ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

စစ်တပ်အင်အားကြီးလေ တိုင်းနိုင်ငံ ကျဆုံးရလေ... ...ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်

စစ်တပ်အင်အားကြီးလေ တိုင်းနိုင်ငံ ကျဆုံးရလေ...
 ...ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်

ဘုရင့်နောင်မင်းတရားကြီး..( ၁၅၅၁ - ၁၅၈၁ ) လက်ထက် စစ်အင်အားအလွန်ကြီးမားခဲ့ပါတယ်၊ အချိန်များစွာ စစ်ချီခဲ့ရတော့ တိုင်းပြည် စစ်ပန်းပြီး မင်းတရားကြီး လွန်ပြီး..၁၉ နစ်အကြာမှာ ပဲခူးနန်းတော်ကြီး ရခိုင်လက်ထဲကျပြီး မိးတင်ရှီု့ တာ ခံလိုက်ရပါတယ်။ ဘုရင့်နောင်လက်ထက် - ပထမ အကြိမ်ယိုးဒယားကို စစ်ချီတော့ ဗမာစစ်တပ်ကြီးကို ကြည့်ပြီး ယိုဒယား ဘုရင်က အညံ့ခံ လိုက်ပါတယ်။ ယိုးဒယားဘုရင်ဆီမှာ ဆင်ဖြူတော် ၇ စီး (ကောင်) ရှိသည့်အတွက် ဆင် ၁-စီး လက်ဆောင် အဖြစ်တောင်းရာ ယိုးဒယားဘုရင်က ဆင်ဖြူတောင်းတာကို ချိုးနှိမ်ပြောဆိုသည့်အတွက် စစ်ချီတက်ခဲ့ပါသည်။

ဆင်ဖြူလေးစီး၊ သမီးတော် ၂ ပါး၊ ဘုရင်ကိုစစ်သုံးပန့်၊ မင်းသား ၄ -ပါးကိုသုံ့ပန့်နဲ့ ယခုမန္တလေးမဟာမုဏီဘုရားမှာ ကမ်ပူးချား ကြေးရုပ်များကို မခဲ့ပါသည်။ ပဲခူးကို ရခိုင်က အောင်နိုင်တော့ ကမ်ပူးချား ကြေးရုပ်များကို ရခိုင်က တဆင့်ပင့်ဆောင်၊ ရခိုင်ကမှ ဘိုးတော်ဘုရားက ထပ်ပင့်လာတာဖြစ်ပါသည်။ ဒီဘီလူးအရုပ်တွေက ရောက်လေရာ ဒုက္ခတွေ ကျရောက်ရသည်သာ...ရခိုင်လဲမင်းဆက်ပြုတ်ရ ၊ ဗမာလဲ မင်းဆက်ပြုတ်ရတာကို မက်မောနေကြသေး။ သူ့ ဇာတီ ကမ်ပူးချားကို ပို့ ဖို့ သင့်တာ လွန်နေပြီ။
ဘီလူးအရုပ် အမရပူရကိုရောက်ပြီး...အိမ်ရှေ့ စံမင်း ဗိုက်နာ သေဆုံး။ အမရပူရ မကောင်းလို့  မန်းရတနာပုံ ဗနပြည်တော်ပြောင်း..ဘီလူးရုပ်တွေပင့်အပြီး ၁၀၁ နစ်အကြာမှာ အင်္ဂလိပ်ကျွန်ဘဝ ရောက်။ ထီးနန်းပျောက် ။

နှစ်၂၀၀ ပြည့်တဲ့ (၁၉၈၄ -သင်္ကြန်အကြိုမီး) နဲ့ မန္တလေး ဦးကျားကြီးဝင်း မီးလောင်လိုက်တာကနေ တရုတ်တွေ တစတစ ဝါးမြိုရအောင် မန်တိုင်းမှုးကြီး ဗိုလ်ထွန်းကြည်က လမ်းမတန်းက အိမ်တွေ တိုက်ကြီးတွေ မဆောက်နိုင်ရွှေ့  အမိန့် ထုတ် မြန်မာတွေ ကို မြို့ သစ်ကန်ထုတ်တော့တာပါဘဲ။
ဘုရင့်နောင်မင်းကြီး၏ မြေးတော် သာလွန်မင်းတရားကြီးနန်းတက်လာတော့...လက်နက်နိုင်ငံ ထူထောင်လျင် အင်အားကြိးလာလေ တိုင်းပြည် ပန်းလေ..နှစ်မကြာခင် ပြန်ကျသွားရတာတွေ ဆင်ခြင်တုံပြီး...မိမိနိုင်ငံသား အများစု ချမ်းသာလျင် ထိုသူတွေက မိမိတို့ ၏ စီးပွားဥစ္စာကို ကာကွယ်ဖို့  ဝိရိယ ထုတ်ကြသည့်အတွက်...တိုင်းနိုင်ငံ၏ ကာကွယ်ရေးပို၍ အင်အားတောင့်တင်းသည်ဟု ရှုမြင်ကာ...မြန်မာ့ရာဇဝင်မှာ..အထင်ရှားဆုံး အကျော်ကြာဆုံးသော..အုပ်ချုပ်ရေးဥပဒေသ ကိုရေးသားခဲ့ပါတယ်။

