ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဂျပန်နိုင်ငံ စစ်အခွန်ရုံးရှေ့မှာ ပြုလုပ်တဲ့ (၆၅)နှစ်မြောက်တော်လှန်ရေးနေ့ အခမ်းအနားနှင့် ၂၀၁၀ စစ်အုပ်စုရွေးကောက်ပွဲ ဆန့်ကျင်ဆန္ဒပြပွဲ အခမ်းအနား...


၆၅နှစ်မြောက် တော်လှန်ရေးနေ့ အထိမ်းအမှတ် ဗိုလ်ချုပ်ကျော်ဇော၊ ဗိုလ်ချုပ်ကြီးသူရတင်ဦး အသံဖိုင်...



၆၅နှစ်မြောက် တော်လှန်ရေးနေ့ အထိမ်းအမှတ် ဗိုလ်ချုပ်ကျောဇော၊ ဗိုလ်ချုပ်ကြီးသူရတင်ဦး တို့နဲ့ VOAမှ ဆက်သွယ်မေးမြန်းချက်အသံဖိုင်ပါ...

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (၆၅)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားဓာတ်ပုံမှတ်တမ်း...





ဓာတ်ပုံများ ကိုသန့်ဇင်ဦး၊ ကိုရွှေနန္ဒ...

ကြပ်ပြေးမှာ နောက်ဆုံးကျင်းပတဲ့ (၆၅)နှစ်မြောက် တော်လှန်ရေးနေ့ အခမ်းအနား

Burma Update - 65th Anniversary of Revolution Day in Nay Pyi Taw - 27 March 2010
ပေးပို့လာသူ ကိုစိုင်းအားကျေးဇူးတင်ပါသည်။

ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲမှာ ပါဝင်ခွင့်မရှိလျှင် ဂျပန်အစိုးရမှ လူသားချင်းဆိုင်ရာ ထောက်ပံမှုများ လုံးဝရပ်ဆိုင်းဖို့ စဉ်းစားနေကြောင်းထုတ်ပြန်...


ဒီနှစ် မြန်မာနိုင်ငံမှာ ကျင်းပပြုလုပ်မဲ့ (၂၀၁၀)ရွေးကောက်ပွဲမှာ နေအိမ်အကျယ်ချုပ်ချခံထားခြင်းခံရသော ဒေါ်အောင်ဆန်းစုကြည်အား ပါဝင်ခွင့်မရအောင် ပြုလုပ်ထားခြင်းနှင့် ပတ်သတ်၍ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Okadaမှ မြန်မာနိုင်ငံအား လူသားချင်းဆိုင်ရာ အထောက်အပံ့များ၊ စီးပွားရေးဆိုင်ရာ ထောက်ပံ့ငွေများ ရပ်ဆိုင်းဖို့ စဉ်းစားနေတယ်လို့ ပြောဆိုလိုက်ပါတယ်။ မြန်မာစစ်အစိုးရမှ ဒီလ(၈)ရက်နေ့က ရွေးကောက်ပွဲဆိုင်ရာ ဥပဒေသစ်များကို ထုတ်ပြန်ခဲ့ပြီး ဒီဥပဒေထဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့်မရနိုင်တာ ဂျပန်အစိုးရမှ ထောက်ပြ ပြောဆိုနေပါတယ်။ ပါဝင်ခွင့်ရအောင် ပြန်လည် စဉ်းစားစေလိုကြောင်း ပြောဆိုလိုက်ပါတယ်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Okadaမှ (၂၆)ရက်နေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ (၂၀၁၀)ရွေးကောက်ပွဲမှာ ဦးဆောင်ပါဝင်နိုင်မှာ မဟုတ်ဘူးဆိုတာ သိတဲ့အတွက် တော်တော်လေး ၀မ်းနည်းကြောင်းပြောဆိုသွားခဲ့ပါတယ်။
တိုကျိုမြန်မာသံအမတ်ဦးလှမြင့်(ညာ.......ပုံ)
အဲဒီနေ့မှာဘဲ ဂျပန်နိုင်ငံရှိ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဦးလှမြင့်အား ၎င်းကိစ္စနှင့်ပတ်သတ်၍ ခေါ်ယူတွေ့ဆုံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားများ ပါဝင်ခွင့်မရှိလျှင် ဂျပန်အစိုးရမှ စီးပွားရေးဆိုင်ရာ ထောက်ပံ့ငွေများ ရပ်ဆိုင်းဖို့ စဉ်းစားနေတယ်လို့ ပြောဆိုလိုက်ပါတယ်။ မြန်မာသံအမတ်ဦးလှမင်းကလည်း ဂျပန်နိုင်ငံက ထောက်ပံ့မှုဖြတ်တောက်ဖို့ စဉ်းစားနေတဲ့ကိစ္စကို နအဖစစ်အစိုးရကို အကြောင်းပြန်လိုက်မှာ ဖြစ်ကြောင်းပြောဆိုတယ်လို့ သိရပါတယ်။


