ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ယိုးဒယား-ဗမာ..

ယိုးဒယား-ဗမာ

ထိုင်းနိုင်ငံမှာ ယခုရက်ပိုင်း ဖြန့် ချီလိုက်သော (ယိုးဒယား - ဗမာ) စစ်ပွဲသမိုင်းမှတ်တမ်းရုပ်ရှင်ဇါတ်လမ်းကို ကြည့်ဖြစ်ရင်းက ဗဟုသုတ အနေနဲ့ မြန်မာ ယိုးဒယား သမိုင်းကြောင်းလေး အများသိအောင် ဖော်ပြလိုက်ပါတယ်..။

ဘုရင့်နောင်မင်းတရားကြီး (1551 - 1581) လက်ထက်မှာ ယိုးဒယားနိုင်ငံ အယုဒ္ဓယနန်းတော်ကိုအောင်နိုင်ပြီး ယိုးဒယားမင်းသားလေးတပါး ကို ပဲခူးနန်းတော်မှာ ပင့်ဆောင်မွေးထားပြီး သားတော်တပါးကဲ့သို့ ချစ်ခင်စွာပြုစု ခဲ့ပါတယ်။ ဘုရင့်နောင်မင်းတရားကြီး လွန်တော့ ထိုယိုးဒယားမင်းသားနဲ့ ဘုရင့်နောင်၏သားတော် နန္ဒဘုရင်တို့  ရန်သူဖြစ်ကာတိုက်ခိုက်ရာက 1600 -ခုနစ်မှာ ဟံသာဝတီ နန်းတော်ကြီးကို ယိုးဒယား ၊ ရခိုင် နင့် သံလျင်ပေါ်တူဂီ (ငဇင်ကာ) တို့ ပူးပေါင်းသိမ်းပိုက်ကာ နန်းတော်ကြီးကို မီးရှီု့ ဖျက်စီးဖြစ်လိုက်ပါသည်။ ဘုရင့်နောင် မင်းတရားကြီးက အယုဒ္ဓယ ကို မဖျက်စီးခဲ့ပါ။

ထိုယိုးဒယားဘုရင် စစ်အောင်နိုင်တာကို ဇါတ်လမ်းရိုက်ထားတာပါ။ ဒီနေရာမှာ (အ-ယုဒ္ဓယ ) အဓိပ္ပါယ်က (ယုဒ္ဓယ = ကျဆုံးခြင်း) ဟုအဓိပ္ပါယ်ရပါတယ်။ အရှေ့ က (အ) ထဲ့လိုက်လျင် မကျဆုံးနိုင်သော မြို့ဟု ယတြာခြေထားသော မြို့ ဖြစ်ပါတယ်။ ပါဋိ စကားဖြစ်ပါတယ်။ အိန္ဒိယ နိုင်ငံမှာလဲ အယုဒ္ဓယ မြို့ တခုရှိပါတယ်။ ယခုဝန်ကြီးချုပ်ဖြစ်လာသူ မိဒီရဲ့ ဇာတိ မြို့ ဖြစ်ပါတယ် ။ 1992 ခုနစ်က ထိုမြို့ မှာ မဂိုလ်မင်းဆက်လက်ထက်က ရှေးခေတ် ဟာနုမာန်နတ်ဘုရားကျောင်း မြေနေရာကိုဖျက်ပြီး ဗလီတည်ဆောက်ထားတာရှိခဲ့လို ဗလီကိုဖျက်ခဲ့လို့  ဟိန္ဒူ နဲ့  မွတ်စလင် အထိဂရုဏ်းကြိးဖြစ်ခဲ့ပါတယ်။

ယခုအချိန်အထိသာအသက်ရှင်လျင် အသက် ၁၂၀ ကျော်မည့် အဖွားတစ်ဦးရဲ့ ပြောပြချက်အရ...မြန်မာဘုရင်တွေက အယုဒ္ဓယ ကို စစ်ချီတိုင်း စစ်သည်တော်တွေကို မေး၏။ ဒို့ ဗမာတွေ ဘယ်ကိုချီတက်ကြမှာလဲ ။ စစ်သည်တော်အားလုံးက ( အ -ယုဒ္ဓယ = မကျဆုံးမြို့ ) ကို နံနိမ်ပြီး ၊ ယတြာချေတဲ့အနေ နင့် (ယုဒ္ဓယ = ကျဆုံးမြို့  ) ဟုသံပြိုင်ဖြေကြရပါသည်။ အ-ယုဒ္ဓယ ဖြေသူကတော့ လျှာအဖြတ်ခံရပါသည်။

