တီထွင်ကြံဆတတ်တဲ့ အလေ့အကျင့်များ ပေါ်ထွန်းလာရေး.. အပိုင်း(၁) ဆောင်းပါးရှင် (ဒေါက်တာလှိုင်မြင့်)
တီထွင်ကြံဆတတ်တဲ့ အလေ့အကျင့်များ ပေါ်ထွန်းလာရေး.. အပိုင်း(၁)
ဆောင်းပါးရှင် (ဒေါက်တာလှိုင်မြင့်)
ဆောင်းပါးရှင် (ဒေါက်တာလှိုင်မြင့်)
ကျနော်တို့ မြန်မာနိုင်ငံပညာရေးစံနစ်ဟာ ၁၉၆၂ - ဦိးနေဝင်းအာဏာသိမ်းပြီးနောက် ၁၉၆၂ - ဇူလိုင် ၇-ရက်မှာ ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေ တော်လှန်တာနဲ့ ကြုံရပါတယ်။ ဒီတော့ပညာရေးနင့် ပညာရှင်များကို ရန်သူလို့ သတ်မှတ်လို်က်ပါတယ်။
ပညာရေးစံနစ်ကို ပထမဦးဆုံး သင်းကွပ် လိုက်ပါတယ်။ ပညာတတ်တွေဟာ အသိအမြင် ကြွယ်ဝသူတွေဖြစ်တော့ အာဏာရှင်ကိုပြန်လှန်တတ်တဲ့ စိတ်ဓါတ်ရှိသူများလို့ မြင်ထားတော့ ပညာတတ်တွေ မပေါ်လာနိုင်အောင် ပညာရေးစံနစ်ကို ပညာတတ်အောင်သင်ကြားတဲ့စံနစ်ကနေ ဘွဲ့ ပေးရုံ သက်သက်စံနစ်ကို ပြောင်းလိုက်ပါတယ်။ အဆုံးသတ်မှာတော့ါ From Education to Mere Graduation ဖြစ်လာပါတယ်..။
မကြာဘူး။ လူရည်ချွန်စံနစ်ကို စတင်အကောင်အထည်ဖေါ်ပြီး (လူကောင်း၊ လူတော်) ဆိုတာ စပါတော့တယ်။ ယခင်ကရှိတဲ့ စကားက လူတော်လူကောင်း၊ ဦးအံ့ကြီးရဲ့သီချင်းကို ပြောင်းပြန်လုပ်တော့တာပါဘဲ။ သူ့ စကားနားထောင်တဲ့ လူတွေကို လူကောင်း။ ဒီလူကောင်းတွေကို တော်အောင်သင်ပေးလို့ ရတယ်။ လူတော်တွေက မကောင်းဘူး မလိုအပ်ဘူး။ လုပ်တော့တာဘဲ။ ၁၉၉၁ ဗိုလ်သန်းရွှေက ပညာတတ်တွေ ပြည်ပထွက်ချင်ထွက် ငါတို့ မှာလူတွေရှိတယ် မိန့်ခွန်းပေးခဲ့သေးတယ်။
အာဏာရှင်တွေဟာ ပညာတတ်တွေကို ဘယ်လောက်မုန်းတယ်ဆိုတာ အဲဒီမှာ ပေါ်လွင်နေတော့တာပါဘဲ။ ပညာတတ်ညဉ် ဆိုတဲ့ စွပ်စွဲချက်က အာဏာရှင်တွေရဲ့ လက်စွဲတော် စကား။ အဲဒီနောက် ကျနော်တို့ နိုင်ငံရဲ့  ပညာရေးစံနစ်မှာ အာရှသာမက ကမ္ဘာပါ ကျော်ကြားနေတဲ့ အင်္ဂလိပ်များအုပ်ချုပ်တဲ့ ခရိယာန်ကျောင်းများကိုပြည်သူပိုင်သိမ်း၊ ခရိယာန် မာသာတွေ။ ဖါသာ (Mothers, nuns & Fathers) တွေကိုကန်ထုတ်တော့တာပါဘဲ။
