ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

တာလေ ငလျင်ဒဏ်ခံရတဲ့ ဒေသမှ ပြည်သူများ အကူအညီတွေ စောင့်ဆိုင်းနေရ (အယ်လ်ဂျာဇီးယာ ရုပ်သံ)

ထုံးစံအတိုင်း အနှစ် (၂၀)ကျော် မရိုးနိုင်တဲ့ မြင်ကွင်းတွေနဲ့ ဟန်ပြလုပ်ဆောင် နေပါတယ်..။ တာလေမြို့ရဲ့ လူနေအိမ် ထက်ဝက်ကျော် ပြိုကျ ပျက်ဆီးခဲ့ပါတယ်..။ သေဆုံးသူတွေက တိုးတိုးလို့ လာပါတယ်..။ ဒေသခံ ကယ်ဆယ်ရေးအဖွဲ့တွေကပဲ ကျန်ရစ်သူတွေကို ကြိုးစားပမ်းစားနဲ့ ကိုယ်ထူကိုယ်ထ  ရှာဖွေ ကယ်ဆယ် လုပ်ကိုင် နေကြရပါတယ်..။ ဘယ်ကျွမ်းကျင်တဲ့ ကယ်ဆယ်ရေးအဖွဲ့မှ ရောက်ရှိလာခြင်း မရှိပါဘူး .. ထိုင်းဖက်ကပေးပို့တဲ့ အကူအညီတစ်ချို့ စစ်အစိုးရက လက်ခံခြင်းမရှိတဲ့ အတွက် ပြန်လည် ရောက်ရှိလာပါတယ်..။ သတင်းအပြည့်အစုံ ရုပ်သံမှာ ကြည့်ရှုနိုင်ပါတယ်..။ စစ်အာဏာရှင်တွေရဲ့ မရိုးနိုင်တဲ့ မီဒီယာကိုပိတ်၊ ကယ်ဆယ်ရေးလုပ်ငန်း တွေကိုဟန့်တား၊ အထောက်အပံ့တွေကို ပိတ်ပင်၊ ဒါလား ဒီမိုကရေအစိုးရသစ်နဲ့ လွှတ်တော်..။ ရုပ်သေးအမတ်တွေရေ ကြည့်လဲလုပ်ကြပါဦး။
တကယ့်လက်တွေ့ ကယ်ဆယ်ရေး လုပ်ငန်းတွေကိုတော့ ဒေသခံတွေပဲ လုပ်ဆောင်နေတာပါ..။ အခြေအနေ ဖြစ်ရပ်မှန်ကိုတော့ ရုပ်သံမှာ ကြည့်ရှုနိုင်ပါတယ်..။ တပ်မတော်ပေါက်တူးရှိမှ တိုင်းပြည်ဂေါ်ပြားရှိမည် ဆိုပြီး ပေါက်တူး၊ ပေါက်ပြားနဲ့ ဓာတ်ပုံ အရိုက်ခံနေလို့ ကတော့....
ပြည်တွင်းပရိသတ်အတွက် အယ်လ်ဂျာဇီးယာရုပ်သံ ဒေါင်းလုပ်လုပ်ချင်ရင်http://www.mediafire.com/?0u0x555lx6i9t8f

ဆောက်ဖြစ်မှ ကျောင်းဒကာ အစိုးရသစ်နဲ့ နိုင်ငံရေးအကျဉ်းသား၊ အသံမမည်တဲ့ ခေါင်းလောင်းနဲ့ ယခုတစ်ပတ်ထုတ်The Voice ဂျာနယ်

ဆောက်ဖြစ်မှ ကျောင်းဒကာ အစိုးရသစ်နဲ့ နိုင်ငံရေးအကျဉ်းသား
မြန်မာပြည်ရဲ့ စစ်အာဏာရှင်ခေတ် ပညာရေးအခြေအနေပါပဲ... ကြာလေတိုးတက်လေလား ဆုတ်ယုတ်လေလား ဆိုတာ
The Voice March 4th Week

ငလျင်ဒဏ် ပြင်းပြင်းထန်ထန် ခံခဲ့ရတဲ့ တာလေမြို့မှ မြင်ကွင်းများ (ဓာတ်ပုံ)

