ဝီတိုရီယဆေးရုံမှာ ဧည့်ကြို ဖြစ်ရတဲ့ ဒုက္ခ(တိုင်ကြားစာ)
ဒီမိုဝေယံခင်ဗျား၊
ရန်ကုန်မြို့ ဝိတိုရီယဆေးရုံ ဧည့်ကြိုဌာန ၌တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများ၏နေ့စဉ် ကြုံတွေ့နေရသော ဒုက္ခကို စာနာသောအားဖြင့် ဖေါ်ပြပေးပါရန်လေးစားစွာ တင်ပြအပ်ပါသည်၊
ဝိတိုရိယဆေးရုံကြီးသည် ခန့်ညှားထယ်ဝါလှသော်လည်း၊ ဧည့်ကြိုဌာနရှိ ဝန်ထမ်းများမှာ “စာမေးတာမဖြေနိုင်လို့” “ အလုပ်လုပ်ရာတွင်အမှားအယွင်းရှိလို့ “ စသည်ဖြင့် အကြောင်းအမျိုးမျိုး ပြပြီး ဒါဏ်ကြေးဟုဆိုခါ အလုပ်ကြီးကြပ်သူများက ကောက်ခံနေပါသည်။
ဝန်ထမ်းများမှာ မိသားစုစားဝတ်နေရေး မပြေလည်ယုံမက၊ ရရှိသော လစာလေးကိုမလောက်မင ခြစ်ချုပ်သုံးစွဲနေရမှန်း သိလျှက်နှင့် “တစ်လစာ ကုန်ချင်ကုန်သွားပါစေ..ကောက်မှာဘဲ” ဟုပြောဆို ကောက်ခံနေပါသည်။
ဝန်ထမ်းများအနေဖြင့် မကျေနပ်သော်လည်း အထက်ကို မတင်ပြရဲသဖြင့် ခေါင်းငုံ့ခံနေရပါသည်၊ ကောက်ခံထားသော ပိုက်ဆံများကိုလည်း မည်သည့်နေရာတွင် သုံးစွဲသည်ကိုမသိရဘဲ မည်သူ့အတွက်မှန်းမသိဘဲ ပေးနေရပါတယ်၊ အပြစ်ရှိက ဆေးရုံစည်းကမ်းအတိုင်း တရားနည်းလမ်းကျ စုံစမ်းစစ်ဆေးပြီး “ဒါဏ်ငွေမကောက်ဘဲ” လိုအပ်သလိုအပြစ်ပေးသင့်ပါသည်၊ အထက်မှဆေးရုံအုပ်ချုပ်သော လူကြီးများ သိရှိစေရန် ဒီမိုဝေယံမှ တဆင့် တင်ပြလိုက်ရပါသည်..။
ကျေးဇူးတင်စွာဖြင့် မိဘတစ်ဦး