ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

U-12 Junior Soccer World Challenge 2014 ပြိုင်ပွဲဝင် မြန်မာနိုင်ငံသား မောင်ကောင်းဇံမရ ပါဝင်တဲ့ Tokyo U-12 လက်ရွေးစဉ်အသင်း ကွာတားဖိုင်နယ် တက်ရောက်...


U-12 Junior Soccer World Challenge 2014 ပြိုင်ပွဲဝင် မြန်မာနိုင်ငံသား မောင်ကောင်းဇံမရ ပါဝင်တဲ့ Tokyo U-12 လက်ရွေးစဉ်အသင်း ကွာတားဖိုင်နယ် တက်ရောက်...

သြဂုတ်လ (၂၈)ရက်နေ့က စတင် ကျင်းပတဲ့ U-12 Junior Soccer World Challenge 2014 ပြိုင်ပွဲတွင် မြန်မာနိုင်ငံသား မောင်ကောင်းဇံမရ ပါဝင်တဲ့ Tokyo U-12 လက်ရွေးစဉ်အသင်းဟာ အုပ်စု ဒုတိယ နေရာနဲ့ ကွာတားဖိုင်နယ်သို့ တက်ရောက်... သွားပြီ ဖြစ်ပါတယ်..။

Tokyo U-12 အသင်းဟာ တိုကျို ဧရိယာအတွင်း U-12 လူငယ်အသင်းပေါင်း ၇၅၀ အတွင်းမှ လက်ရွေးစဉ် လူငယ် ၁၉ဦးအား ရွေးချယ်ပြီး ယခုပြိုင်သို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ပြီး ဘာလင်ပြိုင်ပွဲပြန် မောင်ကောင်းဇံမရသည် လက်ရွေးစဉ် ဂိုးသမားအဖြစ် ထပ်မံအရွေးခံရခြင်း ဖြစ်သည်။ မနေ့က နာမည်ကြီး ကလပ် အသင်းများဖြစ်သည့် Yokohama F.Marinos အသင်းအား ၃ဂိုး ၁ဂိုးဖြင့် လည်းကောင်း ,ယနေ့ မနက်ပိုင်းက Kawasaki Frontel အသင်းအား ၂ဂိုး ဂိုးမရှိဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ပြီး ယနေ့ နေ့လည်ပိုင်းတွင် Kashiwa Reysol အသင်းနှင့် ကစားသည့်ပွဲ၌ ၂ဂိုး ၁ဂိုးဖြင့် ရှုံးနိမ့်ကာ အုပ်စု ဒုတိယဖြင့် ကွာတားဖိုင်နယ်သို့ တက်ရောက်ခဲ့သည်။ အဆိုပါ(အုပ်စု ဒုတိယဖြင့် တက်ရောက်ခဲ့သည့် အတွက် တဖက်မှ ကွာတားဖိုင်နယ် တက်ရောက်လာသည့် အသင်းမှ နာမည်ကျော် အေစီမီလန် အသင်းနှင့် ထပ်တိုက် တွေ့ဆုံမည့် အခြေအနေအား ရှောင်လွှဲ နိုင်ခဲ့သည်)

မနက်ဖြန်မှာတော့ တိုက်တိုက်ဆိုင်ဆိုင် မြန်မာနိုင်ငံသား မောင်ကောင်းဇံမရအား ၃နှစ် စာချုပ်ချုပ် ခေါ်ယူထားသည့် လေ့ကျင်ဖော် လေ့ကျင်ဖက် Group D ပထမနေရာမှ နာမည်ကျော် Tokyo Verdy Junior အသင်းနှင့် ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။

မြန်မာနိုင်ငံသား မောင်ကောင်းဇံမရအား ဂျပန် နာမည်ကျော် ကလပ် အသင်းများဖြစ်သည့် Yokohama F.Marinos,Tokyo Verdy , Tokyo FC အသင်းများမှ စိတ်ဝင်စားကာ အပြိုင်အဆိုင် ခေါ်ယူခဲ့ကြသော်လည်း လက်ရှိကစားနေသည့် Tokyo Buddy အသင်းမှ တခြား အသင်းများ၌ ဝင်ရောက်ကစားခွင့် ခွင့်မပြုသည့် အတွက် Tokyo Buddy အသင်းနဲ့ ဆက်စပ်နေသည့် Tokyo Verdy အသင်းတွင် ၃နှစ် စာချုပ်ဖြင့် ဝင်ရောက်ကစားရန် စာချုပ်ချုပ်ဆိုခဲ့သည်။ မောင်ကောင်းဇံမရသည် အားထားရသည့် ဂိုးသမားတဦးအဖြစ်သာမကပဲ ကစားဖော်များအား Command ပေးနိုင်သည့် အတွက် ရွေးချယ်ခြင်း ဖြစ်ကြောင်း ၎င်းအသင်း နည်းပြထံမှ သိရှိရသည်။