ပညာရေးစံနစ်ကိုလဲ ကြက်တူရွေး နုတ်တိုက်သင်ပညာရေးဖြစ်သွားပြီး လူတွေမှာ စဉ်းစားတတ်တဲ့အလေ့အကျင့် သင်းကွပ်တာခံလိုက်ရပါတော့တယ် ။ စဉ်းစားတတ်တာရဲ့ နောက်ဆက်ဖြစ်တဲ့ တီထွင်ကြံဆမှု အလေ့အကျင့်တွေ ပါ ပျောက်ကုန်ပါတော့တယ်။
ယခုပညာရေးစံနစ်ကို ဆရာမကြီးပါမောက္ခ ဒေါ်မြင့်မြင့်ခင်၊ ဒေါ်အောင်ဆန်းစုကြည်တို့  အပူတပြင်းပြင်ဆင်လိုတာက ဒါပါဘဲ။ ဒေါ်မြင့်မြင့်ခင်ဟာ နုတ်တိုက်ရွတ်ပြလျင် အလွန်စိတ်ပျက် တတ်သူဖြစ်ပါတယ်။ သူစာမေးလို့ အဖြေမှန်ပြောပြီးတာနင့် မပြီးပါ။ WHY & HOW & What Happen next လာတော့တာ။ တကယ်သုံးသပ်တတ် နားလည်မှ သူကကျေနပ်တာ။ အဖြေမှန်လေးပေးရုံနင့် ရပါလိမ့်မယ်။ အဲဒီမှာ ဦးနေဝင်းရဲ့  ကြက်တူရွေး နုတ်တိုက်ရွတ်တာနဲ့ ဆရာမကြီးနဲ့ ထိပ်တိုက်တွေ့ စိတ်ပျက်ဘဲ။
ကျနော်ဟာ မိမိကိုယ်ကိုတော်တယ်လို့ မပြောလိုပါဘူး။ ဒါပေမည့် စာကိုအလွတ် လုံးဝမကျက်တတ်သူပါ။ ကျနော်အကြောက်ဆုံးက ကဗျာဘဲ။ နောက်တခုက သင်္ချာအလီ။ သီချင်းတောင် အလွတ်မရဘူး။ ကျိုးကြောင်းနင့်အမြဲသုံးသပ်တတ်သူ။ ကျနော်ငယ်ငယ်က အင်္ဂလိပ်ကျောင်းတွေကို ၄-တန်းအထိ နေလို်က်ရတဲ့ ကျေးဇူးနင့် ဖခင်ရဲ့ သုံးသပ်တတ်အောင် လေ့ကျင့်သင်ကြားပေးမှု ကျေးဇူးတွေပါ။
ဖေဖေက ကျနော်တို့ ငယ်ငယ်လေးကတည်းက ဒီဇင်ဘာလ လယ်လောက်ကစပြီး နေ့ စဉ် ၈းဝဝ နာရီထိုးတာနဲ့ ပြတင်းပေါက်ကနေ နေရောင်ဝင်လာတဲ့ နေရိပ် (အိမ်ကြမ်းပြင်ပေါ်ကို ကျနေတဲ့ တံခါးဘောင်ဒေါင့်ကွေးက အရိပ်လေးကို) ခဲတံနဲ့ မှတ်ထားပေးတယ်။ နေ့ စဉ်မှတ်ပေးတာ။ နေရိပ်ဒေါင့်ကွေးလေးတွေဟာ တရွေ့ ရွေ့ ရွေ့ ပြောင်းနေတယ်။ ဒီဇင်ဘာ ၁၈ -ရက်နေ့  နောက်ပိုင်းဆို နေရိပ်လေးတွေပြန်ဆုတ်လာတာ ကိုပြတယ်။ ပြီးနေလမ်းကြောင်း ပြောင်းတာကို ရှင်းပြတယ်။ ကမ္ဘာနဲ့နေ ဆက်နွှယ်နေတာကို ရှင်းပြတယ်။
အဲဒီိမှာ ကျနော်ရဲ့စူးစမ်းလိုစိတ်ကို ဆွပေးလိုက်တော့တာဘဲ။ ကျနော်တို့ ညီအကိုတွေကို စစ်သားတွေက ရှောင်တတ်ကြတယ်။ မေးခွန်းတွေ တခုပြီးတခု ဆက်တို်က်မေးတတ်လို့  ။ ကျနော်တို့ ကို ပေါ့ပေါ့ဖြေလို့ မရဘူးသိတော့ ရှောင်ကြတာ။ ရှောင်တာမှ ထပြေးကြတာ။ လာပြီလာပြီ ဟိုညီအကိုတွေဆိုပြီး ပြေးတော့တာ။
