ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

GLOBAL သတင်းဋ္ဌာနက DKBA အဖွဲ့ရဲ့ ဓာတ်ပုံတစ်ချို့ပါ...


ဓာတ်ပုံများ Play နှိပ်ကြည့်ပါရန်....

Last call for the resistance
သတင်းဖတ်ချင်ရင်..http://www.globalpost.com/dispatch/asia/101101/myanmar-burmese-refugees-mae-la

ယနေ့ရွှေဂုံတိုင် အဖွဲ့ချုပ်ရုံးမှာ ကျင်းပ ပြုလုပ်တဲ့ ပြည်ထောင်စု စိတ်ဓာတ်အကြောင်း ဟောပြောပွဲအခမ်းအနား သတင်းဓာတ်ပုံ..

 
သတင်း ..ဓာတ်ပုံ ဒီမိုဝေယံ(ပြည်တွင်း)





23.12.2010 ရက်နေ့ နေလည်(၁၂)နာရီက ရွှေဂုတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင်  ပြည်ထောင်စု စိတ်ဓါတ်အကြောင်းဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါတယ်..။ အဖွဲ့ချုပ်ခေါင်းဆောင်များ ဖြစ်ကြတဲ့ ဘဘဦးတင်ဦးနှင့် ဘဘဦးဝင်းတင်တို့မှ လူငယ်များအား ပညာပေးဟောပြောမှု ပြုလုပ်ခဲ့ပါတယ်...။ အဖွဲ့ချုပ် အဖွဲ့ဝင် လူငယ်များနှင့် ကျောင်းသားလူငယ်များ တက်ရောက်ခဲ့ပါသည်။
သတင်း၊ ဓာတ်ပုံ ၊ ဒီမိုဝေယံ၊ ညီမငယ်မေလင်း..

အယ်လ်ဂျာဇီးယားရုပ်သံမှ ထုတ်လွှင့်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုက်ရိုက် စကားပြောခြင်း အစီအစဉ်.. (မြန်မာပြန်)

အယ်လ်ဂျာဇီးယားရုပ်သံမှ ထုတ်လွှင့်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုက်ရိုက် စကားပြောခြင်း အစီအစဉ်

မြင့်လှိုင်။ ဒီဇင်ဘာ ၂၃ ရက်၊ ၂၀၁၀

မြန်မာ့ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုက်ရိုက် ဆက်သွယ် စကားပြောခြင်း အစီအစဉ်တခုကို အယ်လ်ဂျာဇီးယား ရုပ်သံမှ ဒီဇင်ဘာ ၂၂ ရက် (ဗုဒ္ဓဟူးနေ့) ဂရင်းနစ်စံတော်ချိန် မနက် ၁၂ နာရီ ၃၀ မိနစ်၊ မနက် ၇ နာရီ ၃၀ မိနစ်၊ ဒီဇင်ဘာ ၂၃ ရက် (ကြာသပတေးနေ့) ဂရင်းနစ်စံတော်ချိန် နေ့လည် ၁၂ နာရီ ၃၀ မိနစ်၊ ည ၇ နာရီတွင် ထုတ်လွှင့်ပြသကြောင်း သိရှိရပါတယ်။

အဲဒီ အစီအစဉ်ကို လန်ဒန် စီးပွားရေးကျောင်း (School of Economic) တွင် ရိုက်ကူးခဲ့တာ ဖြစ်ကာ ကျောင်းသားပေါင်း ၄၀၀ ပါဝင် ကြည့်ရှု ဆွေးနွေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်မှနေ အင်တာနက်ကတဆင့် တိုက်ရိုက် ရုပ်သံနဲ့ ဖြေကြားခဲ့ခြင်း ဖြစ်ပါတယ်။ ဒီ အစီအစဉ်အတွက် ဒီမိုကရက်တစ် မြန်မာ့အသံက အကူအညီပေးခဲ့ပြီး ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး တိုက်ရိုက် ရုပ်သံ မေးမြန်းမှု ထုတ်လွှင့်ခြင်း ဖြစ်ပါတယ်။

ဒီ အစီအစဉ်ကို “ဆုံးဖြတ်ချက်ရဲ့ လမ်းဆုံမှာ - ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခြင်း (At the Crossroads: Dialogue with Aung San Suu Kyi)“ လို့ အမည်ပေးထားပြီး အစီအစဉ်မှူးအဖြစ် ဗရော်နီကာ ပက်ဒရိုဇာ (Veronica Pedrosa) က ဆောင်ရွက်ကာ လန်ဒန် စီးပွားရေးကျောင်းတွင် သုတေသန ပညာရှင်အဖြစ် ဆောင်ရွက်နေတဲ့ ဒေါက်တာဇာနည်၊ လန်ဒန် စီးပွားရေးကျောင်း ပါမောက္ခတဦးဖြစ်ပြီး Gobal Governance အဖွဲ့ရဲ့ တွဲဘက် ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ မယ်ရီ ကယ်လ်ဒေါ (Mary Kaldor) နဲ့ ဗြိတိန် ဂါဒီးယန်းသတင်းစာ ပုံမှန်ကလောင်ရှင်၊ သမိုင်းသုတေသီ၊ နိုင်ငံရေး ဝေဖန်သုံးသပ်သူ တင်မသီ ဂါတွန် အက်ရှ် (Timothy Garton Ash) တို့လည်း ပါဝင် ဆွေးနွေးခဲ့ပါတယ်။

