ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

သာမညဆရာတော်ဘုရားကြီး၏ ဆန္ဒတော်အား ဖြည့်ဆည်းပေးခြင်း


သာမညဆရာတော်ဘုရားကြီး၏ ဆန္ဒတော်အား ဖြည့်ဆည်းပေးခြင်း

သမ္မတကြီးဦးသိန်းစိန် မြန်မာနိုင်ငံတွင် သမ္မတအဖြစ် တာဝန်ယူပြီး တစ်နှစ်အကြာတွင် ပြည်သူ လူထုတို့အား ပထမဦးဆုံး မိန့်ခွန်းပြောကြားမှုကို ပြန်လည်မြင်ယောင်မိသည်။ "သေနတ်အစား တိုင်းရင်း သားလူငယ်တွေ လက်(ပ်)တော့ ကိုင်နိုင်ကြပါစေ" ဟူသော စကားပင်ဖြစ်သည်။ နိုင်ငံတော်ထူထောင်မှု တွင် လိုအပ်သော ကဏ္ဍတွင်ပါဝင်သော "ပညာရေးဖွံ့ဖြိုးတိုးတက်မှု" သည် အဓိကကဏ္ဍတစ်ရပ်တွင် ပါ ဝင်သည်။ ထို့ကြောင့် ပြည်တွင်းအရပ် ဒေသအသီးသီးနှင့် နယ်စပ်ဒေသ အရပ်ဒေသအသီးသီးတို့၌ အထူး လိုအပ်နေသော ပညာရေးတည်းဟူသော မျိုးဆက်သစ်ခေါင်းဆောင်များ ပေါ်ထွန်းလာရေးတွင် ပညာသင် ကြားမှုပြုရန်အတွက် ကျောင်းဆရာ/မများ၊ စာသင်ကျောင်းများ၊ ပညာရေးသင်ရိုးညွန်းတမ်းများ၊ စာအုပ်စာ ပေ၊ ခဲတံ စသည့် သင်ထောက်အကူပစ္စည်းများ၏ ကဏ္ဍများအား ဖြည့်ဆည်းပေးရန် လိုအပ်တော့သည်။

အမှန်စင်စစ် လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် အောက်ခြေပြည်သူလူထုတို့အတွက် အဓိကလိုအပ် ချက်များ၊ တိုင်းပြည်၏ အောက်ခြေ (Foundation) ခိုင်မာမှုဖြစ်ရန် ပြည်တွင်းငြိမ်းချမ်းရေးသည် အဓိက ဖြစ်တော့သည်။ ငြိမ်းချမ်းမှုရှိရန် ပြည်သူလူထုတို့ကလည်း လိုလားသည်။ ဆရာတော်ကြီးများကလည်း ငြိမ်းချမ်းရေးတရားများကို ဟောကြားပေးလျှက်ရှိသည်။ စာပေ၊ ဂီတ၊ ရုပ်ရှင် ပတ်သက်သည့် အနုပညာ ရှင်များကလည်း ငြိမ်းချမ်ရေးကို တောင့်တကြသည်။ သို့သော် ငြိမ်းချမ်းရေး ချိုးငှက်ငယ်လေးသည်ကား မြန်မာပြည်ကြီးနှင့် ဝေးရာသို့သာ ပျံသန်းနေတော့သည်။

ရှိစေတော့။ သမ္မတကြီးကလည်း ပညာရေးကဏ္ဍကို တိုးချဲ့လုပ်ဆောင်သွားမည်ဟု တရားဝင်မိန့် ခွန်းခြွေခဲ့သည်။ ထို့ပြင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည်လည်း အမျိုးသားဒီမိုကရေစီပ ညာရေးကဏ္ဍအဖြစ် "ပညာရေးရံပုံငွေပွဲတော်"များ အကြိမ်ကြိမ်လုပ်ဆောင်ပြီး ပညာရေးရံပုံငွေများကို ရှာ ဖွေလျှက်ရှိသည်။ ဆရာတော်၊ သံဃာတော်အပေါင်းတို့ကလည်း အမျိုးသားရေးစိတ်ဓာတ် ထက်သန်စွာ ဖြင့် သာသနာပြုခြင်းအပြင် ဘ/ကကျောင်းများ ဖွင့်လှစ်ကာ မြို့၊ ရွာ၊ နယ်အသီးသီးရှိ ကလေးငယ်များအား ဗြဟ္မစိုရ်တရားလက်ကိုင်ပြုကာ မဖြစ်ဖြစ်သည့်နည်းဖြင့် ကြိုးစားဖွင့်လှစ် သင်ကြားပေးလျှက်ရှိသည်။