ကျွမ်းကျင်တဲ့ ကယ်ဆယ်ရေးလုပ်သားတွေ၊ ခေတ်မှီတဲ့ ယန္တရားတွေ၊ လုံလောက်တဲ့ ဆေးရုံသုံး ပစ္စည်းတွေ၊ လိုအပ်တဲ့ အထောက်အပံ့တွေ မရရှိနိုင်တဲ့ အခြေအနေနဲ့ ဒုက္ခတွေကို ရင်ဆိုင်နေရတဲ့ ကျွန်တော်တို့ ပြည်သူတွေ အတွက် ရင်လေးမိပါတယ်...။
ကယ်ဆယ်ရေး လုပ်ဆောင်ရမယ့် နေရာတွေမှာ လိုအပ်တဲ့ Equipment တွေနဲ့ လုပ်ဆောင်ဖို့ အခြေအနေ မပေးနိုင်တော့ဘူးလား
သေဆုံးသွားသူ တစ်ဦး
လူမမယ် ကလေးငယ်နှစ်ဦးနဲ့ ဖခင်တစ်ဦးရဲ့အပူ
ကိုယ်ထူကိုယ်ထ လုပ်ကိုင်နေရတဲ့ အခြေအနေတွေ
ဒဏ်ရာရရှိသွားတဲ့ ကလေးငယ် တစ်ဦး...
ဓာတ်ပုံ Getty Images, Reuters

မြေငလျင်ဒဏ်နဲ့ ဆူနာမိဒဏ်ခံခဲ့ရတဲ့ ဂျပန်ပြည်သူများအတွက် မြန်မာစေတနာရှင်များ ကိုယ်စား ကိုယ်တိုင်လိုက်ပါ သွားရောက် လှူဒါန်းခဲ့သူတစ်ဦးရဲ့ သတင်း၊ ဓာတ်ပုံ မှတ်တမ်း

 NARUSE CHU GAKO ကျောင်းနဲ့ အနီးအနားမှာရှိတဲ့ အိမ်တွေ ဆူနာမီကြောင့် ပျက်စီးတဲ့ပုံတွေ (ကားတွေက ကျောင်းရှေ့မှာ လာစုပုံနေတယ်)
ပြီးခဲ့တဲ့ အဂါင်္နေ့က မြန်မာစေတနာရှင်များနဲ့ ဂျပန်အလှူရှင်များမှ လှူဒါန်းတဲ့ ၁၀တန်ကား တစ်စီးစာ ခေါက်ဆွဲခြောက် အထုပ် ၅၀၀၀ကျော်၊ ရေနံ၊ ဒီဇယ်၊ ဓါတ်ဆီ၊ လီတာ၈၀၀၊ ဆေးဝါး အ၀တ်အထည် ခြုံစောင် အခြားပစ္စည်းမျိုးစုံတွေကို ဆူနာမီဒဏ် ခံခဲ့ရတဲ့ nobiru , miya ko shima , oonagawa မြို့သုံးမြို့သို့ မြန်မာတစ်ဦးနဲ့ ဂျပန်၅ဦးတို့မှ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းခဲ့ပါတယ်။ အဆိုပါ သွားရောက် လှူဒါန်းရာမှာ ပါဝင်လုပ်ဆောင်ပေးခဲ့တဲ့ ကိုစိုးနိုင်မှ ပေးပို့လာတဲ့ သတင်း၊ မှတ်တမ်း ဓာတ်ပုံများ ဖော်ပြလိုက်ပါတယ်..။
 NOBIRU AZA YAMAGISHI မီးသတ်စခန်းလေး
ကျွန်တော်တို့ NOBIRU AZA YAMAGISHI မီးသတ်စခန်းလေးမှာ ဆယ်တန်ကားတစ်စီးစာ ပါလာတဲ့ ပစ္စည်းတွေကို nobiru , miya ko shima , oonagawa မြို့သုံးနေရာစာအတွက် ခွဲဝေပါတယ်။ ပစ္စည်းတွေက ခေါက်ဆွဲခြောက် အထုပ် ၅၀၀၀ကျော် ရေနံ ဒီဇယ် ဓါတ်ဆီ လီတာ800 ဆေးဝါး အ၀တ်အထည် ခြုံစောင် အခြားပစ္စည်းမျိုးစုံပဲ လိုအပ်တာနဲ့ ကိုယ်ပေးလိုက်နိုင်တာ မကာမိပါဘူး။ ခေါက်ဆွဲခြောက်ထုတ် ၅၀၀၀ကျော်နဲ့ ၁၀တန်ကားက မြန်မာစေတနာရှင်တွေရဲ့ အလှူပါ။ မလောက်ငမှုကတော့ နာဂစ်အတိုင်းပဲ တခုပဲထူးတယ် အာဏာပိုင်တွေက အစစအရာရာ ကူညီဖေးမပေးတယ်ဗျ။ ဟု ကိုစိုးနိုင်မှ ပြောပြပါတယ်..။

