ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အမှတ်၁ လယ်ယာသုံး စက်ကိရိယာ ပစ္စည်း ထုတ်လုပ်ရေးစက်ရုံ ငှားရမ်းမှုအကြောင်း အသိပေး တိုင်ကြားစာ..

အမှတ်၁ လယ်ယာသုံး စက်ကိရိယာ ပစ္စည်း ထုတ်လုပ်ရေးစက်ရုံ (၉မိုင် စက်မှုလယ်ယာ)ကို ၂၀၁၂ စက်တင်ဘာ လောက်မှာ စက်ရုံကို ပုဂ္ဂလိက ငှားမယ်ဆိုပြီး သတင်းစာထဲထည်.ပါတယ်၊စတာက အဲဒီမှာတည်းက စတာပါ၊ဘုတ်အဖွဲ.က ဒီစက်ရုံဟာ နိုင်ငံတော်အတွက် အကျိုးအမြတ် ရှိနေသလို တောင်သူလယ်သမားတွေအတွက်လည်း အထောက်အပံကောင်းကောင်းဖြစ်နေတဲ့အတွက် ကန်.ကွက်ခဲ့ပေမယ်. ၀န်ကြီး တစ်ဦးတည်းရဲ. သဘောထားနဲ. ငှားမယ်ဆိုပြီးဖြစ်တာလို.သိရပါတယ်။ 
ပိုစိတ်ဝင်စားစရာကောင်းတဲ့အကွက်တစ်ခုလည်းရှိပါသေးတယ်

သတင်းစာထဲမထည်.ခင် ခုလက်ရှိရသွားတဲ့ Young Investment Group (အင်းလျားကန် မျက်စောင်းထိုး ပြည်လမ်းမကြီးပေါ်မှာ သူတို.ကားအလုပ်ရုံ ရှိပါတယ်)က တာဝန်ရှိသူတွေက အဲဒီစက်ရုံကို အရင်ရောက်လာပြီး ဒီစက်ရုံငှားမလို. အဘကိုပြောထားပြီးသား ၀င်ကြည်ချင်တယ်ဆိုပြီး ရောက်လာတာပါပဲ။ ဆုံးဖြတ်ချက်တောင်မကျသေးတဲ့ စက်ရုံကိုငှားဖို.ပြောထားပြီးပြီ ဆိုတာကတော. ? ထပ်သေချာသွားတာကတော. တစ်ပတ်အတွင်းမှာပဲ အဲဒီCompany ကို ငှားရမ်းခွင်.ပြုလိုက်ပါတယ်တဲ့၊ဒီ.ထက်ပို စိတ်ဝင်စားစရာက ဒီဝန်ကြီးဌာန အောက်မှာရှိတဲ့ သင်္ဃန်းကျွန်းဆီသန်.စက်ရုံကိုလည် ဒီ Company ပဲရသွားပါတယ်၊  
 Young Investment Group
ဝါကြိတ်စက်ရုံတွေလည်း ဒီ Company ပဲရထားသလို ပျဉ်းမပင်ပန်ကာကြိုး စက်ရုံကလည်း ဒီ Company ပဲထင်ပါတယ်။ တိုက်ဆိုင်တာလား ပိုင်တာလားတော. စစ်ကြည်.မှသိမယ်ထင်ပါရဲ. ။ ခု ၉မိုင် စက်ရုံကိစ္စကလည်း အဲ့ဒီတည်းက ကြိုးစားနေပေမယ်. ရှေနေချုပ်ရုံးက ကန်ကွက် မြေယာပိုင်ဆိုင်မှု ဆက်နွယ်နေတဲ့ ကာကွယ်ရေးဝန်ကြီးဌာန က ကန်ကွက်နဲပဲ အတော်အံ.အားသင်.ဖွယ်ရာ ကြိုးစားမှုတွေနဲ. အခုတော. အားလုံးက သဘောတူလိုက်ပါတယ်တဲ့ကိုတင် ရွေးချယ်ခိုင်းထားတဲ့ သဘောထားကောက်ချက်တွေအရ လူ ၁၇၀ ကျော်ရှိတဲ့ စက်ရုံမှာ လုပ်ပြီးကျန်ခဲ့မှာက ၁၆ ယောက်တဲ့။ ဘာအာမခံချက်မှလည်း ရေရေရာရာမပေး ရှိပြီးသား ၀န်ထမ်းတွေကျတောလည်း ထုတ်လုပ်ရေး ပညာရှင်တွေကနေ စက်ပြင်သာသာ ဘ၀တွေ ရောက်ရပါတော.မယ်၊ ဒီလိုပညာရှင်တွေဖြစ်လာအောင်သင်ပေးခဲ့ရတဲ့စားရိတ်တွေက နိုင်ငံတော်စားရိတ်ဆိုပေမယ်. ပြည်သူ.ပိုက်ဆံတွေပါ။  ၊
 