ကျနော် ၇ - တန်းရောက်တော့ အဖေက စုံထောက်ဦးစံရှားဝထ္ထုတွေကို အင်္ဂလိပ်နဲ့ မြန်မာ နှစ်မျိုး ရှာပေးတယ်။ စုံထောက်ဦးစံရှားက တရားခံကို အချက်အလက်တွေနဲ့ သုံးသပ်ဖေါ်ထုတ် ယူတာဆိုတော့ ကျနော့် သိပ်ကြိုက်သွားတယ်။ ယနေ့ ခေတ်လူငယ်လေးများ နည်းပညာများကို စူးစမ်းတတ်အောင် စုံထောက်ဦးစံရှား ဝထ္ထုတွေကို ပေးဖတ်ဖို့ တိုက်တွန်းလိုပါတယ်။ ကိုယ်တိုင်လဲ ဖတ်ကြည့်ကြပါ။ ဦးစံရှားဝထ္ထုတချို့ ကို ကျောင်းတွေမှာကို သင်ရိုးညွှန်းတမ်းထဲအထိ ထည့်သင်သင့်ပါတယ်။
တခါဆေးကျောင်းရောက်တော့ သားဖွားမီးယပ် ပါမောက္ခဦးစိုးမြင့် (သခင်ဗသိန်းတင်၏ ညီအရင်း) နဲ့ ဒေါ်မြင့်မြင့်ခင်တို့ ၏ သုသေသန ပြုလုပ်မှုတွေမှာ ပါဝင်ခွင့်ရ၊ လေ့လာခွင့်ရခဲ့တော့ ကျနော့်ခေါင်းက ဆေးကုတာ ဝါသနာမပါဘဲ သုသေသန ကိုအာရုံများလာတော့ပါတယ်။
ဆရာဝန်ဖြစ်ပြီး ဆေးခန်းဖွင့်ရင်း သုသေသနတွေ စလုပ်တော့တာပါဘဲ။ ဒီလိုနဲ့ ၁၉၇၈ - မှာဆရာဝန်ဖြစ်ပြီး ၁၉၈၅ - မှာ မြန်မာနိင်ငံဆရာဝန်များညီလာခံမှာ ( မုံရွာမြို့ - သမဝါ နေ့ကလေးထိန်းကျောင်း) ၃-ခု မှာ ကလေးငယ်များတွင် ကလေးတီဘီဖြစ်ပွားမှုနုန်း ၈၂ - % အထိဖြစ်နေတာကို သုသေသနလုပ်ထားတဲ့ ဇယားတွေနင့် စာတမ်းဖတ်ကြားခဲ့ပါတယ်။
မြန်မာနိုင်ငံဆရာဝန်များညီလာခံမှာ ပြင်ပဆေးကုခန်းဆရာဝန်ထဲက စာတမ်းဖတ်ကြားသူ ကျနော်တစ်ဦးဘဲ ရှိပါတယ်။ စာတမ်းဖတ်လျှင် ပါမောက္ခကြီးတွေ၊ အထူးကုဆရာဝန်ကြီးတွေဆီမှ မေးခွန်းများစွာ တက်လာတတ်တော့ ဘယ်သူမှ မဖတ်ရဲကြပါဘူး။
၁၉၈၆ -ခုနစ်မှာ ခွဲစိပ်အထူးကု ဆရာဝန်ကြီးများ ညီလာခံမှာလဲ ဆေးထိုးအကြိတ်နာနင့် သွေးစုနာ ခွဲစိတ်ကုသနည်း အသစ်ကိုဖတ်ကြားခဲ့ပါသည်။ လူနာအတွက် နာကျင်တာသက်သာပြီး အနာအကျက်မြန်ကာ အနာရွတ်ပင် မထင်သောနည်းဖြစ်ပါတယ်။