သတင်း ။ ။ ဒေါင်းမာန်ဟုန်

မျှဝေပေးပို့လာတဲ့ ကိုဒေါင်းမာန်ဟုန်အား ကျေးဇူးတင်ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)မှထုတ်ပြန်တဲ့ အဖွဲ့ချုပ်နဲ့ ပတ်သက်တဲ့ သဘောထား

NLD LA
ပေးပို့လာသူ မြတ်လေးငုံ....

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ အပြည်ပြည်ဆိုင်ရာသံဃာ့ အဖွဲ့ရုံးမှ အိတ်ဖွင့်ပေးစာ...


အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ချုပ်မှ မြန်မာပြည်သူများသို့ မေတ္တာရပ်ခံချက်

ဆရာတော် သံဃာတော်များရဲ့ ရွေးကောက်ပွဲ သဘောထား

ဒေါ်အောင်ဆန်းစုကြည်လက်ဆောင်နဲ့ ဝေဒပညာရှင်တစ်ဦးအမြင်...

မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး ABMA ဘလော့မှာ ဖော်ပြထားတဲ့ " ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံထွက်ဗူးသီးနဲ့ ၂၀၁၀ " ဆိုတဲ့... ဖော်ပြပါ.. သတင်းမှန်ကန်ကြောင်း ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရတဲ့နေ့က ဒေါ်အောင်ဆန်းစုကြည်က ခြံထဲမှာစိုက်တဲ့ ခြံထွက်ဗူးသီး၊ သရက်သီးနဲ့ ကဒက်ချဉ်တို့ကို ဗဟိုအမျိုး သမီးအဖွဲ့ဝင်များအတွက် လက်ဆောင် ပေးလိုက်ပါတယ်တဲ့... နောက် ဒေါ်အောင်ဆန်းစုကြည်က As Joke ဆိုပြီး ဗူးဆိုရင် ဖရုံ မသီးဘူး”ဆိုတဲ့ စကားကို ပြောလိုက်ပါသေးတယ်တဲ့ ဒါကြောင့် ဒီသတင်းဟာ မှန်ကန်ပါကြောင်း ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြန်လည် ပြောပြသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပေးလိုက်တဲ့ လက်ဆောင်နဲ့ ပတ်သတ်ပြီး မိတ်ဆွေ ဝေဒပညာရှင် တစ်ယောက်နဲ့ အမှတ်မထင် စကားစပ်မိရာမှာ ထိုဗေဒင်ပညာရှင် ယခုလို နိမိတ်ကောက်ပေးသွားပါတယ်... သူရဲ့ပြောစကား ကတော့ " ဆရာတို့ နိမိတ်ကောက်တဲ့ အမြင်မှာတော့ ဒေါ်အောင်ဆန်းစုကြည်က ရိုးရိုးတန်းတန်း ပေးလိုက်တာပါပဲ.. ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ ရိုးရိုးသာမာန် လူတစ်ယောက် မဟုတ်ပဲ ကမ္ဘာသိ လူထုခေါင်းဆောင်တစ်ယောက် ဆိုတော့ နိမိတ်တွေနဲ့ သက်ဆိုင်နေပါတယ်။

