ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဓမ္မပန်းကုံး ပန်ဆင်သုံး လူတိုင်းပြုံးရမည်.. မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

ဓမ္မပန်းကုံး ပန်ဆင်သုံး လူတိုင်းပြုံးရမည်..
                                                                                                           မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

          ကျနော်တို့တတွေသည် ငယ်စဉ်ကလေးဘ၀အရွယ်မှစလို့ ယနေ့ချိန်ထိစာပေတွေ ဖတ်မှတ် ဆည်းပူး လေ့လာ သင်ယူ နေကြရပါတယ်။ ဒါကိုဘယ်အထိလုပ်နေရမှာလဲဆိုရင် သေဆုံးသည်အထိ လုပ်နေကြရမှာဖြစ်ပါတယ်။ ဘာလို့လဲဆိုရင်ပညာဆို တာမဆုံးနိုင်သောကျယ်ပြန့်သောခရီးဖြစ်လို့ပါပဲ။ မဆုံးနိုင်သော ကျယ်ပြန့်သော ပညာခရီးကိုလျှောက်ဖို့မိမိတို့မှာ ကိုယ်ပိုင် တွေးခေါ်စဉ်းစားနိုင်ဖို့လိုပါတယ်။ယနေ့ကမ္ဘာ့ပညာ့ရေးကိုကြည့်ရင် ဒီအချက်ကို ကောင်းစွာတွေ့ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ယနေ့ ထိမြန်မာ့ပညာရေးသည် ဒါရေးဒါကျတ် ဒါတွေမှတ် ဒါတွေဖြေအဆင့်က မလွန်မြောက်သေးပါဘူး။

မိမိတို့ငယ်စဉ်ကစာတွေသင်ခဲ့ &ဖတ်ခဲ့ရပါတယ်။ သင်ခဲ့ရတဲ့စာပေတွေ ဖတ်မှတ်ခဲ့တဲ့စာပေတွေကို ပြန်ဖတ်ကြည့်ပါ ပြန်စဉ်းစာကြည့်ပါ။ယနေ့အတန်းတွေ မြင့်လာတယ်၊ ဘွဲ့ကြီးတွေရလာတယ် ဒါပေမဲ့ ကိုယ်ငယ်ငယ်ဖတ်ခဲ့ မှတ်ခဲ့သင်ခဲ့တဲ့စာတွေကို ပြန်ဖတ်ကြည့်တဲ့အခါမှာ ငယ်စဉ် ကလိုပဲ ဘာမှပြောင်းပြီး တိုးတတ်ပြီး မမြင်ဘူးဆိုရင် မိမိအားနည်းတာကို မြင်ရပါမယ်။ ပြင်ရပါမယ်။

          မိမိတို့ငယ်စဉ်က သူငယ်တန်းဖတ်စာမှာ ‘’ခ” ခရေးကုံးမလေးပြုံး ဆိုတာကို သင်ခဲ့ရပါတယ်။ ငယ်စဉ်သူငယ်တန်းဘ၀မှာ ဖတ်စာအဖြစ် ရေးတတ်ဖတ်တတ်ရင် လုံလောက်ပေမဲ့ အခုလိုအတန်းတွေမြင့်လာ တက္ကသိုလ်ကြီးတွေ ရောက်ဘွဲ့ကြီးတွေ ရပြီးပါမှ သူငယ်တန်းဖတ်စာကို ဖတ်ကြည့်တဲ့အခါမှာ ငယ်စဉ်ကလေးဘ၀ အရွယ်ကလိုပဲ “ခ” ခရေးကုံးမလေးပြုံး လောက်နဲ့ နိဂုံးချုပ်မယ်ဆိုရင်တော့ ပညာသင်ရကျိုး နပ်မည်မဟုတ်ပါ။ မိမိတို့ပညာတွေသင်ကြားသည်မှာ ငယ်စဉ်ကလေးဘ၀နဲ့ အတွေး အခေါ်အယူအဆတွေ မတူချင်လို့ တိုးတက်မြင့်မားချင်လို့ ပိုမိုကျယ်ပြန့်စွာ နားလည်ချင်လို့သင်ကြားကြခြင်းဖြစ်ပါတယ်။