ထိုနောက်အရေးအခင်း ကြုံလာပြီး နိုင်ငံရေးထဲ ပါလာပါတော့တယ်။ ၁၉၉၅ - မှာ စာတမ်းတစ်ခုတင်ပေမည့် ဖတ်ကြားခွင့် မပေးတော့ပါ။ ၂ဝဝ၅ - မှာ တစ်ကြိမ် (စာတမ်းနှစ်စောင်) တင်တာလည်း ဖတ်ကြားခွင့်မပေးတော့ပါ။
န.ဝ.တ. ခေတ်မှာ နိုင်ငံရေးလှုပ်ရှားမှု လုပ်ရင်း ၁၉၉၂ နောက်ပိုင်း ထိုင်းအခြေစိုက် CRDB (Committee for Restoration of Democracy in Burma) ရဲ့ ဥက္ကဌ ဦးတင်မောင်ဝင်း။ Bangkok Post သတင်းစာ အယ်ဒီတာ Ralph BaCho။ Nation သတင်းစာမှ Yindee တို့နဲ့ ချိတ်ဆက်မိကာ ကျနော်သတင်းတွေပို့ ပါတယ်။ စူးစမ်းတီထွင်တတ်တဲ့ ညဉ်ကြောင့် ထောက်လှမ်းရေးက ကျနော်သတင်းတွေပို့။ သတင်းတွေပြန်သွင်း ဖြန့် နေတာ သံသယရှိနေပေမည့် ဖမ်းမရပါ။
ထိုခေတ်က မြန်မာ့လေကြောင်းမှ လေယဉ်မယ်တွေက ဗိုလ်မှုးကြီးတွေရဲ့ သမီိးတွေ။ သူတို့ နင့် ပစ္စည်းသွင်း ထုတ်လုပ်နေသူ မိတ်ဆွေကနေတဆင့်၊ ကျနော့်လူတွေဆီ မုန့် ကျွတ်နင့် အခြားပစ္စည်း ပို့ တတ်ပါတယ်။ ကြားမှာ လူနှစ်ဆင့် ခံထားပါတယ်။
ရွှေကျီးမုန့် ကျွတ်အိတ်ကိုဖေါက်၊ မုန့် ကိုထုတ်၊ အိတ်ထဲ့ကို ကဒ်ထူထဲ့။ အပေါ်က စာရွက်ပါးပါးတရွက်ကိုတင်၊ ဘောပင် ချွန်ချွန်နင့် သတင်းကို ဖိဖိလေးရေးပါတယ် ။ အိတ်မျက်နှာပြင် နစ်ဘက်ရေးတယ်။ ပြီးမုန့် ကိုပြန်ထဲ့ ၊ မီးပိတ်။
မိတ်ဆွေက မုန့် ကိုစား။ အိတ်ကို စားအုံးဆီနဲ့ လိမ်းတယ်။ နှစ် - နာရီလောက်နေတော့ အိတ်ကို ဝါဂွမ်းစလေးနင့်ပွတ်လိုက်လျင် ဆေးတွေ ဖယ်သွားပြီး အရာလေးတွေ ပေါ်လာပါတယ်။ အဲဒါကို ကလေးအရောင်ဆိုးဆေးနဲ့ ပွတ်လို်က်လျင် စာဖတ်လို့ ရသွားပါပြီ။
ငထောက်တွေကို တပတ်ရိုက်ရတာ၊ တာဝန်ရှိရှိ သတင်းတွေပို့ ရတာ၊ မြဝတီ တီဗွီဌာနမှုးတွေဆီကနေ သတင်းနိုက်ရတာ အလွန်ရင်ခုန်ရသလို အလွန်အရသာရှိတဲ့ အလုပ်ဘဲ။ တကယ်ကို် ပီတီရှိတဲ့အလုပ်။ ပုံပြောကောင်းတဲ့ ဦးဦးမျိုးညွှန့် ပြောတဲ့ (ပီတိကိုစား အားရှိ) ဆိုတာ ကျနော့်ကိုပြောသလားလို့ ။