ထိုသို့ ခေါ်ဆိုရာမှ ဗမာ (မြန်မာ) တွေက တသက်လုံး ယိုးဒယား လို့ သိလာပါတော့သည်။ ၂၀၀၆- ခုနစ်တွင် ထို အကြောင်းကို ကျနော် အင်တာနက်ပေါ်မှာရေးခဲ့ပါသည်။ ထိုင်းမိတ်ဆွေ သတင်းစာ အယ်ဒီတာ တစ်ဦးကို မေးပို့ ပေးခဲ့မှ သူတို့ က မြန်မာတွေက ဘာလို့ ထိုင်း ကို ယိုးဒယား လို့ ခေါ်တာ နားလည်သွားပါသည်။ ယခုအခါ ထိုင်းအစိုးရက မြန်မာအစိုးရကို နစ်နို်ငငံချစ်ကြည်ရေးနင့် မသင့်လျော်လို့  ယိုးဒယား ဟု မသုံးပါရန် ပန်ကြားခဲ့ပါသည်။

ထိုင်းက ဗမာကို အဲဒီတစ်ကြိမ်သာ မွန်၊ ရခိုင်၊ မဟာမေဒင်၊ ပေါ်တူဂီတွေ အားကိုးနဲ့ နိုင်ဖူးတာ။ မြန်မာက အကြိမ်ကြိမ်နိုင်ခဲ့တာပါ။ သူတို့ က ဗမာစစ်တပ်ကြီး လာတိုက်တာကို ပြန်လှန်နိုင်တာတွေ ဘဲ ဇါတ်လမ်းရေးနေရတာပါ။ 1758 မှာ အလောင်းမင်းတရားကြီး အယုဒ္ဓယမြို့ ကို ဝိုင်းထားစဉ်နေမကောင်းလို့  တပ်ပြန်ဆုပ်ခဲ့ရပါတယ်။ လမ်းခရီး သထုံခရိုင်၊ ဘီးလင်းမြို့ နယ် ကံရွာမှာ ကံကုန်တော်မူပါတယ်။ မင်းတရားကြီး ကံကုန်ကြောင်း တပ်နဲ့ စစ်သည်တွေကို အသိမပေးဘဲ ရန်ကုန်အထိ ပြန်ဆုပ်ပါတယ် ။ ရန်ကုန်ရောက်မှ နေပြည်တော် (ရွှေဘို) ကို အကြောင်းကြားပါတယ်။ အလောင်းကို လျှိုဝှက်သယ်လာရလို့  (အလောင်းမင်းတရား) လို့  အမည်တွင်သွားတာပါ။

သားတော် ဆင်ဖြူရှင်မင်းလက်ထက် ..1767 . March 28 th ညနေ ၆.၃၀ မှာ (ရွှေဘိုသား-ဟေ့ ) သံပြိုင် အော်ပြီး ဗမာစစ်သည်တွေ အယုဒ္ဓယမြို့ ကို ထိုးဖေါက်ဝင်စီးနိုင်လို်က်ပါတယ် ။ အလောင်းမင်းတရားကြီး လက်ထက် ကထည်းက ရန်သူမြို့ ကိုတက်သိမ်းတိုင်း (ရွှေဘိုသား-ဟေ့) အော်ပြီးညာသံပေးလျင် ရန်သူတွေ ဖိန့် ဖိန့်ုတုန်အောင် ကြောက် လက်နက်တွေချ ပြေးတတ်ကြတော့ လက်နက်တွေ အကောင်းအတိုင်းရခဲ့တာ များပါတယ်။- အယုဒ္ဓယမြို့ ကနေ ယနေ့  အမရပုရမြို့ ဟောင်းက ယိုးဒယားဘုရင် ဂူဗိမာန် လုပ်ပေးရတဲ့ ဘုရင်ကို သုံ့ ပန်းအနေနင့်ဖမ်းလာတာပါ။ လက်မှုအနုပညာသည် ၃၆၀၀၀- လဲ ဖမ်းခေါ်လာခဲ့ပါတယ်။ စစ်သည် တစ်ဦးလျင် ရတနာရွှေငွေတွေ များစွာရကြပါတယ် ။

ထိုဖေ့စ်ဘွတ်စာမျက်နှာပ်ါမှာ ထိုအချိန်က အင်္ဂလန်မှာ ကမ္ဘာကျော်ပြဇါတ်ရေးဆရာကြီး William Shake spears ခေတ်ဟု ဖေါ်ညွှန်းထားလို့  ကျနော် တဆက်ထည်း တိုက်ဆိုင်နေတာလေးတွေ ထပ်ဖြည့်စွက်ရေးလိုပါသည်။ ထိုအချိန်နင့် တဆက်ထည်း ထို ရှိတ်စပီးယား နင့်ခေတ်ပြိုင် မြန်မာ့ရာဇဝင်မှာ အထင်ရှားဆုံး စာဆိုတော်က နတ်ရှင်နောင်ရှိခဲ့ပါတယ် ။ နတ်ရှင်နောင်က 1612 - April 17- နစ်ဆန်းတရက်နေ့ မှာ ကံကုန်ပါတယ်။ ရှိတ်စပီးယားက 1616 ..April 23 .သေဆုံးသည့် ရက်ပိုင်းပါ နီးနီးစပ်စပ် တိုက်ဆိုင်ခဲ့ပါတယ်။

