ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ကားရပ်နားရန် နေရာကိစ္စအတွက် မင်းမဲ့စရိုက်ဆန်ဆန် အုပ်စုဖွဲ့ ရမ်းကားမှုတွင် အာဏာပိုင်များ၏ သားသမီးများ ပါဝင်နေသည်ဟုဆို.. (ပေးစာ)

ဒီမိုဝေယံသို့ ပေးစာ
  ဓာတ်ပုံ... ကားနေရာအခက်အခဲကြောင့် 
ယနေ့ရန်ကုန်မြို့မှ တိုင်ထောင်၍ ကားParking နေရာရယူကြပုံ တချို့
ကားရပ်နားရန် နေရာကိစ္စအတွက် မင်းမဲ့စရိုက်ဆန်ဆန် အုပ်စုဖွဲ့ ရမ်းကားမှုတွင် အာဏာပိုင်များ၏ သားသမီးများ ပါဝင်နေသည်ဟုဆို.. (ပေးစာ)

သမ္မတကြီး ဦးသိန်းစိန်ခင်ဗျား...

သမ္မတကြီးနှင့် အစိုးရအဖွဲ့သည် clean government, good governance ဖြစ်ဖို့
ကြီးစားနေသည့် အစိုးရအဖွဲ့ဖြစ်ကြောင်း ပြည်သူများက ယုံကြည်နေကြပါသည်။

သို့သော် ထိုယုံကြည်ချက်များအား ဖျက်လို ဖျက်ဆီးပြုမည့်သူများက သမ္မတကြီးတို့အစိုး
အဖွဲ့အတွင်း၌ ရှိနေကြပါသည်။ ၎င်းအတွင်းလူများကြောင့် သမ္မတကြီးတို့ အစိုးရအဖွဲ့သည် တဖြည်းဖြည်းနှင့် အမည်းစက်များ များလာသည်ကို တွေ့လာရပါသည်။ ထိုလူများသည် သမ္မတကြီးတို့ အစိုးရအဖွဲ့၏ သားသမီး၊ ဆွေမျိုးတစ်စုပင် ဖြစ်ပါသည်။

ဥပမာပြရသော် ရန်ကုန်တိုင်းဒေသကြီး အတွင်းတွင် လူစုလူဝေးများဖြင့် မင်းမဲ့စရိုက်ဆန်
စွာပြုလုပ်ခဲ့ကြသော အမှုများမှာအင်းယားလိတ် ညကလပ်တွင် ကားဖြင့်တိုက်ခဲ့သောအမှု၊
နှင်းဆီကုန်း ဘိုးဘွားရိပ်သာရှေ့တွင် လူအုပ်စုများဖြင့် ရမ်းကားခဲ့သောအမှု၊ ခိုင်းစေသူများ
လွတ်မြောက်ဆဲ ဖြစ်သောမြောက်ဥက္ကလာ လူသတ်မှုတို့ပင်ဖြစ်ပါသည်။ ထိုအမှုများသည်
အစိုးရအဖွဲ့၏ သားသမီးဆွေမျိုးများ ပါဝင်သည်ကို ပြည်သူများသိရှိနေကြပါသည်။

ထိုမင်းမဲ့စရိုက်ဆန်သော ဖြစ်ရပ်များကို သမ္မတကြီးတို့အစိုးရအဖွဲ့သည်ထိန်းကျောင်းနိုင်ခြင်း
မရှိသေးကြောင်းကို နောက်ထပ်တွေ့ရှိလာရပါသည်။ ထိုဖြစ်ရပ်မှာရန်ကုန်တိုင်းဒေသကြီး၊
ကြည့်မြင်တိုင်မြို့နယ်၊ သီတာရပ်ကွက်၊ သိန္ဒိလမ်းတွင် car parking နေရာထားရှိရေးနှင့်
ပတ်သက်ပြီး၊ 15.2.2013 ည၈နာရီလောက်က ရပ်ကွက်တွင်းတွင် မင်းမဲ့စရိုက်ဆန်စွာ
ပြုလုပ်ခြင်း တစ်ခုဖြစ်ပွားခဲ့သည်ကို တွေ့ရှိရပါသည်။

