ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

နာရေးကူညီမှု အသင်း(ရန်ကုန်) ဥက္ကဋ္ဌဦးကျော်သူ ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ်၏ ဖိတ်ကြားချက် အရ ဂျပန်နိုင်ငံသို့ လာရောက်မည်..

နာရေးကူညီမှု အသင်း(ရန်ကုန်) ဥက္ကဋ္ဌဦးကျော်သူ ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ်၏
ဖိတ်ကြားချက် အရ ဂျပန်နိုင်ငံသို့ လာရောက်မည်..


ဂျပန်နိုင်ငံ ထိပ်တန်းစာရင်းဝင် တိုကျိုတက္ကသိုလ်၏ ဖိတ်ကြားချက်အရ နာရေးကူညီမှု အသင်း(ရန်ကုန်) ဥက္ကဋ္ဌဦးကျော်သူသည် လာမည့် ဧပြီလ(၂၃)ရက်နေ့တွင် ဂျပန်နိုင်ငံသို့ ရောက်ရှိလာမည်ဖြစ်သည်..။

နာရေးကူညီမှု အသင်း(ရန်ကုန်) ဥက္ကဋ္ဌဦးကျော်သူ၏ တပတ်တာ ဂျပန်နိုင်ငံ ခရီးစဉ်အတွင်း တိုကျိုတက္ကသိုလ်တွင် ဧပြီလ (၂၃).(၂၄)နှင့်(၂၅)ရက်နေ့အထိ ဟောပြောပွဲ ပြုလုပ်မည် ဖြစ်ပြီး ဂျပန် သတင်းမီဒီယာများ၊ ဂျပန်လူမှုရေး၊ ဘာသာရေး အဖွဲ့အစည်းများနှင့် တွေ့ဆုံမည်ဖြစ်သည်။ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသား မိသားစုများနှင့်လည်း ဧပြီလ(၂၇)ရက်နေ့ ညနေပိုင်းတွင် တွေ့ဆုံမည် ဖြစ်သည်...။

ဧပြီလ(၂၇)ရက်နေ့ ညနေပိုင်းတွင် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသား မိသားစုများနှင့် တွေ့ဆုံမည့် အဆိုပါ ဟောပြောပွဲ နေရာနှင့် အချိန်အားထပ်မံ ကြေငြာမည် ဖြစ်သည်။ နေရာနှင့် အချိန်အခက်အခဲကြောင့် အပြောင်းအလဲ တစုံတရာ ရှိခဲ့ပါကလည်း နားလည် ခွင့်လွှတ်ပေးပါရန် ကြိုတင် အသိပေးအပ်ပါသည်.။

ဧပြီလ (၂၃)ရက်နေ့တွင် ဂျပန်နိုင်ငံသို့ ရောက်ရှိလာမည့် နာရေးကူညီမှု အသင်း(ရန်ကုန်) ဥက္ကဋ္ဌဦးကျော်သူအား နာရီတာ လေဆိပ်တွင် သွားရောက်ကြိုဆို နှုတ်ဆက်လိုသူများ လေယာဉ်အချိန် ထပ်မံကြေငာပေးပါမည်။

ဒီမိုဝေယံ

ဆက်သွယ်ရန် ဖုန်းနံပါတ်များ..

070-5016-7092
080-3562-1812