မြင်တွေ့ရတဲ့ မြင်ကွင်းတွေအရ ဆိုရင် နာဂစ်နဲ့ ကွာခြားတာကတော့ ယူနီဖောင်းတကားကား ခြေကားရား လက်ကားရာနဲ့ ဟန်ရေးပြနေတဲ့ ပုဂ္ဂိုလ်တွေကို မြင်တွေ့ရခြင်း မရှိပါဘူး။ ဆက်လက်ပြောဆိုရာမှာတော့ " နေရာတိုင်းမှာ လှူသမျှပစ္စည်း အစိုးရကလှူလှူ ကျနော်တို့လို အလှူရှင်တွေကပဲ လှူလှူ သူတို့က လက်ခံပါတယ်။ ပြီးမှ ခွဲဝေပေးတယ် မြို့မိမြို့ဖတွေပေါ့.. အစိုးရတာဝန်ရှိသူတွေက ဦးစီးတာ မဟုတ်တာကတော့ သေချာတယ်။" 

နာဂစ်မုန်တိုင်း တိုက်ခတ်ပြီး ရက်သတ္တပတ် တော်တော်ကြတဲ့ အထိ မြန်မာပြည်မှ အာဏာပိုင်ဆိုသူများမှ ကိုယ်တိုင် မြေမြုပ်သိမ်းဆည်းခြင်း မရှိသည့်အပြင် မြစ်များ၊ လယ်ကွင်းများနဲ့ နေရာဒေသအနှံအပြားမှာ သေဆုံးသူတွေရဲ့ ရုပ်အလောင်းများအား ပစ်စလက်ခတ်  ပရမ်းပတာ စွန့်ပစ်ထားခဲ့ကြတာ အားလုံး မှတ်မိကြဦးမှာပါ။ ဒါ့အပြင် မြေမြုပ်သဂြိုလ်ပေးတဲ့ စေတနာ့ ဝန်ထမ်းများအားလည်း ဖမ်းဆီးအရေးယူ ထောင်ချခဲ့တဲ့ အထိ လုပ်ဆောင်ခဲ့ကြပါတယ်...။
ထိုကဲ့သို့သော အခြေအနေမျိုး သွားရောက်ခဲ့ရာမှာ မြင်တွေ့ရခြင်းရှိမရှိ မေးမြန်းခဲ့ရာမှာတော့... "ျပန်ဆူနာမီဒဏ်ခံ တဲ့ ဒေသမြင်ကွင်းက ဗမာပြည်နဲ့ကွာတာ လူသေအလောင်း ပိုးလိုးပက်လက်တွေ လုံးဝကိုမရှိတာပါပဲ တာဝန်ရှိသူတွေက တာဝန်ရော စေတနာနဲ့ ကိုပါလုပ်တယ် လူပျောက်တွေ သတင်းပို့ဖို့ ကြေညာတာလည်းအမြဲပဲ... လိုက်လဲရှာနေကြတာပဲ..။ မြစ်ရိုးချောင်းရိုး တလျှောက်မှာ ဆယ်ယောက် ငါးယောက်အဖွဲ့တွေခွဲပြီး ပိုက်စိပ်တိုက်ရှာကြတယ်။ ပါတ်ဝန်းကျင်က လူတွေကလည်း သွားရင်းလာရင်း ရှာကြတယ်။ ဂျပန်စစ်တပ်ကလည်း သူတို့ရှာမယ် ကယ်ဆယ်မယ် သေချာတယ်ဗျ.. ကျနော်ထင်တယ် တပ်မတစ်တပ်စာ ထက်တောင်များဦးမယ် တစ်ကီလိုမီတာလောက် ကွင်းထဲမှာ စစ်ကားကအပြည့်ပဲ။"
နာဂစ်မုန်တိုင်း အပြီးလမ်းမပေါ်မှာ လဲကျပြိုကျနေတဲ့ သစ်ပင်တွေ၊ ဓာတ်တိုင်တွေကြားမှာ မြန်မာပြည်သူတွေနဲ့ သံဃာတော်တွေမှ ကိုယ့်အားကိုယ်ကိုး ခုတ်ထွင်ရှင်းလင်းပြီး လမ်းဖြစ်အောင် လုပ်ခဲ့ရတာပါ.. နောက်ပိုင်းမှာ ယူနီဖောင်းဝတ်တွေ အစိမ်းရောင်ဝတ်တွေက တီဗီဖန်သားရှေ့မှာ ဟန်ရေးတပြပြ ဓားမကိုယ်စီ၊ ပေါက်တူး၊ ဂေါ်ပြားကိုယ်စီနဲ့ မှတ်တမ်းတင်ခဲ့ ကြပါတယ်... ကိုစိုးနိုင်ပြောပြတဲ့ ဂျပန်နိုင်ငံမှာ လယ်ကွင်းထဲထိ ကားလမ်းရှိတဲ့ ဆူနာမီဒဏ်ခံခဲ့ရတဲ့ ဒေသတွေက လမ်းပန်း ဆက်သွယ်ရေး အခြေအနေကတော့ "ယန္တယားကားမျိုးစုံနဲ့ (စစ်ရောင်နဲ့ကားချည်း) ကားလမ်းကို မောင်းလို့ ရအောင်လုပ်တာ စစ်တပ်ဖြစ်ဖို့များတယ်။ နည်းတာမဟုတ်ဘူး ဂျပန်မှာ ကားလမ်းက နေရာတိုင်းရှိတာလေ.. လမ်းတိုင်း ကိုရှင်းနေတာပဲ လမ်းဘေးမှာ လမ်းပေါ်တင်ခဲ့တဲ့ အမှိုက်တွေ ရှင်းပြီး ပုံထားတာ တောက်လျောက်ပဲ "
ကိုစိုးနိုင်။....။ " ဆီအခက်အခဲကြောင့် ဆန်းဒိုင်မှာ ကားတွေတန်းစီနေရတာ ဆီဆိုင်တခုကို ကားတန်းအရှည် တစ်ကီလီမီတာလောက်ရှည်တယ် ညအိပ်စောင့်ပြီး တန်းစီရတယ် တချို့နေရာတွေမှာ ဆိုင်ကယ်ကားတွေ မောင်းလာဖို့တောင် ဆီမရှိလို့ လက်ကိုင်ဆီတိုင်ကီလေးတွေနဲ့ လူတွေတန်းစီရတယ် အထူးသဖြင့် ဆိုင်ကယ်တွေပေါ့..။ "