တခါတလေ ပစ္စည်းထုပ်တဲ့ (ယခုခေတ် ကုန်တိုက် စက္ကူအိတ်တွေ) ကို ရေစို မျက်နာသုတ်ပုဝါနင့် ဖိထား။ ရေစိုလာ နူးလာတော့ နှစ်ခြမ်းခွာ။ စာရေး ၊ ဖယောင်းပွတ်၊ သို့ မဟုတ် စက္ကူပါးပါးနင့် ရေးထားတဲ့စာကိုထဲ့(ဖယောင်းသုတ်ထား)။ ပြန်ပိတ်။ ကော်ကပ် ၊ အိတ်အနေနဲ့ ဘဲ ပစ္စည်းထဲ့  ပါးလိုက်တာလဲလုပ်တယ်။ ငထောက်တွေကို တစ်ပတ်ရီုက်ရတာ အလွန်အရာသာရှိတာဘဲ။
နောက်တော့ နိုင်ငံရေးမှုနဲ့ ထောင်ကျတယ်။ အချုပ်ကာလ သီးသန့် ထောင်မှာနေရတယ်။ တီထွင်တတ်တဲ့ ဝါသနာကပါတော့ ဘာလုပ်ရင်ရမလဲ တွေးနေရတာကိုက ထောင်ကျမှန်းတောင် မသိတော့ဘူး။ ရှာတယ်၊ ကြည့်တယ် ၊ စူးစမ်းတယ်။ စဉ်းစားတယ်။ သူဟာသူအချိန်တွေ ကုန်ဆုံးနေတာ။
အချုပ်ကျစဉ်မှာ နိုင်ကျဉ်းတွေက ထောင်ဝင်စာမရဘူး။ ဘယ်သူမှ ဆက်သွယ်လို့ မရဘူး။ အသားဟင်းက တပတ်မှာမှ ကြာသပတေးတရက် တစ်နပ်။ ကျန်တဲ့ ၆- ရက်က ဆား၊ ငါးပိအပုပ်၊(နံဆော်နေလို့  မထိရဲဘူး)။ နံနံက်ပိုင်း ထောပတ်ပဲပြုတ်၊ အရည်ပါတယ် ။
(၁) ပဲ ရေစိမ်သိမ်းထားခြင်း ။
ပဲလုံး ကညနေအထိအထား မခံဘူး။ ချဉ်သွားတယ်။ ဘယ်ရမလဲ ။ မနက်ကို ကျေနေတဲ့ပဲနင့် အရည်ကိုစားတယ်။ ပဲအကောင်းကို ရေစိမ်ထားတယ်။ ရေမကြာမကြာလဲ ပေးတယ်။ ညနေ ဆားဖြူးစားတယ်။ ထောင်မှုးက သိသွားတယ်။ ဒီလူတွေ ထွင်တတ်တယ် မှတ်ချက်ပြုတယ်။ ဒါအထူးစဉ်းစားနေရတာ မဟုတ်ပါဘူး။ ပဲပြားလုပ်တဲ့သူတွေ ပဲပြားကို ရေနာနာလဲပေးနေတာကို ကြည့်လုပ်တာ။ အတုခိုးတာပါဘဲ ။
(၂) ငါးကိုမီးကင်ခြင်း
အသားက ငါးကြော်။ လက်ညိုးလောက်အထူ၊ အကွင်းလေး။ သူကလည်း တထိုင်ထဲစား။ မစားရင် မနက်ဆိုပုပ်သွားပီ။ ဘယ်ရမလဲ။ ဖျာအခင်းက ဝါးကျောမာမာ ၂ ခုထုတ်။ ထောင်တွင်းဖြစ် ပလပ်စတစ်ကြိုးနင့် ဝါးကိုတောင့်အောင် ပူးတယ်။ ငါးကို တပ်င်္ပြီး ညမီးလာချိန် ငါးကိုမီိးလုံးမှာ ကင်တယ်။ ခြောက်သွားတော့ အထားခံတယ်။ နောက်နေ့ တွေ အရသာခံ စားရတယ် ။
အရသာခံ စားတယ် ဆိုတာကို ရှင်းပြပါမယ်။ ထမင်းက ဆန်လုံးတီး၊ နီနီ။ ထမင်းဝေတာနင့် ထမင်းကို ပူနွေးနေအောင် စောင်နဲ့ ထုပ်ထားတယ်။ စားခါနီးမှာ လက်ဖဝါးနဲ့  နာနာခြေတယ်။ ပြီးထမင်းကို တစ်လုပ်စာ အလုံးလေးတွေလုပ်တယ်၊ ဆားဖြူးထား။ ခုန ငါးကင်ကို သေးသေးလေးမွှာ။ ပြီးလျှာကိုအသာလေးပွတ်။ အရသာလေးရှိနေတုံး ထမင်း နစ်လုံး သုံးကိုကြိုးစားမြို။ ငါးကင်က အရသာကုန်မှ အသာလေးဝါး၊ ဝါးရုံ ဝါးတာ။ ပြီးပြန်ထုတ်။ ထမင်းလုံးလေးတွေ လွှေး။ နောက်တော့ ငါးကင်လေးကိုပါ ရောဝါးမြိုချပေါ့။