ထို ဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံ ဆွေးနွေးရေး၊ စီးပွားရေး ပိတ်ဆို့မှု အပါအ၀င် မြန်မာ့အရေးဆိုင်ရာ ကိစ္စ အတော်များများကို ဆွေးနွေးသွားခဲ့ပါတယ်။ ဆွေးနွေးပွဲမှာ ရှေးဦးစွာ ဗရော်နီကာ ပက်ဒရိုဇာက အမျိုးသား ပြန်လည်သင့်မြတ်ရေးကို မေးမြန်းသွားသလို ဒေါက်တာဇာနည်က စီးပွားရေး ပိတ်ဆို့မှုနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ပါတယ်။ အဲဒီနောက် မယ်ရီ ကယ်လ်ဒေါက နိုင်ငံတကာပြည်သူတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကွန်ယက်တွင် ဘယ်လို ပါဝင်နိုင်မလဲဆိုတဲ့အချက်ကို မေးမြန်းကာ တင်မသီ ဂါတွန် အက်ရှ်ကတော့ မြန်မာစစ်အာဏာရှင်တွေ ကျူးလွန်ခဲ့တဲ့အမှုတွေကို စုံစမ်း စစ်ဆေးမယ့်ကိစ္စကို မေးမြန်းခဲ့ပါတယ်။ ထို့နောက် ဗရော်နီကာ ပက်ဒရိုဇာက စည်းလုံးမှု တည်ဆောက်ပြီး ပြောင်းလဲမှုကို လုပ်နိုင်မလားလို့ မေးမြန်းသွားပါတယ်။ ဒါ့အပြင် မန္တလေးတွင် မွေးဖွားပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခင်ပွန်းနဲ့လည်း သိကျွမ်း ရင်းနှီးသူ ၁၉၉၈ စီးပွားရေး နိုဘယ်လ်ဆုရှင် အမာတီရာ စန် (Amartya Sen) က ဒေါ်အောင်ဆန်းစုကြည်ခင်ပွန်း မကွယ်လွန်မီက တွေ့ဆုံကြုံခဲ့ရပုံများကို ပြောပြခဲ့ပါတယ်။ အဲဒီနောက် တက်ရောက်လာကြတဲ့ ကျောင်းသားများက မေးခွန်းများကို မေးမြန်းသွားရာ မြန်မာရိုဟင်ဂျာအဖွဲ့က ဦးထွန်းခင်လည်း ပါဝင် မေးမြန်းခဲ့ပါတယ်။

အခုလို မေးမြန်းမှုများအား ဒေါ်အောင်ဆန်းစုကြည် ပြန်လည် ဖြေကြားခဲ့ပုံများကို အောက်ပါအတိုင်း အကျဉ်းချုပ် ဖော်ပြလိုက်ပါတယ်။

အမျိုးသား ပြန်လည် သင့်မြတ်ရေး

ကျွန်မတို့အနေနဲ့ အမြဲတမ်းပဲ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ယုံကြည်ပါတယ်။ မြန်မာပြည်မှာ လိုက်လျောညီထွေမှု မရှိတဲ့ အမြင် နှစ်ခု ရှိပါတယ်။ ကျမတို့က ပြောင်းလဲမှု လုပ်ချင်ပါတယ်။ စစ်အာဏာပိုင်တွေကတော့ ပြောင်းလဲမှု မလုပ်ချင်ပါဘူး။ ဒါဟာ အဓိကပြဿနာ ဖြစ်ပါတယ်။ ကျွန်မတို့က မလွတ်လပ်တဲ့ဘ၀ကနေ လွတ်လပ်ခြင်းကို ပြောင်းလဲချင်ပါတယ်။ ကျွန်မတို့ မြန်မာစစ်အစိုးရနဲ့အတူတူ ပြောင်းလဲမှုတွေ လုပ်ချင်ပါတယ်။

စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ

ရွေးကောက်ထားတဲ့ ဒီမိုကရေစီကို မလိုချင်ပါဘူး။ စစ်မှန်တဲ့ ဒီမိုကရေစီကို လိုလားပါတယ်။ ဒါဟာ တွေ့ဆုံ ဆွေးနွေးရေးကိုပဲ ပြန် ရောက်သွားပါတယ်။ တွေ့ဆုံ ဆွေးနွေးတဲ့အခါ ဒီမိုကရေစီဆိုတာကို ဘယ်လို မြင်သလဲဆိုတာ အမြင်ဖလှယ်ကြရပါမယ်။ သူတို့အနေနဲ့ ဒီမိုကရေစီတခုခုကို လိုလားတဲ့သဘော မြင်ရပါတယ်၊ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီပုံစံ ဆိုပါစို့။ ကျမတို့က ပြောပြချင်ပါတယ်၊ ကျမတို့ ဘာကို မျှော်လင့်သလဲဆိုတာကို။