ဖြစ်နိုင်ရင်တော. သက်ဆိုင်ရာ တာဝန်ရှိသူတွေဆီ တိုက်ရိုက်ရောက်နိုင်မယ်နည်းလမ်း များလည်း အကြံပေးစေလိုပါတယ်။ အတည်ပြုချက်မရသေးတဲ့ သတင်းတွေအရတော. နိုင်ငံတော်သမ္မတ ဆီကို တင်ပြရာမှာ စက်ရုံဟာ အရှုံးပြနေတယ်ဆိုပြီး တင်ပါတယ်တဲ့။ တကယ်က ဘယ်တုန်းကမှ မရှုံးခဲ့တဲ့စက်ရုံပါ။ ဒါပေမယ်. ဒီလိုလုပ်ချင်တာကြောင်.လားတော. မသိပါဘူး။ ၁၀ လပိုင်းလောက်ကစပြီး လုပ်ငန်းတွေ ရှိလျှက်နဲ. ဘာဘတ်ဂျက် မှ ချမပေးတာကြောင်. ၀န်ထမ်းတွေ ငုတ်တုတ်ထိုင်နေရပါတယ်။ ဒါမှအရှုံး ပြလို.ရမှာကြောင်.ထင်ပါတယ်။

ဒါကြောင်.ဒီကိစ္စတွေကို မရမ်းကုန်း လွှတ်တော်အမတ် ဒေါ်မေ၀င်းမြင် သိစေချင်သလို အခြားစောင်ကြည်.ပေးမယ်.၊တရားဝင်လေ.လာရေးသားပေးမယ်. Media တွေလည်း သိစေချင်ပါတယ်၊ ဒါကြောင်. ပတ်သက်ဆက်နွယ်သူများ ကူညိပေးဖို.လည်း မေတ္တာရပ်ခံပါတယ်။ ခုတော. ၀န်ထမ်း မိသားစုတွေအားလုံးဟာ ဘယ်တော. လိုင်းခန်းတွေပေါ်က ဘယ်တော့ ဖယ်ရတောမလဲ၊ ဘယ်တော.ပြောင်းရတောမှာလည်း၊ ဘယ်တောထွက်ရတောမှာလည်း၊ ပင်စင်ကလည်း မသေချာ၊ဆက်လုပ်ရအောင်ကလည်း ဘာအာမခံချက်မှမရှိ (ဘာလို.လည်းဆိုတော. ၂၀၁၁ ခုနှစ် လပိုင်းတည်းကလွှဲလိုက်ရတဲ့ ပန်ကာကြိုးစက်ရုံကို ဒိတိုင်းပစ်ထားပြီး ကျန်တဲ့ဝန်ထမ်း ၁၀ယောက်လောက်(အရင်က ရာဂဏန်းရှိပါတယ်) ကိုလစာပေးထားပြီး စက်ရုံကို ဒီတိုင်းထားထားသလို သင်္ဃန်းကျွန်း ဆီသန်.စက်ရုံဆိုလည်း စက်ပစ္စည်းတွေ ဖြုတ်ပြီးရောင်း တောမယ်