ဆူနာမီရေလှိုင်းတွေ ဝင်လာတော့ တီဗီမှာ ပြသွားတဲ့ မြင်ကွင်းတစ်ခုက အနောက်မှာ လှိုင်းတွေ ရေတွေလာနေပြီ.. ရှေ့မှာကားတန်းကြီးက ပိတ်နေတယ်.. အသက်အန္တရာယ် ကြုံတွေ့နေရတာတောင် ဘယ်သူမှ ကျော်တက် မောင်းပြေးတာမျိုးမရှိပဲ စည်းကမ်းရှိရှိ တန်းစီပြီး စောင့်နေကြတဲ့ မြင်ကွင်းကတော့ လက်ဖျားခါရပါတယ်..။ ကြည့်ရတဲ့သူတွေတောင် ရင်တမမလေ...
 ဒီလို ဆယ်တန်ကား ပစ္စည်းအပြည့်နဲ့ သွားရောက် လှူဒါန်းခဲ့ကြတာပါ...။
 မြန်မာလူမျိုးတွေရဲ့ စေတနာ သဒ္ဒါတရားထက်သန်ပုံတွေပါ..။ ကိုယ့်တိုင်းပြည်မှာတော့ အစိုးရဆိုသူတွေက ကိုယ်ကလည်းမလှူ လှူတဲ့လူကိုလည်း ဘယ်အဖွဲ့အစည်း နာမည်တပ်လှူမှဆိုသလို လှူတဲ့ပစ္စည်းကိုလည်း အလွဲသုံးစားလုပ်..။  ပြီးတော့ ဟိုလက်ညိုးထိုး ဒီလက်ညိုးထိုး စေတနာကမပါ...ပြည်သူပေးတဲ့ အခွန် ပြည်သူကျွေးတဲ့ ထမင်းစားပြီး ပြည်သူကို အခိုင်းအစေလို မတူမတန်သလို မြင်နေတာလေ....
 မြန်မာတွေ လှူတဲ့ မီးစက်ပါ မီးစက်နဲ့ ဓာတ်ဆီလာရောက် လှူဒါန်းတဲ့ အတွက် အထူးဝမ်းသာသွားကြတယ်လို့  ဆိုပါတယ်။ လှူဒါန်းတဲ့သူတွေလည်း ဝမ်းသာ ပီတိဖြစ်ကြရပါတယ်တဲ့။ ဆူနာမီဒဏ်ကြောင့် အဆိုပါဒေသတွေမှာ လျှပ်စစ်မီးတွေ ပြတ်တောက်နေပါတယ်..။