စီးပွားရေး ပိတ်ဆို့မှု

စီးပွားရေး ပိတ်ဆို့မှုဟာ မြန်မာပြည်သူတွေရဲ့ လူသားချင်းဆိုင်ရာ အကူအညီတွေနဲ့ ပတ်သက်ပြီး ဘာမှ မသက်ဆိုင်ဘူးလို့ ထင်ပါတယ်။ လူသားချင်းဆိုင်ရာ အကူအညီ ပတ်သက်ပြီး ကျမတို့ ပြောတဲ့အခါ ပွင့်လင်းမြင်သာမှု ရှိရမယ်၊ တာဝန်ခံမှု တာဝန်ယူမှု ရှိရတယ်၊ လွတ်လပ်စွာ လေ့လာစောင့်ကြည့်မှု ရှိရမယ်လို့သာ ပြောတာပါ။ ကျမတို့ လူသားချင်းဆိုင်ရာ အကူအညီတွေကို ဘယ်တုန်းကမှ ပိတ်ဆို့မထားပါဘူး။ ပညာရေးနဲ့ ကျန်းမာရေးအသုံးစရိတ်ဟာ အစိုးရအသုံးစရိတ်ရဲ့ ငါးရာခိုင်နှုန်းအောက်မှာပဲ ရှိတယ်ဆိုတာကို ကြည့်ရင် လူသားချင်းဆိုင်ရာ အကူအညီတွေ ရဖို့ဆိုတာဟာ စီးပွားရေးပိတ်ဆို့မှုကို ပြောတာထက် အစိုးရမူဝါဒကို ပြောတာက ပိုကောင်းမယ်ဆိုတာကို စဉ်းစားကြည့်နိုင်ပါတယ်။

နိုင်ငံတကာပြည်သူတွေအနေနဲ့ ဘယ်လို ကူညီနိုင်မလဲ

အားလုံးအနေနဲ့ မြန်မာပြည်ရဲ့ နိုင်ငံရေး အပြောင်းအလဲမှာ သက်ဆိုင်သူတွေအားလုံး ပါဝင်ဖို့ကိစ္စကို တောင်းဆိုစေလိုပါတယ်။ ဒါဟာ ပထမဆုံးခြေလှမ်းဖြစ်ပြီး အခုပဲ တောင်းဆိုစေလိုပါတယ်။ နိုင်ငံရေးမှာ အားလုံး ပါဝင်ဖို့ဆိုရင် ပထမအဆင့်အနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်ဖို့ လိုအပ်ပါတယ်။ မြန်မာပြည် ဒီမိုကရေစီ ပြောင်းလဲလိုသူ ကမ္ဘာသားတွေအားလုံးအနေနဲ့ ဒီ အချက်အပေါ်မှာ ရပ်တည်စေလိုပါတယ်။ အခုအချိန်ဟာ ကျမတို့အနေနဲ့ အဲဒီအချက်ကို စတင် လုပ်ဆောင်နေပါတယ်။ ကျမတို့အနေနဲ့ လက်တွေ့ကျတဲ့ တိုးတက်မှု ရလိမ့်မယ်လို့ ယူဆပါတယ်။

စစ်အစိုးရရဲ့ ပြစ်မှုတွေကို စုံစမ်းစစ်ဆေးရေးကော်မရှင် နဲ့ စစ်ဆေးဖို့

ပါမောက္ခ ကင်တားနားက ကမ္ဘာ့ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းဖို့ တောင်းဆိုတယ်လို့ ကျမထင်ပါတယ်။ ဒါဟာ လိုအပ်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အဲဒီ အတွေးအခေါ်ကို ထောက်ခံပါတယ်။ ဒါဟာ စုံစမ်းစစ်ဆေးဖို့ တောင်းဆိုတာပါ။ တချို့လူတွေထင်နေတဲ့ စစ်ဗိုလ်ချုပ်တွေကို စွဲချက်တင် တရားစွဲဖို့ဆိုတာနဲ့ ကွဲကွဲပြားပြား သိစေလိုပါတယ်။ မြန်မာပြည်က လူ့အခွင့်အရေး အခြေအနေတွေ ပြောင်းလဲဖို့အတွက်ဆိုရင် ကမ္ဘာ့ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းဖို့ လိုအပ်တယ်လို့ ပါမောက္ခကင်တားနားက ယူဆပါတယ်။

