ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ခွင့်မပေးနိုင်ဟု ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း နှင့် ဒုတိယအကြိမ် တွေ့ဆုံရာတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ထပ်မံ ပြောဆို လိုက်သည်။ယနေ့ နံနက်ပိုင်း တွေ့ဆုံကြရာတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ထိုသို့ ငြင်းဆိုလိုက်သဖြင့် “အလွန့်အလွန် စိတ်ပျက်မိပါသည်” ဟု ဘန်ကီမွန်းက သတင်းထောက်များကို ပြောပြသည်။ (Reuters photo)ယနေ့အင်းစိန် တရားရုံး ဒေါ်အောင်ဆန်းစုကြည်ရဲ့  အမှုကြားနာစစ်ဆေးမှု မပြုလုပ်ဖြစ်ကြောင်း သိရှိရပြီး လာမည့် ၁၀ရက်နေ့သို့ ရက်ချိန်း ပေးပါတယ်။ ၂ဘက်ရှေ့နေ သက်သေတွေ အားလုံးစုံညီစွာ ရောက်ရှိပါသော်လည်း အမှုကို မစစ်ဆေးဖြစ်ပါ။ တရားရုံးရဲ့ အကြောင်းပြချက် ကတော့ ဗဟိုတရားရုံးက အမှုဖိုင်တွဲ ရောက်မလာ လို့ပါတဲ့။ ဗဟိုတရားရုံးက ရန်ကုန်မြို့တွင်းမှာရှိပြီး အင်းစိန်တရားရုံးကတော့ မြို့ပြင်မှာရှိပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအမျိုးသမီးအဖွဲ့က ခေါင်းဆောင်တွေဖြစ်တဲ့ ဒေါက်တာ ဒေါ်မေဝင်းမြင့်နဲ့ ဒေါ်အေးအေးမာ တို့ရဲ့နေအိမ်တွေကို ရဲသတင်းတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။ မရမ်းကုန်းမြို့နယ်က ဒေါက်တာဒေါ်မေဝင်းမြင့်ရဲ့ နေအိမ်ကို ည ၁၂ ခန့်မှာဝင်ရောက်ရှာဖွေပြီး စာရွက်စာတမ်းများကို သိမ်းဆည်း သွားတယ်လို့ ကြားသိရပါတယ်။ လမ်းမတော်မြို့နယ်က ဒေါ်အေးအေးမာ ရဲ့နေအိမ်ကိုလည်း ဝင်ရောက် ရှာဖွေခြင်းခံရပြီး ဒေါ်အောင်ဆန်းစုကြည် အထိမ်းအမှတ် ပစ္စည်း၊ဓာတ်ပုံတွေ သိမ်းဆည်းခံရပြီး ရဲစခန်းကို ခေါ်ဆောင် သွားခဲ့ပါတယ်။မနက် ၉နာရီမှာ ပြန်လွှတ်ပေး လိုက်တယ်လို့ သိရှိရပါတယ်။.....။
ဒီကနေ့ မနက် ၁၁နာရီမှာ အင်းစိန်တရားရုံးမှာ ဒေါ်စုရုံးချိန်း ရှိတဲ့ အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေ သွားရောက်ခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေ ဖြစ်တဲ့ ဒေါ်စန်းနွဲ့ (သာကေတမြို့နယ်) နဲ့ ဒေါ်တင်တင်ဝင်း (စမ်းချောင်းမြို့နယ်) တို့ ၂ဦးနှင်းဆီပန်း များယူဆောင် သွားခဲ့ကြောင်း၊ သက်ဆိုင်ရာ ရဲလုံခြုံရေးများက နှင်းဆီပန်းဝေမည် ထင်ပြီး ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း ညနေမှာ ပြန်လည် လွှတ်ပေးလိုက်ကြောင်း ကြားသိရပါတယ်။....။
သတင်း။....။ဒီမိုဝေယံ....