မြန်မာပြည်မှာလည်း နေ့စဉ် ဆူနာမီဒဏ်ကြောင့် မီးတွေ အလှည့်ကျ ပေးနေပါတယ်..။ စစ်အစိုးရကလည်း နေ့စဉ် သတင်းစာတွေထဲမှာ မီးတွေပေးနေပါတယ်..။ ရေစိုခံ သတင်းစာကြောင့် သတင်းစာထဲမှာ မီးတွေရနေပါတယ်...။
ကိုစိုးနိုင်။...။ MIYAKOSHIMA တံငါရွာကို မော်တော်နှစ်စီးနဲ့ ပစ္စည်းပို့တဲ့ပုံတွေ (အဲဒီ့ရွာမှာ လူဘယ်လောက် ရှိတယ်မသိဘူး ကျန်တာ ၈၀၀လောက်ပဲကျန်တယ် စောင်မလောက်လို့ ကျနော်တို့အတွက်  ယူသွားတဲ့ စောင်တွေတောင် ပေးလိုက်ရတယ် အဲ့ဒီအထိ လိုက်မသွားနိုင်ဘူး လိုက်လို့လဲ မရဘူးလေ ကိုယ့်ကြောင့် ဝန်ထုပ်ဝန်ပိုး ဖြစ်မှာလဲဆိုးလို့ အနေအစား ဆင်းရဲတယ် .. လိုက်သွားတဲ့ နှစ်ယောက်ပြောတာ သခွားသီးတလုံးပဲ စားခဲ့ရတယ်တဲ့) လှေပေါ်မှာ အကျီအ၀ါနဲ့တယောက်ပါသွားတာ တွေ့တယ် မဟုတ်လား.. သူက ခေါင်းဆောင် သူမွေးတဲ့ရွာကျွန်တော်တို့ သွားတဲ့ ၆ယောက်ထဲကပေါ့... MOUMA SAN လို့ခေါ်တယ်..။သူက အဲဒီနယ်ရဲ့ ဆာမူရိုင်း ခေါင်းဆောင်မျိုးရိုးရဲ့ ၁၈ဆက်မြောက် မျိုးဆက်ပေါ့။  သူ့နယ်အတွက် သူ့မှာ တာဝန်ရှိတယ်ဆိုပြီး သူသိတဲ့သူတွေဆီက အလှူခံပြီးသွားပို့တာလေ..။
 သဘောင်္တွေ ကားလမ်းမမှာ ပါကင်လာထိုးပြီး ကားတွေကတော့ ရေဆင်းချိုးကြတဲ့ ဆူနာမီရဲ့ မြင်ကွင်းတွေ
ကိုစိုးနိုင်။....။ SHIOKAMA မြို့မှာ ကားလမ်းပေါ်အထိ သင်္ဘောတွေ ရောက်နေတယ်..။ SHICHIGAHAMA မြို့မှာ ရေက လေးမီတာလောက် အထိရောက်လာပြီး ကားကွင်းတွေက ကားတွေ ၉၈ရာနှုန်းလောက် ပျက်ဆီးကုန်တယ်..။ ISHINOMAKI DAIGAKU မှာ ကယ်ဆယ်ရေးစခန်းဖွင့်ထားတယ် စစ်ကားတွေက ကျောင်းဘေးနားမှာ စခန်းချပြီး ကယ်ဆယ်ရေးလုပ်ငန်း လုပ်ပေးတယ်။