စည်းလုံးညီညွတ်မှု

ကျမတို့ ဘာတွေ ကြိုးစားပြီး လုပ်ကိုင်ချင်သလဲဆိုတော့ တိုင်းရင်းသားများရဲ့ ပြင်းပြတဲ့ဆန္ဒ၊ မျှော်လင့်ခြင်းတွေနဲ့ ဦးတည်ချက်တခုကို သွားပြီး အဲဒီ ပြင်းပြတဲ့ဆန္ဒတွေကို အခြေခံတဲ့ ပြည်ထောင်စုစိတ်ဓါတ်တခုကို တည်ဆောက်ရမှာပါ။ ဆွေးနွေးမှုတွေ၊ တွေ့ဆုံပွဲတွေ အများကြီး လုပ်နေပါတယ်။ ကျွန်မတို့ကို တိုင်းရင်းသားအဖွဲ့အများအပြားက ထောက်ခံနေပါတယ်။ ပိုမို ကျယ်ပြန့်လာအောင်လည်း ကြိုးစားနေပါတယ်။ အားလုံး ပါဝင်ရမယ်ဆိုတာ ဒီကနေ့ ကျမတို့ ပြောနေတဲ့ အချက် ပါ။ အားလုံး ပါဝင်ရမယ်ဆိုတာက တိုင်းရင်းသားတွေတင်မကပါဘူး၊ မြန်မာပြည်က နိုင်ငံရေး အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးနဲ့ ပတ်သက်သူအားလုံး ပါဝင်ပါတယ်။

နောက် ဆယ်နှစ်အကြာ မြန်မာပြည်ကို ဘယ်နေရာမှာ မြင်လိုပါလဲ

ကျမကတော့ ဒီနေရာမှာပဲ ရှိမှာပါ။ နိုင်ငံရေးအရ ဘယ်နေရာမှာ ရှိမလဲဆိုရင်တော့ ကျမအနေနဲ့ ရုပ်ခန္ဓာအရ ဒီနေရာမှာ ရှိနေပေမယ့် မျှော်လင့်တာကတော့ ကျမတို့ ဒိထက် အများကြီး အရှေ့ကို ရောက်နေမှာပါ။ ဆယ်နှစ်အကြာကျရင် ကျမအနေနဲ့ ရဲရင့်တဲ့ မြန်မာလူငယ်တွေအတွက် သူတို့ မျှော်လင့်တဲ့ လွတ်လပ်ခြင်းနဲ့ လုံခြုံခြင်းတွေ ပြည့်စုံတဲ့ မြန်မာပြည်မှာ ပျော်ရွှင်စွာ နေထိုင်နိုင်ကြမယ်လို့ မြင်လိုပါတယ်။

အခု ဖော်ပြခဲ့တာတွေကတော့ ဆွေးနွေးမှုတွေကို ပြန်လည် ဖြေကြားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖြေတချို့ ဖြစ်ပါတယ်။ အခုလို ဖော်ပြရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆွေးနွေးမှုကို အပြည့်အစုံ ဘာသာပြန်ဖော်ပြခြင်း မဟုတ်ဘဲ အဓိကအချက်များကိုသာ ကောက်နှုတ်ပြီး အဓိပ္ပါယ် ခြုံငုံအောင် ဘာသာပြန်ထားခြင်း ဖြစ်ပါတယ်။

(စာညွန်း - သတင်းဆောင်းပါး ရေးသားရန် အကြံပြုတဲ့ ဒီမိုဝေယံ အတွက်)

(သတင်းရင်းမြစ် - ယနေ့မြန်မာ)

အာလုံး ဖတ်ရှူလေ့လာနိုင်ရန် ပြန်လည် ရေးသားတင်ပြပေးတဲ့ အကိုမြင့်လှိုင်အား ကျေးဇူးတင်ပါသည်..။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် AlJazeera သတင်းဋ္ဌာန ဗီဒီယိုမှ တိုက်ရိုက်မေးမြန်း ဆွေးနွေးတဲ့ ရုပ်သံဖိုင်....


လတ်တလောရ တပ်ချုပ်ကြီးသတင်း.. ဗိုလ်ချုပ်ခင်ညွန့်သတင်း...

ပြည်တွင်းက စုံစမ်းသိရှိရတဲ့ သတင်းထူးလေးများကို ဖော်ပြလိုက်ရပါတယ်..။ ပြည်တွင်းက မိမိတို့ရဲ့ နိုင်ငံရေးအဖွဲ့အစည်း သတင်းတွေကိုသာ အဓိကဖော်ပြနိုင်ပေမယ့် စစ်အာဏာရှင်တွေရဲ့ ဘာလုပ်မယ် .. ဘာတွေ ဖြစ်နေပြီ ဘယ်လို ဆင်ကြံကြံနေပြီဆိုတဲ့ သတင်းတွေကို ဖော်ပြနိုင်တာကတော့ တော်တော်လေး အားနည်းနေပါတယ်...။ အဲ့ဒီအတွက်ကြောင့် ယခု ပြည်တွင်းက လတ်တလော ရရှိတဲ့ သတင်းတစ်ချို့ကို ကြိုးစားဖော်ပြလိုက်ပါတယ်...။ နောင်လည်း စုံစမ်းရရှိထားတဲ့ သတင်းတွေကို ဆက်လက်ဖော်ပြပေးပါမယ်။ ယခုသတင်းများနဲ့ ပတ်သက်ပြီး မီဒီယာများမှ ဆက်လက်စုံစမ်းနိုင်ပါတယ်..။

တပ်ချုပ်ကြီးသတင်း....

