ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

၁၂နှစ်အောက် U-12 Berlin International ဘောလုံးပြိုင်ပွဲတွင် မြန်မာနိုင်ငံသားများ ပါဝင်သည့် ဂျပန်နိုင်ငံ ကိုယ်စားပြု တိုကျိုလူငယ် ဘောလုံးအသင်း အနိုင်ရ ဗိုလ်စွဲ..

၁၂နှစ်အောက် U-12 Berlin International ဘောလုံးပြိုင်ပွဲတွင် မြန်မာနိုင်ငံသားများ ပါဝင်သည့် ဂျပန်နိုင်ငံ ကိုယ်စားပြု တိုကျိုလူငယ် ဘောလုံးအသင်း အနိုင်ရ ဗိုလ်စွဲ..

ဂျာမဏီနိုင်ငံ ဘာလင်မြို့မှာ ကျင်းပ ပြုလုပ်တဲ့ U-12 Berlin International ဖိတ်ခေါ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံသား လူငယ်(၂)ဦး ပါဝင်သည့် ဂျပန်နိုင်ငံ ကိုယ်စားပြု တိုကျိုလူငယ် ဘောလုံးအသင်း အနိုင်ရ ဗိုလ်စွဲခဲ့သည်..။

မြန်မာနိုင်ငံသား Goal Keeper နှစ်ဦးပါဝင်သည့် အသက် (၁၂)နှစ်အောက် ဂျပန်နိုင်ငံ ကိုယ်စားပြု တိုကျိုလူငယ် ဘောလုံးအသင်းသား ၁၈ဦးအား တိုကျို အသင်း (၁)နှင့် တိုကျို အသင်း(၂)ဟူ၍ ၉ဦးစီခွဲကာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်..။ တိုကျိုလူငယ် အသင်း (၂)သင်းစလုံး ရှုံးပွဲမရှိ အနိုင်နှင့် သရေပွဲများဖြင့် ရလာဒ်ကောင်းများ ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်တွင် လက်ရှိကမ္ဘာ့ဖလားချန်ပီယံ ဂျာမဏီနိုင်ငံ ကိုယ်စားပြု အသင်းများ ဖြစ်သည့် (Berlin1) ဘာလင် လူငယ် အသင်းနှင့် ကျောနံပါတ်(၁) မောင်ကောင်းဇံမရ ပါဝင်သည့် Tokyo2 အသင်း)၊ (ဂျာမာန် Hertha Berlin) ဟာသာဘာလင် လူငယ်အသင်းနှင့် ကျောနံပါတ်(၂၂) မောင်သက်ရင်မျိုး ပါဝင်သည့် Tokyo1 အသင်းတို့ တွေ့ဆုံခဲ့ကြသည်...။
ဆီးမီးဖိုင်နယ်တွင်
Tokyo2 အသင်းမှ Berlin 1 လူငယ်အသင်းအား ၁ဂိုးဂိုးမရှိဖြင့် အနိုင်ရရှိကာ
Tokyo1 အသင်းမှ Hertha Berlin လူငယ်အသင်းအား ပထမပိုင်းတွင် ၁ဂိုးစတင် အသွင်းခံရပြီးမှ ၃ဂိုးပြန်လည် သွင်းယူကာ ၃ဂိုး ၁ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။


ထို့အတွက်ကြောင့် ဗိုလ်လုပွဲတွင် တဘက်စီတွင် မြန်မာနိုင်ငံသား ဂိုးသမား တဦးစီပါဝင်သည့် ဂျပန်ကိုယ်စားပြု တိုကျိုလူငယ် အသင်း ၂သင်း ပြန်လည်ဆုံတွေ့ခဲ့ကြပြီး Tokyo1 အသင်းမှ Tokyo2 အသင်းအား ၃-၁ဖြင့် အနိုင်ရရှိကာ ဂျပန်လူငယ်အသင်းများ ချန်ပီယံဆုကို ရရှိခဲ့သည်။
ဂျပန်ကိုယ်စားပြု တိုကျိုလက်ရွေးစင်း အသင်းအနေဖြင့် ၂သင်းစလုံး ဗိုလ်လုပွဲတွင် ပြန်လည်တွေ့ဆုံ အနိုင်ရခြင်းသည်လည်း ပထမဦးဆုံးအကြိမ် ဖြစ်သည်ဟုလည်း သိရှိရသည်..။ ယခုဘာလင် ပြိုင်ပွဲတွင် ယှဉ်ပြိုင်ကစားချိန်အတွင်း ဂျပန်အသင်း တာဝန်ရှိသူများနှင့် နည်းပြများမှ နည်းစံနစ် ရေးရာများ၊ စိတ်ဓာတ်ရေးရာများ အားပေးမှုပြုခဲ့ကာ ဂျပန်လူငယ် အသင်း(၂)သင်းစလုံး အနိုင်ရရှိမည်ဟူသော ရည်ရွယ်ချက်ဖြင့် အနိုင်မခံ အရှုံး မပေးစိတ်ဓာတ်အား ပြိုင်ပွဲမစမှီကပင် ပန်းတိုင်အား လမ်းညွှန်ပေးခဲ့သည်။

