၊ ရေရှည်ရေတို လုပ်ငန်းစဉ်တွေကို အစည်းအဝေးမှာ တင်ပြပြီး အဆိုတင်သွင်းသင့်တယ်။

No ဆိုတဲ့ ပါတီမှတ်ပုံမတင်ဘူးဆိုတဲ့ ဦးဝင်းတင်တို့ကလည်း သူတို့ရဲ့ အနာဂတ်ဆိုင်ရာ မဟာဗျူဟာ၊ နည်းဗျူဟာ ရေတိုရေရှည် စီမံကိန်းတွေကို အစည်းအဝေးမှာ အဆိုတင်သွင်းသင့်တယ်။ ညီညွတ်ရေးကို ရှေ့တန်းတင် ဆွေးနွေးသင့်တယ်။ ဖြစ်နိုင်ရင် မဲပေးတာမျိုးမဟုတ်ဘဲ၊ ညှိနိုင်းဆောင်ရွက်ပြီး ဆုံးဖြတ်သင့်တယ်၊ မဲပေးရမယ်ဆိုရင်လည်း ညီညွတ်ရေးကို ရှေးရှုခြင်းအားဖြင့် မိထ္ထိလာ NLD က အဆိုပြုထားသလို ဗြောင်မဲ မပေးသင့်ဘူး။ လျှို့ဝှက်မဲပဲ ပေးသင့်တယ်။ ပြီးရင် ဒီမိုကရေစီပါတီ ဖြစ်တဲ့အတွက် ဦးတင်ဦး သဘောထားသလို အများသဘောအတိုင်း ပါတီနောက်ကို လိုက်သင့်တယ်။ ပါတီက နုတ်ထွက်တာမျိုး မလုပ်သင့်ဘူး။

ဒီကနေ့ အခြေအနေဟာ NLD အတွက် ဆိုးရွားတဲ့ အခြေအနေတခုကို ရင်ဆိုင်နေရတာ ဖြစ်တယ်။ အဆိုးဆုံးတော့ မဟုတ်သေးဘူး။ ၂၉ ရက်နေ့ အစည်းအဝေးမှာ သဘောထား နှစ်မျိုးကွဲပြီး ခေါင်းဆောင်တွေနဲ့ နောက်လိုက် အဖွဲ့ဝင်တွေ နှစ်ခြမ်းကွဲရင်တော့ အဆိုးရွားဆုံး အခြေအနေကို ရင်ဆိုင်ရမှာဖြစ်တယ်။

မှတ်ပုံမတင်ဖို့ဘဲဖြစ်ဖြစ်၊ တင်ဖို့ပဲဖြစ်ဖြစ် တညီတညွတ်တည်း ဆုံးဖြတ်သင့်တယ်။ တညီတညွတ်တည်း ရင်ဆိုင်သင့်တယ်။ တညီတညွတ်တည်း ဖြတ်သန်းသင့်တယ်။ ပါတီနဲ့အတူ တိုက်ပွဲကို ခရီးဆက်သင့်တယ်။

ရင်းမြစ်....မဇ္ဈိမ http://www.mizzimaburmese.com/edop/songpa/5084-2010-03-22-11-24-35.html

ယနေ့ နေ့စွဲဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ အထူးထုတ်ပြန်ကြေငြာချက် အမှတ်-၂ /၀၃ /၁၀

NLD Statement
NLD2NLD3

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ တွေ့ဆုံခွင့်ရရှိရေးကြေငြာချက်...

NLD

ထားရာနေစေရာသွား အဖြစ်မျိုး.. မိမိအဖွဲ့ရဲ့ ခေါင်းဆောင်ကို အဖွဲ့ကထုတ်ပယ်ရမယ့် အဖြစ်မျိုးကို လက်မခံနိုင်ဘူးဟု ရှေ့နေကြီးဦးဥာဏ်ဝင်းပြောဆို...


စစ်အစိုးရပြုလုပ်မယ့် ၂၀၁၀ရွေးကောက်ပွဲနဲ့ ပတ်သတ်ပြီး လက်မခံနိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းက ဒီနေ့ပြောဆိုသွားပါတယ်..။

" ဒီနေ့အန်ကယ်တို့ CEC အစည်းအဝေး ပြုလုပ်ဖြစ်ပါတယ်။ အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖွဲ့ချုပ် CEC တွေ့ဆုံခွင့် ပေးဖို့အတွက် ကြေငြာချက် တစ်ရပ်ထုတ်ပြန်ပါတယ်။ ရွေးကောက်ပွဲအတွက် ပါတီမှတ်ပုံတင်သင့် မတင်သင့် ရွေးကောက်ပွဲ ဝင်သင့်မဝင်သင့်နဲ့ အဖွဲ့ချုပ်ရဲ့အနာဂတ် ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပေးဖို့ ကြေငြာချက်ထုတ်ပြန်ပါတယ်။ ဒီနေ့အစည်းအဝေးမှာတော့ တတ်နိုင်တဲ့ဖက်က ညီညီညွတ်ညွတ်နဲ့ အဖြေထွက်နိုင်အောင် ကြိုးစားကြဖို့ ဆွေးနွေးဖြစ်ကြပါတယ်။ အချိန်အတော်ကြာအောင် ဆွေးနွေးဖြစ်ခဲ့ကြပါတယ်။" ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

ယခုလာမည့် စစ်အစိုးရရဲ့ ၂၀၁၀ရွေးကောက်ပွဲနဲ့ ပတ်သတ်ပြီး သဘောထားကို မေးမြန်းကြည့်ရာမှာတော့.....

ထားရာနေစေရာသွားတဲ့ အဖြစ်မျိုးကိုလက်မခံနိုင်ဘူး.. နောက်ကိုယ့်အဖွဲ့ရဲ့ ခေါင်းဆောင်ကို ပါတီကထုတ်ပစ်ရမယ့် အဖြစ်မျိုးကို လက်မခံနိုင်ဘူး... ရှင်းရှင်းပြောရရင် နွားဖါးကြိုးအထိုးခံရမယ့် အဖြစ်မျိုးကိုလက်မခံနိုင်ဘူး.. ဒါကြောင့် ဒီရွေးကောက်ပွဲကို လက်မခံနိုင်ဘူး...

ဒီလိုပဲပြောချင်ပါတယ်ဟု... အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုသွားပါတယ်။

လာမယ့် ၂၉ရက်နေ့ တနင်္လာနေ့မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲဝင်ဖို့အတွက် မှတ်ပုံတင်သင့်မတင်သင့် CECနဲ့CC ၁၀၀ကျော်က မဲခွဲဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။ အင်မတန်မှ အရေးကြီးတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်ကို ပြည်တွင်း၊ ပြည်ပနဲ့နိုင်ငံတကာ အသိုင်းအဝန်းက အထူးအလေးထား စောင့်ကြည့်နေကြပါတယ်....။

သတင်း...ဒီမိုဝေယံ


ရခိုင်အမျိုးသားသတင်းစာ...

The Arakan National Newspaper Vol.4 No.3 March 2010 Colour[1]