ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အကျန်အကြွင်းတွေရဲ့ နားပန်ကျင်းမခံရအောင် ဒုံရင်းတွေကို ဒီမိုကရေစီဇာတ် အကုန်သွင်းကြ (ဟံသာဝတီဦးဝင်းတင် )


ကျုပ်က အသက်တွေ ကြီးခြင်းမကကြီးလာတော့ ခြေထောက်ကလည်း တုန်တုန်ဆိုင်း၊ ဦးနှောက် ကလည်း မှုန်မှုန်မှိုင်း။ ရိုင်းလိုက်တဲ့လူကလေးတွေ ဗျာ။ မတော်တရော်တွေ မေးခွန်းလာထုတ်ကြတယ်။ ကျုပ်ဖြင့် ပြော မပြော ချင်ပါဘူး။ မေးတဲ့ဟာကလည်း ကြည့်အုန်းလေ။ ဘာတဲ့။

"ဒီနေ့တစ်ပြည်လုံးမှာ ဆန္ဒပြပွဲတွေ အုန်းအုန်းထနေတယ်။ အဘ ဘယ်လို ထင်သလဲ။ ဒီလူတွေနောက်ကြောင်းပြန်ဖို့ခြေ
လှမ်း ပြင်လာကြသလားဗျာ” တဲ့။"

ကျုပ်ဘာသိမှာလဲ။ နောက်ကြောင်းပြန်ဆိုတာဘာလဲ။ ခြေလှမ်းပြင်ဆိုတာ ဘာလဲ။ ကိုယ့်ကိုယ်ကိုတောင်မှ အနိုင်နိုင်ရယ်။ မယိုင်မလဲ၊ မရွဲမယိုအောင် အတော်ထိန်းနေရ တာ။ ဟေ့ သူငယ်.....နောက်ကြောင်း၊ နောက်ကျွမ်းတွေလာပြောမနေနဲ့။ မသိဘူးဟေ့။

ကိုယ်တော်ချောလေးက အတော်စကားကြော ရှည်တယ်။

“ဟာ အဘကလည်း ၊ နောက်ကျွမ်းပစ်တာ မပြောပါဘူး။ နောက်ကြောင်းပြန် တာပြောနေတာဗျ”

"မကြားဘူးပေါင်ကွာ၊ ဟိုစစ်သားတွေ နောက်တန်းပြန်တယ်ဆိုတာမျိုးပဲ ကြားဘူးပါတယ်"

“အဲ့ဒါပြောတာပေါ့ အဘရဲ့။ စစ်တပ်က ရှေ့တန်းထွက်တာ တို့၊ နောက်တန်း ပြန်တာတို့ ဆိုတာတွေ လုပ်နေကျဆိုတော့ အခုရော နောက်တန်း နောက်ကြောင်းပြန်ဦးမှာလားလို့ မေးနေရတာပေါ့။ ဒီမိုကရေစီ လုပ်မယ်ဆိုရာက နောက်ပြန်ဆုတ်မှာလားမေးတာဗျို့”

"နေပါဦး၊ စစ်အစိုးရက ဘယ်တုန်းက ရှေ့တန်းရောက်နေလိုက်တာလဲ”

“သေပါတော့အဘရယ် စစ်အစိုးရ ပြောတာမဟုတ်ဘူး။ သမ္မတကြီးဦးသိန်းစိန် အစိုးရ တက်လာချိန် ကတည်းက ဒီမိုကရေစီ နိုင်ငံရေးအပြောင်းအလဲတွေလုပ်နေပြီလို့ကြေညာထားတာလေဗျာ”

“ဟေ့ကောင် သေစကားတော့ လာမပြောနဲ့။ ဒီမိုကရေစီသံကြားလေ၊ ငါမသေချင်လေကွ”

“ချင်ချင် မချင်ချင်ဗျာ၊ ဒီမိုကရေစီဆိုလား၊ ဘာဆိုလားကြီးကတော့ သေစော်နံ လာနေပြီနဲ့တူရဲ့”

“ဟေ့.....ဟေ့ အဲ့ဒီဟာကြီးဆိုတာက ဘယ်တုန်းကမှ မရှင်ခဲ့တာ။ ဘာသေစော်နံရမှာလဲကွ။ အဲ့ဒါကြီးနောက် ကြောင်းပြန်မှာလားတို့၊ နောက်ကျွမ်းပစ်မှာလားတို့ လာမမေးနဲ့။ ဘာမှမလုပ်ဘူးလဟဲ့။ စိတ်ချ။ နဂိုကတည်းက ဒုံရင်း ဒုံရင်းကွ”

ဒီခေတ်ကလေးတွေ တယ်ဒုံးဝေးကြသဗျာ။ ဘာကြောင့်များ ဒီလိုမေးခွန်းတွေ ထုတ်နေကြပါလိမ့်။ ဒါနဲ့မေးကြည့်မိတယ်။

“နေပါဦးကွဲ့။ ဘာဖြစ်လို့ မင်းတို့က ဒီမိုကရေစီ သေစော်နံလာပြီ ပြောနေရတာလဲ”

“ဟာအဘကလည်း ‘ဒိတ်အောက်’ နေပြန်ပါပြီ။ မကြားမိဘူးလားဗျာ။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်ပေးတောင်းဆိုနေကြတာ။ မကြားမိဘူးလားဗျာ။ ဒေသခံလူထုရော၊ ဒေသဝန်းကျင်လူထုရော ဝိုင်းကူဆန္ဒပြနေကြတာ။ မမြင်ဘူးလားဗျာ။ သပိတ်စခန်း အကြမ်းဖက်ဖြိုခွဲခဲ့လို့ သံဃာတော်တွေ မီးလောင်ဗုံးစာမိခဲ့တာ”

“စစ်အစိုးရပဲကွာ၊ ဒီလောက်တော့ လက်သံပြောင်လိမ့်မပါ့”

“ဟာအဘကလည်းလုပ်ပြန်ပြီဗျာ။ ဘယ်ကလာ စစ်အစိုးရလဲဗျာ၊ ဘောင်းဘီချွတ်လိုက်ပြီဗျ။ အရပ်သားအစိုးရဗျို့၊ အရပ်သားအစိုးရ။ လွှတ်တော်ကြီးလည်းပေါ်ပြီဗျာ။ စာနယ်ဇင်းတွေလည်းဆော်ပြီဗျာ”