အသံထွက် ဗူး(ဘူး)ဆိုထဲက ငြင်းပယ်တဲ့ ဆန်ကျင်တဲ့ လက္ခဏာဆောင်တယ်။ အားလုံးဒီရွေးကောက်ပွဲကို ငြင်းပယ်ကြလိမ့်မယ်။ နောက် သရက်နဲ့ သန်းရွှေက ထပ်တူကျနေတယ်။ နောက် ကဒက်ချဉ်မှာ အသံထွက် ကဒက်(ကတတ်)ဆိုတာ မြန်မာစကားမှာ ကတက်ဆိုတာ ခွေးကတက် ဆိုတာရှိတယ်.. လှေကားအောက်ခြေ ဖိနပ်ချွတ်တဲ့ နေရာပေါ့ .. ချဉ်ဆိုတာက မုန်းတဲ့ အသွင်ဆောင်တယ်။ ဒါကြောင့် အားလုံးကိုခြုံလိုက်ရင် ဗိုလ်သန်းရွှေလုပ်မယ့် ဒီရွေးကောက်ပွဲဟာ အားလုံးရဲ့ ငြင်းပယ်မှုကိုခံရနိုင်ပြီး သူကိုယ်တိုင်လည်း အားလုံးရဲ့ချဉ်ဖတ်ဘဝကိုရောက်ပြီး လှေကားအောက် ခွေးကတက် ကို ရောက်မယ်။ တနည်းခွေးကျကျမယ်လို့ ဆရာတော့ အဲ့လိုပဲ နိမိတ်အဖြစ်မြင်တယ် ... ဆရာကတော့ အသံနဲ့သက်ဆိုင်တဲ့ အသံထွက် နိမိတ်အမြင်ကို ပြောပြတာပါလို့"
ပြောဆိုသွားပါတယ်။

ဒါကတော့ရင်နှီးတဲ့ ဝေဒပညာရှင်တစ်ယောက်ရဲ့ အမြင်ကိုတင်ပြလိုက်တာပါ။ အောက်မှာ မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး ABMA ရဲ့ " ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံထွက်ဗူးသီးနဲ့ ၂၀၁၀ "ကို ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
" ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံထွက်ဗူးသီးနဲ့ ၂၀၁၀ "

(၂၃-၃-၂၀၁၀) နေ့ နေ့လည်ပိုင်းကNLD ဗဟိုအလုပ်အမှုဆောင်လည်းဖြစ် အဖွဲ့ဝင်လည်းဖြစ်ပြီး NLD ရဲ့ပြောရေး ဆိုခွင့်ရှိသူလည်းဖြစ်တဲ့ ရှေ့နေကြီး ဦးဉာဏ်ဝင်းဟာ ရှေ့နေကြီး ဦးကြည်ဝင်းနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ဦးဉာဏ်ဝင်းတို့ဟာ ဒေါ်အောင်ဆန်းစုကြည်နှင့် (၃) နာရီခန့် တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး NLD ရုံးကို ညနေ(၄)နာရီကျော်မှာ ပြန်လည်ရောက်ရှိခဲ့ပါတယ်။ NLD ရုံးမှာ သတင်းထောက်အချို့နဲ့ တွေ့ဆုံပြီး ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားများကို ပြန်လည်ပြောကြားခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်က နအဖ ရဲ့ ရွေးကောက်ပွဲဥပဒေ၊နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေး ဥပဒေနှင့် ရွေး ကောက်ပွဲကော်မရှင် ဥပဒေများ အပေါ် ဝေဖန်ပြောကြားလိုက်ပြီး NLD ပါတီအနေနဲ့ ပါတီမှတ်ပုံတင်ရေး ရွေး ကောက်ပွဲဝင်ရေး ကိစ္စများရပ်အပေါ် (၂၉.၃.၂၀၁၀)နေ့မှာ ပြုလုပ်မယ့် ဗဟိုဦးစီးအစည်းအဝေးမှာ ဒီမိုကရေစီ နည်းကျကျ ဆုံးဖြတ်ကြဖို့ သဘောထားပေးခဲ့ပါသည်။ ထူးခြားတာကတော့ အဲဒီနေ့မှာပဲ… ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေကြီး ဦးဉာဏ်ဝင်းမှ တဆင့် ဗဟိုအမျိုး သမီးအဖွဲ့ဝင်များအတွက် သူမ၏ ခြံထွက် ဗူးသီးကြီးတလုံးကိုပါ ..... လက်ဆောင်ပေးလိုက်ခြင်းပင် ဖြစ်ပါသည်။ ဒီလို ပေးလိုက်ခြင်းအပေါ် ဗဟိုအမျိုးသမီးအဖွဲ့က “ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ဆောင်ဟာ “ဗူးဆိုရင် ဖရုံ မသီးဘူး”ဆို တဲ့ ရွေးကောက်ပွဲဥပဒေနဲ့ ပါတီမှတ်ပုံတင်ရေး ဥပဒေအပါအဝင် ကော်မရှင်ဥပဒေများကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်းနှင့် ၎င်း ရွေးကောက်ပွဲကိုလည်း မဝင်ဘူး၊ ပါတီကိုလည်း မှတ်ပုံမတင်ဘူးဆိုတာ ပြတ်ပြတ်သားသား ပဲ ပြောဆိုလိုက်တာပဲ” လို့ အဓိပ္ပါယ်ကောက်ယူကြပြီး အားလုံး ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြတယ်လို့ ခိုင်လုံတိကျ သော သတင်းရပ်ကွက်မှ ကြားသိရပါသည်။
ttp://allburmamonksalliance.com/
http://allburmamonksalliance.org/
မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး ABMA ဘလော့မှာ ဖော်ပြထားတဲ့ " ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံထွက်ဗူးသီးနဲ့ ၂၀၁၀ "