ထမင်းစားပြီးချိန် နိုင်ကျဉ်း အချင်းချင်း မေးမြန်းကြပေါ့။ အားပေးကြတဲ့ထုံးစံ ။ စားကောင်းလား၊ အဆင်ပြေရဲ့ လား။ ကျနော်က ငါးကင်လေးနဲ့  လွှေးတယ်ဆိုတော့ အံ့သြနေကြတာ။ နောက်သူတို့ ကိုပါ ရှင်းပြ၊ သူတို့ ငါးလေးတွေကိုလဲ ကင်ပေးရတယ်။ နောက်ထောင်မှုးသိပြန် ဒီလူတော်တော် ကြံကြံဖန်ဖန် လုပ်တတ်တာဘဲ ပြောပြန်။
(၃) ငါးပိဖုတ်ခြင်း
ငါးပိအပုပ်ကိုလဲ သွားတိုက်ဆေးဘူး အခွံကိုခွဲပြီး ငါးပိကိုထဲ့။ ညဘက်မီးလုံးမှာ မီးကင်တယ်။ ညဘက်ဝန်ထမ်းက ငပိဖုတ်တဲ့အနံ့ ရတယ်ပေါ့။ ပြန်လိမ်တာပေါ့ ။ မီး-ဆိုလို့  ဆေးလိပ်တောင် သောက်စရာမရှိဘူး။ မင်းတို့ နာခေါင်းအနံ့ မှားနေတယ်ပေါ့။ တော်ကြာလာပြန် ဒီအခန်းနားက ငါးပိဖုတ်နံ့ ရတယ်ပေါ့။
(၄) ငြုပ်သီးခြောက်
ငြုပ်သီးခြောက်ကို တန်းစီးက ခိုးသွင်းပေးလာတာ။ မိလို့ ကတော့ မချောင်ဘူး။ ငြုပ်သီးခြောက်လေးတောင့်။ မစားရက်ဘူး။ ရှာဖွေရေးလာရင် မမိအောင် သိမ်းရတယ်။ သိမ်းစရာမရှိတော့ ငြုပ်သီးကိုခွဲ။ မီးကြိုးကိုပတ်ထားတယ်။ တစ်ခုကို စားခါးနီး မှာ အထက်ကလိုဘဲ ကုန်မသွားအောင် လျှာကိုပွတ်၊ လျှာပူစပ်နေတုံး ထမင်းလုံးလေးတွေ လွှေးရတယ်။ တန်းစီးကျေးဇူးမမေ့ဘူး။ ပြန်တွေ့ လျင်ကျေးဇူးဆပ်ချင်တာ ။ ပြန်တွေ့ ချင်တယ် ။ သူပေးတဲ့ ငြုပ်သီးလေးတောင့်က ဟော်တယ်က ညစာထက်ပိုတန်ဖိုးကြီးတယ်။ ထမင်းအနပ်ပေါင်း များစွာကို ကျော်ဖြတ်နိုင်ခဲ့တယ်။
(၅) ပလပ်စတစ်နဲ့ စာရေးခြင်း။
ထောင်မှာ နံရံကိုထုံးရှိတဲ့နေရာမှာ ပလပ်စတစ်ကို သံအချွန်နဲ့ ခြစ်ရေးတော့ ထုံးတွေ ပလပ်စတစ်မှာ ထင်ကျန်တာနဲ့ စာရေးကြ၊ ဒီနည်းနဲ့ ဆက်သွယ်ကြတာကြာပြီ။ ဒါပေမည့် ရေးရတာအဆင်မပြေဘူး။ ထောင်မကြီးဘက်ရောက်တော့ ဘောပင်မှင်တံလေးရတယ်။ အတိုဖြတ်လိုက်တယ်။ အရှည်ကို တနေရာ သိမ်းထားတယ် ။ အတိုကိုသုံးတယ်။