ငယ်စဉ်ကလေးဘ၀လိုပဲ မတွေးခေါ်တတ်ဘူး မစဉ်းစားတတ်ဘူး ဖတ်တတ်ယုံ အဆင့်မှာပဲဆိုရင် မိဘတွေကမိမိတို့ကို ပညာသင် ပေးလိုက်ရတာဟာ အဟောသိကံ အချည်းအနှီးပါပဲ။ အခုတင်ပြပေးထားတဲ့ ခ ခရေးကုံးမလေးပြုံးဆိုတာကို ဆွေးနွေး အဖြေရှာ ကြည့်ကြရအောင်ပါ။ စာရေးသူက ဒီလိုဆွေးနွေးပြလို့ စာရေးသူနဲ့ အတွေးတူရမယ်။ ဒီလိုပဲ တွေးရမယ် လို့မဆို လိုပါဘူး။ မိမိတို့လည်း မိမိရှု့ထောင့်ကနေ ကြိုက်သလို တွေးခေါ်ယူဆလို့ရပါတယ်။ စာရေးသူ မြင်သလောက်လေးကို ချပြပြီးဆွေးနွေး အဖြေရှာ ကြည့်ခြင်းဖြစ်ပါတယ်။

          မလေးတစ်ယောက်ပြုံးနေတယ်ဆိုတော့ သူမမှာ ပြုံးရခြင်း အကြောင်းရင်းတစ်ခုရှိရပါမယ်။ သူမဘာ ကြောင့်ပြုံးရ တာလဲ။ လူတစ်ယောက်ဟာ အကြောင်းမရှိပဲ ပြုံးနေတယ် ရယ်နေတယ်ဆိုရင် ဒီလူဟာ လူကောင်းမဖြစ်နိုင်ပါဘူး။ အကြောင်းရှိလို့ တာပြုံးနေခြင်းဖြစ်ပါတယ်။ မြတ်စွာဘု၇ားရှင်ပြုံးတော်မူတဲ့အခါ အရှင်အာနန္ဒာက အရှင်ဘုရား ဘယ်အကြောင်းကို မြင်တော်မူ လို့ပြုံးတော်မူပါသလဲဘုရားလို့ မေးလျှောက်လေ့ရှိပါတယ်။ အဲဒီလိုလျှောက်တဲ့အခါမှာ မြတ်စွာဘုရားရှင်က ပြုံးတော် မူရခြင်းအကြောင်းကို အမြဲဖြေကြားပေးလေ့ ရှိပါတယ်။

          ပညာသင်တယ်ဆိုတာ အကြောင်းအကျိုးကို  သိရှိနိုင်အောင်စဉ်း စားဝေဖန်ပိုင်းခြား တွေးခေါ်ရခြင်းလို့ နားလည်ပါတယ်။ ပညာ သင်ကြားခြင်းမှာ ဒီအချက်ကို နှုတ်လိုက်ရင် ဘာမှအဓိပ္ပါယ် မရှိတော့ပါဘူး။ယနေ့ကမ္ဘာလောကကြီး တိုးတက် ပြောင်းလဲလာခြင်း သည် အကြောင်းအကျိုးတွေကို ဆက်စပ်တွေးခေါ်စဉ်းစားစူးစမ်းရှာဖွေ တီထွင်ကြံဆကြ အဖြေ ထုတ်ကြလို့ ကျောက်ခေတ်ကနေ ယနေ့သိပ္ပံခေတ်ထိ အဆင့်ဆင့်တိုးတတ် ပြောင်းလဲလာ ခြင်းဖြစ်ပါတယ်။ ယနေ့မြန်မာ နိုင်ငံကြီး ကမ္ဘာ့အပြင်ဘက်မှာ ပြတ်ပြီးကျန် နေခဲ့ခြင်းဟာစာ သင်နည်းကြောင့် ဖြစ်ပါတယ်။