လယ်မြေတွေထဲ ပင်လယ် ရေတွေဝင်တော့ စိုက်ပျိုးရခက်မှာ ကတော့ ဗမာပြည်အတိုင်းပဲ သူတို့ဘယ်လို ဖြေရှင်းမယ်ဆိုတာသာ မသိသေးတာ..။
 သတင်း၊ ဓာတ်ပုံနဲ့ သတင်း ပေးပို့ပြောပြပေးတဲ့ ကိုစိုးနိုင်နဲ့ လှူဒါန်းခဲ့တဲ့ မြန်မာ၊ ဂျပန်စေတနာရှင်များအား အထူးကျေးဇူးတင်ပါသည်...။
မှတ်တမ်း ဓာတ်ပုံများ..
ဂျပန်ပြည်တွင်းက ဆူနာမီဒဏ်ခံရတဲ့ ဒေသက မြင်ကွင်းဓာတ်ပုံတွေပါ.. မြန်မာပြည်ကနာဂစ် မုန်တိုင်းဒဏ်ခံရတဲ့ ပြည်သူတွေနဲ့ ဂျပန်ပြည်သူတွေရဲ့ အစိုးရတွေ ကိုင်တွယ်ပုံချင်း ယှဉ်ကြည့်နိုင်ပါတယ်.။ ဆင်းရဲ ချမ်းသာ ကွာခြားတာထက် စိတ်ဓာတ်၊ စေတနာ၊ တာဝန်သိတတ်မှု၊ လူကိုလူလိုသိတဲ့ အစိုးရနဲ့ ဘယ်သူတေတေ ငတေမှာ ပြီးရော တာဝန်ယူလိုမရှိ၊ လူစိတ်မရှိ၊ အာဏာနဲ့ ငွေကိုသာသိတဲ့ အစိုးရရဲ့ ကွာခြားချက်တွေပါ..။ ဒါတောင်မှ နာဂစ်မှာ စစ်အစိုးရက လှေတွေလှူတဲ့ အကြောင်းကို မော်ကွန်းဝင် သခင်ကြီးတစ်ယောက်က သတင်းစာမှာ ချီးမွမ်းခန်း ဖွင့်လိုက်ပါသေးတယ်..။ အခုလည်း တာချီလိတ် တစ်ဝိုက်မှာ ငလျင်လှုပ်လို့ ပျက်ဆီးမှုတွေ အသက်ဆုံးရှူံးမှုတွေ ပြည်သူတွေ ကြုံတွေ့နေရပြန်ပါပြီ..။ သတင်းတွေ အမှောင်ချ ပွင့်ပွင့်လင်းလင်း မဖော်ပြပဲ သမန်ကာလျှံကာမျှသာ ဖော်ပြနေပါတယ်..။ လိုအပ်ချက်တွေ ကယ်ဆယ်ရေးတွေ ဘာမှမသိရတဲ့ အတွက် အဖြစ်မှန်တွေကို သိခွင့်မရဖြစ်နေပါတယ်..။ တစ်ပြာဖိုးလုပ်ပြပြီး တစ်ထောင်ဖိုးလောက် အမှတ်ယူပါတော့မယ်..။ ငလျင်ဒဏ်ခံနေရတဲ့ ပြည်တွင်းက ဒုက္ခရောက်နေကြတဲ့ မြန်မာပြည်သားတွေ အတွက် ပြည်ပမီဒီယာများမှ တတ်နိုင်သလောက် အများသိအောင် ဖော်ပြပေးကြပါလို့ တိုက်တွန်းနှိုးဆော် လိုက်ရပါတယ်..။

