ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

The Ideal Beauty (TIB) မှရွေးချယ်တဲ့ 2013 Best National Costume ဆန်ကာတင် (၁၀)ဦးစာရင်းတွင် ဂုဏ်ရည်အေးကျော်ရဲ့ ပြိုင်ပွဲဝင် ကချင်ဝတ်စုံ ရွေးချယ်ခံရ...



 The Ideal Beauty (TIB) မှရွေးချယ်တဲ့ 2013 Best National Costume ဆန်ကာတင် (၁၀)ဦးစာရင်းတွင် ဂုဏ်ရည်အေးကျော်ရဲ့ ပြိုင်ပွဲဝင် ကချင်ဝတ်စုံ ရွေးချယ်ခံရ... 


နှစ်စဉ် ကမ္ဘာ့အလှဆုံး ကမ္ဘာကျော် အလှမယ်များအား ရွေးချယ် ဖော်ပြလေ့ရှိတဲ့ နာမည်ကျော် The Ideal Beauty (TIB) မှရွေးချယ်တဲ့ 2013 Best National Costume (နိုင်ငံ့ကိုယ်စားပြု အမျိုးသားဝတ်စုံ) စာရင်းမှာ Miss Myanmar International 2013 မြန်မာအလှမယ် ဂုဏ်ရည်အေးကျော် အား ဆန်ကာတင် (၁၀)ဦးစာရင်းမှာ ဖော်ပြပါရှိပါတယ်..။

ပြီးခဲ့တဲ့ ဒီဇင်ဘာလက တိုကျိုမှာ ကျင်းပခဲ့တဲ့ Miss International 2013 ပြိုင်ပွဲရဲ့ National Costumeပြိုင်ပွဲမှာ
ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ပြည်တွင်းစစ် ရပ်စဲရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကချင်တိုင်းရင်းသူ ဝတ်စုံဖြင့် Miss Myanmar International 2013 ဂုဏ်ရည်အေးကျော်မှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်..။

The Ideal Beauty အင်္ဂလိပ် Alphabet အစဉ်အလိုက် ဖော်ပြထားတဲ့ အဆိုပါ Best National Costume စာရင်းမှာ 2013 Miss Universe ပြိုင်ပွဲဝင် 7ဦး,Miss Earth ပြိုင်ပွဲဝင် ၁ဦး, Miss Worldပြိုင်ပွဲဝင် ၁ဦး, နှင့်အတူ Miss International 2013မှ ဂုဏ်ရည်အေးကျော် တဦးတည်းသာ အဆိုပါ National Costume ဆန်ကာတင် ၁၀ဦးစာရင်းမှာ ဖော်ပြပါရှိခြင်း ဖြစ်ပါတယ်..။

ပြီးခဲ့တဲ့ ဒီဇင်ဘာလက ကျင်းပခဲ့တဲ့ Miss International 2013 ပြိုင်ပွဲမှာ မြန်မာပြည်သူတွေအတွက် Missosology ရဲ့ (People's Choice Award)ဆုကို ဂုဏ်ယူအေးကျော်မှ ရရှိခဲ့ပါတယ်..။ အဆိုပါပြိုင်ပွဲရဲ့ Best National Costume ဆုအား Arubaနိုင်ငံမယ် Erialda Croes ဆုရရှိခဲ့ပေမယ့်လည်း ယခု နာမည်ကျော် The Ideal Beauty ရဲ့ အကောင်းဆုံး Best National Costume ဝတ်စုံရှင် ၁၀ဦး စာရင်းမှာတော့ ဂုဏ်ရည်အေးကျော်ကို ရွေးချယ်ခဲ့ပါတယ်..။

ယခုလို ဆန်ကာတင် ၁၀ဦးစာရင်းမှာ ကချင်တိုင်းရင်းသူ ဝတ်စုံဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ Miss Myanmar International 2013 ဂုဏ်ရည်အေးကျော် ရွေးချယ်ခံရခြင်းဟာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပြည်တွင်းစစ် ရပ်စဲရေးအတွက် အထောက်အကူ ပြယုဂ်တခု ဖြစ်စေသလို
မြန်မာပြည်သူတွေနဲ့ ကချင်တိုင်းရင်းသားတွေ အတွက် ဝမ်းမြောက်ဂုဏ်ယူ ဖွယ်ရာဖြစ်ပါတယ်..။



ဒီမိုဝေယံ

The Ideal Beauty Website ရဲ့ 2013 Best National Costume (၁၀)ဦး စာရင်း လင့်ခ်ကို ဝင်ရောက်ကြည့်ရှုချင်ရင်တော့..

http://www.theidealbeauty.eu/ မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်..။