“ဟ.....ဟ ဘာဆော်တာလဲ”

“မှားလို့ အဘရေ မှားလို့။ ပျော်နေပြီ ပြောတာပါ။ သမ္မတရုံးဝန်ကြီးတစ်ပါး မီဒီယာတွေ နဲ့တွေ့သတဲ့။ ပြောသတဲ့။ သမ္မတကြီးကို ပျော်အောင် ထားကြပါတဲ့။”

“အကောင်းသားပေါ့ကွဲ့။ နှလုံးရောဂါသမား သနားပါတယ်။ ပျော်ပျော်နေပလေ့စေကွယ်”

“အဲ့လိုလည်း မဟုတ်သေးဘူးအဘရဲ့။ သူ့ခမျာ ဘယ်မှာ ပျော်အားပါ့မလဲဗျာ။ တစ်ပြည်လုံးနှံ့ သပိတ်ကင်ဆာရောဂါ ပြန့်နေပြီဗျာ။ သမ္မတကြီးက ဟိုကော်မရှင်ဖွဲ့၊ ဒီကော်မရှင်ခိုင်း လုပ်နေလို့သာ တိုင်းပြည်က ငြိမ်ကုပ်ကုပ်ဖြစ်နေတာ အဘရဲ့။ အေးလှတာမဟုတ်ဘူး။ သပိတ်စုံရင်တော့လား။ သူပုန်ဆိုလား ဘာဆိုလား၊ ထမှာ ကြွမှာများတောင် စိုးရသတဲ့”

“မဟုတ်မဟတ်တွေကွယ်။ ဖွဟဲ့လွဲပါစေ၊ ဖယ်ပါစေ။ ဒါတွေကြောင့် နောက်ကြောင်းပြန်မှာလားတွေ ဒါတွေအတွက် ရင်လေးတွေးပူ ပြောနေကြတာနဲ့ တူရဲ့။ အေးလေ။ တွေးလည်းကြောက်မနေကြနဲ့ကွဲ့။ အစိုးရများကတော့ အရိပ်အကဲစောင့်ကြည့် နေဟန်တူပါရဲ့။ ဒီနေရာမင်းတို့တစ်တွေသိရမယ့် စကားလေးတစ်ခွန်းရှိသကွဲ့။ အဲ့ဒါကတော့....”

“ဘယ်လိုတုံးဗျ။ ပြောပါဦးဗျ”

“ဒေါ်အောင်ဆန်းစုကြည့်ရဲ့စကားကွဲ့။ အစိုးရနောက်ကြောင်းပြန်လှည့် မလှည့်ဆိုတာလူထု အပေါ်မူတည်သတဲ့။ နောက်ကြောင်းလှည့်အောင်လည်း လူထုပဲလုပ်နိုင်သတဲ့။ နောက်ကြောင်း မလှည့်အောင်လည်း လူထုပဲလုပ်နိုင်သတဲ့။ မှတ်သားစရာပေါ့ကွယ်”

“ဒီလိုဆို ကျွန်တော်နဲ့ လူထုနဲ့တွဲပြီး အစိုးရနောက်ကြောင်းမပြန်အောင်ဝိုင်းတွန်းကြရမှာဗျို့”

“အေးပေါ့ကွယ်။ လုပ်စရာရှိတာ လုပ်ကြပေါ့။ ငါပြောချင်တာကတော့ နောက်ကြောင်းပြန်တာတွေ မပြန်တာတွေ သိပ်ပြောမနေပါနဲ့ကွာ။ နောက်ကြောင်းအကျန်အကြွေင်းတွေက အာဏာပိုင်တွေ ကြားမှာရှိတုန်းလဟ။ ဒီနေ့လူထုကို နားပန်ကျင်းနေတာ သူ့တို့လဟဲ့။ ဒီနေ့ဘုန်းကြီးတွေကို မီးအရုဏ်ဆွမ်းကပ်နေတာ သူတို့လဟဲ့။ တို့ဒီနေ့တကယ်လုပ်ရမှာက အဲဒီ ‘ကျန်စစ်သား’ တွေရော၊ အစိုးရရော၊ လွှတ်တော်တွေရော၊ မီဒီယာတွေရော အားလုံးကို ဒီမိုကရေစီလမ်းကြမ်းပေါ် တွန်းတင်ကြဖို့ပဲကွဲ့။ ဒီမိုကရေစီလမ်းကြောင်းအတိုင်းဝိုင်းဆွဲခေါ်ကြဖို့ပဲကွဲ့”။

ဟံသာဝတီဦးဝင်းတင်
ဒီလှိုင်းဂျာနယ်။ အတွဲ(၁)၊ အမှတ်(၄၈)

ကံမော် ကျေးရွာ ဒေါ်စု ဟောပြောပွဲ ကျင်းပမည့် နေရာ ပေါက်ကွဲရာမှ တွေ့ရသည့် အစအနများ

ကံမော် ရွာ ၊ ကျွန်းစုမြို့နယ် မြိတ်ခရိုင် တွင်ပေါက်ကွဲမှုအား ဒေသခံ NLD တာဝန်ခံများ နှင့် ရဲတပ်ဖွဲ့များမှ ပြောသည့် Gas ဗူး သို့မဟုတ် Gas မီးခြစ် ၊ သို့မဟုတ် အရက်ပုလင်းအဟောင်း ဟု ဆိုနေသည့် ပေါက်ကွဲမှု ဒဏ်ရာရရှိသူများမှ ရရှိသည့် သတ္တု အစအနများ ကိုမြင်တွေ့ရစဉ်။ ဒဏ်ရာရရှိသူလေးယောက်စလုံး ပေါက်ကွဲမှုဖြစ်သည့်နေရာမှ ၁၂ ပေခန့် အကွာ တွင် ရေသောက်နေသည်ဟု သိရပါသည်။ အနီးမှာဆို ဘယ်လိုတွေဖြစ် သွားမလဲ တွေးကြည့်နိုင် ပါသည်။ ဒေါ်စု မလာမှာ စိုးလို့ သတင်းဖုံးတဲ့ သူတွေနဲ့ အရေးယူခံရမှာ ကြောက်တဲ့ သူတွေက အသေးစား Gas မီးခြစ် သို့မဟုတ် အရက်ပုလင်းဟောင်း ဟုပြောနေကြစဉ်တွေ့ရသည့် ဓါတ်ပုံမှတ်တမ်းများ 