ထိုဖြစ်ရပ်တွင်ရန်ကုန်တိုင်းဒေသကြီး
ဝန်ကြီးချုပ်မိတ်ဆွေနှင့် စ.စ.စ ညွှန်ကြားရေးမှူးရဲ့ သားဖြစ်သူသည်(၎င်းကိုယ်တိုင်ဟော်ဟစ်
ပြောဆိုချက်) အများနှင့် ဆိုင်သည့်နေရာတွင် ၎င်းကားတစ်စီးသာ ရပ်နားရန်နေရာ ဦးထားလေ့ရှိပါသည်။ (တုတ်ချောင်းများထောင်ထားခြင်း)

ထိုနေ့တွင် အခြားကားတစ်စီးက ၎င်းနေရာတွင် သွားရောက်ထားရှိသည့်အခါ ရပ်ထားသည့်ကားပိုင်ရှင် တိုက်ခန်းပေါ်သို့ ၎င်းဦးဆောင်သည့် လူများနှင့်တက်၍ ကြမ်းတမ်းစွာ ဖယ်ရှားပေးဖို့ပြောဆိုပါသည်၊ ၎င်းတိုက်ခန်းတွင် အသက်ကြီးပြီး အားနည်းနေသည့် မိခင်ကြောင့် ကားပိုင်ရှင်သည် ဘာမှမပြောနိုင်
ဖြစ်နေပါသော်လည်း ၎င်းမင်းမဲ့စရိုက်ဆန်သော လူတစ်စုသည် တိုက်ခန်းအောက်တွင်ပါ
အော်ဟစ်နေကြသည်ကို တွေ့ရှိရပါသည်။ ၎င်းမင်းမဲ့စရိုက်ဆန်သူ လူတစ်စုတွင် အမျိုးသမီးများလည်း ပါဝင်သည်ကို တွေ့ရှိရပါသည်။ (မြောက်ဥက္ကလာ လူစုလူဝေးဖြင့် လူသတ်မူတွင်လည်း မိန်းမများပါဝင်သည်ကို တွေ့ရှိရသည်)။

ထိုလူရမ်းကားများသည် ဘယ်လောက်များ
နောက်ခံအားကိုး ရှိသလဲတော့မသိပါ၊။ ၎င်းကားပိုင်ရှင်ရဲ့ ကားကိုတစ်ခြား ရပ်ကွက်တွင်
သွားထားဖို့အထိ ပြောဆိုနေသည်ကိုလည်း တွေ့ရှိကြားသိနေရပါသည်။ ထိုအချိန်တွင်
ရပ်ကွက်အတွင်းရှိ အိမ်များမှ ကြည့်မနေနိုင်သောကြောင့် တိုင်ကြားသောအခါ ရပ်ကွက်
အုပ်ချုပ်ရေးမှူးနှင့် တာဝန်ကျရဲများ လာရောက်သည့်အခါ ၎င်းမင်းမဲ့စရိုက်အဖွဲ့မှ
ခေါင်းဆောင်ဖြစ်သူသည် ရဲအရာရှိများအားသူသည် စ.စ.စ(စုံစမ်းစစ်ရေး)မှ
ညွှန်ကြားရေးမှူးချုပ်ရဲ့ သားဖြစ်ကြောင်း၊ ၎င်းအပြင် ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေ
(ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်)နှင့်လည်း ရင်းနှီးကြောင်း၊ ခင်ဗျားတို့ရဲ့
ဓာတ်ပုံ... ကားနေရာအခက်အခဲကြောင့် ယနေ့ရန်ကုန်မြို့မှ တိုင်ထောင်၍ ကားParking နေရာရယူကြပုံ တချို့
ကိုယ်ပိုင်အမှတ်ပေးပါ။ အခုဖုန်းဆက်မည်ဖြစ်ကြောင်းေ ပြာဆိုသည်ကိုတွေ့ရှိရပါသည်။

၎င်းဖြစ်ရပ်တွင်လည်း မင်းမဲ့စရိုက်ဆန်သည့် လူတစ်စုကို အရေးယူဆောင်ရွက်နိုင်ခြင်း မရှိသည်ကိုလည်း တွေ့ရှိရပါသည်။ ထိုကြောင့် ကျွန်တော်တို့ကြည့်မြင်တိုင်မြို့နယ်၊ သီတာရပ်ကွက်
ကဲ့သို့နောက်ထပ်အခြား မြို့နယ်၊ ရပ်ကွက်၊ တိုင်းဒေသကြီးတို့တွင် မဖြစ်ပွားအောင်ပြင်းထန်စွာအမြန်ဆုံး အရေးယူ ဆောင်ရွက်သင့်ပါကြောင်း အကြံပြုတင်ပြအပ်ပါသည်။

ရွှေတိုင်သား