မြန်မာ ထိုင်းနယ်စပ်မှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၆.၈ရှိတဲ့ မြေငလျင် (ရုပ်သံများ)

VOA ရုပ်သံ ပြည်တွင်းမှ ပရိသတ်များ ဒေါင်းလုပ် လုပ်ချင်ရင် http://www.mediafire.com/file/53856ibnoehho6f/Burma%20Earthquake%20VOA.flv
(APရုပ်သံ)
Euro News ရုပ်သံ

ရာဇမဏိစူဠာ ကောင်းမှုတော် စေတီတော်ကြီး (အပိုင်း ၃) (ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)

ရာဇမဏိစူဠာ ကောင်းမှုတော် စေတီတော်ကြီးရဲ့ ရှေးဟောင်းမြင်ကွင်းနဲ့ ယနေ့လက်ရှိမြင်ကွင်း
ရာဇမဏိစူဠာ ကောင်းမှုတော် စေတီတော်ကြီး (အပိုင်း ၃) (ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)
ဒေါက်တာလှိုင်မြင့်ရဲ့ ယခင်ဆောင်းပါးများ ပြန်ဖတ်ချင်ရင်..
ရာဇမဏိစူဠာ ကောင်းမှုတော် စေတီတော်ကြီးနှင့် (စူဏာမိ) ဆူနာမီ..(၁)
http://www.demowaiyan.co.cc/2011/03/blog-post_182.html
ရာဇမဏိစူဠာ ကောင်းမှုတော် စေတီတော်ကြီး၊ သာလွန်မင်းတရားကြီးနှင့် ခေတ်သစ်သာလွန်ဖျင်း (၂) http://www.demowaiyan.co.cc/2011/03/blog-post_21.html

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၆၆နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အကြိုဟောပြောပွဲ (၂၅.၀၃၂၀၁၁) (ဓာတ်ပုံ)

 
 
 
 
 
 
 
ဓာတ်ပုံ ဒီမိုဝေယံ

မြန်မာ ထိုင်းနယ်စပ်မှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၆.၈ရှိတဲ့ မြေငလျင်ဒဏ်ကြောင့် မြန်မာဘက်အခြမ်း၌ ယခုလက်ရှိ သေဆုံးသူ (၇၄)ဦး နဲ့ ဒဏ်ရာရသူပေါင်း ၁၁၁ဦးရှိပြီ ဖြစ်ကြောင်းသိရှိရ... (ရုပ်သံ၊သတင်း)

 တာလေမှ ပြိုကျသွားတဲ့ တံတားတစ်စင်း ဓာတ်ပုံ AP
တာလေမှ...???
 တာလေမြို့မှ အပျက်အဆီးမြင်ကွင်း တစ်ချို့ (ဓာတ်ပုံ DVB) ရင်းမြစ် AP
 တာလေမြို့မှ အဝေးပြေးလမ်းမကြီး ကွဲထွက်သွားတဲ့ မြင်ကွင်း
 တာလေမြို့မှ ပြိုကျသွားတဲ့ အဆောက်အဦး တစ်ခုမြင်ကွင်း (ဓာတ်ပုံ Reuters)
မနေ့က ထိုင်း၊မြန်မာ နယ်စပ်မှာ လှုပ်ခတ်ခဲတဲ့ ၆.၈ ပြင်းအား မြေငလျင် လှုပ်ခတ်မှုကြောင့် တာချီလိတ်မြို့အပါအဝင် ထိုင်းနိုင်ငံချင်းရိုင်ခရိုင်၊ ဘန်ကောက်မြို့နဲ့ ဗီယက်နမ်နိုင်ငံ ဟနှိုင်းမြို့အထိ ငလျင်ဒဏ်ကို ခံစားခဲ့ရပါတယ်..။