ထို ၁၆၃၀ ကျော်က အုပ်ချုပ်ရေး (ယ္ခုခေတ် အခေါ် ဖွဲ့ စည်းပုံအခြေခံဥပဒေ) ဟာ ဗိုလ်သန်းရွှေရဲ့  နာဂစ် ဥပဒေထက် ပြည်သူပြည်သားတွေကို ပိုမိုလုံခြုံစေပါတယ်။ လက်လှမ်းမှီသူများ တင်ပေးကြပါဦးခင်ဗျာ ။
ရဟန္တာဟု သမုတ်တော်မူရသော ..မန်းစက်တော်ရာကို ရှာဖွေပေးတော်မူသော...ဝေဿန္တရာဇါတ်တော်ကြီးကို ရေးသားတော်မူသော....တောင်ဖီလာဆရာတော်ဘုရားကြီးက ကြီးမှုးပြီး ရေးဆွဲထားတာပါ။ မနုစာရရွှေမြင် (သို့) မဟာရာဇ ဓမ္မသတ် ကျမ်းလို့ ခေါ်ပါတယ်။
နာဂစ် ဥပဒေလို လာဘ်စားတာ နာမည်ကြီးလှတဲ့ လူသတ် သူခိုးစစ်ဗိုလ်ချုပ်တွေ ဦးစီးရေးဆွဲထားတာ မဟုတ်ပါဘူး။ သာလွန်မင်းတရားကြီးလက်ထက်မှာ တဖက်က တရုတ်က အကြိမ်ကြိမ် ကျူးကျော်လာလို့  စစ်ပွဲကြီးတွေ တိုက်ခဲ့ရပါတယ်။ ဗမာကချည်းနိုင်ခဲ့တာပါ။

တဖက်မှာလဲ အိန္ဒိယ ရာဇဝင်မှာ ဓနအင်အား အတောင့်တင်းဆုံး.. စစ်အင်အားအလွန်ကြီးမားသော ကမ္ဘာကျော် မဂိုလ်မင်းဆက် Shah Jahan ဘုရင်ကြီး အုပ်စိုးနေချိန်ပါ။ ဘုရင်ကြိးနစ်ပါးဟာ သံတမန်ဆက်ဆံပြီး တဦးကိုတဦး အပြန်အလှန် လေးစားခဲ့ကြပါသည်။
ရာဇဝင်မှာ တိုက်ဆိုင်တာလေးတွေက ထိုဘုရင်ကြိးနစ်ပါးလုံး လက်ထက် တိုင်းနိုင်ငံ အလွန်ကြွယ်ဝချမ်းသာပြီး..တိုင်းပြည်ငြိမ်းချမ်းသာယာဝပြောခဲ့ကြတာ ရာဇဝင်မှာ မှတ်တမ်းတင်ယူခဲ့ရသည်အထိ ကြီးကျယ်ခဲ့ပါသည်။ ရှေးဘုရင်တွေ၏ ထုံးအတိုင်း မိဖုရားများစွာယူကြသော်လည်း မိဖုရားတပါးတည်းကို အသဲစွဲချစ်နှစ်သက်ခဲ့ကြသော မင်းကြီးနှစ်ပါးပါ။
SHAH JAHAN ကတော့ အနှစ်သက်ဆုံး နလုံး အထိမ်းအမှတ်အနေနဲ့ တတိယမိဘုရားကြီး Mumtaz Mahal
ကွယ်လွန်တော့ မိဘုရားကြိးအတွက် သူ့ မေတ္တာကို ဖေါ်ကျူးဖို့  ကမ္ဘာကျော် နှလုံးသား ဗိမာန်ကြီး မာဘယ်ကျောက်အဖြူနင့် TAJ MAHUL တည်ဆောက်ခါ သားတော်အငယ်၏ အကျဉ်းချခြင်း ခံသွားရပါတယ်။