 နောက်တစ်ခုက လေ.လာမိသလောက် လွှတ်တော်မှာ ပုဂ္ဂလိက လွှဲပြီးသွားရင် စာချုပ်ပါစည်းမျဉ်းတွေအတိုင်း လုပ်ဆောင်ခြင်းရှိ/မရှိ ဆန်းစစ်တဲ့ ကော်မတီ တစ်ရပ်ရှိတယ်လို.ပြောပါတယ်၊ဒီကော်မတီအနေနဲ.လည်း အချက်အလက်တွေမြင်သာ ထင်သာစောင့် ကြည့်ထုတ်ပြန် ပေးစေချင်ပါတယ်၊ ခုဒီ လူ၂၀၀ နီးပါး စက်ရုံကြီးကို လူ၁၆ ယောက်နဲ. ဘာတွေဘယ်လိုဆက်ထုတ်မလဲသိချင်တာပါ၊စာချုပ်စည်းကမ်းမှာ မူလထုတ်လုပ်ရေး လုပ်ငန်းများ လုပ်ရမယ်လို.ပါပါတယ်တဲ့ကျွန်မတို.က၀န်ထမ်း မိသားစုမို. ဒီနေရာက မသွားချင်တာ မျိုးရှိပေမယ်. နိုင်ငံအတွက် အကျိုးရှိရင်တော့ ဖြေသာပါတယ်၊ ခုတော့ ၀န်ထမ်းတွေသာ ပြုတ်သွား၊ စက်ရုံကြီးကျတော.ပိတ်ထား၊ သူတို. အကျိုးအမြတ်သက်သက်အတွက် အချိန်တွေရင်းပြီး အခြားရည်ရွယ်ချက်နဲ. ငှားထားကြတာမျိုးဆိုရင်တော. မဖြစ်သင်ပါဘူး၊

ခုဒီစက်ရုံကို တစ်လ သိန်း ၅၀၀ နဲ.ငှားတယ်လို.သိရပါတယ်..အကျယ်အ၀န်း၁၀ ဧက ကျော်ရှိပြီး ပြည်လမ်းမကြီးဘေးမှာ ရှိနေတဲ့ဒီနေရာ၊ အထဲမှာတပ်ဆင်ထားတဲ့စက်အားလုံး အနေအထားနဲ. ဒီနှုန်းဟာ ရသင်.တဲ့အနေအထား ဟုတ်/မဟုတ်လေ့လာသင့်ကြသလို နောက်ပိုင်းဒီလုပ်ငန်းကို ဆက်လုပ်/မလုပ် လည်းစောင့်ကြည်.စေချင်ပါတယ်။ ဘာကြောင်.လဲဆိုတော. ဒေသတစ်ခုမှာ အလေ့ကျပေါက် ပျဉ်း ကတိုးတွေ ခုတ်ယူချင်တာနဲ. ရော်ဘာ စိုက်ပျိုးရေး မြေတွေလျှောက်၊ပြီးတော့ ပစ်ထား၊ဒီလိုပဲ နေပြည်တော်အမြန်လမ်း တစ်လျှောက် မြေလိုချင်တာနဲ. ကျွန်းကွက်တွေလျှောက်၊ လမ်းဘေးလောက်ပဲ ဟန်ပြစိုက်ပြထားပြီး အခြေအနေတစ်ရပ်၊ အချိန်အခါ တစ်ခုကို စောင့်ဆိုင်းနေကြသူများ ဆိုတာရှိခဲ့ ရှိနေဆဲပါရှင်၊
 
