ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်သိန်းနှင့် စစ်ကိုင်းလူထုတွေ့ဆုံပွဲ..

၅၊၁၊၂၀၁၃ နေ့ နံနက်(၉)နာရီတွင် စစ်ကိုင်းမြို့
ရှိမြို့တော်ခန်းမ၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်သိန်းနှင့် စစ်ကိုင်းမြို့နယ်ရှိ
မိဘပြည်သူများတွေ့ဆုံပွဲကိုကျင်းပပြုလုပ်ရာ ရပ်ကွက်၊ ကျေးရွာအသီးသီးမှ
ပြည်သူများ စုံစုံညီညီ် တက်ရောက်ခဲ့ကြသည်။မိမိတို့ရပ်ကွက်၊ ကျေးရွာအသီးသီး
လိုအပ်ချက်များ၊ အခက်အခဲများကို ပွင့်ပွင့်လင်းလင်း တင်ပြကြပါသည်။

မြို့သူမြို့သားများတခဲနက်လက်မှတ်ထိုးဆန္ဒထုတ်ဖော်မှုနှင့်အတူ
စစ်ကိုင်းမြို့အား စစ်ကိုင်းတိုင်းဒေသကြီး၏ မြို့တော်အဖြစ် ဖွဲ့စည်းပုံအခြေခံ
ဥပဒေနှင့်အညီ် ပြန်လည်ဖော်ဆောင်ပေးရေးကိုတင်ပြတောင်းဆိုကြပါသည်၊
၎င်းနောက် စစ်ပြန်ရဲဘော်တဦးကလည်း ကျူးကျော်မြေတွင် နေနေရကြောင်း၊ ၄င်း၏ခြေတုအသစ် ပြန်လည်တပ်ဆင်နိုင်ရေး အခက်အခဲနှင့် အခြားသော ပြည်သူများမှ အခက်အခဲများကို တင်ပြခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်မှ တင်ပြချက်များကှိုဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊
မိမိအားပြည်သူများမှခိုင်းစေတာဝန်ပေးကြပါရန်ပြောကြားသွားပါသည်