ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မနက်ဖြန်ကျင်းပမယ့် U-12 Junior Soccer World Challenge 2014 ပြိုင်ပွဲမှာ Tokyo U-12 လက်ရွေးစဉ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ကစားမယ့် မြန်မာနိုင်ငံသား မောင်ကောင်းဇံမရ..


မနက်ဖြန်ကျင်းပမယ့် U-12 Junior Soccer World Challenge 2014 ပြိုင်ပွဲမှာ Tokyo U-12 လက်ရွေးစဉ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ကစားမယ့် မြန်မာနိုင်ငံသား မောင်ကောင်းဇံမရ..

မနက်ဖြန်သြဂုတ်လ (၂၈)ရက်နေ့ တိုကျိုမှာကျင်းပမယ့် U-12 Junior Soccer World Challenge 2014 ပြိုင်ပွဲမှာ တိုကျိုလက်ရွေးစင် အသင်းရဲ့ ကျောနံပါတ် (၂၂) ဂိုးသမား အဖြစ် မြန်မာနိုင်ငံသား မောင်ကောင်းဇံမရမှာ ပါဝင်ကစားခွင့် ရမှာ ဖြစ်ပါတယ်..။
..နှစ်စဉ် နိုင်ငံတကာက အသင်းကြီးတွေ ဖြစ်တဲ့ ဘာစီလိုနား၊ အေစီမီလန် စတဲ့ အသင်းကြီးတွေနဲ့ အတူ ဂျပန်နိုင်ငံနာမည်ကြီး ကလပ် အသင်းများ အပါအဝင် အသင်းပေါင်း (၁၆)သင်း ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်..။

... ပြီးခဲ့တဲ့ သြဂုတ်လ(၂၀)ရက်နေ့က ကျင်းပတဲ့ Japan Nationwide Grass Soccer Tournament ဂျပန်နိုင်ငံတဝှမ်း လူငယ်ဘောလုံး ပြိုင်ပွဲမှာလည်း မောင်ကောင်းဇံမရ ပါဝင်တဲ့ Tokyo Buddy Club အသင်းဟာ ပြိုင်ပွဲဝင် အသင်းများကို အနိုင်ရရှိကာ ဗိုလ်စွဲခဲ့သလို နာမည်ကျော် Asahi Shinbun သတင်းစာမှာလည်း တဘက်ဘောလုံးအသင်းမှ တိုက်စစ်ဆင် သွင်းယူတဲ့ ဂိုးကို မောင်ကောင်းဇံမရ မှကာကွယ်လိုက်ပြီး တလုံးတည်းသော အနိုင်ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲသွားကြောင်း ဖော်ပြပါရှိပါတယ်..။

...ဂျာမဏီနိုင်ငံ ဘာလင်မြို့မှာ ပြီးခဲ့တဲ့ သြဂုတ်လ (၃)ရက်နေ့မှ (၆)ရက်နေ့အထိ ကျင်းပ ပြုလုပ်တဲ့ U-12 Berlin International ဖိတ်ခေါ်ပြိုင်ပွဲမှာလည်း မြန်မာနိုင်ငံသား နှစ်ဦးဖြစ်သည့် မောင်ကောင်းဇံမရနှင့် မောင်သက်မျိုးရင်တို့ပါဝင်သည့် တိုကျိုလက်ရွေးစဉ် အသင်းမှ အနိုင်ရဗိုလ်စွဲခဲ့ပါတယ်..။

...ဒီမိုဝေယံ

မနက်ဖြန် ကျင်းပမယ့် U-12 Junior Soccer World Challenge 2014 ပြိုင်ပွဲကို သွားရောက် အားပေးလိုလျှင်တော့ Shinjuku ဘူတာမှ Keiōsenနဲ့ ၁၈မိနစ်ခန့်စီးပြီး Tobitakyū-ekiမှ ၅မိနစ်ခန့် လမ်းလျှောက်ရပါမယ်။ Verdy ground Stadium Tokyo Verdy Club House Main Gate ကနေဝင်ရောက်ပြီး အခမဲ့ ကြည့်ရှုနိုင်ပါတယ်..။

မနက်ဖြန်
(၂၈)ရက်နေ့ နေ့လည် ၁၂း၀၀မှာ Yokohama F.Marinos အသင်းနဲ့ Tokyo U-12 အသင်း၊
(၂၉)ရက်နေ့ နေ့လည် ၁၄းဝဝမှာ Rysol အသင်းနဲ့ Tokyo U-12 အသင်း၊ တို့ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်..။

ဆက်သွယ်ရန်
ဦးမြတ်သူ- မောင်ကောင်းဇံမရ ဖခင် (မြန်မာ့ ဘောလီဘော လက်ရွေးစဉ်ဟောင်း)
( 81+90-5521-3941) (Viber available)