မြန်မာနိုင်ငံဆန်စပါးလောကနှင့်ပါတ်သက်၍အနည်းငယ်တင်ပြလိုပါ၏။

 မြန်မာ့ဆန်စပါးလောကသည်ကျယ်ပြန့် ၏။စိုက်ပျိုးထုတ်လုပ်သူတောင်သူများစပါးပွဲစားများ..ကြိတ်ခွဲသူ ဆန်စက်ပိုင်ရှင်များ..ကုန်သွယ်မှုပြုကြသူ ဆန်စပါး ကုန်သည်များ..ပြည်ပ တင်ပို့ ကြသူ များ..စားသုံးဆန်လက်လီရောင်းချကြသူများ..စားသုံး သူပြည်သူများ..အထိဆက်နွယ်ပါတ်သက်မှုရှိ၏။

ထို့ ကြောင့်..ဆန်စပါးနှင့်ပါတ်သက်သော သတင်း အကြောင်းအရာများသည်ပြည်သူတရပ် လုံးနှင့် ပါတ်သက်မှုရှိနေ၏။တနေ့ထမင်းနှစ်နပ်စားနေကြသူများအားလုံးစိတ်ဝင်စားကြ၏

ယခုအပတ်ထုတ် 7 Day News ဂျာနယ်..အချပ်ပိုတွင်..ဒေးဒရဲ ဒေသ၌ပေါ်ဆန်းစပါးဈေး ထိမ်းထားနှိုင် ရန်..မြန်မာနိုင်ငံလယ်ယာစီးပွားရေးအများပိုင်ကော်ပိုရေးရှင်း ( MAPCO ) မှပေါ်ဆန်းစပါး တန် နှစ်သိန်း ၀ယ်ယူပေးသွားမည်ဖြစ်ကြောင်း..၄င်းကော်ပိုရေးရှင်း ၏ ဥက္ကဌ ဖြစ်သူဦးရဲမင်းအောင် မှ ပြောကြား ကြောင်း..ဖေါ်ပြထား၏။ စပါးတန် နှစ်သိန်း ဆိုသည်မှာ တင်းရေအား ဖြင့် တင်ပေါင်း ၁၀၀သိန်းခန့် ဖြစ်၏။ကာလပေါက်ဈေးဖြင့်တွက်မည်ဆိုပါက..ကျပ်သိန်းပေါင်း ၅ သိန်း ခန့် တန်ဘိုး ရှိ၏။မဖြစ်နှိုင် စပါးတင်းနှစ်သိန်းသာဖြစ်မည်ထင်ပါ၏။၎င်းကော်ပိုရေးရှင်း၏ ဥက္ကဌ ဖြစ်သူ ဦးရဲမင်းအောင် ဟု ဖေါ်ပြထားသော်လည်း..၄င်းကော်ပိုရေးရှင်း၏ဥက္ကဌမှာ ဦးရဲမင်းအောင် မဟုတ်..သတင်း ရယူသူနှင့် သတင်းပေးဖြေဆိုသူအကြားနားလည်မှုကွဲလွဲခြင်းရှိနှိုင်၏။စပါးတင်း နှစ်သိန်း ၀ယ်ယူမည် နှင့် စပါးတင်း တစ်ရာ သိန်းဝယ်ယူမည်ဆိုသော ကွဲလွဲချက်သည် မည်မျှအထိ ဆန်စပါးလောကကို ရိုက်ခတ်သွားမည်
ဆိုသည်ကို ဆန်စပါးလောကသားများ သိကြ၏။

မကြာမှီက..ကျွန်ုပ်ထံသို့  သတင်းသမားတဦးမှ မြို့ ၏ဆန်စပါးအခြေအနေသိလိုကြောင်း လာမေး၏။ကျွန်ုပ် အတတ်နှိုင်ဆုံး ရေလည်အောင်ရှင်းပြ၏။ သို့ သော် သူ ရေရေ လည်လည် နားလည်ပုံ မရ..ကျွန်ုပ် ကပြော၏။  နားလည်မှုကွဲလွဲပါက သတင်းမှားဖြစ်သွားနှိုင်..ရေးပြီးသောသတင်းကို မပေးပို့ မှီ ကျွန်ုပ်
အားပြနှိုင်ကပြရန်..သို့ မဟုတ် ဖုံးဆက်ရန်ပြောပြီး ဖုန်းနံပါတ်ပေးလိုက်၏။ယနေ့ အထိတော့ ဆက်သွယ်မှုမရှိ...

သတင်းဌာနများနှင့် အသင်းအဖွဲ့ တာဝန်ရှိသူများ အကြား နားလည်မှုရှိသင့်၏။သတင်းသမားများ အနေဖြင့် အသင်းအဖွဲ့ များ၏တာဝန်ရှိသူများကိုသာမေးမြန်းရေးသားကြခြင်းဖြစ်၏ ။  မေးသူနှင့်ဖြေသူကြား နားလည်မှုကွဲလွဲတတ်ပါ၏။ဖြစ်တတ်ပါ၏။သို့ သော် ပြည်သူများ နားလည်မှုလွဲမှာ စိုးရိမ်ပါ၏

အကြံပြုလိုပါ၏။သတင်းသမားများအနေဖြင့်..မည်သို့ ပင်အသံသွင်းယူထားသည် ဖြစ်စေ..သတင်းမပေး ပို့ မှီ ဖြေကြားသူများအား မိမိရေးသည့် သတင်းအား ဖတ်ပြ၍အတည်ပြု ရယူစေလိုပါ၏။ဖြေကြားသူများ အနေဖြင့်လည်း သတိထားသင့်၏။ တာဝန်ရှိသူမိမိ၏ဖြေကြားချက်သည်..ပြည်သူတရပ်လုံးနှင် ပါတ်သက်မှု ရှိနေသည်ကိုသတိပြုရမည်ဖြစ်၏။

သတင်းသမားများနှင့် ဖြေကြားသူများကိုဝေဖန်နေခြင်းမဟုတ်ပါ.ပြည်သူများအနေဖြင့်သတင်းမှန်များ သိရှိနှိုင်ရေးကို စေတနာထားအကြံပြုခြင်းသာဖြစ်ပါကြောင်းတင်ပြလိုက်ရပါ၏။

Nay la ၏ ဖေ့ဘွတ်စာမျက်နှာ မှ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းများ အကြမ်းဖက်ဖြိုခွင်းခြင်းနှင့် ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင်မှုများ ရပ်တန့်ရန် ကလို့ထူးဘော (တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်)မှ မြ၀တီမြို့တွင်း၌ လှည့်လည် ဆန္ဒထုတ်ဖော်...