လာမယ့် (၂၄)ရက်နေ့ သောကြာနေ့မှာ  မင်္ဂလာဒုံရှိ စစ်ဆေးတက္ကသိုလ် ကျောင်းဆင်းပွဲသို့ တပ်ချုပ်ကြီးနဲ့  မိသားစုတက်ရောက် ချီးမြှင့်မည် ဖြစ်ကြောင်း သိရှိရပါသည်..။ ယခုရက်ပိုင်းအတွင်း တပ်ချုပ်ကြီးနှင့် မိသားစုဝင်များမှ စစ်တက္ကသိုလ် ကျောင်းဆင်းပွဲ၊ နည်းပညာစစ်တက္ကသိုလ် ကျောင်းဆင်းပွဲ များသို့ မိသားစုဝင်များနဲ့အတူ သွားရောက်အလေးပြုခံတဲ့ သတင်းများအား အစိုးရအာဘော် နေ့စဉ်သတင်းစာများမှာ ဖော်ပြပါရှိခဲ့ပြီး အဆိုပါ .. ဓာတ်ပုံများ၌ ဗိုလ်ချုပ်ကြီးများ၏ မိသားစုဝင်များအား အခမ်းအနားကျင်းပရာ ရှေ့ဆုံးတန်း၏ အထူးနေရာနှင့် အခြားသော ဗိုလ်ချုပ်ကြီးများ၏ အရှေ့၌ အထူးပုဂ္ဂိုလ်များအသွင် အမြင်မတော်ဖွယ်ရာ တွေ့ရှိနေရသည့် အတွက် ပြည်တွင်းမှာ ဝေဖန်ပြောဆိုနေကြကြောင်း သိရှိရပါတယ်...။
ဒီဓာတ်ပုံကို မြင်မိတော့ အာဏာသိမ်းပြီးစ နဝတဆိုပြီး တက်လာခါစမှာ အလုပ်မရှိအလုပ်ရှာ ငွေကုန်ခံပြီး လှေလှော်ပြိုင်ပွဲတို့ ဘာတို့ လုပ်ခဲ့တုန်းက သတင်းစာမှာ ပါလာတဲ့ ပြိုင်ပွဲတစ်ခုကို သွားသတိရမိပါတယ်... ဘာတဲ့ နွားအလှပြိုင်ပွဲဓာတ်ပုံ ဆိုလားပဲ...

ထောက်လှမ်းရေး ညွန်ကြားရေးမှုးဟောင်း ဗိုလ်ချုပ်ခင်ညွန့်သတင်း....
ယခင် အာဏာရှိစဉ်က လျှမ်းလျှမ်းတောက် အာဏာထက်မြက် ခဲ့ပြီး ၂၀၀၄ခုနှစ်မှာ နေအိမ် အကျယ်ချုပ်ကျခံနေရတဲ့ ဗိုလ်ချုပ်ခင်ညွန့်ဟာ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း မနက် (၅)နာရီမှာ ရွှေတိဂုံစေတီတော်သို့ တောင်ဘက်မုခ်မှ တက်ရောက်ပုတီးစိတ် ဖူးမျှော်လေ့ရှိကြောင်း သတင်းရရှိပါတယ်..။ ထိုသို့ ဗိုလ်ချုပ်ခင်ညွန့် ရွှေတိဂုံစေတီသို့ တက်ရောက်ဖူးမျှော် ချိန်၌ လုံခြုံရေး တာဝန်ရှိသူ (၄) (၅)ဦးခန့် အတူပါရှိကြောင်းနှင့် ထို့အတွက်ကြောင့် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ရွှေတိဂုံစေတီတော်အား မနက်(၆)နာရီမှ ဖွင့်လှစ်ပေးကြောင်း သိရှိရပါသည်..။

ယခင် တန်ခိုးအာဏာထွားခဲ့စဉ်က အခြွေအရံများနဲ့ တကွ ရွှေတိဂုံ ဘုရားသို့ လာရောက်ခဲ့ပေမယ့်.
 ယခုအချိန်မှာတော့ သူများမျက်နှာ ပြန်ကြည့်နေရတဲ့ ဘဝအခြေအနေကို ရောက်ခဲ့ရပါပြီ.... ရွှေတိဂုံဘုရားကို ဗုဒ္ဓဟူးနေ့တိုင်း လာရောက်ဖူးမျှော်တဲ့ အချိန်မှာ ပါလာတဲ့သူတွေကတော့ ယခင်လို လုံခြုံရေးအတွက် အစောင့်အကြပ်တွေ မဟုတ်တော့ပဲ အထိန်းသိမ်းခံဘဝ အကြပ်အမတ် အာဏာပိုင်တွေပါ...