သာလွန်မင်းတရားကြီးကလည်း မိဘုရားခေါင်ကြီး၏ တိုက်တွန်းမှုအရ သီဟိုဌ်ကျွန်းမှ ဘုရင့်နောင်မင်းတရားကြီးပင့်ဆောင်လာသော စွယ်တော်ကို ဌာပနာကာ...ရာဇမဏီစူဌာ ခေါ် စူဌာမဏီ (ကောင်းမှုတော်) စေတီတော်ကြီးကို အဖြူထည် တည်ထားလှုဒါန်းတော်မူခဲ့ပါတယ်။ စေတီတော်ကြီးမှာ မိမိ၏ ကိုယ်အလေးချိန်နင့် အညီ ရွှေစင်စစ်စစ် ဗုဒ္ဒရုပ်ပွားတော်ကို ဌာပနာထားပါတယ်။
တကယ်က မိဘုရားကြီးအလွန်ကြည်ညိုတော်မူသော...သီပေါမြို့ ရှိ အလောင်းစည်သူမင်းကြိး တည်ထားတော်မူခဲ့သော ဘောကြိုဘုရားမှ ရုပ်ပွားတော်များကို အုပ်သော တရုတ်ဧကရာဇ် လှုဒါန်းတော်မူသော ကြွေအုပ်ဆောင်း ပုံကို ပုံတူယူပြီး...သီဟိုဌ် ခန္တွီမြို့ ကမူလ စွယ်တော် ဌာပနာထားသော ပုထိုးတော်ကြီး ဆင်တူ တည်ဆောက်တော်မူခဲ့တာပါ။
မင်းတရားကြီး နစ်ပါး ဟာ ဘုန်းတန်ခိုးကြီးကြတာခြင်းလဲတူ။
တိုင်းနိုင်ငံကို အလွန်ကြွယ်ဝစေခဲ့သော (ရာဇဝင်မှာ အကြွယ်ဝဆုံးခေတ်) ဖြစ်ခဲ့တာခြင်းလဲတူ ။
တိုင်းသူပြည်သားတွေ၏ အချစ်အနစ်သက်ဆုံးသော မင်းနှစ်ပါးဖြစ်ခဲ့တာလည်းတူ၊
တိုင်းနိုင်ငံ တည်ငြိမ်အေးချမ်းမှုအရဆုံးခေတ် ဖြစ်တာခြင်းလည်းတူ ။
မိဘုရာတပါးတည်းကိုသာ သစ္စာရှိရှိ ချစ်ခင်ခဲ့ကြတာခြင်းလည်းတူ။ (ဗိုလ်သန်းရွှေတို့လို မိန်းမကြောက်ရတဲ့မင်းတွေ မဟုတ်ပါဘူး) ရှာ၈ျဟန်ဘုရင်ကြီးဟာ အင်မတန်ဗဟုသုတ ကြွယ်ဝသူအဖြစ်လဲ ထင်ရှားခဲ့ပါတယ်။ ဗိမ္မာန်တော်အဖြူကြီး တည်ဆောက်ခဲ့တာခြင်းလည်းတူ ခဲ့တာ ထူးဆန်းစွာတိုက်ဆိုင်နေသလို၊
ခေတ်ပြိုင်မင်းကောင်းမင်းမြတ်နှစ်ပါးအဖြစ် ပြည်သူတွေ ယနေ့ ထက်တိုင် ချစ်ခင်တာခံရသည့် မင်းနှစ်ပါး ဖြစ်နေပါသည် ။

India Shah Jahan ( 1628 - 1658 )..& Myanmar Thar Lun ( 1629 - 1648 )
အဓိက ပြောလိုတာကတော့ ဗိုလ်ခင်ညွှန့်၊ ဗိုလ်သန်းရွှေတို့ ၏
တပ်မတော်အင်အားရှိမှ တိုင်းပြည် အင်အားရှိမည် ဆိုတဲ့
အလွန်ခေတ် နောက်ကျသည့်အတွေးကို ယနေ့ တပ်မတော်ခေါင်းဆောင်တွေ ပ်ြန်လည်စဉ်းစားဖို့ တိုက်တွန်းရင်း.. ကနေ အာရှရဲ့  အတိုးတက်ဆုံးနိုင်ငံ ဂျပန် နဲ့ ဥရောပရဲ့  အတိုးတက်ဆုံးနိုင်ငံ ( ပြာပုံက ရုံးထခဲ့တဲ့ ) ဂျာမဏီ တို့ မှာ လက်နက်အင်အား မရှိတော့..အချမ်းသာဆုံး နိုင်ငံတွေဖြစ်နေပြီး ဥိးသိန်းစိန်ကိုယ်တိုင် ???
..ဒီလောက်ဘဲ ပြောပါတော့မယ်။

အားလုံးကို လေးစားလျှက် လှိုင်မြင့်..