ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ယနေ့ မဟာရန်ကုန်မြို့မှာ ခေတ်စားနေတဲ့ ကြိုတင် Car Parking ကိစ္စ အမြန်ဆုံးဖြေရှင်းပါရန်.. (ပေးစာ)

ရန်ကုန်တိုင်းဒေသဝန်ကြီးချုပ် နှင့် ရန်ကုန်တိုင်းဒေသမြို့တော်ဝန်သိစေရန်

လူကြီးမင်းများခင်ဗျား
        ကျွန်တော်တို့ရန်ကုန်တိုင်းဒေသကြီးတွင် ကားများ အလွန်များပြားလာသည်ကိုလူကြီးမင်းတို့ အသိပင်ဖြစ်ပါသည်။ သို့သော်လူကြီးတို့မသိယောင်
ဆောင်လို့ မဖြစ်တော့တဲ့ အဖြစ်အပျက်များကို တင်ပြပေးပါမည်။ 
သို့မှသာ လူကြီးမင်းများ အမြန်ဆုံးကောင် အထည်ဖေါ်နိုင်မည် ဖြစ်ပါသည်။ ယခုအခါ
ရပ်ကွက်တွင်းရှိ အိမ်တိုင်းလိုလို အိမ်ရှေ့တွင် ပုံပါအတိုင်း car parking
 နေရာဦးထားခြင်းများ နေ့ညဖြစ်ပေါ်နေပါသည်။ 

ထို့ကြောင့်နေ့ပိုင်းတွင်
ကားများမကြပ်သင့်ဘဲ ကြပ်နေကြပါသည်။ ၎င်းအပြင် ကျွန်တော်တို့
ကားပိုင်ရှင်များသည် အခွန်အရပ်ရပ်ကို ပေးဆောင်ထားကြရပါသည်။ 
 ထို့ကြောင့်ကားများ ထားရှိရေး၊ နေရာဆောင်ရွက်ပေးဖို့ကလူကြီးမင်းတို့တွင်
တာဝန်အပြည့်အဝရှိသည်ဟု ထင်မြင်မိပါသည်။ 
ထို့ကြောင့် car parking နေရာဦးထားခြင်းများကို အမြန်ဆုံးအချိန်မဆိုင်းဘဲ ထိန်းသိမ်းသင့်ပါကြောင်း
အကြံပြုတင်ပြအပ်ပါသည်။
                                                                  ကားပိုင်ရှင်