 
 
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းများ အကြမ်းဖက်ဖြိုခွင်းခြင်းနှင့် ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင်မှုများ ရပ်တန့်ရန် ကလို့ထူးဘော (တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်)မှ ဒီဇင်ဘာလ ၁၄ ရက် (ယနေ့) နံနက်ပိုင်းတွင် မြ၀တီမြို့တွင်း၌ လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ယခင်(DKBA)၊ ယခု ကရင်အမျိုးသားတပ်မတော်မှ စစ်မှန်သည့် ငြိမ်းချမ်းရေးလိုလားသူ ဗိုလ်မှူးကြီးစန်းအောင် ဦးဆောင်သည့် အင်အားတစ်ထောင်ကေ
ျာ်ခန့်ရှိ ကရင်တပ်မတော်များသည် ကားအစီး (၁၀)ကျော်ဖြင့် မြ၀တီမြို့ အမှတ်(၄)ရပ်ကွက် တောရကျောင်းလမ်းမှ စတင်ထွက်လာပြီး ဘုရင့်နောင်လမ်းမကြီးအတိုင်း ချစ်ကြည်ရေးတံတားဖက်သို့ လှည့်လည်သွားကာ ကြခတ်တောကျောင်းလမ်းအတိုင်း ချိုးဝင်ပြီး ပြန်လည်ထွက်ခွာသွားခဲ့ကြောင်းသိရသည်။

ယင်းကဲသို့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုတွင် ကချင်ပြည်နယ်အတွင်း ထိုးစစ်များကိုချက်ချင်းရပ်ပေးဖို့ ၊သံဃာတော်တွေနဲ့ ပြည်သူလူထု တောင်းဆိုချက်များကို လိုက်လျော့ပေးဖို့ ၊သံဃာတွေကို အကြမ်းဖက် နှိမ်နင်းမှုမှ တာဝန်ရှိသူတွေကို ချက်ချင်းအရေးယူပေးဖို့ ၊စုံးစမ်းစစ်ဆေးရေးကော်မတီ တရားမျှတစွာ ဆောင်ရွက်ဖို့  တောင်ဆိုခဲ့သည့် စာတမ်းများ ကိုင်ဆောင်ပြီး လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

ဆန္ဒထုတ်ဖော်မှုကို နံနက် ၇ နာရီ မိနစ် ၃၀ အချိန်မှ နံနက် ၈ နာရီအထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။
 
Eleven Media Group

ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာအား ရောဂါအခြေအနေ ဆိုးဝါးနေသော ဦးတိက္ခဥာဏ၏ သားအငယ်နှင့် သံဃာတော်များ ပြစ်တင်ဝေဖန်

ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာအား ရောဂါအခြေအနေ ဆိုးဝါးနေသော ဦးတိက္ခဥာဏ၏ သားအငယ်နှင့် သံဃာတော်များ ပြစ်တင်ဝေဖန်



ရန်ကုန်၊ ဒီဇင်ဘာလ ၁၄။

 လက်ပံတောင်းတောင် အကြမ်းဖက်မှုတွင် မီးလောင် ဒဏ်ရာရရှိခဲ့သည့် ဦးတိက္ခဥာဏ၏ ရောဂါအခြေအနေမှာ ဆိုးဝါးခြင်းမရှိဟု ယနေ့ထုတ်မြန်မာ့အလင်း သတင်းစာမှ ရေးသားလိုက်ခြင်းအပေါ် ဦးတိက္ခဥာဏ၏ သားအငယ် ဆရာဝန်တစ်ဦးဖြစ်သူ ကိုနေသုခနှင့် သံဃာတော်များက ပြစ်တင်ဝေဖန်လိုက်သည်။

 ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဦးတိက္ခဥာဏ၏ ရောဂါအခြေအနေမှာ ဆိုးရွားခြင်းမရှိဘဲ ၄င်း၏ဆန္ဒအရ ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ဆေးဝါးကုသမှု ခံယူရန်အတွက် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆင်းသွားခဲ့သော်လည်း ၄င်းတွင် ငွေကြေး အခက်အခဲရှိသည့်အတွက် နိုင်ငံတော်က ဗန်ကောက်ဆေးရုံကြီးသို့ ဘတ်ငွေတစ်သန်း ကြိုတင် ပေးပို့ထားကြောင်းသိရသည် ဟု ဖော်ပြထားသည်။

 “သတင်းစာက ဒီလိုရေးတာတော့ မဖြစ်သင့်ဘူးဗျ၊ ဆေးရုံလက်မှတ်က ကိုယ့်ဆန္ဒအလျောက်ဆင်းတယ်ဆိုပေမယ့်၊ သေချာသလောက်တော့ အသက်အန္တရာယ်ရှိတယ်၊ အမှန်အတိုင်းရေးသင့်တယ်” ဟု ကိုနေသုခ ကမြန်မာ့ခေတ်သို့ ပြောကြားသည်။ ဦးတိက္ခဥာဏ၏ ရောဂါအခြေအနေနှင့်ပက်သက်၍ ၄င်းက “ ၄၅ ရာခိုင်နှုန်း ခန္ဓာကိုယ်မီးလောင်တာ၊ မြန်မာနိုင်ငံမှာ များသောအားဖြင့် ဒီအခြေအနေဆို ထားလို့မရဘူး။ ၊သေတာပဲဗျ၊ ခန္ဓာကိုယ်မှာက အရည်ပြားမရှိတော့ဘူး၊ ရောဂါတွေဝင်မယ်။ ပြီးတော့ ဒီကဆေးရုံဆေးခန်းတွေက ရောဂါဒဏ်ရာကို မထိမ်းချုပ်နိုင်ဘူး၊ မီးလောင်ဒဏ်ရာတင်မကဘူး၊ အသားတွေပါ စားထားတော့ ဟို မှာပြန်ပြီး အသားအစားထိုး ကုသရတာတွေလုပ်ရမယ်”ဟု ပြောကြားခဲ့သည်။