ယခင်ရွှေတိဂုံစေတီတော် ဘက်စုံမွမ်းမံပြုပြင်ရေး စီမံကိန်းအား ၎င်းအာဏာရှိစဉ်မှာ အကောင်အထည် ဖော်ခဲ့တာ ဖြစ်ပါတယ်..။ ဗိုလ်ချုပ်ခင်ညွန့်ဟာ ယခုအချိန်၌ နေအိမ်အကျယ်ချုပ် ဆက်လက်ကျခံလျှက် ရှိနေကြောင်း သိရှိရပါသည်..။ ပြီးခဲ့တဲ့ ရက်ပိုင်းများ အတွင်းက ထွက်ရှိခဲ့တဲ့ ဗိုလ်ချုပ်ခင်ညွန့်ရဲ့ ဗီဒီယိုဖိုင်ဟာလည်း ၂၀၀၉ခုနှစ်က ဗီဒီယိုဖိုင် ဖြစ်ကြောင်း သိရှိရပြီး.. အဆိုပါ ဗိုလ်ချုပ်ခင်ညွန့် ဗီဒီယိုဖိုင်အား စရဖမှ တမင်ရည်ရွယ်ချက် ရှိရှိနဲ့ ထုတ်ခဲ့တာဖြစ်ကြောင်း၊ တိုင်းရင်းသားများနဲ့ ဆွေးနွေးရန် ခေါ်ထုတ်လာတယ် ဆိုတဲ့အချက်ဟာ မမှန်ကန်ကြောင်းနှင့် စရဖမှ သတင်းလုပ်တာ မဟုတ်ပဲ သတင်းလှုပ်တာဖြစ်ကြောင်း သိရှိရပါတယ်..။ အဆိုပါ ဗိုလ်ချုပ်ခင်ညွန့်နေထိုင်ရာ အိမ်နှင့် မလှမ်းမကမ်းမှာ မြန်မာပြည်တွင်း ပြီးခဲ့တဲ့ ၁၀စုနှစ်များအတွင်းက နာမည်ကျော်ကြား လူကြိုက်များခဲ့တဲ့ နာမည်ကြီး စတီရီယို တေးသံရှင်နှင့် မိသားစု တို့လည်း နေထိုင်လျှက်ရှိပါတယ်...။

သတင်း... ဒီမိုဝေယံ

Inside Burma


ပြည်တွင်းသတင်းအတိုအထွာများ... (တိုင်းပြည်ဖွတ်တက်တော့မယ်)

တိုင်းပြည်ဖွတ်တက်တော့မယ်

ကိုဒီမိုရေ ဒီလကုန်ရင် ရယက တွေ မယက တွေအကုန်ပြောင်းရမယ်.....။ ကြံ့ဖွတ်ပါတီဝင်တွေက အုပ်ချုပ်ရေးလုပ်မယ် လက်ရှိ ရယက ဥက္ကဌတွေက ဆက်လုပ်ချင်ရင် ကြံ့ဖွတ်ထဲဝင်ရမယ် ... ။ ဖေဖေါ်ဝါရီ ၁၀ ရက်နောက်ပိုင်း လွှတ်တော်ခေါ်တော့မယ်...။

ဒီနေ့ဂျာနယ်တွေမှာ မီးမဖြတ်ပါဘူးလို့ပါတယ် ဒါပေမဲ့ တောင်ဥက္ကလာနဲ့မြောက်ဥက္ကလာ ဘက်တွေမှာ ၁လ ပိုင်း ၆ရက်နေ့ကစပြီး မီးတွေဖြတ်မယ်ဆိုတဲ့စာတွေ ထွက်လာပြီ အကိုဒီမို...။

နောက်တခု နေပြည်တော်က စစ်တပ် အသိုင်းအဝိုင်းက တစ်ယောက်က ပြောလာတယ်...။ သန်းရွှေ အိမ်ဆောက်နေတဲ့ ကုန်ကျစားရိတ်နဲ့ မျောက်လောင်းလေး နေရွှေသွေးအောင်ရဲ့ မွေးနေ့ပွဲလုပ်တဲ့ ကုန်ကျစရိတ်ကို ကာကွယ်ရေးစါးရိတ်ထဲ ထည့်ခိုင်းပါတယ်တဲ့... ကိုဒီမိုရေ လောလောဆယ် တော့ဒီလောက်ပါပဲ..။

အတွင်းသိ...

အထက်ပါ မြန်မာပြည်က လာတဲ့စာထဲက အကြောင်းအရာတွေကို ဖတ်မိရင်း ကျွန်တော်တို့ ငယ်ငယ် မူလတန်းကျောင်းသား ဘဝက ပတ်ဝန်းကျင်ဆိုတဲ့ ဘာသာရပ် သင်ရပါတယ်။ သူငယ်တန်းလားတော့ မသိ မှတ်တော့ မမှတ်မိတော့ပါ။ အဲ့ဒီတုန်းက  မိမိတို့ ပတ်ဝန်းကျင်ရှိ အသုံးဝင် အကျိုးပြုတဲ့ တိရိစ္ဆာန်များ အကြောင်းဆိုပြီး ဆရာမက သင်ပြခဲ့လို့ ကျက်မှတ်ခဲ့ရတာလေးကို အခုထိ မှတ်မိနေပါသေးတယ်.... 