ပျက်ဖြစ် ကိုကျော်သူ....

KO KTလူဆိုသည်မှာ မွေးပြီးလျှင်သေကြမည်သာဖြစ်သည်။

သတ္တ၀ါမှန်သမျှ ဖြစ်လိုက်ပျက်လိုက် ဖြစ်တော့သည်။

ဒါကတော့ . . . တရားသဘောအရပင်။ သို့သော် ကျွန်ုပ်တို့၏ ပေးဆပ်မှုများကတော့ . . . ပျက်လိုက်ဖြစ်လိုက် (ပျက်ဖြစ်)ပင် ဖြစ်တော့သည်။

ဤတွင် . . . ကျွန်ုပ်တို့သည် တရားသဘောကို ဆန့်ကျင်ခြင်းမဟုတ်ပါ။

ကျွန်ုပ်တို့သည် ဗုဒ္ဓ၏ဟောကြားချက်ကို ဖီလာပြုခြင်းမဟုတ်ပါ။

ကျွန်ုပ်တို့သည် ဒိဋ္ဌိအယူစွဲများ မဟုတ်ပါ။

ကျွန်ုပ်တို့သည် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် စစ်စစ်များသာဖြစ်သည်။

မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာကို လက်ကိုင်ပြု၍ ကျင့်ကြံပွားများနေသူတို့သာ ဖြစ်သည်။

ထို့ကြောင့် ကျွန်ုပ်တို့သည် . . . ``ဖြစ်ပျက်´´လောကကြီးထဲတွင် ရပ်တည်နေကြရင်းနှင့် အများအတွက် အကျိုးရှိစေမည့်၊ အကျိုးပြုစေမည့် ကုသိုလ်ကောင်းမှုများကို လုပ်ကိုင်ရာ၌ ``ပျက်ဖြစ်´´ လုပ်ငန်း၊ လမ်းစဉ်တို့ကို ကျင့်သုံးမိတော့သည်။

အကြောင်းရင်းကို ရှင်းပြရသော် . . . ကျွန်ုတို့၏ လူမှုရေးအသင်းဖြစ်သော နာရေးကူ ညီမှုအသင်း (ရန်ကုန်)၏ လုပ်ငန်းစဉ်များတွင် သေဆုံး (ဘ၀ပြောင်း)သွားသူတို့၏ ရုပ်ကလာပ် များကို သင်္ဂြုလ်ပေးခြင်းတို့သည် ဖြစ်ပျက်ကို ရှုခြင်းပင်ဖြစ်သည်။ မွေးလာလျှင် သေဆုံးဖို့ ခြေလှမ်းခြင်းပင်ဖြစ်သည်။ ဘယ်နေ့သေမည်၊ ဘယ်အချိန်သေမည်၊ ဘယ်နေရာတွင် သေမည် ကိုတော့မသိနိုင်။ သို့သော် . . . သုခကုသိုလ်ဖြစ်ဆေးခန်း၏ လုပ်ဆောင်ချက်၊ ပေးဆပ်မှုများ သည်ကား ပျက်ဖြစ်ပင်ဖြစ်တော့သည်။

