ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ယနေ့ ဂျပန်နိုင်ငံ တိုကျိုမြို့ မြန်မာဘုန်းတော်ကြီးမှာ ပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နာယက သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် အတွက် ရည်စူးဆွမ်းကပ်လှူပွဲနှင့် မနက်ဖြန် တနင်္ဂနွေနေ့မှာ ပြုလုပ်တဲ့ ဝမ်းနည်းခြင်းအခမ်းအနား ဖိတ်ကြားလွှာ..

ယနေ့ ဂျပန်နိုင်ငံ တိုကျိုမြို့ မြန်မာဘုန်းတော်ကြီးမှာ ပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နာယက သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် အတွက် ရည်စူးဆွမ်းကပ်လှူပွဲနှင့် မနက်ဖြန် တနင်္ဂနွေနေ့မှာ ပြုလုပ်တဲ့ ဝမ်းနည်းခြင်းအခမ်းအနား ဖိတ်ကြားလွှာ..

ယနေ့ ဂျပန်နိုင်ငံ တိုကျိုမြို့ မြန်မာဘုန်းတော်ကြီးကျောင်း၌ ကွယ်လွန်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နာယက သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် အတွက် ရည်စူးပြီး ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများမှ သံဃာတော်များအား ဆွမ်းကပ်လှူဒါန်းခဲ့ပြီး ရေစက်သွန်းချ ကုသိုလ်ကောင်းမှု ပြုလုပ်ခဲ့ပါတယ်..။

ဂျပန်နိုင်ငံသို့ ခေတ္တ သီတင်းသုံး ရောက်ရှိနေတဲ့ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓတက္ကသိုလ် (ဒု) ပါမောက္ခချုပ် ဆရာတော် ဘဒ္ဒန္တစန္ဒဝရာ ဘိဝံသမှ ကွယ်လွန်သူ ဘဘဦးဝင်းတင်၏ ကျားရဲ ကဗျာကို ရွတ်ဆိုကာ ဂုဏ်ပြုကာ၊ နိုင်ငံရေး ဖြတ်သန်းမှုများအား ဟောပြောသွားပြီး ရေစက်သွန်းချ အမျှပေးဝေခဲ့ပါတယ်..။

သတင်း ဓာတ်ပုံ ဦးတွတ်ဆွေ (Maung Tut Swe)

မနက်ဖြန် ဧပြီလ(၂၇)ရက်နေ့ တနင်္ဂနွေနေ့မှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နာယက သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ဝမ်းနည်းခြင်းအခမ်းအနား အားကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်..။

အခမ်းအနား ဖိတ်ကြားစာ...

ဂျပန်နိုင်ငံရှိ အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ နှင့်
ပြည်ထောင်စု မြန်မာနိုင်ငံသား အပေါင်းတို့ခင်ဗျာ၊၊ ။

ကွယ်လွန်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် နာယက သတင်းစာဆရာကြီး ဟံသာဝတီ
ဦးဝင်းတင်၏
ဝမ်းနည်းခြင်းအထိမ်းအမှတ် အခမ်းအနားအား အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့်
ဆရာကြီး ဦးဝင်းတင်အား လေးစားကြသူများအားလုံး တက်ရောက် ပူးပေါင်းပါဝင်ကြပါရန်
လေစားစွာဖြင့်ဖိတ်ကြားအပ်ပါသည်၊၊

ဝမ်းနည်းခြင်း အခမ်းအနား အစီအစဉ်
နေ့ ရက် ၊၊ ၊၊ ၂၇-၄-၂ဝ၁၄ ရက် (တနင်္ဂနွေနေ့ )
အချိန် ၊၊ ၊၊ ညနေ ၆း၀၀ မှ ၉းဝဝ နာရီ
နေရာ ၊၊ ၊၊ အီခဲဘုခုရို၊ ခုမင်းစင်တာ (၄)ထပ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲ
သတင်းနှင့်ပြန်ကြားရေးဌာန