ခွေး.... သူခိုးကပ်လျှင် ဟောင်သည်..။
ကြောင် ... ကြွက်ခုတ်သည်..။
ကျွဲ၊နွား ...... လှည်းဆွဲသည်.. လယ်ထွန်သည်.. နို့ရသည်.. အသားစားရသည်
ကြက်၊ဘဲ... အသားစားရသည်.. ဥစားရသည်တဲ့..။

ယခု စစ်အာဏာရှင်ခေတ်.. မူလတန်းမှာ ပတ်ဝန်းကျင်ဆိုတဲ့ ဘာသာရပ် သင်ရရင်တော့ မိမိတို့ ပတ်ဝန်းကျင်ရှိ အသုံးမဝင် အကျိုးမပြုတဲ့ တိရိစ္ဆာန်များ အကြောင်းဆိုပြီး ဖြည့်စွက် ရေးစေချင်တာ ဖတ်စေချင်တာကတော့..

ကြံ့ဖွတ်.... မဲခိုးသည်..ဗျောင်လိမ်သည်ရမ်းကားသည်လူအများ မုန်းကြသည်

ဆိုပြီး ခေတ်အခါနဲ့ လျှော်ညီအောင် စာပိုဒ်ထည့်ဖြည့်ပြီး သင်ရိုးအညွှန်းထည့်သွင်း သင့်ကြောင်း တင်ပြလိုက်ရင်း ကိုစိုးနာဂါစကီရဲ့ ရာဇဝင်ရိုင်း ဖွတ်သမိုင်း ကဗျာကို ပြန်လည် ဖော်ပြလိုက်ပါတယ်..။

ရာဇဝင်ရိုင်း ဖွတ်သမိုင်း

ငါ့အားဖွားမြင်

မြတ်မိခင်ကို
ငါလျှင်လွန်စွာ

တွေ့ချင်ပါလျှက်

တွေ့ရန်ခက်ခဲ့။

ဇနီမယား

သမီးသားကို

ငါကားလွန်စွာ

တွေ့ချင်ပါလျှက်

တွေ့ရန်ခက်ခဲ့။

တအူထုံဆင်း

တူကြီးပြင်းသည့်

မောင်ရင်းနှမ

လွန်ချစ်လှစွာ

တွေ့ချင်ပါလျှက်

တွေ့ရန်ခက်ခဲ့။

ငါမွေးဖွားရာ

ငါ့တိုင်းရွာကို

လွန်စွာချစ်ခင်

ငါပြန်ချင်လျှက်

အပြန်ခက်ခဲ့

ဘယ်အတွက်နည်း။

ဖွတ်မိကျောင်းဖြစ်

အနှီမြစ်မှာ

ဘယ်သောခါမှ

ချမ်းသာမရှိ

ပုံထင်သိကြ

အမိပြည်ရွာ

မြန်တိုင်းဋ္ဌာတွင်

အာဏာရှင်ဆက်

လွန်ရက်စက်စွာ

ကိုယ်ကျိုးရှာသည့်

ရာဇဝင်ရိုင်း

ဖွတ်သမိုင်းကြောင့်

ငါ့တိုင်းပြည်ရွာ

ပြန်ချင်ပါလျှက်

အပြန်ခက်ခဲ့။....။

ကိုစိုး(နာဂါစကီ)

ဗဒတတပ်ပေါင်းစုလှုပ်ရှားမှု.... (ပြည်တွင်း)

 
မြန်မာပြည်တွင်းဒီမိုကရေစီရေး လှုပ်ရှားနေသော သံဃာတော်များနှင့် ကျောင်းသားလူငယ်အဖွဲ့ ခုနှစ်ဖွဲ့ ပူးပေါင်းပါဝင်ဖွဲ့စည်းထားသော ဗမာနိုင်ငံဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများတပ်ပေါင်းစု(ဗဒတ)မှ တိုင်းရင်းသားဒေသများတွင် နအဖစစ်အစိုးရဆင်နွှဲနေသော ထိုးစစ်များကို ကန့်ကွက်သည့် စာရွက်ကြဲလှုပ်ရှားမှုကို ပြုလုပ် ခဲ့ကြသည်။ ဗဒတတပ်ပေါင်းစု အဖွဲ့ဝင်သံဃာတော်များနှင့် လူငယ်များက ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းအတွင်းရှိမြို့နယ် ပေါင်း(၂၀)တွင် အဆိုပါလှုပ်ရှားမှုကို (၂၀.၁၂.၂၀၁၀)နှင့် (၂၁.၁၂.၂၀၁၀) ရက်နေ့များတွင် ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။ 