 ပြီးတော. ဒီ Company က အာမခံလုပ်ငန်းလည်း လေလံအောင်ထားတယ်လိုသိရပါတယ် သိန်းပေါင်းသောင်းချီသွင်းရတဲ့ လုပ်ငန်းပါ ၊ ဒါအပြင် စက်ရုံတွေလေလံ ဆွဲထားပြီး မလည်ပတ်ပဲ လစာတွေရော ဘာအကြောင်းနဲပေးနေ၊ေ ပးနေနိုင်တာပါလဲ၊ နိုင်ငံတော်ရဲ. ၀င်ငွေခွန် တန်းစီဇယားထဲမှာရော ဒီ Company ကဘယ်နေရာမှာ ပါနေပါသလဲရှင် ဒါ့အပြင် တကယ်. ပြည်တွင်း နိုင်ငံသားပိုင်  ဟုတ်/မဟုတ် မဟုတ်ရင်လည်း ဘယ်သူတွေ ဘယ်နိုင်ငံခြားသားတွေက ကျောထောက် နောက်ခံပေးထားတယ် ဆိုတာတွေက သေချာဆန်းစစ် ၀ိုင်းဝန်း စောင့်ကြည့်သင့်တယ် ထင်ပါတယ်၊ တကယ်တော. လက်ရှိလေလံပစ်တယ်၊ ပုဂ္ဂလိက လွှဲတယ်ဆိုတာတွေက ဘယ်သူတွေလာ လေလံဆွဲတယ်၊ ဘယ်လောက်တွေနဲ့ဆွဲတယ်၊ ဒါကြောင်. ဘယ်သူ့ကို ခွင်.ပြုလိုက်တယ်၊ စာချုပ်ပါ စည်းမျဉ်းတွေက ဘာတွေဆိုတာက သမ္မတ ကြီးပြောလေ့ရှိတဲ့ မိဘပြည်သူ အပေါင်းကို ချပြရမှာ မဟုတ်ဘူးလားရှင်။


ဒီကိစ္စနဲ.ပတ်သက်ပြီး သတင်းဖြန်.ချိနိုင်သူများဖြန်.ျီပေး၊ စောင်ကြည်နိုင်သူများကစောင်.ကြည်.ပေး၊ရေးသားနိုင်သူများက ရေးသားပေးဖို.မေတ္တာရပ်ခံပါတယ်ရှင်။ဒီလိုပုဂ္ဂလိ က အမည်ခံ တွေဆီကို ရုတ်ချည်းလွှဲပြောင်းမှုတွေကြောင်. ကျွန်မတို.ရှေ.မှာ နစ်နာခဲ့ရတဲ့ ပညာရှင်တွေ ၀န်ထမ်းတွေ ရှိခဲ့ပြီးသလို ကျွန်မတို.လည်း ကြုံရတော.မှာပါ၊ဒါပေမယ်. နောက်ထပ်ဘယ်သူမှ ထပ်မကြုံစေချင်လို.ပါ၊  တစ်ချို.တွေပြောသလို အစိုးရက တစ်ဝက်တစ်ပျက် ထိမ်းပေး၊ ကိုယ်.၀န်ထမ်းတွေလည်း စိတ်ချရပြီ အခြေတည်နိုင်ပြီဆိုမှ လုံးလုံးလွှဲလိုက်ရင် ရှဉ်ရော ပျားရော စိတ်ချမ်းသာ စရာလေးဖြစ်မှာမှို.ပါရှင်။ အားလုံးပဲ တတ်နိုင်သူများ တတ်နိုင်တဲ့ဘက်က ကူညီပေးကြပါအုံးရှင်။