 တွေးခေါ်စဉ်းစားကာ စူးစမ်းလေ့လာပြီး တီထွင်ကြံဆနည်းလမ်းတွေထွန်းကား အောင်သင်ပြမပေးပဲ ဒါရေးဒါမှတ် ဒါတွေကျတ် ဒါတွေရေးလို့ ဒါတွေ ဖြေဆိုတဲ့ ကျတ်တူရွေးပညာသင်နည်းပဲ ထွန်းကား နေလို့ဖြစ်ပါတယ်။တကယ်တွေးခေါ်စဉ်းစား ပြောင်းလဲပေးနိုင်တဲ့ ပညာရှင်တွေကို ရှေ့တန်းမတင်ပဲ ဒါရေးဒါမှတ်သမားတွေပဲ နေရာရနေလေတော့ မြန်မာနိုင်ငံဟာ နောက်အကျဆုံး ကျန်နေခဲ့တာ မဆန်းပါဘူး။

 ဒီဘ၀က လွတ်မြောက်နိုင်ဖို့အားလုံးမှာ တာဝန်ရှိပါတယ်။ မိမိတို့အားလုံးတက်ညီလက်ညီ ၀ိုင်းဝန်းဆွေး နွေးအဖြေရှာကြရပါမယ်။ ဒါရေးဒါမှတ် သမားတွေထား တဲ့အတိုင်းမိမိတို့ဘ၀တွေကို နေလိုက်လို့ မဖြစ်ပါဘူး။ ရုံးထွက်ကြရပါမယ်။

ယနေ့ထိငယ်ငယ်လေးကတည်းက သင်ခဲ့ရတဲ့ စက်မှုလယ်ယာ အားပေးပါ၊ ထွန်းစက်နှင့် ထွန်ယက် ပါဆိုတာ စာအုပ် ထဲမှာပဲ ရှိနေပါသေးတယ်။ အပြင်မထွက်သေးပါဘူး။ ဒါကြောင့်ယနေ့ထိ ဟိုးကမ္ဘာဦးက အတိုင်းပဲ ဟိုနွားဒီနွား မှီအောင် မလိုက်ဘူးနဲ့နွားနဲ့ ဖက်ပြီးရုံး နေကြရတုန်းပဲရှိပါ သေးတယ်။ မြန်မာတွေစာတွေ ဆိုးရိုးစကားပုံတွေ ဆိုင်းဘုတ်တွေ ရေးတာသိပ် ကောင်းပါတယ်။ ဒါပေမဲ့ လက် တွေ့အကောင်အထည်ဖေါ်မှု လေးလေးနက်နက် စဉ်းစားမှုမရှိကြတာ များပါတယ်။ အရင်က မိမိတို့ထက်နောက်ကျတဲ့ ထိုင်းနိုင်ငံဟာ စက်မှုလယ်ယာ အားပေးပါဆိုတာ ရေးမထားပါဘူး။ ဒါပေမဲ့ သူတို့တစ်နိုင်ငံလုံး စက်မှုလယ်ယာ ခေတ်ရောက်သွားပါပြီ။
သူတို့တတွေက စီမံကိန်း တွေချပြီးအကောင် အထည်ဖေါ်ကြသည့်အတွက် တဆင့်ထက် တဆင့်တိုးတတ်ပြောင်း လဲလာခြင်းဖြစ်ပါတယ်။ ဒါကြောင့်မိမိသည် ဘယ်အကြောင်းအရာပဲဖြစ်ဖြစ် တွေးခေါ် စဉ်းစား အဖြေထုတ် စေချင်ပါတယ်။ အကောင် အထည်ဖေါ်စေချင်ပါ တယ်။ ရေးထား တာလောက်နဲ့ နိဂုံးမချုပ်စေချင်ပါ။