ဗဒတတပ်ပေါင်းစုမှ  ဖြန့်ဝေခဲ့သည့်စာရွက်များတွင် တိုင်းရင်းသားတွေကို ထိုးစစ်ဆင်တာ ချက်ချင်းရပ်၊ ပြည်တွင်းစစ်ချက်ချင်းရပ်၊ စစ်ပွဲအလိုမရှိ၊ တွေ့ဆုံဆွေးနွေး အဖြေရှာရေး ချက်ချင်းဆောင်ရွက်ပေး စသည့်စစ်ဆန့်ကျင် ရေးသားစာများ ပါဝင်ပြီးငြိမ်းချမ်းရေး ဂျိုးဖြူငှက် မြန်မာပြည်မြေပုံဆီသို့ ပျံသန်းနေဟန် သရုပ်ဖော်ထားသောပုံများ ပါရှိသည်။ လှုပ်ရှားမှု၏ ရည်ရွယ်ချက်မှာ တိုင်းရင်းသားများ၏ အရေးကိုငြိမ်းချမ်းစွာ ဖြေရှင်းရန် စစ်အစိုးရအား တောင်းဆိုပြီး မြေပြန့်နေ ပြည်သူများက တောင်ပေါ်ဒေသရှိ တိုင်းရင်းသားများ တစိတ်တ၀မ်းထဲရှိကြောင်း ပြသခြင်းဖြစ်ကြောင်း သိရှိရသည်။ ဗဒတ၏စစ်ဆန့်ကျင်ရေး လှုပ်ရှားမှုကို ရန်ကုန်တိုင်းအတွင်းရှိ တောင်ဒဂုံမြို့နယ်၊ မြောက်ဥက္ကလာမြို့နယ်၊ အင်းစိန်မြို့နယ်၊ တွံ့တေးမြို့နယ်၊ သန်လျင်မြို့နယ်၊ ကျောက်တန်းမြို့နယ်၊ သုံးခွမြို့နယ်၊ သာကေတမြို့နယ်၊ ကျောက်တံတားမြို့နယ်၊ ပန်းပဲတန်းမြို့နယ်၊ လသာမြို့နယ်၊ လမ်းမတော်မြို့နယ်၊ စမ်းချောင်းမြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ ဗိုလ်တစ်ထောင်မြို.နယ်၊ ဒေါပုံမြို.နယ်၊ မင်္ဂတောင်ညွန့်မြို့နယ်၊ တောင်ဥက္ကလာမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ ဒလမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ် တို့နှင့် ပဲခူးတိုင်း ပဲခူးမြို့နယ်တို့တွင် ပြုလုပ်ခဲ့ကြသည်။

တောင်ကိုရီးယားနိုင်ငံ သမတဟောင်း မစ္စတာ ကင်(မ်)ဒဲဂျူန်ဧ။် ဇနီးဖြစ်သူ မစ္စယီဟီဟိုနှင့် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် နိုဗဲလ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်တို့၏ အပြန်အလှန်ပေးစာ....

Letter From Daw Aung San Suu Kyi 20.12.2010 (Korea)

တောင်ကိုရီးယားနိုင်ငံ သမတဟောင်း မစ္စတာ ကင်(မ်)ဒဲဂျူန်ဧ။် ဇနီးဖြစ်သူ မစ္စယီဟီဟိုနှင့်
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် နိုဗဲလ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်တို့ ၏ အပြန်အလှန်ပေးစာ
2010/DEC 20/MON/NLD{LA}KOREA NEWS AND INFORMATION
တောင်ကိုရီးယားနိုင်ငံတွင်ထုတ်ဝေသည် (ဟန်ဂယောလဲ) အမည်ရှိ အထင်ကရ သတင်းစာစောင်တွင် ယနေ့ (၂၀.ဒီဇင်ဘာလ ၂၀၁၀) က တောင်ကိုရီးယားနိုင်ငံရဲ့  ၁၅ ကြိမ်မြောက် သမတ လည်းဖြစ် ၂၀၀၀ ပြည်နှစ် ငြိမ်းချမ်းရေး နိုဗဲလ် ဆုရှင်လည်းဖြစ်ခဲ့သည့် ၂၀၀၉ ခုနှစ် သြဂုန်လ ၁၈ရက်နေ့ က ကွယ်လွန်ခဲ့ သူ သမတ ကြီး မစ္စတာ ကင်(မ်)ဒဲဂျူန်ဧ။် ဇနီးဖြစ်သူ မစ္စယီဟီဟိုက မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ငြိမ်းချမ်းရေးနိုဗဲလ် ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ထံသို့ ပေးပို့ခဲ့သည့် စာသ၀ဏ်နှင့် ဒေါ်အောင်ဆန်းစုကြည်မှ ပြန်လည်၍ မစ္စယီဟီဟို ထံသို့ ပြန်လည် ပေးပို့ လိုက်သည့် အပြန်အလှန် စာသ၀ဏ်ကို အထက်ဖော်ပြပါ သတင်းစာ တွင် အထူးသတင်းတရပ် အနေဖြင့် ဖော်ပြထုတ်ဝေခဲ့ပါသည်၊၊

အဆို သတင်းစာတွင်ဖော်ပြပါရှိသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စယီဟီဟိုတို့၏ အပြန်အလှန် ပေးပို့သည့် စာသ၀ဏ်လွှာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ကိုရီးယားဌာနခွဲမှ အဖွဲ့ဝင် ကိုဇော်မိုးအောင်မှ အတိအကျ ဆီလျှော်အောင် ဘာသာပြန်ထားသည်ကို အများပြည်သူတို့ အနေဖြင့် ဖတ်ရူ့  လေ့လာနိုင်ရန် မျှဝေလိုက်ပါသည်။

လေးစားစွာဖြင့်
ရန်နိုင်ထွန်း
ပြန်လည် မျှဝေ ပေးပို့ပေးတဲ့ မြတ်လေးငုံအား ကျေးဇူးတင်ပါသည်..။

The Voice ဂျာနယ်.. (7-2)

The Voice 7-2