ကျွန် တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်) အနေဖြင့်လည်း ဘ/ကကျောင်းရှိ ဆရာ/မများအား လစာတိုးမြှင့် ပေးခြင်းတည်းဟူသော ပညာဒါနလုပ်ငန်းတို့အပြင် ကလေးငယ်များအတွက် စာအုပ်စာပေ၊ ခဲတံ စသည့် ပညာရေးအထောက်အကူပြု ပစ္စည်းများနှင့် စာသင်ကျောင်းများအဖြစ် ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်၊ ကဿာဝင်ကျေးရွာအုပ်စု၊ ဘုရားကြီးရွာသစ်ကျေးရွာတွင် အမှတ်(၁) အခြေခံပညာဦးစီးဌာ “အခြေခံပညာ မူလတန်းကျောင်း(ခွဲ)” အားတန်ဖိုး ၂၈၂၇၅ဝဝဝိ/- (နှစ်ရာရှစ်ဆယ့်နှစ်သိန်းခုနှစ်သောင်းငါးထောင်) ကျပ် အား၎င်း၊ ဧရာတီတိုင်း၊ ကျိုက်လတ်မြို့နယ်၊ ငွေအင်းကြီးအုပ်စု၊ ဘုရားကြီးကုန်းကျေးရွာတွင် “ဘုရားကြီး ကုန်းကျေးရွာ(၁) အခြေခံပညာမူလတန်းကျောင်း” အားတန်ဖိုး ၃၆၉၅ဝဝဝဝိ/- (သုံးရာခြောက်ဆယ့်ကိုး သိန်းငါးသောင်း) ကျပ်အား၎င်း ဆောက်လုပ်လှူဒါန်းခဲ့ပြီးဖြစ်သည်။

ဆက်လက်၍လည်း ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ ကျုံကျူးကျေးရွာအုပ်စု၊ အကြီးဝကျေးရွာတွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း “ပညာ ဒီပကျောင်း” အား ၇၂၆၁၄ဝဝဝိ/- (ခုနှစ်ရာနှစ်ဆယ့်ခြောက်သိန်းတစ်သောင်းလေးထောင်) ကျပ် အကုန် အကျခံ၍ ဆောက်လုပ်လျှက်ရှိပါသည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပညာရေးကျောင်းများ သို့လည်း လှူဒါန်းပေးခြင်း၊ စာမေးပွဲရာသီကာလတို့တွင် အာဟာရဒါနအဖြစ် နို့မှုန့်၊ အိုဗာတင်း၊ ဟောလစ် စသည့် အာဟာရတိုးပွားမည့် အစားအသောက်များကိုပါ လှူဒါန်းခဲ့သေးသည်။

သာမညဆရာတော်ကြီးရှိစဉ် ကာလတွင် အကျယ်အဝန်း (၄) မိုင်ပတ်လည်ခန့်ရှိ သာမညရွာကြီး ဖြစ်သော သာသနာပြုအရပ်ဒေသကြီးအတွင်းရှိ ကလေးငယ်များ၏ ပညာသင်ကြားမှု အခက်အခဲများစွာ ဖြစ်ပေါ်ခဲ့သည်။ ကလေးငယ်များအားစုရပ် ဆရာတော်ကြီး၏ ကျောင်းဝန်းအတွင်း စုဝေးစေပြီး ဆရာတော် ကြီးမှ စာသင်ကျောင်းရှိရာသို့ မှန်လုံကားကြီးဖြင့် ပို့ဆောင်စေပြီး ပညာသင်ကြားမှုကို ခဲရာခဲဆစ် တစ်နှစ် ပတ်လုံး အကြိမ်ပေါင်းများစွာ ကြို/ပို့မှုကို လုပ်ခဲ့ရသေးသည်။ ထိုအခါ ဆရာတော်ကြီးသည် ဤသာမည ရွာကြီးအတွင်း စာသင်ကျောင်း ဖွင့်လိုသည့်ဆန္ဒသည် ဆရာတော်ကြီး သက်ရှိထင်ရှား သာသနာပြုစေစဉ် ကာလ၌ အကောင်အထည်ဖော်မှု ဆန္ဒမပြည့်ဝခဲ့ချေ။