 ဦးတိက္ခဥာဏသည် မုံရွာမြို့၊ မင်းတိုင်ပင်မြို့နယ်၊ သန္တီရွာ တောရကျောင်းတိုက်မှ သက်တော်(၆၄) ရှိပြီဖြစ်သော သံဃာတော်ကြီးဖြစ်ပြီးလက်ပံတောင်းတောင် သပိတ်စခန်းတွင် ပါဝင်လှုပ်ရှားခဲ့သော သံဃာတော်တစ်ဦးဖြစ်သည်။ “အခုလက်ရှိတော့မန္တလေးပြည်သူ့ဆေးရုံကြီးမှာပဲလားတော့မသိဘူး၊ဒါပေမယ့် အရင်ကတော့ အဲဒီမှာပဲ၊ခြေထောက်ထိထားတဲ့ ကိုယ်ရင်တစ်ပါးဆိုရင် ခြေထောက်ဖြတ်ရမယ့် အခြေအနေဘဲ၊အားလုံးက တဖြည်းဖြည်း အခြေ အနေမကောင်းဘူး၊ မျက်နှာထိထားတဲ့ ဦးဇင်းဆိုရင် နားတွေမှာ တဖြည်းဖြည်း အရိုးနုပါပေါ်နေပြီ” ဟု ကိုနေသုခက ၄င်းကြုံတွေ့ခဲ့ရသော သံဃာတော်များ၏ အခြေအနေကို ဆက်လက်ပြောကြားသည်။ အဆိုပါကိစ္စနှင့်ပက်သက်၍ လက်ပံတောင်းတောင် ဒဏ်ရာရ သံဃာတော်များ ကြည့်ရှုစောင့်ရှောက်ရေးအဖွဲ့မှ ဦးဆောင် သံဃာတော် ဦးသု(ခ)ဦးဝိမလက “အစိုးရက ဒီလိုဘဲလိမ်နေကြတာဆိုတော့ ဦးဇင်းတို့အနေနဲ့ မထူးဆန်းတော့ပါဘူး၊

 သံဃာတွေ ဆေးရုံမှာကြာနေလို့ ကျောတွေအရိုး ဆွေးပြီး မှောက်နေရတယ်၊ အခုလို သတင်းစာကဖော်ပြလိုက်တာဟာ တရားဝင်ကြီးလိမ်လိုက်တာ နောက်တစ်ချက် ငွေကြေး ပြဿနာဆိုရင် ဦးဇင်းတို့မှာ ကူညီမဲ့သူတွေရှိတယ်၊ အလုံအလောက်ရှိတယ်၊ပြီးတော့ အစိုးရကလည်း ဘက်တစ်သန်း လှူရတယ်ဆိုပြီး မျက်နှာကောင်းရအောင် လုပ်တယ်၊ ဒါတွေအားလုံး တရားဝင်လိမ်နေတာပဲ” ဟု ပြောကြားသည်။ လက်ပံတောင်းတောင် အကြမ်းဖက်မှုကြောင့် မီးလောင် ဒဏ်ရာရ သံဃာတော် ၇၂ ပါး ရှိကြောင်းသိရပြီး မန္တလေးမြို့ရှိ ဆေးရုံအသီးသီးတွင် တက်ရောက်ကုသမှု ခံယူနေသော သံဃာတော် အများစုမှာ ရောဂါအခြေအနေ ဆိုးရွားလျက်ရှိကြောင်း ထပ်မံပြောကြားခဲ့သည်။

 စူးရှ

The Myanma Age

စစ်ကိုင်းမြို့ ရွှေမင်းဝံရပ်ကွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ်တင် ရုံးသစ်ဖွင့်အခမ်းအနား..

 
  
စစ်ကိုင်းမြို့ ရွှေမင်းဝံရပ်ကွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ်တင် ရုံးသစ်ဖွင့်အခမ်းအနား..
1.12.2012နေ့က  စစ်ကိုင်းမြို့ ရွှေမင်းဝံရပ်ကွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ်တင် ရုံးသစ်ဖွင့်ပွဲနှင့် ညီလာခံ ကျင်းပခြင်း အခမ်းနား ပြုလုပ်ခဲပါသည်.။ ယင်းညီလာခံမှ ဥက္ကဌ - ဦးစိုးဦး ဒု - ဥက္ကဌ ဦးထွန်းထွန်းနိုင်နှင့် အတွင်ရေးမှုး ဦရန်ပိုင်စိုး၊ ဘဏ္ဍာရေးမှုး ဒေါ်သန်းသန်းဦး အပါဝင်အလုပ်မှု့ဆောင် (11) ဦးရွှေးချယ်တင်မြှောက်ခဲ့ပြီး တက်ရောက်လာသော ဧည့်သည်များကို ငါးဆိမ့်ချက်ဟင်းဖြင့် ဧည့်ခံကျွေးမွေးခဲပါသည်။


 ပေးပို့သူ ဦးရန်ပိုင်စိုး

လူသတ်မှုအား ရဲနှင့်ပေါင်းပြီး လိမ်ညာကာ ဆေးစာထုတ်ပေးသော ဘုရားသုံးဆူမြို့မှ တာဝန်ရှိ ဆရာဝန်များအား အရေးယူပေးပါရန်...

လူသတ်မှုအား ရဲနှင့်ပေါင်းပြီး လိမ်ညာကာ ဆေးစာထုတ်ပေးသော ဘုရားသုံးဆူမြို့မှ တာဝန်ရှိ ဆရာဝန်များအား အရေးယူပေးပါရန်... 
(တိုင်ကြားစာ)
Inline image 1Inline image 1 
Inline image 1 
Inline image 1မတရား
Inline image 1


ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့် ပြည်ဝင်ခွင့် ဗီဇာပိတ်ပင်ခံနေရ..

ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့် ပြည်ဝင်ခွင့် ဗီဇာပိတ်ပင်ခံနေရ..