ဂျပန်နိုင်ငံတွင် မွေးဖွားပြီး ဂျပန်နိုင်ငံ ကိုယ်စားပြု တိုကျိုလူငယ် အသင်းတွင်ပါဝင်သည့် မြန်မာ့ဂုဏ်ဆောင်နေကြသည့် မြန်မာနိုင်ငံသား (၂)ဦးမှာ မြန်မာနိုင်ငံသားများ ဖြစ်သော်လည်း မြန်မာပတ်စ်ပို့များ လက်ဝယ်မရှိသဖြင့် ဂျပန်နိုင်ငံမှ ထုတ်ပေးသည့် ယာယီခရီးသွားခွင့် စာအုပ်ဖြင့်သာ အဆိုပါပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရခြင်းဖြစ်သည်။ ပြည်ပရောက် အနာဂတ် မျိုးဆက်သစ် မြန်မာ့ဘောလုံးအသင်း အတွက် အဆိုပါ ဂျပန်နိုင်ငံသား ခံယူထားခြင်း မရှိသည့် မြန်မာ လူငယ်(၂)ဦးအား မြန်မာသံရုံးအနေဖြင့် တဘက်တလမ်းမှ အးပေး ကူညီလုပ်ဆောင် ပေးလျှင်ကောင်းလေစွဟု ထင်မြင်ယူဆမိသည်..။

ယခု အသက် (၁၂)နှစ်အောက် လူငယ်အသင်းတွင် Goal Keeper များအဖြင့် ပါဝင်ကစားခဲ့ကြသည့် မြန်မာလူငယ်နှစ်ဦး၏ ဖခင်ဖြစ်သူများမှာ ယခင် မြန်မာ့ ဘောလီဘော လက်ရွေးစဉ်နှင့် မြန်မာ့တင်းနစ် လက်ရွေးစင် အားကစားသမားများ အဖြစ် နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသူများ ဖြစ်သည်။
ကျောနံပါတ် (၁)မောင်ကောင်းဇံမရ၏ ဖခင်ဖြစ်သူ (ရခိုင်တိုင်းရင်းသား) ဦးမြတ်သူမှာ (၁၉၉၁ခုနှစ်မှ ၁၉၉၇)ခုနှစ်အထိ မြန်မာ့လက်ရွေးစဉ် ဘောလီဘော အားကစားသမား တဦးအဖြစ်ပါဝင်ခဲ့ပြီး၊ (ရှမ်းတိုင်းရင်းသူ) မိခင်မှ မွေးဖွားသည့် ကျောနံပါတ် (၂၂) မောင်သက်ရင်မျိုး၏ ဖခင်ဖြစ်သူ ဦးသက်လွင်မှာ မြန်မာ့တင်းနစ် လက်ရွေးစင် ချန်ပီယံအဖြစ် (၁၉၈၀မှ ၁၉၈၉) အထိ နိုင်ငံ့ဂုဏ် ဆောင်ခဲ့ကြသည်။

လာမည့် သြဂုတ်လ ၂၅ရက်နေ့မှ ၃၁ရက်နေ့အထိ ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျင်းပမည့် ဂျာမဏီ၊ ဘရာဇီး၊ အာဂျင်တီးနား အစရှိသည့် နာမည်ကြီး အသင်းများပါင်သည့် အသက် ၁၂နှစ်အောက် World Challenge ဘောလုံးပြိုင်ပွဲအတွက်လည်း မောင်ကောင်းဇံမရ (Goal Keeper) အဖြစ် ထပ်မံအရွေးချယ် ခံရကြောင်း သိရှိရသည်။
တိုကျိုမြို့မှ သွားရောက် အားပေးလိုသည့် ဂျပန်ရောက် မြန်မာနိုင်ငံသားများအတွက် အချိန်နှင့် နေရာ ထပ်မံဖော်ပြပါမည်...။

သတင်း ဒီမိုဝေယံ

ဆက်သွယ် မေးမြန်းလိုလျှင်
ဦးမြတ်သူ- မောင်ကောင်းဇံမရ ဖခင် 81+90-5521-3941 (Viber available)
ဦးသက်လွင်- မောင်သက်ရင်မျိုး ဖခင် 81+80-5176-2421