ယနေ့ ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေများတွေခွင့်ရ။....။
ယနေ့နေလည် ၁နာရီမှ ၃နာရီထိ ၂နာရီကြာ ဒေါ်အောင်ဆန်းစုကြည် နှင့် တွေဆုံခွင့်ရခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောပါတယ်။" အန်ကယ်တို့ ဒီကနေ့ နေ့လည် ၁နာရီမှ ၃နာရီထိ ၂နာရီကြာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရရှိခဲ့ပါတယ် အဓိက အမှုကိစ္စ အပြင် ကုလသမဂ္ဂ အထွေထွေအတွင်းရးမှုးချုပ် မစ္စတာဘန်ကီမွန်း လာရောက်မည့် ကိစ္စနဲ့တခြား အကြောင်းအရာ တွေကို ဆွေးနွေး ဖြစ်ခဲ့ကြပါတယ်"ဟုဒေါ်အောင်ဆန်းစုကြည်၏ ဥပဒေ အကျိုးဆောင် ရှေ့နေကြီး ဦးဥာဏ်ဝင်းက ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်၏ အမှာစကားများ။.....။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် မစ္စတာဘန်ကီမွန်း ပြောဆိုတဲ့ အချက် သုံးချက်ဖြစ်တဲ့ဲ့ ......
၁။...ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးရေး။ ၂။... အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အစိုးရနဲ့ အတိုက်အခံတွေကြား တွေ့ဆုံဆွေးနွေးရေး ။ ၃။...၂၀၁၀မှာကျင်းပမယ့် ရွေးကောက်ပွဲကို လူအများလက်ခံ ယုံကြည်ပြီး နည်းမှန်လမ်းမှန် အနေအထားမှာ ကျင်းပနိုင်အောင် ဆောင်ရွက် ရေး။"ဆိုတဲ့ အချက် ၃ချက် အပေါ်ဒေါ်အောင်ဆန်းစုကြည် မှ ဆွေးနွေးသင့် ဆွေးနွေးထိုက်တဲ့ အချက်တွေ ဖြစ်ကြောင်း ထောက်ခံပြောဆိုလိုက်ပါတယ်။....။

ရဲချုပ်ခင်ရီရဲ့ သတင်းစာ ရှင်းလင်းပွဲ အပေါ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ချေပပြောဆိုချက် ။....။
ဒေါ်အောင်ဆန်းစုကြည် သတင်းစာဖတ်ခွင့် ရပြီဖြစ်ပါတယ်။ ရဲချုပ်ခင်ရီရဲ့ သတင်းစာရှင်းလင်းပွဲနဲ့ ပတ်သတ်ပြီး ဒေါ်စုမှ သတင်းစာရှင်းလင်းပွဲနဲ့ ပတ်သတ်ပြီး အချက်အလက်တွေ မမှန်ကန်ကြောင်း ပြောဆိုလိုက်ပါတယ်။ ရဲချုပ်ခင်ရီရဲ့ပြောဆိုချက်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေး အဖွဲ့တွေနဲ့ ပူးပေါင်း ဆောင်ရွက်မှု မရှိဘူးဆိုတဲ့ ပြောဆိုချက်နဲ့ ပတ်သတ်ပြီး ချေပပြောဆိုရာမှာ ပထမတကြိမ် မစ္စတာယက်တော ခြံထဲ ဝင်ရောက် လာတာနဲ့ ပတ်သတ်ပြီး ဒေါက်တာတင်မျိုးဝင်းမှ တဆင့် လုံခြုံရေး တာဝန်ရှိတဲ့ ရဲသတင်း တပ်ဖွဲ့ကို အကြောင်း ကြားခဲ့ကြောင်း ထိုကိစ္စနဲ့ ပတ်သတ်ပြီး သက်ဆိုင်ရာမှ ဒေါ်စုအား တခါမှ စုံစမ်းခြင်း၊ မေးမြန်းခြင်း ၊မရှိခဲ့သလို အတူနေ ဒေါ်ခင်ခင်ဝင်း ၊ ဒေါ်ဝင်းမမ တို့အားလည်း မေးမြန်း၊ စုံစမ်းခြင်း၊ မရှိကြောင်း ပြောဆိုလိုက်ပါတယ် ။ အချက်အလက်တွေ ဟာမမှန်ကန်ကြောင်း ပြောဆိုတယ် လို့ကြားသိရပါတယ်။...။
မစ္စတာဘန်ကီမွန်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရမရ မသေချာသေး ။....။