အင်တာနက်ဝဘ်ဆိုက်များနဲ့ ဒီမိုဝေယံဘလော့ဂ်မှာ နိုင်ငံရေးနဲ့ အကျိုးပြုဆောင်းပါးများ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လမှ စ၍ သြစတြေးလျားနိုင်ငံ မြန်မာသံရုံးမှာ ပြည်ဝင်ခွင့် ဗီဇာ လျှောက်ထားပေမယ့်လည်း ယနေ့ထိတိုင် ဗီဇာ ရရှိခြင်း မရှိသေးပါဘူး...။ အပြင်ပန်းအားဖြင့် ပြောင်းလဲနေပါပြီဟု ထင်မြင်ယူဆရတဲ့ ယနေ့မြန်မာ့နိုင်ငံရေး အခြေအနေများအတွင်း နိုင်ငံရေး အကျဉ်းသားဟောင်း တဦးလည်းဖြစ်ပြီး သြစတြေးလျနိုင်ငံမှာ နေထိုင်နေတဲ့ ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်ဟာ တိုင်းကျိုးပြည်ကျိုးအတွက် မိမိလေ့လာ သိရှိထားတဲ့ နည်းပညာရပ်များဖြင့် အမိမြေအတွက် အကျိုးပြုနိုင်ရန် ရည်ရွယ်ချက်ဖြင့် သြစတြေးလျနိုင်ငံ မြန်မာသံရုံးမှ ဗီဇာ လျှောက်ထားခဲ့ပေမယ့်လည်း ၄လကျော်ကြာ ကြာမြင့်သည့်တိုင်အောင် အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း သိရှိရပါသည်..။

 မြန်မာပြည်အလယ်ပိုင်း မုံရွာဇာတိဖြစ်တဲ့ ဒေါက်တာလှိုင်မြင့်ဟာ ၈၈အရေးအခင်းကာလမှာ ရှေ့တန်းမှ တက်ကြွစွာ ပါဝင်ခဲ့ပြီး ၁၉၉၆ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်အား ထိုစဉ်က ကွန်ပျူတာ တစုံ(၀မ်းဆက်) လှုဒါန်းခဲ့မှုနဲ့ ပတ်သက်ပြီး ထိုစဉ်က စစ်ထောက်လှမ်းရေးများမှ အငြိုးတေးထားခဲ့ခြင်း ခံခဲ့ရကာ ကျောင်းသားသမဂ္ဂဖွဲ့စည်းရန် လှုံ့ဆ်ာမှုဟူသော အကြောင်းပြချက်ဖြင့် ဖမ်းဆီးခံခဲ့ရပါတယ်။ အမှုတင်တဲ့ အခါမှာတော့ အော်ဇီ channel-9 ကထုတ်လွှင့်တဲ့ မြန်မာပြည်အကြောင်း documentaryရုပ်သံဖိုင်အတွင်း ဒေါ်အောင်ဆန်းစုကြည်၊ ထိုစဉ်ကကုန်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ထွန်းကြည်၊ စီးပွားရေးအကြံပေး ဦးဆက်မောင်တို့အား မေးမြန်းချက် အင်တာဗျူး ( ၁၂-မိနစ် ) ရုပ်သံဖိုင် ဖြန့်ချီမှုနဲ့ဖမ်းဆီးခံခဲ့ရပါတယ်..။ အဆိုပါရုပ်သံဖိုင်မှ ပြောဆိုချက်များအား ကျောင်းသားများအား ဘာသာပြန် ပြောဆိုခဲ့မှုအား နိုင်ငံတော် အကြည်ညိုပျက်အောင် ပြောဆိုမှုဟုဆိုကာ ( ၅/ည)ဖြင့်၇နှစ်။ ဗွီဒီယို ဖြန့်ချီမှုဟုဆို ဗွီဒီယိုအက်ဥပဒေ- ၃နှစ်။ ပေါင်း ၁၀-နှစ် ချမှတ်ခံခဲ့ရပြီး ၁၉၉၆ခုနှစ် မေလ ၂၁ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရပြီး   ၂၀၀၂ခုနှစ် နိုဝင်ဘာလ ၂၁ရက်နေ့မှာ ပြန်လည်လွတ်မြောက် လာပါတယ်..။

 ၂၀၀၆ခုနှစ်မှာတော့ သြစတြေးလျနိုင်ငံကို ရောက်ရှိခဲ့ပြီး လက်ရှိသြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ အခြေချနေထိုင်နေပါတယ်....။ ယနေ့ နိုင်ငံတော်သစ် တည်ဆောက်ရေး လုပ်ငန်းစဉ်များရဲ့ အခြေခံ အဆောက်အဦးများအတွင်း အဓိက အရေးပါတဲ့ လျှပ်စစ်စွမ်းအင် ကဏ္ဍအတွက် ဆရာဒေါက်တာလှိုင်မြင့်ဟာ မိမိကိုယ်ပိုင် စမ်းသပ် တွေ့ရှိထားတဲ့ " ဒီရေစီးအား လျှပ်စစ်စွမ်းအင် "နည်းပညာအား သွားရောက် အကြံပြု ဆွေးနွေးလိုတဲ့ အတွက် ယခုကဲ့သို့ ဗီဇာလျှောက်ထား ရခြင်းဖြစ်ကြောင်း ပြောဆိုပါတယ်..။  ဆရာဒေါက်တာလှိုင်မြင့်ရဲ့  ဒီရေစီးအား လျှပ်စစ်စွမ်းအင် အင်တာဗျူးအား ဆက်လက်ဖ်ာပြပေးပါမယ်..။
 ၁၉၆၉ခုနှစ် ကြေးမုံသတင်းစာပါ လေးဘာသာဂုဏ်ထူးရှင် ဒေါက်တာလှိုင်မြင့်
ယနေ့ လက်ပံတောင်းတောင် စီမံကိန်း ဖြစ်ရပ်များနဲ့ ပတ်သက်ပြီး မုံရွာဇာတိ ဖြစ်တဲ့ ဆရာရဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအကြောင်းနဲ့ ဦးပိုင်ကုမ္ပဏီအကြောင်း  ဆောင်းပါးများ မကြာမှီ  ဘလော့ဂ်မှာ ရေးသားဖော်ပြပေးမှာ ဖြစ်ပါတယ်..။
ထို့အတူ ဆရာကဲ့သို့  Black List စာရင်းမှာ မပါဝင်ပဲ ဗီဇာပိတ်ပင်ခံရသူများ ရှိပါက.. ဆက်သွယ်ပေးပို့ နိုင်ပါသည်..။