ထို့ကြောင့်ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန် ကုန်)သို့ ဆရာတော်ကြီး ပျံလွန်တော်မူပြီးနောက် သာမညနယ်မြေတွင် ဆက်လက်၍ သာသနာပြုနေ သော ဆရာတော်ကြီး၏ တရားဝင်လက်ဆင့်ကမ်းပေးခဲ့သော သာသနာပြု ဆရာတော်ကြီးများမှ ဆရာ တော်ကြီး၏ ဆန္ဒအား ဖြည့်ဆည်းပေးနိုင်ရန်အတွက် လာရောက်ဆွေးနွေးမှုပြုခဲ့သည်။ ထို့ကြောင့် နာရေး ကူညီမှုအသင်း(ရန်ကုန်)မှ သာမညမြေမှ အနာဂတ်ခေါင်းဆောင်ကောင်းများ ပေါ်ထွက်လာရေးအတွက် စိတ်စေတနာတို့ဖြင့် အများပြည်သူအပေါင်းတို့မှ လှူဒါန်းမှုပြုထားသော အလှူငွေများတို့ဖြင့် စိတ်အား၊ လူ အား၊ ဉာဏ်အားများစိုက်ထုတ်ပြီး ကျပ်သိန်း ၆၉၆၂ဝဝဝဝိ/- (ခြောက်ရာကိုးဆယ့်ခြောက်သိန်းနှစ်သောင်း) ကျပ်တန်ဖိုးရှိ မူလတန်းကျောင်းအား ဆောက်လုပ်ခဲ့သည်။ ထိုစာသင်ကျောင်းတွင် ဆရာ/မ (၂၄) ဦးနှင့် ပညာသင်ကြားကြမည့်၊ ပညာလိုလားကြသည့် ကျောင်းသား/သူ ကလေးငယ် (၃ဝဝ) ဦးခန့်ရှိနေသည်။

၁၈.၄.၂ဝ၁၄ ရက်နေ့၌ အောင်မြင်စွာ ဆောက်လုပ်လှူဒါန်းထားသော ပညာကျောင်းဆောင်အား ဖွင့်လှစ်ခဲ့ပြီး ဆရာတော်ကြီးများ၏ သြဝါဒခံယူခဲ့ကာ နိုင်ငံတော်ပညာရေးဌာနသို့ လွှဲပြောင်းမှုကို ပြုလုပ်ခဲ့ သည်။ ထိုဖွင့်ပွဲတွင် တိုင်းရင်းသားကလေးငယ်များ၊ မြေလှူဒါန်းထားသော ကျေးလက်ပြည်သူလူထုများ၊ သာမညကျေးရွာကြီးရှိ မြို့မိ/ဖပြည်သူများနှင့် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသူ/ သားများ စုံညီစွာဖြင့် စည်ကားသိုက်မြိုက်စွာ တိုင်းရင်းသားရိုးရာသီချင်း၊ အကပဒေသာတို့ဖြင့် ကျင်းပခဲ့ သည်။

ဤတွင် ကျွန်တော်တွေးမိ ပြန်တော့သည်။ ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်) အနေ ဖြင့် နာရေးကူညီမှုလုပ်ငန်းအပြင်၊ ကျန်းမာရေးအတွက် သုခကုသိုလ်ဖြစ်ဆေးခန်းများကို ရန်ကုန်မြို့၊ ပြည်၊ ပဲခူး၊ ကြို့ပင်ကောက်၊ ပဲနွယ်ကုန်း အစရှိသည့် မြို့များတွင် အောင်မြင်စွာ ဖွင့်လှစ်ပေးခဲ့ပြီး အများပြည်သူ တို့၏ ကျန်းမာရေးကဏ္ဍ အရပ်ရပ်တို့ကို (အခမဲ့) ကုသပေးသည့်အပြင် နယ်လှည့်ဆေးဝါး ကုသမှုလုပ်ငန်း အားလည်း တစ်လလျှင်တစ်ကြိမ် လှည့်လည်၍ ဆေးကုသမှုများ ပြုလုပ်ပေးခြင်း၊ ကိုယ်ထူကိုယ်ထ ဖွင့် လှစ်ထားသော ပရဟိတဆရာဝန်များဖြင့် ကုသပေးနေသော နယ်ဒေသအသီးသီးရှိ ကုသိုလ်ဖြစ်ဆေးခန်း များအားလည်း လစဉ်ဆေးဝါး ထောက်ပံ့ပေးခြင်း၊ လေဘေး၊ မီးဘေး၊ ရေဘေး၊ စစ်ဘေး စသည့် ကပ်ဘေး အမျိုးမျိုးတို့ကိုလည်း ကွင်းဆင်း ကယ်ဆယ်မှုများကိုပါ လုပ်ခဲ့သည်။ ပညာရေး ကိစ္စရပ်များအားလည်း ToT (ဆရာ/မများ စွမ်းရည်မြှင့်သင်တန်း)၊ တက္ကသိုလ်ဝင်တန်း သင်တန်းသား/သူများအား ဘာသာစုံ သင်တန်းများ သင်ကြားပို့ချခြင်း စသည့် လူသားများအားလုံးနှင့် သက်ဆိုင်သော လူမှုဒုက္ခများကို လူ့ကျင့် ဝတ်နှင့်အညီ ကူညီဖေးမပေးလျှက်ရှိပါသည်။ ထိုသို့ ဖေးမကူညီမှုများသည် ပြည်တွင်းရှိငြိမ်းချမ်းရာအရပ် (စစ်ပွဲများမဖြစ်သောအရပ်) များတွင်သာဖြစ်ခဲ့သည်။