          မလေးတစ်ယောက် ပြုံးရခြင်းအကြောင်းတရားကို ရှာကြရမှာဖြစ်ပါတယ်။ ဒီနေရာမှာ မလေးသည် ခရေးပန်းကုံးမဟုတ်ပဲ လက်ခုပ်ပန်းဆိုရင် ပြုံးနိုင်ပါ့မလားစဉ်းစားကြည့်ဖို့လိုပါတယ်။ တကယ်သာ မလေး သည် ချေးဆော်နံတဲ့ လက်ခုပ်ပန်းကို ပန်ဆင် မယ်ဆိုရင် မပြုံးရသည့်အပြင်မဲ့တောင် မဲ့ရအုံးမှာဖြစ်ပါတယ်။ ’’ဟဲ့မလေးဒီကလေးမလေး စိတ်မှကောင်းရဲ့လား” ဒီလောက် ချေးဆော်နံတဲ့ပန်းကို လူကြားထဲကို ပန်ဆင်လာရသလားလို့ မလေးကို လူအများက ၀ိုင်းကဲ့ရဲ့ကြမှာ ဖြစ်ပါတယ်။ လူလယ် ကောင်ကို မလေးတစ်ယောက် လက်ခုပ်ပန်းပန်ဆင်လာရင်တာ ၀ိုင်းပြောကြမှာ ကဲ့ရဲ့ပြောဆိုကြမှာဖြစ်ပေ မဲ့မိမိတို့ ကိုယ်တိုင်ကတော့ လက်ခုပ် ပန်းကို ခေါင်းပေါ်တင်ထားရတဲ့ ဘ၀ကလွတ်ကြပြီလားဆိုတာကို သေချာစဉ်း စားကြဖို့ ကြတော့မေ့နေကြပါတယ်။

မိမိတို့ ခေါင်းကို သေချာပြန် စမ်းကြည့်ကြပါအုံး၊ ဘယ်လိုလူတွေကို မိမိတို့က ခေါင်းပေါ်မှာ အတင်ခံထား ရတာလဲ သေချာစဉ်းစားပါ။ တခြားနိုင်ငံကို သွားဘူးတဲ့ သူတွေဆိုပို သဘောပေါက်ပါ လိမ့်မယ်။ မိမိတို့တခြားနိုင်ငံဝင်ပြီဆိုရင် ဘယ်လောက် အောက်ကျသလဲ၊ မြန်မာပစ်ပို့စ် မြင်တာနဲ့ မသင်္ကာတဲ့ မျက်လုံးနဲ့ကြည့်တယ်။ ရုံးခန်းကိုလွှတ်တယ်။ သူများနိုင်သား တွေကျ တော့ တန်းပြီးတခါ တည်းအစစ်ဆေးမရှိတန်းပြီးဝင်ခွင့်ပေးလိုက်တယ်။မိမိတို့က ဘာဖြစ်လို့ အဲဒီလိုဖြစ်တာလဲဆိုတော့ မိမိတို့ ခေါင်းပေါ်မှာ ချေးဆော် နံတဲ့လက်ခုပ်ပန်းနဲ့ တူတဲ့ တိုင်းသူပြည် သားတွေရဲ့ တာဝန်ကို ဘာမှမယူပဲ နှိပ်ဆက်ညှင်းပန်းနေတဲ့ ပညာမတတ် အဆင့်မရှိသူ တွေ အုပ်ချုပ်ရေးအကြီးအကဲနေရာ မိမိတို့ ခေါင်း ပေါ်မှာ အတင်ခံထား ရလို့ဖြစ်ပါတယ်။

             ဒါကြောင့်မြတ်စွာဘုရားရှင်က မင်္ဂလသုတ္တန် မှာ အသေ၀နာစ ဗာလာနံ လူမိုက်ကို မပေါင်းသင်းရလို့ အခိုင်အမာဆို ထားခြင်းဖြစ်ပါတယ်။ လူမိုက်ဆိုတာ ကောင်းကျိုးမပေးပဲ ဆိုးကျိုးတွေပေးတတ်လွန်းလို့ ရှောင်ခိုင်း ရခြင်းဖြစ်ပါတယ်။ ဒါကိုမြန်မာ နိုင်ငံသား အများစုက တွေ့တဲ့သူနဲ့ တဲ့အောင်ပေါင်း၊ ကိုယ်ကောင်းခေါင်း မရွေးပါဘူး ပေါင်းသာ ပေါင်းပါဆိုပြီး တလွဲ တွေလုပ် လိုက်ကြတော့ သာပေါင်းညာစားတွေ အချောင်သမားတွေများ လာတာပေါ့။ ဒါဟာမြတ်စွာ ဘုရားရှင် ဟောထားခဲ့တဲ့ ဓမ္မ တရားကို လေးလေးနက်နက် မစဉ်းစား မပန်ဆင် ကြလို့ မပြုံးပျော်ရပဲ မဲ့နေကြရ ငိုနေကြရခြင်းဖြစ်ပါတယ်။