ယနေ့မြန်မာစစ်အစိုးရ သတင်းဋ္ဌာနရဲ့ ကြေငြာချက်အရ သေဆုံးသူ ၇၄ဦး ဒဏ်ရာရသူ ၁၁၁ဦး ရှိနေပြီလို့ ဆိုပါတယ်..။ လူနေအိမ်ခြေ ၃၉၀၊ ဘုန်းကြီးကျောင်း ၁၄ ကျောင်းနဲ့ အစိုးရ အဆောက်အဦး ၉လုံး ပျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်..။ ယခုလက်ရှိ နောက်ဆုံး ကြေငြာခဲ့တဲ့ သတင်းပါ စာရင်းဖြစ်ပါတယ်..။ ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ ဋ္ဌာနေကိုယ်စားလှယ် အရာရှိတစ်ဦးရဲ့ အဆိုအရ တာချီလိတ်မြို့ရဲ့ ၅မိုင်ခန့်အကွာ Mong Lin village (မိုင်းလင်း) မှာ သေဆုံးထိခိုက်မှုနဲ့ အပျက်အဆီး အထူးများပြားတယ်လို့ ဆိုပါတယ်..။ မြန်မာစစ်အစိုးရရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ အဆိုပါဒေသ၌ သေဆုံးသူ ၂၉ဦးနဲ့ ဒဏ်ရာရရှိသူ ၁၆ဦးရှိတယ်လို့ ဆိုပါတယ်..။ နောက်ထပ် စစ်အစိုးရ အာဘော် မြန်မာ့အလင်းသတင်းစာမှာတော့ တာလေမြို့မှာ ၁၁ဦးသေဆုံးပြီး ၂၉ဦးဒဏ်ရာရရှိတယ်လို့ ဆိုပါတယ်..။ ကုလသမဂ္ဂအရာရှိတစ်ဦးရဲ့ အဆိုအရ အဆိုပါမြို့မှ ဆေးရုံ တစ်စိတ်တစ်ပိုင်း ပျက်ဆီးသွားပြီး မြို့ကို ဆက်သွယ်ထားတဲ့ တံတားတစ်ခုလည်း ပျက်ဆီးသွားတဲ့ အတွက် ကယ်ဆယ် ထောက်ပံ့ရေးအတွက် အခက်အခဲတွေ ဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်..။

 (The Star သတင်းဋ္ဌာနပါ သတင်းအား အကျဉ်းချုပ် ပြန်ဆိုပါသည်...။ ဒီမိုဝေယံ..)
ဗီဒီယို ဖော်ပြခွင့် ပြုတဲ့ ကိုနစ်အားကျေးဇူးတင်ပါတယ်..
ယနေ့ နအဖါ (တစ်မျိုးတော့ မထင်ပါနဲ့ သတင်းမှန်တွေကို ဖယ်ဖျောက်ပြီး ဖါထေးနေတဲ့) သတင်းစာ ပါသတင်း..။ သတင်းကို အမှန်အတိုင်း အမြန်ဆုံး ထုတ်ပြန်ပေးနိုင်မှ ဒုက္ခရောက်နေတဲ့ ကျွန်တော်တို့ ပြည်သူပြည်သားတွေအတွက် နိုင်ငံတကာမှ အကူအညီတွေ အမြန်ဆုံး ပေးအပ်နိုင်မှာ ဖြစ်ပါတယ်..။
သြစတြေးလျ သတင်းဋ္ဌာနကထုတ်လွှင့် သွားတဲ့ မြန်မာနဲ့ ထိုင်းနယ်စပ်မှာ လှုပ်ခတ်ခဲ့တဲ့ငလျင်.. ၊ လစ်ဗျားနဲ့ဆီးရီယားသတင်း (ရုပ်သံ)