အဘယ့်ကြောင့်ဆိုသော် . . . လူဆိုသော သတ္တ၀ါတို့သည် မွေးဖွားခြင်း (ပဋိသန္ဓေနေခြင်း) နှင့် ခန္ဓာအိမ်မှ ထွက်ခွာမှု (သေဆုံးခြင်း) ဆိုသည့် ကြားကာလတွင် စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှား သံသရာလည်ပတ်နေကြသည်။ ထိုသံသရာစက်ဝိုင်းအတွင်း လည်ပတ်နေစဉ်ကာလ၌ အကြောင်းကြောင်းကြောင့် ခြေလက်ကျိုးပဲ့ခြင်း၊ အစာအိမ်ထိခိုက်ခြင်း၊ နှလုံးထိခိုက်ခြင်း၊ မျက်စိထိခိုက်ခြင်း စသဖြင့် ခန္ဓာကိုယ်၏ ဦးခေါင်းမှ ခြေဖ၀ါးအဆုံး ဖေါက်ပြန်/ ပျက်ဆီးဆုံးရှုံးခြင်းများကို အပျက်သဘောအားဖြင့် ကြုံတွေ့ကြရမည်ဖြစ်သည်။ သက်မဲ့ပစ္စည်းများဖြစ်သော နာရီ၊ ပန်ကာ၊ မော်တော်ယာဉ်၊ စက်ဘီးစသည်တို့လည်း ဖန်တီး/ ပြုပြင်ထိန်းသိမ်းခြင်းအားဖြင့် "ဖြစ်” ၍ သုံးစွဲ/ယိုယွင်းခြင်းအားဖြင့် “ပျက်”ခြင်း တို့ပင်ဖြစ်တော့သည်။ ယင်း သက်မဲ့ပစ္စည်းများ ချို့ယွင်း ပျက်စီးခဲ့ပါက လူသားတို့သည် ပြန်လည်ပြုပြင်သုံးစွဲကြသကဲ့သို့ လူသားတို့၏ ချို့ယွင်း ဖျက်ဆီးမှု တို့ကို မည်သူတို့က ပြန်လည်ပြုပြင်မွမ်းမံမှုများကို လုပ်မည်နည်း။
လူအချင်းချင်း စာနာစိတ်များထားရှိရန် ကျွန်ုတို့၏ တာဝန်ပင်ဖြစ်တော့သည်။
လူအချင်းချင်း မေတ္တာစိတ်များပွားများရန် ကျွန်ုတို့၏ တာဝန်ပင်ဖြစ်တော့သည်။
လူအချင်းချင်း ဂရုဏာစိတ်များထားရှိရန် ကျွန်ုတို့၏ တာဝန်ပင်ဖြစ်တော့သည်။

ဤတာဝန်၊ ၀တ္တရား၊ ခံယူချက်တို့ကို မည်သူတစ်ဦးတစ်ယောက်ကမှ လာရောက် ခိုင်းစေတာဝန်ပေးအပ်ခြင်းမဟ
ုတ်။ ကျွန်ုပ်တို့၏ လူပီသသော အသိဥာဏ်၊ လူပီသသော ခံယူ ချက်၊ လူပီသသောဝတ္တရားများသည် ဖြတ်သန်းလာခဲ့ရသောဘ၀ရဲ့ သင်ခန်းစာ၊ ဘ၀ရဲ့ အတွေ့အကြုံ၊ ဘ၀ရဲ့ နာကျည်းချက်၊ ဘ၀ရဲ့ဒဏ်ရာဒဏ်ချက်များနှင့် ပဏ္ဍိတဆရာသမားများ ၏ ဆုံးမမှုများကြောင့် ကျွန်ုပ်တို့ကိုယ် ကျွန်ုပ်တို့ ပြုပြင်ပြောင်းလဲမှုများလုပ်ကာ ဗုဒ္ဓရဲ့လမ်းစဉ် အတိုင်းလျှောက်လှမ်း ကြခြင်းပင် ဖြစ်သည်။

ဤသို့ ဗုဒ္ဓရဲ့လမ်းစဉ်၊ ဗုဒ္ဓရဲ့အလိုတော်ကျ လျှောက်လှမ်းရင်း ကျွန်ုပ်တို့၏ ပျက်ဖြစ် ပေးဆပ်မှုများ၊ ပျက်ဖြစ်စာနာမှုများ၊ ပျက်ဖြစ် ဂရုဏာထားမှုများကို ရှင်းပါအံ့။

သုခကုသိုလ်ဖြစ်ဆေးခန်းသို့ လာရောက်ပြသကြသော လူနာများသည် ကျန်းမာရေး ထိခိုက်၍ လာကြခြင်းဖြစ်သည်။ သူတို့၏ ခန္ဓာမှ သွေးသားဖေါက်ပြန်မှုများကြောင့် သွေးသား ပျက်စီးမှုကြောင့် လာရောက်ပြသခြင်းဖြစ်သည်။