တဆက်ထည်း 1628 မှာ အိန္ဒိယမှာ မဂိုလ်ဘုရင်ကြီး Shah Jahan နန်းတက်ခဲ့ပါတယ်။ 1629 -မှာ မြန်မာပြည်မှာ သာလွန်မင်းတရားကြီးနန်းတက်ခဲ့လို့  ခတ်ပြိုင် ဘုရင်မင်းများဖြစ်ခဲ့ပါတယ် ။ တိုက်ဆိုင်စွာ ဘုရင်နစ်ပါးလုံးဟာ နိုင်ငံအသီးသီးမှာ တိုင်းပြည်အငြိမ်းချမ်းဆုံး နင့် အချမ်းသာဆုံးသောခေတ်တို့  ခေတ်ပြိုင်ပေါ်ခဲ့သလို ၊ ပိုပြီးတိုက်ဆိုင်တာက ဘုရင်နှစ်ပါးစလုံးက မိဖုရားအတွက် ဗိမာန်အဖြူကြီးတွေ တည်ဆောက်ခဲ့ကြပါတယ်။

ရှာဂျဟန်ဘုရင်ကြီးက တတိယမိဖုရားကြီး Mum Taj အတွက် င်္သဂျိုင်းဂူဗိမာန် TAJ MAHAL ကိုတည်ဆောက်ခဲ့ပါတယ်။ သာလွန်မင်းတရားကြီးကတော့ တောင်ငူက ရန်သူလက်မကျအောင် ပင့်ဆောင်လာခဲ့တဲ့ သီဟိုဌ်စွယ်တော်ကို ဌာပနာပြီး စူဌာမဏီစေတော်ကြီး (စစ်ကိုင်းကောင်းမှုတော်) ကြီးကိုတည်ခဲ့ပါတယ်။

ဒီစေတီတော်ကြီးနင့် ပတ်သက်ပြီး ပါးစပ်ရာဇဝင်တွေကို သတိထားဖို့ လိုပါတယ် ။ ပညာတတ်သူတွေပါပြောတတ်ကြလို့ ပါ။ မိဖုရားကြီးသည် သာသနာတော်ကို အလွန်ကြည်ညိုသူဖြစ်၏။ သီပေါမြို့  ဘော်ကြိုဘုရားက ရုပ်ပွားတော်များကို အုပ်ထားသော ဖန်ပေါင်းချောင်လေးပုံတော် တည်ပေးရန် အကြံပြုပါတယ်။ ဖန်ပေါင်းချောင်ကို တရုတ်ဘုရင် ဥတည်ပွားက လှုဒါန်းထားတော်မူတာပါ။ သာလွန်မင်းတရာကြီးကလည်း စေတီတော်ကြီးတည်ရန် ပညာရှင်တွေကို သီဟိုဌ်ကျွန်းကိုစေလွှတ်ပြီး ပုထိုးတော်ကြီးတွေကို ပုံတူယူစေတော်မူပါသေးတယ် ။

ပါးစပ်ရာဇဝင်တွေက မိဖုရားကြီးက ရင်သားလှန်ပြတယ်ဆိုတာ အင်မတန်ဘုရားတရားကြည်ညိုတော်မူသော မိဖုရားကြီး၏ သီလ ၊ သမာဓိကိုနားမလည်ကြတာပါ။ တဖန် အသက်တော် ၅၀ -ကျော်ထိုခေတ်မြန်မာအမျိုးသမီးကြီးမှာ ရင်သားမှာ ပြားချပ်နေတာလောက်တော့ စဉ်းစားနိုင်ဖို့ လိုပါတယ်။

Singapore ဆိုသည်မှာလည်း Singa = Lion Pura = City.. စင်က ဆိုတာ င်္ခြသေ့ ဖြစ်ပြီး၊ ပူရ ဆိုတာ မြို့  ဟု အဓိပ္ပါယ်ရပါတယ်။ ပါဋိ စကားဘဲ ဖြစ်ပါတယ်။ ထိုနည်းတူ...( အ -မရပူရ ) ဆိုသည်မှာလည်း (မရ) သည် သေဆုံးခြင်းဖြစ်၏။ အရှေ့ ကနေ (အ) ထဲ့လိုက်တော့ ( မသေဆုံးနိုင်သော) နင့် ပူရ က မြို့ ဖြစ်ပါသည်။ တနည်း မကျဆုံးနိုင်သောမြို့  ဖြစ်ပါသည် ။ ထိုနည်းတူ (မဏိပူရ) ချောမောလှပသော အမျိုးသမီးများ၏မြို့  ။ ဗဟုသု သိသမျှ မျှဝေလိုက်ပါတယ်။
အားလုံးကို လေးစားလျှက်

လှိုင်မြင့်

ဒေါက်တာလှိုင်မြင့် ဆောင်ပါးများ ပြန်ဖတ်လိုလျှင်..