ဟင်္သာတမြို့ပြည်သူများ၏ရင်ဖွင့်သံ

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့တွင် စည်ပင်သာဝန်ကြီးဌာနနှင့် လျှပ်စစ်ဝန်ကြီးဌာန တို့ ပြည်သူများထံမှ မတရားအခွန်ကောင်ခံနေသည်ဟု ဟင်္သာတမြို့နေပြည်သူများထံမှ သိရှိရသည်။
“ကျွန်တော်တို့ဆီကို စည်ပင်သာယာကနေ(၆)လခွန်ဆိုပြီး လာကောင်တာတွေရှိပါတယ် တစ်နှစ်ကို ပုံမှန်နှစ်ကြိမ် လာကောက် တယ် ပုံမှန်သာလာကောက်တယ်အဲဒိ(၆)လခွန်နဲ့ပါတ်သက်ပြီး အကောင်ထည်ဖော်  တာတွေ  ကျွန်တော်တို့မတွေ့ရဘူး၊

လမ်းမီးတွေကျွမ်းတယ်မလဲဘူး၊ ရေမြောင်း တွေပိတ်တယ်မဖော်ဘူး၊ အမှိုက်ကားကလည်းပုံမှန်မလာတော့ အမှိုက်တွေဘယ်ပုံရမှန်းမသိဘူး အ မှိုက်ကန်ဆို တာလည်းထားမပေးဘူး အမှိုက်ကားက ထွက်တော့ ထွက်တယ် ပိုက်ဆံပုံမှန် ပေးတဲ့ရပ် ကွက်ကို ပုံမှန် ထွက်ပေးတယ်၊ (၆)လခွန်သာ ပုံမှန်ပေးနေရတယ် ကျွန်တော်တို့ပြည်သူတွေအတွက်ဘာအကျိုး  အမြတ်မှ ရမလာဘူး၊ သူတို့အဖို့ကပိုက်ဆံရဖို့အတွက်ဆို အကုန်လုပ်တယ်၊ လမ်းမတွေပျက် ဆီးနေတာလည်းတော်တော်မြင်မကောင်းဘူး၊ မြို့အင်္ဂါရပ်နဲ့တောင်မညီဘူး။ ကျွန်တော်တို့လို လမ်း ဘေးဈေးသည်တွေကျတော့လည်း လုပ်ငန်းခွန်ဆိုပြီးတစ်နှစ်စာဆောင်ရတာကတစ်မျိုး၊ ဈေးကောက် ဆိုပြီးတစ်နေ့ကို(၂၀၀)ပေးရတာကတစ်မျိုး ပေးနေရတယ်။ ဈေးကောက်ဆိုတာကလည်း စည်ပင်က ဈေးကောက်လေလံရထားတဲ့ အပြင်အရပ်သားတွေ၊ လျှပ်စစ်ဝန်ကြီးဌာနဆိုရင်လည်း ဆိုင်မှာ မီးလေး နှစ်ပွင့်သုံးတာကို လုပ်ငန်းသုံးဆိုပြီး တစ်ယူနစ်ကို(၇၅)ကျပ်နှုန်းကောက်တယ်၊ ဆိုင်မှာတီဗွီလည်းမရှိ ဘူး၊ရေခဲသေတ္တာလည်းမရှိဘူး ကြာရင်ကျွန်တော်တို့ပြည်သူတွေ ၀င်ငွေထွက်ငွေမမျှတတော့ပဲ လမ်း ဘေးမှာတောင်စား ရတော့မယ့်အဆင့်ရောက်တော့မယ်’’ ဟုဟင်္သာတမြို့ပေါ်ရှိ ကိုတင်အောင်ဆိုသူမှ ပြောကြားခဲ့သည်။

အလားတူ ဟင်္သာတမြို့မြ၀တီရပ်ကွက်တွင်လည်း “ကျွန်တော်တို့မြ၀တီရပ်ကွက်ဟာတက္က သိုလ်ကျောင်းသား/သူများ အများဆုံးရှိတဲ့ရပ်ကွက်ပါ၊ ဆိုင်းဘုတ်ချိတ်၍ ဘော်ဒါဌားစားကြသူများရှိ ကြသလို ဆိုင်းဘုတ်မချိတ်ပဲဘော်ဒါဌားစားကြသူများလည်းရှိကြပါတယ်၊ အဝေးသင်ရက်ဆိုရင် စည်ပင်ကကျွန်တော်တို့ရပ်ကွက်ကိုပုံမှလာတယ်၊ကျွန်တော့်အိမ်ဆိုရင် နယ်က တူမလေး(၂)ယောက် တက္ကသိုလ်တက်ဖို့လာနေတယ် အဲဒါကိုစည်ပင်က ကျောင်းသားရှိလားလို့မေးတယ် ကျွန်တော်ကရှိ တယ်ပြောတော့ ကျောင်းသားရှိတဲ့အတွက် ကျောင်းသားတစ်ယောက်ကို(၇၀၀)ကျပ်အခွန်ပေး ဆောင်ရ တယ်၊ အိမ်ရှေ့ခြံကွက်လပ်လေးမှာ အဝေးသင်ရက်လေး(၂)လလောက်ကို ဆိုင်လေးဖွင့် တယ်အဲဒါကို စည်ပင်ကတစ်နှစ်စာလုပ်ငန်းခွန်ဆိုပြီး (၆၀၀၀)ကျပ်ကောက် တယ်၊ ဈေးကောက် တစ်နေ့(၂၀၀)ကျပ်ကတစ်မျိုး မပေးလို့ကလည်း မရဘူးပေးရတယ်၊ အဝေးသင်ရက်ဆိုရင် စည်ပင်က သူတို့အတွက်စီးပွားဖြစ်ပဲ၊ ပြည်သူတွေဆီကပိုက် ဆံရဖို့အတွက်ဆို အမျိုးအမျိုးခေါင်းစဉ်တတ်ပြီးတောင်းတယ် ကျွန်တော်တို့ရပ်ကွက်မှာ ရေမြောင်းတွေ ပိတ်တယ် လာဖော်မပေးဘူး၊ ရေမြောင်းတွေက မဖော်တာကြာတော့ အပင်တွေပေါက်ပြီး ရေမြောင်းတွေပျောက် ကုန်တယ်၊ မိုးတွင်းရောက်ပြီဆို နှစ်စဉ် ကျွန်တော့်တို့ရပ်ကွက် ကရေမြုပ်တယ်၊ ရေဘေးကယ်ဆယ်ရေးတွေလုပ်ရတယ်၊ (၆)လခွန်သာပုံမှန်ပေးနေရတယ် ကျွန်တော်တို့ပြည်သူတွေ အတွက်ဘာအကျိုးမှဖြစ်မလာဘူး၊ နောက်ပြီး EPC ကလည်းအိမ်မှာ ကျောင်းသားရှိတဲ့အတွက်မီတာကိုလုပ်ငန်းသုံးဆိုပြီး တစ်ယူနစ်ကို(၇၅)ကျပ်နှုန်းကောက်တယ်၊ အသနားခံစာတင်တော့လည်း ဘာမှထူးခြားမလာဘူး ဒီအတိုင်းပဲ၊ ကျွန်တော်သိထားတာက လုပ်ငန်း သုံးဆိုတာ ပါဝါမီတာလို့သိထားတယ်၊ ရိုးရိုးအိမ်သုံးမီတာကို လုပ်ငန်းသုံးဆိုပြီး(၇၅)ကျပ်နှုန်းကောက် တယ်၊ မီတာဘေထွက်လာတော့လည်း                   မီတာထိန်း သိမ်းစောက်ရှောက် ခဆိုပြီး(၁၀၀၀)ကျပ် က အသ လွတ်ပေးရတယ်၊ ကျွန်တော်တို့ပြည်သူတွေ အနေနဲ့ပေးသင့်တဲ့အခွန်ကို ပေးဆောင်မှာပါ၊ အခုဟာက အရမ်းလွန်လွန်းပါတယ်၊ ဒီဒုက္ခတွေကိုခံစားနေရတာ ကျွန်တော်တစ်ယောက်ထဲမဟုတ်ပါဘူး တစ်ရပ် ကွက်လုံးနီးပါးခံစားနေရတာပါ ” ဟုမြ၀တီရပ်ကွက်နေပြည်သူတစ်ဦးထံမှ သိရှိရသည်။