ကျွန်တော်တို့ သွားလာခွင့်ပြုသောနေရာ ဒေသများ သို့သာ ကူညီဖေးမ ပေးဆပ်ခွင့်ရရှိခြင်းဖြစ်သည်။
ထို့ကြောင့် ကျွန်တော်တို့သွားခွင့်မရသော မငြိမ်းချမ်းသော နယ်စပ်ဒေသများရှိ စစ်ဘေးသင့် ပြည် သူလူထုများထဲတွင် ကလေးငယ်များ မည်မျှပင်ရှိနေသနည်း……?။
ကျန်းမာရေးချို့ယွင်းနေသော ကလေးငယ်များ မည်မျှပင်ရှိနေသနည်း……?။
ပညာရေးဆိုတာကို မသိနားမလည်သော ကလေးငယ်များ မည်မျှပင်ရှိနေသနည်း……?။
ထိုကလေးငယ်များ၏ အနာဂတ်ကို မည်သို့ပုံဖော်ကြမည်နည်း…….?။
နှစ်ဦးနှစ်ဖက်စလုံးမှ ခေါင်းဆောင်များ၊ ပုဂ္ဂိုလ်များ၊ အုပ်စုများအနေဖြင့် မြတ်စွာဘုရားချမှတ်ထား သော ဗြဟ္မစိုရ်တရားကို လက်ကိုင်ပြုကျင့်သုံးသင့်တော့သည်။

သို့တည်းမဟုတ် ကျွန်တော်နေ့စဉ် နာကြား နေသော မြတ်စွာဘုရားရှင်၏ နှစ်နိုင်ငံ စစ်ဖြစ်မည့်အရေးကို ရပ်တန့်သွားအောင် ဟောကြားခဲ့တော်မူသော "မဟာသမယသုတ်တော်ကြီး" အား ထိုအရပ်ဒေသများသို့ နေ့စဉ်အချိန်တိုင်း သွားရောက်ဖွင့်ထားရလျှင် ကောင်းမည်လား။ ဟူသော အတွေးများပင် ဖြစ်တော့သည်။

မည်သို့ပင်ဖြစ်စေကာမူ ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)အနေဖြင့် ကျေးဇူးရှင်သာမ ညဆရာတော်ကြီး၏ စိတ်ဆန္ဒတော်အား ကျေပွန်စွာဖြည့်ဆည်းပေးခွင့် ရရှိခဲ့သည့်အတွက် များစွာပီတိဖြစ် ခဲ့ရတော့သည်။ ဤကောင်းမှုတော်ကြီးအား သာမညဆရာတော်ကြီးနှင့်တကွ သမာဒေဝ နတ်ကောင်းနတ် မြတ်များအပြင် အများပြည်သူလူထုအပေါင်းတို့အား သာဓုခေါ်ဆိုနိုင်ပါရန် အမျှ .. အမျှ .. အမျှ ဟူ၍ ပေး ဝေငှလိုက်စဉ် သာမညဆရာတော်ကြီး ရှိစဉ်ကာလများ၌ အလွန်ကြက်ပျံမကျ စည်ကားခဲ့သော သာမည အရပ်ဒေသကြီးသည် ဆရာတော်ကြီးမရှိသော ယခုကာလတွင် အလွန်ခြောက်သွေ့ ငြိမ်သက်၊ တိတ်ဆိတ် နေမှုသည် သာဓု .. သာဓု … သာဓု ဟူသော ခေါ်ဆိုသံများ မိုးလုံးခြိမ့်၍ ပဲ့တင်ထပ်သွားပါတော့သည်။