ယနေ့ ဒေါ်အောင်ဆန်းစုကြည်မှ မစ္စတာဘန်ကီမွန်းနှင့် တွေ့ဆုံခွင့် ပေးမပေး မသိရသေးကြောင်း ၊လာရောက်ဆက်သွယ် ပြောကြားတာ မရှိသေးကြောင်း ပြောဆိုတယ်လို့ သိရှိရပါတယ်။...။
ဂျပန်လွှတ်တော်များ သမဂ္ဂမှ ပေးအပ်တဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးဆု ပေးအပ်ချီးမြှင့်တဲ့အပေါ် ကျေးဇူးတင်ကြောင်း ပြောဆို ။...။
ယနေ့ ဒေါ်အောင်ဆန်းစုကြည်မှ ဂျပန်လွှတ်တော်များ သမဂ္ဂက ပေးအပ်တဲ့ ဒီမိုကရေစီနဲ့ ငြိမ်ချမ်းရေးဆု ပေးအပ်တဲ့ အပေါ် ဝမ်းသာ ကျေးဇူးတင် ပါကြောင်းနဲ့ ဂျပန်နိုင်ငံရဲ့ဒေါ်စုအတွက် ပထမဦးဆုံး ဆုတံဆိပ် လို့ထင်ပါကြောင်း ပြောဆိုတယ်လို့ ရှေ့နေကြီး ဦးဥာဏ်ဝင်းမှဆိုပါတယ်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် CEC လေးဦး ယနေ့ နေပြည်တော်သို့ သွားရောက်။...။
မနက်ဖြန်မှာ ရောက်ရှိမယ့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်မစ္စတာဘန်ကီမွန်းနဲ့ တွေ့ဆုံဖို့ သက်ဆိုင်ရာက ဖိတ်ကြားတဲ့ အတွက်ကြောင့် ယနေ့နေ့လည်က နေပြည်တော်သို့ သွားရောက်နေပြီ ဖြစ်ကြောင်း သိရှိရပါတယ် ။ NLD CEC လေးဦး ကတော့ ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးညွန့်ဝေ နဲ့ ဦးစိုးမြင့် တို့ဖြစ်တယ်လို့ သိရပါတယ်။တခြားနိုင်ငံရေးပါတီ ၉ခုကိုလည်း ဖိတ်ကြား ထားတယ်လို့ ကြားသိရပါတယ်။...။
သတင်း။....။ဒီမိုဝေယံ ၊မေးမြန်းဆက်သွယ်ချက် ။...။
ယနေ့ ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများက ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် မစ္စတာဘန်ကီမွန်း ဂျပန်နိုင်ငံ၌ ရောက်ရှိနေချိန် အတွင်း ဂျပန်နိုင်ငံခြားရေးရုံးရှေ့၌ သွားရောက်ဆန္ဒပြ တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြပါတယ်။ အဆိုပါ ဆန္ဒ္ဒပြ တောင်းဆိုပွဲသို့ ဂျပန်နိုင်ငံရောက် မြန်မာဒီမိုစီ အရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းစည်း အသီးသီးမှ အင်အား၁၀၀ကျော်ခန့် တက်ရောက်ခဲ့ကြပါတယ်။
သတင်း ၊ ဓာတ်ပုံ။....။ဒီမိုဝေယံ။စိုးအောင်ဝင်း NLD (LA)JB
SSS.shwe Mann Trip Photos
မသူတော်ချင်း သတင်းလွေ့....
အာသေဝနာစ ဗာလာနံ.....
ပေးပို့လာသူ ကိုစိုးနိုင်အား ကျေးဇူးတင်ပါသည်။..။
မသူတော်ချင်း သတင်းလွေ့....
အာသေဝနာစ ဗာလာနံ.....
ပေးပို့လာသူ ကိုစိုးနိုင်အား ကျေးဇူးတင်ပါသည်။..။
SSS.shwe Mann Trip to N Korea &Amp; China
ပေါက်စီရဲ့ မျောက်ပြည်ခရီး......
MAIL ထဲသို့ ပေးပို့လာတဲ့ ကိုစိုးနိုင်အား ကျေးဇူးတင်ပါသည်။....။
ပေါက်စီရဲ့ မျောက်ပြည်ခရီး......
MAIL ထဲသို့ ပေးပို့လာတဲ့ ကိုစိုးနိုင်အား ကျေးဇူးတင်ပါသည်။....။
Subscribe to:
Posts (Atom)