ကသာမြို့နယ်အတွင်း မိန်းမပျိုများ အကြောင်းမဲ့ ပျောက်ဆုံးလျှက်ရှိ

ကသာမြို့နယ်အတွင်း မိန်းမပျိုများ အကြောင်းမဲ့ ပျောက်ဆုံးလျှက်ရှိ၊ဒီဓါတ်ပုံရှင်အား တွေ့ရင် အကြောင်းကြားပေးကြပါ(ဟာဂျူလီ-ကသာ)
 
ကသာမြို့ အမှတ်(၉)ရပ်ကွက်နေ မမေသက်ဇွန်သည် ၁၂၊၁၁၊၁၂ရက်နေ့ မနက်က အကြောင်းမဲ့ ပျောက်ဆုံးသွားခဲ့ပါသည်၊ထိုမိန်းကလေးမှာ အသက်၂၄နှစ်ရှိပြီဖြစ်ပြီး စက်ချုပ်မှုအလုပ်လုပ်
ကိုင်သူဖြစ်ကြောင်း ၄င်း၏မိခင်ဖြစ်သူဒေါ်ခင်နန်းမြင့်မှ ကျွန်တော့်ထံ ဆက်သွယ်ပြောဆိုခဲ့ပါသည်၊

“ကျွန်မသမီးလေးက ကျွန်မနဲ့ အတူနေလို့ ရည်းစားမရှိတာ ကျွန်မသိပါတယ်၊တကယ်လို့ ရည်းစားနောက်လိုက်သွားရင်လည်း အခုဆို (၁)လရှိနေပါပြီ၊သတင်းတစ်ခုခုတော့ ကြားရမှာပေါ့၊

အခုလို ရုတ်တရက် ဘာသတင်းမှ မကြားရဘဲ စုန်းစုန်းမြုတ် ပျောက်သွားတော့ ပိုစိတ်ပူနေ ရပါတယ်၊သမီးလေးပျောက်သွားတဲ့နေ့က စက်ချုပ်ပစ္စည်းတွေလည်းပါသွားတယ်၊သူ့ဆိုင်ကယ်ကို လည်း ပေါင်သွား တယ်၊သူဆိုင့်ကယ်သွားပေါင်တဲ့ မိတ်ဆွေကပြော တာတော့ မေသက်ဇွန် ဆိုင်ကယ်လာပေါင်တဲ့ အချိန်မှာ ကသာမြို့ခံမဟုတ်တဲ့ မျက်နှာစိမ်းတစ်ယောက်ပါလာတယ်တဲ့၊နောက်ပြီး ဗန်းမော် သွားတဲ့ ကားလမ်း၊ငါးအိုးရွာမှာလည်း မေသက်ဇွန်ကို အဲဒီမိန်းကလေး နဲ့ပဲ တွေ့တဲ့သူ ရှိတယ်တဲ့၊ဒီတော့ ကျွန်မတို့အနေနဲ့ လူကုန်ကူးခံလိုက်ရပြီလားလို့ တွေးမိပါတယ်”ဒေါ်ခင်နန်းမြင့်ပြောခဲ့ သည့် ဖြစ်စဉ်မျိုးမှာ ၂၀၁၀ခုနှစ်ကလည်း အင်းတော်မြို့တွင် ဖြစ်ဖူးခဲ့ ပါသည်၊မြို့ခံမိန်းကလေးများကို ဆေးတိုက်ပြီး လူကြီးများ မသိအောင် အ၀တ်အစားယူစေ၍ တရုတ်နိုင်ငံ သို့ခေါ်ဆောင် ရောင်းချ ခဲ့ သည့် ဖြစ်စဉ်များဖြစ်ပါ သည်၊ထိုဖြစ်စဉ်အား ကျွန်တော် မှ ဖေါ်ထုတ်ရေးသားခဲ့ရာ လူကုန်ကူးခဲ့သည့် တရားခံ များအားလုံး ထောင်(၁၀)နှစ်ကျခံလိုက်ရပြီးဖြစ်  ပါသည်၊

ယခုပျောက်ဆုံးသွား သည့်ဖြစ်စဉ်မှာ ယခင်အင်းတော်မြို့တွင် ဖြစ်ပွား ခဲ့သောခြေရာလက်ရာ အတိုင်းဖြစ်နေပါသောကြောင့် မိခင်ဖြစ်သူ၏ စိုးရိမ်မှုမှာ အပြစ်ဆိုစရာမရှိပါ၊