ဤသို့သော ပြုပြင်ကုသပေးနိုင်သော လုပ်ရပ်များကို ကျွန်ုပ်တို့သည် လူသားအချင်း ချင်း ဂရုဏာစိတ်ထားကာ ကုသိုလ်ဖြစ် အခမဲ့ပြုပြင်ကုသပေးမှုများ လုပ်ခဲ့သည်မှာ မရေတွက် နိုင်တော့ပါ။ ကုသိုလ်ဖြစ်ကုသပေးသော ဆရာဝန်ကြီးများနှင့် ကျွန်ုပ်တို့၏ ထောက်ပံ့ပေးသော ဆေးဝါးများကြောင့် ``အပျက်´´ (နေမကောင်းဖြစ်ခြင်း) မှ နောက်ဆုံး အကြောင်းကြောင်းကြောင့် ပျက်ရသော သေခြင်းတရားမတိုင်ခင် ``အဖြစ်´´ (ကျန်းမာနေကောင်း လာခြင်း) သို့ ရောက်ရှိလာစေရန် စွမ်းဆောင် ပေးနိုင်ခြင်းဖြစ်သည်။

ထိုနည်းတူစွာပင် မျက်စိတိမ်စွဲ၍ အမြင်အာရုံမရှိသော လူနာများအတွက် မျက်စိခွဲစိတ် ပေးကာ အမှောင်ဘ၀မှ အလင်းဘ၀သို့ ရောက်အောင် စွမ်းဆောင်ပေးဆပ်ခြင်းမှာလည်း အထက်ဖော်ပြပါ အကြောင်းအလို့ငှါ အပျက်မှအဖြစ်သို့ လုပ်ဆောင်ပေးခြင်းပင် မဟုတ်ပါလား . . . .

အောက်ဖေါ်ပြပါ အထွေထွေ ရောဂါဝေဒနာသည်များနှင့် မျက်စိဝေဒနာရှင်တို့၏ ``အမှောင်မှ အလင်း´´ ``အပျက်မှအဖြစ်´´ ဘ၀သို့ရရှိရန် ရောက်ရှိလာကြသော သုခကုသိုလ်ဖြစ်ဆေးခန်း လူနာတို့၏ ရင်တွင်းခံစားချက်တို့နှင့် ဓါတ်ပုံများကို တင်ပြလိုက်ရပါသည်။

အထွေထွေ လူနာများ၏ ဓါတ်ပုံများနှင့် ရင်တွင်းခံစားချက်များ



မျက်စိဝေဒနာရှင်များ၏ ဓါတ်ပုံများနှင့် ရင်တွင်းခံစားချက်များ



ထိုနည်းတူစွာ . . . ကျွန်ုပ်၏ နှလုံးသားထဲ သတ်သတ်မှတ်မှတ် ဖြစ်ပေါ်လာခဲ့သော အဘ ဦးသန်းမြင့်နှင့် ကျွန်ုပ်ဆုံဆည်းမှုကို တင်ပြပါမည်။
လွန်ခဲ့သော ( ၄ )နှစ်ခန့်က ကျွန်ုပ် ရုပ်ရှင်ရိုက်ကွင်းသွားစဉ် ဗျိုင်းရေအိုးစင် (တာမွေ) မြို့နယ်တွင် အဖိုးအိုတစ်ဦး သစ်သားထောက်တံဖြင့် လမ်းကို တစ်လှမ်းခြင်း လျှောက်လှမ်းနေ သည်ကို မြင်တွေ့ရ၍ အဘအတွက် ငွေတစ်ထောင်လှူခဲ့သည်မှ စတော့သည်။

ဦးသန်းမြင့် - တာမွေ (Wheel Chair)



အဘနာမည်က ဦးသန်းမြင့်ပါ။ ကမ္ဘာကျော်လ္ဘက်ရည်ဆိုင်၊ ပရိဘောဂဆိုင် တာမွေပလာဇာနဲ့ မျက်နှာချင်းဆိုင်ရှေ့မှာ နေတယ်။ နာဂစ်ပြီးမှ အဘ ဒီိကိုရောက်လာတာ။ ဟိုတုန်းကတော့ ၁၅၇ လမ်းက မိတ်ဆွေတစ်ယောက် အိမ်မှာနေတယ်။ သူတို့ ရွှေပြည်သာကို ပြောင်းသွား တယ်။ အဘကို ထားခဲ့ကြတယ်။ ထားခဲ့တဲ့အတိုင်း အဘ နေတာပဲ။