ဒီအချက်အလက်တွေနဲ. ပတ်သက်လို.ကတော.စက်ရုံက ဘယ်ဝန်ထမ်းကိုမဆို မေးလို.ရပါတယ်။.ကျွန်မတို.အဖို.တော. ဒီစက်ရုံကို စွန်.ခွာရဖို. အချိန် သိပ်မကျန်တော့ပေမယ်. နောက်ထပ်ဝန်ထမ်းတွေ ဒီလိုမဖြစ်စေချင်တာပါ။.ခုလို ပုဂ္ဂလိကပိုင် လုပ်လိုက်တယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အလုပ်ရပ်နားသွားခဲ့ကြရတဲ့ ၀န်ထမ်းတွေ ဘယ်လောက်ရှိနေပြီလဲတော. မသိပါဘူး။ ကျွန်မတို.ကတော. ကိုယ်နဲ.ဆက်စပ်တာလောက်ပဲသိတာမို. ဥပမာ အင်းကုန်း စက်ရုံကြီးလည်း ဒီလိုပဲခံလိုက်ရပြီး ခုတော.ဟုတိပတ်တိ ဘာမှမလုပ်ပဲ ၀န်ထမ်းတွေအလုပ်လက်မဲ့ ဖြစ်သွားတာပဲ အဖတ်တင်ပါတယ်နိုင်ငံတော်အတွက် ပုံမှန်ဝင်ငွေရနေတယ်ဆိုပေမယ်. အဲ့ဒီလို လွှဲယူပြီး ရပ်နားထားလို. ကျဆင်းသွားတဲ့ ထုတ်လုပ်ရေး အင်အားစုတွေ၊ ရပ်နားလိုက်ရတဲ့ ၀န်ထမ်းတွေ၊ ဘယ်လိုရည်ရွယ်ချက်နဲ.လွှဲယူပြီး ရပ်နားထားတယ်ဆိုတာတွေ၊ ဒီလောက်ကြီးတဲ့ လုပ်ငန်းကြီးကိုတောင် တစ်ပတ်အတွင်း ပွင်းလင်းမြင်သာမှု မရှိပဲငှားလိုက်တယ်(ရှေနေချုပ်ရုံးကကန်ကွက်လိုသာစာချုပ်က ခုမှချုပ်ရမှာပါ) ဆိုတာတွေကို စောင်ကြည်နိုင်သူများ စောင်ကြည်ပေးစေချင်တာပါ။

ဇန်န၀ါရိ ရက်နေကတော. စက်ရုံမြေ တစ်ခုလုံး တိုင်းတာပြီး အဲဒီ့နေ. ဒါမှမဟုတ်နောက်နေ.မှာ ဂရံသွားလျှောက်မယ်လို.သိရပါတယ်။ စာချုပ်ချုပ်ဖို. ဂရံမရှိရင် ရှေ.နေချုပ်ရုံးက ခွင်မပြုတာမို. လျှောက်ရတယ်လိုသိရပါတယ်။ ဒီနေ့ (၂၄-၁-၂၀၁၃)မှာတော.ကုမ္ပဏီ နဲစာချုပ်ချုပ် မယ်လို. သိရပါတယ်၊ အားလုံးသိရှိစောင်.ကည်.နိုင်ရန်ပါ၊ အစပိုင်းက ကာကွယ်ရေးဝန်ကြီးဌာန စစ်ထောက်ချုပ်ရုံးနဲ. မြေယာပိုင်ဆိုင်မှု မရှင်းမလင်းဖြစ်နေတာ ကို ၃၀-၁၂-၂၀၁၂ နေ.က သဘော တူညီမှုရခဲ့ပါတယ်တဲ့၊ ဒါပေမယ်.ဂရံတော. မရသေးဘူးလိုကြားရပါတယ်။

တိုင်းပြည်အတွက် တကယ် အမှန် အကျိုးရှိမယ်ဆိုရင်တော့ ကျွန်မတို့ ဝန်ထမ်းတွေ ထွက်ရကျိုးရှိပေမယ့် ပွင့်လင်းမြင်သာမှုမရှိပဲ အမှန်အကန် မဟုတ် အကြံအဖန်  လုပ်ရပ်ဖြစ်နေမယ် ဆိုရင်တော့ နိုင်ငံတော်အနေနဲ့ မြွေပါလည်းဆုံး သားလည်းဆုံး မဖြစ်ရလေအောင် ဒီမိုဝေယံမှတဆင့် မီဒီယာနဲ့ အများ ပြည်သူသိစေရန် တင်ပြလိုက်ပါတယ်..။

 အမှတ်၁ လယ်ယာသုံး စက်ကိရိယာ ပစ္စည်း ထုတ်လုပ်ရေးစက်ရုံ  ဝန်ထမ်းများ..