ပလပ်စတစ်အဖြူအိတ်ကို ထမင်းဇလုံပေါ် ဇာထိုးပန်းထိုးလုပ်တဲ့အခါ
လို တင်းတင်းဆွဲထားပြီ်း ဘောပင်နှင့်ရေးလျင် စာရွက်အပေါ် ရေးသလို အားလုံးထင်နေတယ်။ အဲဒါနှင့် အပြင်ကိုဆက်သွယ်တယ်။
ထောက်လှမ်းက သတင်းရလို့  ကျနော့်အခန်းကို နစ်ကြိမ်၊ သူတို့ ကိုယ်တိုင် အထူး ရှာဖွေရေးလုပ်တယ်။ အခန်းက (၈ x ၁၂ ပေအခန်း)။ ရှေ့  မှာက မြေကွက်လပ် (၁၈ x ၈ -ပေအကျယ်)။
ကျနော်မရောက်ခင်တုံးက တံခါးသော့ကတစ်ခုတည်း၊ တနေ့ တစ်ခါ ရေချိုးချချိန် အခန်းက သော့ခလောက်ကို ရှေမြေကွက်လပ်က တံခါးကို ခတ်ထားလိုက်တယ် ။ တနေ့ မှာ မိနစ် ၃ဝ- လောက် ရေချိုးချပေးတယ်။ ဒါဘဲ။
ကျနော်တို့  နိုင်ကျဉ်းအားလုံးကို တနေ့ ထည်းမှာ ရုံးထုတ်အမိန့် ချပြီး ၊ ညနေ ၄း၃ဝ မှာ ထောင်မကြီးဘက်ကိုရွှေ့ ပါတယ်။ ယခုဒေါ်စုလုံခြုံရေး ကိုယ်ရေးအရာရှိ ဦိးဝင်းထိန် အပါအဝင်အားလုံး လူဆယ်ယောက်ကျော် ပြောင်းပါတယ်။ ကျနော့်ကို ညကျမှပြောင်းတယ်။ တစ်ဦးတည်း ထောင်ကပိတ်ဖို့ လူစစ်ပြီးပြီ။ ဂလိုင် - မချသေးဘူး (ထောင်ပိတ် သံချောင်း မခေါက်သေးဘဲ) မှောင်မှ ရွှေ့ ပါတယ်။ လက်နှစ်ဖက်ကို လက်ထိပ်တစ်ခုစီခတ်။ ကျန်တဖက်စီကို ဝန်ထမ်းနှစ်ယောက်ရဲ့ လက်တဖက်စီ ခတ်ထားပြီးမှရွှေ့ ပါတယ်။
ရီချင်စရာကြီး။ အရေးကြီးပုဂ္ဂိုလ်တဲ့။ သူတို့ ဟာသူတို့  ကြီးနေကြတာ။ ကိုယ်က ဘာကောင်မှ မဟုတ်ဘူး။
ထောင်မကြီးရောက်ပြီး နှစ် - ရက်နေတော့ ဦးဝင်းထိန်ကိုထားတဲ့ ၃-တိုက်နင့် ကျနော့်ကိုထားတဲ့ - ၁-တိုက်ကို နောက်ထပ် သော့တစ်ခုစီ အပြင် မြေကွက်လပ်တံခါးကိုပါ ထပ်ခတ်ပါတယ်။ ကျန်အကျဉ်းသားတွေကို တောင်းပန်ရပါတယ် ။ ကျနော့်ရောက်လာလို့ ပိုကြပ်သွားတဲ့ကိစ္စ။ နို်င်ကျဉ်းအားလုံးက ဝမ်းသာလို့။ ဒေါက်တာဇော်မြင့်မောင်က ဘီဘီ ကိုယ်တို့ က တကယ်လုပ်လာတဲ့လူ ရောက်လာတာ ပိုဝမ်းသာတယ်။ အိယောင်ဝါးတွေ မလိုချင်ဘူးတဲ့။