အတိတ်ရယ်၊ ပစ္စုပ္ပန်ရယ်၊ အနာဂတ်ရယ် အဘပြောချင်တာက အတိတ်ကို ထားလိုက်တော့ အခုပစ္စုပ္ပန်မှာ အဘကို ဦးကျော်သူက ကူညီခဲ့လို့ အခုပစ္စပ္ပုန်မှာ အဘ ရပ်တည်နေနိုင်တာ မနက်ဖြန် အဘ ဘာဖြစ်မလဲ မပြောနိုင်ဘူး။ လမ်းထွက်သွားရင် ယာဉ်အန္တရာယ် ယာဉ်ကြော အဘ တိမ်းရှောင်ပြီး သွားနေရတယ်။ အဘ ဆေးရုံက ဆင်းလာတယ်။ တစ်နှစ် တိတိ သူများအိမ်မှာ နေတယ်။ စိတ်ဖိစီးမှုဒဏ် အဘခံစားခဲ့ရတယ်။ သာမာန်လူကောင်း တစ်ယောက် မဟုတ်ဘူး။ သူများလို အလူမီနီယံနဲ့ မသွားနိုင်ဘူး။ သစ်သားလေးချောင်း ထောက်လေးနဲ့ ကျွန်းသားနဲ့ လုပ်ထားတာလေးနဲ့ အဘ ဟော..ဒီလို ထော့နဲ့ ထော့နဲ့ သွားရတယ်။

ပထမဦးဆုံး ဦးကျော်သူနဲ့ ဗျိုင်းရေအိုးစင်လမ်းရဲ့ လမ်းအလယ်ခေါင်မှာ လက်တစ်ဖက်က ပတ်တီးလေးနဲ့ ကားခေါင်းခန်းမှာ ထိုင်နေတယ်။ အဘ မိုးရေထဲမှာ ဖြေးဖြေးနဲ့သွားတယ်။ သူက လက်ထဲမှာ တစ်ထောင်တန် ထုတ်ပေးပြီးလှူတယ်။ အော် .. ဦးကျော်သူ သူက မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေးတွေနဲ့ အဘကို တစ်ထောင်တန် ပေးတယ်။ အော် .. ဦးကျော်သူ ကျွန်တော် လက်မခံပါရစေနဲ့ ဘာဖြစ်လို့လဲ အဘလို့ သူက ပြန်မေးတယ်။ ကျွန်တော် ခင်ဗျားကို ဘာအလုပ်တစ်ခုမှ လုပ်မပေးခဲ့ဖူးဘူး .. မဟုတ်ဘူး .. ကျွန်တော် သဒ္ဒါပေါက်လို့ အဘကို လှူတာပါတဲ့ .. အချိန်မရွေး လိုအပ်တဲ့ အကူအညီ ရှိရင်ပြော ကျွန်တော် ဆီလာခဲ့ပါတဲ့ .. တစ်နှစ်ပြည့်တဲ့ အခါကျမှ အဘကို ယောဂီဝတ်နဲ့ အဘွားကြီး တစ်ယောက်က ဦးသန်းမြင့် ရှင် .. ဦးကျော်သူဆီ သွားပြီး အကူအညီ တောင်းကြည့်ပါလား .. သွားနိုင် လာနိုင်အောင်လို့ပေါ့ .. ရရင်လည်း ရမယ် .. မရရင်လဲ မရဘူးပေါ့။ ဒါနဲ့ အဘလည်း TAXI အငှားကားလေးနဲ့ သင်္ဃန်းကျွန်းမှာရှိတဲ့ နာရေးကူညီမှု ရုံးကိုသွားပြီး သူ့ကို အကူအညီတောင်းတယ်။ ဟိုလဲရောက်ရော ဦးကျော်သူက ကင်မရာယူပြီး အဘကို ဓါတ်ပုံရိုက်တယ်။ သောကြာနေ့မှာ သွားတယ်။ တနင်္လာနေ့မှာ Wheel Chair လာပေးတယ်။ အဘ အိပ်မက်ထဲတောင် မမက်ခဲ့ဘူး။ အဲဒီ Wheel Chair ပေးတဲ့နေ့က အဘကို ဦးကျော်သူ ကိုယ်တိုင်လာခေါ်တယ်။ ဟိုလည်းကျရော အဘ ဒီမှာ Wheel Chair တဲ့ .. ကျွန်တော် ကူညီမယ်လို့ ပြောထား ပြီးပြီတဲ့ .. အဘ ပီတိတွေဖြစ်ပြီး မျက်ရည်တွေ ကျတယ်။ ဦးကျော်သူ ဘာပြောလဲသိလား … ?