ပြီးခဲ့တဲ့ သြဂုတ်လဆန်းပိုင်းက မြန်မာလူငယ် မောင်ကောင်းဇံမရနှင့် မောင်သက်မျိုးရင်တို့ပါဝင်သည့် ဂျပန်နိုင်ငံကိုယ်စားပြု U-12 တိုကျိုလက်ရွေးစင် အသင်းသည် အိမ်ရှင် နာမည်ကျော် ဂျာမာန် Hertha Berlinအသင်းနှင့် Berlin အသင်းများအား ဆီးမီးဖိုင်နယ်တွင် အနိုင်ရ ကျော်ဖြတ်ကာ အနိုင်ရ ဗိုလ်စွဲခဲ့သည်။

ဂျပန်နိုင်ငံတွင် မွေးဖွားပြီး မြန်မာနိုင်ငံကူး လက်မှတ် လက်ဝယ်ရရှိ ကိုင်ဆောင်နိုင်ခြင်း မရှိသေးသည့် မြန်မာလူငယ်နှစ်ဦးသည် ဂျပန်လက်ရွေးစင် အသင်းများ၌ ဝင်ရောက် ယှဉ်ပြိုင်ကစားခွင့် ရရှိခဲ့သည်။ ၎င်းလူငယ် နှစ်ဦးစလုံးသည် နောင်တချိန် မြန်မာ့လက်ရွေးစင် အသင်းတွင် ဝင်ရောက်ကစား လိုကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။

နှစ်စဉ် နှစ်တိုင်း ဖိတ်ခေါ်ပြုလုပ်သည့် U-12 Junior Soccer World Challenge ပြိုင်ပွဲသို့ ဥရောပမှ အေစီမီလန်၊ ဘာစီလိုနား၊ လီဗာပူး စသည့် နာမည်ကျော် အသင်းများ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၃ခုနှစ်က ဘာစီလိုနား အသင်းက အနိုင်ရဗိုလ်စွဲခဲ့သည်။ ယခုနှစ်၌ အရှေ့တောင် အာရှမှ အင်ဒိုနီးရှား လူငယ် အသင်းဖြစ်သည့် ASIOP APACINTI အသင်းဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး အသင်းဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး နာမည်ကျော် အသင်းများအား  ရှုံးနိမ့်ခဲ့သော်လည်း မျိုးဆက်သစ် လူငယ်များ အတွေ့အကြုံ ရရှိစေရန် ဝင်ရောက် ယှဉ်ပြိုင်ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံမှ မျိုးဆက်သစ် လူငယ်များ အနေဖြင့်လည်း ဝင်ရောက်ယှဉ်ပြိုင်ကာ နိုင်ငံတကာမှ လူငယ်များနှင့် အတူ ပြိုင်ပွဲဝင် အတွေ့အကြုံ ရယူကာ ယှဉ်ပြိုင်သင့်သည်ဟု ထင်မြင် ယူဆမိသည်။ ထူးခြားသည်မှာ ယခုနှစ် U-12 Junior Soccer World Challenge ပြိုင်ပွဲတွင် ဂျပန် SUWA FOOTBALL CLUB PRIMARY အသင်း၌ ယောကျာင်္းလေးများနှင့် ယှဉ်ဘောင်တန်းကာ ဂျပန် လူငယ်မိန်းကလေး (၃)ဦး ဘတပြန်၊ မတပြန် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

U-12 Junior Soccer World Challenge 2014 ပြိုင်ပွဲတွင် မောင်ကောင်းဇံမရသည် Tokyo U-12 လက်ရွေးစင် အသင်းတွင် မြန်မာနိုင်ငံသား တဦးအနေဖြင့် ပထမဦးဆုံး ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိခြင်းဖြစ်သည်။

.. မောင်ကောင်းဇံမရ၏ ဖခင်ရခိုင် အမျိုးသားဖြစ်သူ ဦးမြတ်သူမှာလည်း ၁၉၉၀ပြည့်နှစ်များက မြန်မာ့ ဘောလီဘော လက်ရွေးစဉ်ဟောင်း တဦးဖြစ်ခဲ့သည်။

ဒီမိုဝေယံ

ဆက်သွယ်မေးမြန်း လိုလျှင်..
ဦးမြတ်သူ- မောင်ကောင်းဇံမရ ဖခင် ( မြန်မာ့ ဘောလီဘော လက်ရွေးစဉ်ဟောင်း)
( 81+90-5521-3941) (Viber available)