အပြင်ကိုဆက်သွယ်တာ ထောက်လှမ်းက သံသယရှိပုံရတယ်။ နှစ်ကြိမ် ကျနော့်အခန်းကို အထူးရှာဖွေရေး လုပ်တယ်။ အခန်းရှေ့ ကွက်လပ်မြေကို အကျဉ်းသားတွေကို ပေါက်တူးနဲ့ တူးဆွခိုင်းပြီး ဝါးဇကောနဲ့  ဇကာချရှာတယ်။ ဘယ်တွေ့ မှာလဲ။ ဘောပင်ကို တံခါးဘောင်အောင်မှာ ကပ်ထားတာ။ ကော်ဖီမှုန့် (အစစ်)က အကောင်းစားကော်။ တွေ့ သွားလဲ မသိဘူးပေါ့ ကိုယ့်လက်ထဲမိတာမှ မဟုတ်တာ။ မိရင်တိုက်ပိတ်၊ ပြစ်ဒါဏ်ထပ်တိုး။ အပြင်ကဆက်သွယ်တဲ့သူပါ ထောင်ချဖို့ ရှိတယ်။
(၆) အမဲသား(အရွတ်တုံး) ကိုစားခြင်း
ထောင်မကြီးရောက်တော့ ငါးကြော်ကဈေးမကိုက်တော့လို့ အမဲသားကျွေးပါတယ်။ အမဲသားက အရွတ်မှ အရွတ်သက်သက်။ ခွေးတောင်မကိုက်နိုင်ဘူး။ ဘယ်သူမှ မယူဘူး။ ဘယ်ရမလဲ။ ဘေးအခန်းက ကိုစိုးထိုက် (စိန်ဥ-မုန့် ဟင်းခါး)၊ ကျောင်းဆရာကိုစိုးမြင့် (ဗုံးမိတဲ့အမှု) နဲ့ ကိုအောင်သိန်း (ဗိုလ်တစ်ထောင်ဘုရားအနီး) တို့ ရှိတယ်။ သူတို့ ကိုအမဲသားအရွတ်ကို များများယူခိုင်းတယ်။ ပြီးထမင်းပူပူနဲ့ ပလပ်စတစ်အိတ်ထဲထဲ့ထုပ်၊ သီးနှံ စိုက်ခင်းထဲ သဲရှိတဲ့နေရာမှာ မြုပ်ခိုင်းထားတယ်။ ၄ - ရက်လောက်နေတော့ ထမင်းကချဉ်လာတော့ အချဉ်ဓါတ်နဲ့ (Lactic acid) အမဲရွတ်က နှူးအိနေတာကို ခိုးချက်ကြတယ်။
ညကျတော့ ကိုစိုးထိုက်က အောင်ပြီဟေ့ အောင်ပြီဟေ့ အော်ပါလေရော ။ ဝန်ထမ်းတွေက ဘာဖြစ်သလဲ လန့် ကုန်ကြတယ်။ မနက်ကျမှ အမဲရွတ်စားလို့ ရတာသိသွားတယ်။
ထောင်မှုးက ထောင်မှာ အမဲရွတ်ကျွေးလာတာ ကြာလှပြီ။ ဒီဆရာဝန်လာမှ ကြံကြံဖန်ဖန်လုပ်တယ်။ ထောက်လှမ်းရေးတွေကသူ့ ကို လန့် တာလဲ မလွန်ဘူးပြောလာတယ်။
(၇) ထောင်ပုန်းရည်ကြီး
မန္တလေးထောင်ရောက်တော့ ပဲပြုပ်ကို အချဉ်တည်တယ်။ အရည်ညစ်တယ်။ အရည်ကို ထောင်ကဖိုကြီး (မီးဖို)မှာ ညဘက်အိုးထဲ ထဲ့ခိုင်းထားတော့၊ မနက်ကျတော့ ပြစ်ခဲနေတဲ့ ပုန်းရည်ကြီးရတယ်။ နောက်တော့ ထောင်မှူးသိသွားပြီး လုပ်ခွင့်မပေးတော့ဘူး။ တကယ်တော့ လုပ်နေကြသေးတယ်။ ကျနော်တို့ ဘက်ကိုယူမလာရဲကြတော့တာ။
(၈) ပလပ်စတစ်အိပ် (ကျွတ်ကျွတ်အိတ်)နှင့် ချက်စားနည်း
ဆက်လက်ဖော်ပြပါမည်..
အားလုံးကို လေးစားလျက်
လှိုင်မြင့်
လှိုင်မြင့်