ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

နာရေးကူညီမှု အသင်း (ရန်ကုန်)ဥက္ကဋ္ဌ ဦးကျော်သူ၏ ဂျပန်နိုင်ငံ ခရီးစဉ် မေလအတွင်းသို့ ရွှေ့ဆိုင်းပါတယ်။

နာရေးကူညီမှု အသင်း (ရန်ကုန်)ဥက္ကဋ္ဌ ဦးကျော်သူ၏ ဂျပန်နိုင်ငံ ခရီးစဉ် မေလအတွင်းသို့ ရွှေ့ဆိုင်းပါတယ်။

နာရေးကူညီမှု အသင်း (ရန်ကုန်)ဥက္ကဋ္ဌ ဦးကျော်သူရဲ့ ဧပြီလ (၂၃)ရက်နေ့မှာ ရောက်လာရှိမယ့် ဂျပန်နိုင်ငံခရီးစဉ်အား လာမယ့် မေလ (၁၆)ရက်နေ့သို့ ရွှေ့ဆိုင်းလိုက်ပါတယ်..။

ထို့အတွက်ကြောင့် လာမယ့် ဧပြီလ (၂၇)ရက်နေ့မှာ ပြုလုပ်မယ့် ဂျပန်နိုင်ငံရောက် မြန်မာမိသားစုများနှင့် တွေ့ဆုံပွဲအားလည်း လာမည့် မေလ (၁၈)ရက်နေ့ ညနေပိုင်းတွင် တွေ့ဆုံနိုင်ရန် လတ်တလော လျှာထား သတ်မှတ်ထားပါတယ်..။

နာရေးကူညီမှု အသင်း (ရန်ကုန်)ဥက္ကဋ္ဌ ဦးကျော်သူသည် ဂျပန်နိုင်ငံ၏ နံပါတ်တစ် ထိပ်တန်းတက္ကသိုလ် တခုဖြစ်သော တိုကျိုတက္ကသိုလ်၏ ဖိတ်ကြားချက်ဖြင့် ဂျပန်နိုင်ငံသို့ မေလ ၁၆ရက်နေ့မှာ ရောက်ရှိလာမှာ ဖြစ်ပါတယ်..။ တပတ်ကြာ ဂျပန်နိုင်ငံသို့ ရောက်ရှိစဉ်အတွင်း တိုကျိုတက္ကသိုလ် ဟောပြောပွဲ ပြုလုပ်မှဖြစ်ပြီး ဂျပန် တိုကျို ရုပ်မြင်သံကြား သတင်းဋ္ဌာန၊ ဂျပန် ထိပ်တန်း သတင်းစာ တခုဖြစ်တဲ့ Mainichi နေ့စဉ် သတင်းစာ၊ နာမည်ကြီး မဂ္ဂဇင်းစာစောင် ၂ခုနဲ့လည်း တွေ့ဆုံမှာ ဖြစ်သလို လူမှုရေး ဘာသာရေး အသင်းအဖွဲ့များနှင့်လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်..။

ဂျပန်နိုင်ငံရောက် မြန်မာမိသားစုများနှင့် တွေ့ဆုံပွဲအားလည်း လာမည့် မေလ (၁၈)ရက်နေ့ ညနေပိုင်းတွင် တွေ့ဆုံနိုင်ရန် လျှာထား သတ်မှတ်ထားပါတယ်..။ အချိန်နေရာ ပြောင်းရွှေ့ ရွှေ့ဆိုင်းမှုများအတွက် နားလည် ပေးပါရန် ကြိုတင် မေတ္တာရပ်ခံအပ်ပါတယ်..။

မြန်မာမိသားစုများနှင့် တွေ့ဆုံပွဲ နေရာနှင့် အချိန်အား ထပ်မံကြေငြာပေးပါမည်။

ဒီမိုဝေယံ
ဒီဇိုင်း ညီငယ် မျိုးဆန်းဦး