          မလေးတစ်ယောက်ပြုံးပျော်ရတဲ့အကြောင်းကတော့ မလေးသည် မွှေးလည်းမွှေး သီကုန်းလိုက်တော့ လှလည်း လှတဲ့ ခရေးပန်းကုံးကို ခေါင်းမှာပန်းဆင်လိုက်သည့်အတွက် အလှပေါ်အယဉ်ဆင့်ဆိုသလို် ဘေးကလူတွေကလည်း ၀ိုင်းချီး မွန်းကြတော့ မလေးဟာ ပိုပြီးပြုံးပျော်ရွှင်နိုင်ပါတယ်။ သက်မဲ့ပစ္စည်းလေးတွေကလည်း မိမိသုံးတတ်ရင် သုံးတတ်သ လောက် တန်ဖိုးရှိပြီး မသုံးစွဲ တတ်ပြန်ရင်လဲ တန်ဖိုးတွေကျ ဒုက္ခတွေရောက်နိုင်ပါတယ်။

ဒါကြောင့်မြတ်စွာဘုရားရှင်က လမ်းမှန်စွာပေါင်းတတ်သင်းတတ်ဖို့ ပြုံးပျော်နိုင်ဖို့ ပဏ္ဍိတာနဉ္စ သေ၀နာ ပညာရှိ သူတော်ကောင်းကို ပေါင်းသင်းရမယ်လို့ မင်္ဂလာတရားတော်မှာဆိုထားခြင်းဖြစ်ပါ တယ်။ ပညာရှိဆိုတာ အကြောင်း အကျိုးကို ခွဲခြားစိတ်ဖြာပြီး ဒီလမ်းကမှန်တယ် ဒီလမ်းကမှားတယ်ဆိုပြီး နည်းပေးလမ်းပြပေးတဲ့ သူတွေကို ဆိုခြင်းတာဖြစ်တယ်။ ဒီလိုပညာရှိမိတ်ဆွေတွေနဲ့ပေါင်းမယ်ဆိုရင် မိမိဟာ မလေးလိုပဲ ပြုံးပျော်နေရမှာဖြစ်ပါတယ်။     မြန်မာနိုင်ငံအုပ်ချုပ်ရေးနေရာတွေမှာ အကြောင်းအကျိုးကို ခွဲခြားစိတ်ဖြာသိနိုင်စွမ်းရှိသူတွေ ပြည်သူပြည်သားတွေရဲ့ဘ၀တွေ ပိုမိုမြင့်မားပြီး လုံခြုံမှုရှိလာအောင် စွမ်းဆောင်ပေးနိုင်တဲ့ ပညာရှိသူတော်ကောင်းတွေကို ပေါင်းသင်းကြရမည်ဆိုလျှင် မြန်မာပြည် သားတွေလည်း ရောက်လေရာမှာ ပြုံးပျော်နေကြရမှာဖြစ်ပါတယ်။

          ဒါကြောင့်မြတ်စွာဘုရားရှင်၏ အဆုံးအမသြ၀ါဒ ဓမ္မတရားတော်တွေကို တကယ်လက်တွေ့ ပန်ဆင်သုံးကြမည်ဆိုလျှင် ထာဝရပြုံးပျော်ရွင်နေကြရမှာဖြစ်ပါကြောင်းကို အသိပေးပြေားကြားရင်း ..............
                                                                                                                မင်းသုည(ဗုဒ္ဓတက္ကသိုလ်)