ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ho will be Miss International 2013? မှာ မြန်မာမှတပါး အခြားမရှိကြောင်း မြန်မာ့ကိုယ်စားပြု ဂုဏ်ရည်အေးကျော်အားVote ခြင်းဖြင့် အားပေးကူညီကြပါ..

Who will be Miss International 2013? မှာ  မြန်မာမှတပါး အခြားမရှိကြောင်း  မြန်မာ့ကိုယ်စားပြု ဂုဏ်ရည်အေးကျော်အားVote ခြင်းဖြင့် အားပေးကူညီကြပါ..

လာမယ့် ဒီဇင်ဘာလ ၁၇ရက်နေ့ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ Miss International Beauty Pageant 2013အတွက် မြန်မာကိုယ်စားပြု ဂုဏ်ရည်အေးကျော်ဟာ လာမယ့် ဒီဇင်ဘာလ (၂)ရက်နေ့မှာ ဂျပန်နိုင်ငံသို့ ရောက်ရှိလာမှာ ဖြစ်ပါတယ်..။ အဆိုပါ ပြိုင်ပွဲနောက်ဆုံးနေ့ဖြစ်တဲ့  ဒီဇင်ဘာလ ၁၇ရက်နေ့မှာတော့ တိုကျို မြန်မာသံရုံးရှိရာ မြို့ဖြစ်တဲ့ Shinagawa Prince Hotel Hallမှာ ကျင်းပမှာဖြစ်တဲ့ အတွက် ဂျပန်နိုင်ငံရောက် မြန်မာမိသားစုများမှ မြန်မာဝတ်စုံများနဲ့ မြန်မာနိုင်ငံ ကိုယ်စားပြု သင်္ကေတများ ကိုင်ဆောင်ကာ ပြိုင်ပွဲ ကျင်းပရာ အတွင်းအပြင်မှ သွားရောက် အားပေးကြမှာ ဖြစ်ပါတယ်..။

ယခုလက်ရှိ အွန်လိုင်း Vote နှစ်ခုထားရှိပြီး
ပထမတခုဖြစ်တဲ့ Who deserves the crown? (သရဖူနဲ့ ထိုက်တန်သူ)
ဆိုတဲ့နေရာမှာတော့ ယခင်အကြိတ်အနယ် ဖြစ်နေတဲ့ ဂျီဘရော်တာ နိုင်ငံမယ်ကို မြန်မာတွေရဲ့ မျိုးချစ် တန်ခိုးနဲ့ မဲပေါင်း ၁သောင်း၎ထောင်ကျော် အသာနဲ့ ရာဇဝင်ထဲမှာ ထားခဲ့နိုင်ခဲ့ပါပြီ။
(မှတ်ချက် Page ကို Liked လုပ်ပြီး တနေ့ (၅)ကြိမ်Voteနိုင်ပါတယ်.. https://apps.tradablebits.com/tb_app/349344လင့်ခ်)

သို့ပေတည့်
နောက် Vote တခုဖြစ်တဲ့ https://apps.tradablebits.com/tb_app/349344
 Who will be Miss International 2013? မှာတော့ ယမန်နေ့များက ဖိလစ်ပိုင်နိုင်ငံသူက ဦးဆောင်နေပြီး ယနေ့မှာတော့ မျိုးချစ်မြန်မာများရဲ့ ကြိုးစားအားပေးမှုကြောင့် မြန်မာ ၃၆ရာခိုင်နှုန်း ဖိလစ်ပိုင် ၂၈ရာခိုင်နှုန်းနဲ့ ပြန်လည် ဦးဆောင်နေပါပြီ။ ရာဇင်ထဲမှာ ဂျီဘရောတာမယ်ကို မဲအပြတ်နဲ့ ထားရစ်နိုင်ခဲ့သလို ဖိလစ်ပိုင်မယ်ကိုလည်း ထပ်မံအပြတ်အသတ် ကျော်ဖြတ်နိုင်ဖို့ ဒီလင့်ခ်မှာ ထပ်မံ https://www.facebook.com/BeautyPageantGS?sk=app_129324060456864&app_data ထပ်မံ Vote ပေးကြရအောင်လားဗျာ..

(ဒုတိယလင့်ခ် Vote နည်း လင့်ခ်ကိုသွားပါ Liked လုပ်ပါ (ကွန်ပြူတာ သုံးသူများ) Ctrl Keyနဲ့ F Key ကိုတွဲနှိပ်ပြီး ကွက်လပ်ပေါ်လာရင် Myanmar ဆိုတာရိုက်ပြီး ရှာပါ ပြီးရင် လေးထောင့်ကွက်မှာ အမှန်ခြစ်ပြီး အောက်ကို ဆွဲချပြီး Voteကိုနှိပ်ပြီး ကြိုက်သလောက် အမုန်းVote နိုင်ပါတယ်..)

ကြုံတောင့် ကြုံခဲ  လာမယ့် ဒီဇင်ဘာလ ၁၇ရက်နေ့မှာ  ဂျပန်နိုင်ငံတိုကျိုမြို့မှာ ကျင်းပမယ့် Miss International Beauty Pageant 2013ပြိုင်ပွဲအတွက် တိုကျို၊ နာဂိုယာ၊ အိုဆာကာနဲ့ အနယ်နယ် အရပ်ရပ်မှ မြန်မာမိသားစုများ တိုကျို မြန်မာသံရုံးရှိရာ မြို့ဖြစ်တဲ့ Shinagawa Prince Hotel Hallမှာ ပြိုင်ပွဲ ပြုလုပ်မှာ ဖြစ်တဲ့အတွက် လာရောက် အားပေးကြဖို့ တိုက်တွန်း နှိုးဆော်အပ်ပါတယ်..။

ဒီမိုဝေယံ
https://www.facebook.com/GonyiAyeKyaw
(Miss Myanmar မန္တလေးသူ ဂုဏ်ရည်အေးကျော် လင့်ခ်)