`` ကျွန်တော်လိုချင်တာ ဒါပဲတဲ့ .. လူတစ်ယောက်ရဲ့ ၀မ်းသာပီတိကို .. ။ ´´

မြန်မာနိုင်ငံမှာ သန်းပေါင်းမြောက်များစွာ ချမ်းသာတဲ့ လူတွေအများကြီး ရှိတယ်။ ဆင်းရဲတဲ့ လူတွေလည်း အများကြီးရှိတယ်။ အဲဒီ ဆင်းရဲ၊ ချမ်းသာ ဒွန်တွဲနေတဲ့ထဲမှာမှ အဘကို လှူနိုင်တဲ့လူ သူဟာ ဦးကျော်သူ တစ်ယောက်ပဲ ရှိတယ်။



သံဃာတော်တွေ ဆန္ဒပြတုန်းက စစ်ကားတွေ Round လှည့်နေတယ် .. လူတိုင်းက ပြောတယ် .. ခင်ဗျားတဲ့ ဒီစာတန်းလေး ဖြုတ်ထားလိုက်ပါလား .. ဘာလို့ ဖြုတ်ရမှာလဲ .. ဒါ……..ကိုယ့်ရဲ့ အသက်သခင် ကျေးဇူးရှင် .. ဒီ Wheel Chair အနောက်က စာတန်းက အဘရဲ့ ရင်ထဲက ဖြစ်ပေါ်လာတဲ့ ဆန္ဒနဲ့ ရေးထိုးထားတာ



ကျွန်တော် ညအိပ်ရာဝင်တော့မယ်ဆို အမြဲတမ်း ဦးကျော်သူက ကျွန်တော့်ထက် အသက် အများကြီး ငယ်ပါတယ်။ ကျန်းမာပါစေ .. ချမ်းသာပါစေ .. အမြဲတမ်း ကျွန်တော် မေတ္တာပို့တယ်။ ဟိုတစ်ခါကိစ္စနဲ့ ပတ်သက်ပြီးတော့ အဘ BBC နားထောင်တယ်။ VOA နားထောင်တယ်။ လူများတွေက လာပြောတယ်။ သူတို့ပြောတာတွေ အဘ ကိုယ့်ဦးနှောက်နဲ့ ချင့်ချိန်လိုက်တယ်။ ဘာဖြစ်လို့လဲ .. မှန်တာလုပ်ရင်တော့ အမှန်အတိုင်းပဲ ဖြစ်ရမှာပဲ .. အချိန်တန်တော့ အမှန်တိုင်းဟာ အမှန်တရားအတိုင်း သူ့ဟာသူ ပြီးသွားတာပဲ။ အလင်းတန်း ဂျာနယ် အဘ အပါတ်တိုင်း ၀ယ်ဝယ်ဖတ်တယ်။ ဟိုတုန်းကဆို ဦးကျော်သူပုံ နာရေးကူညီမှု အသင်း အလှူငွေ လက်ခံတဲ့ပုံ အမြဲတမ်းပါတယ်။ အခု လုံးဝသူ့ နာမည် မပါဘူး။ သူ့ ဓါတ်ပုံတွေလည်း မတွေ့ရတော့ဘူး။ အခုကြည့် ခိုင်ရွှန်းလဲ့ရည် နာရေးကူညီမှုအသင်း အလှူငွေ လှူဒါန်းတာတွေ ဘာတွေ ဦးကျော်သူ နာမည်တစ်ချက် မပါဘူး .. ဓါတ်မှန်ခန်းအတွက် ဆိုလားပဲ …. ။



နောက်ပိုင်း ဟိုကိစ္စနဲ့ ပတ်သက်ပြီးကတည်းက လုံးဝ သူ့ပုံ မပါတော့ဘူး။ လွန်ခဲ့တဲ့ မနှစ်က ၁၂ လပိုင်းလား မသိဘူး။ ကျားကွက်သစ်မှာ နာရေးအတွက် ဦးကျော်သူကား ကျောက်မြောင်းလမ်းကနေ ကွေ့ဝင်သွားတော့ အဘ တွေ့လိုက်တာနဲ့ အဘချက်ချင်း Wheel Chair တွန်းပြီး လိုက်သွားတာ .. ခုနက နိဗ္ဗာန်ယာဉ် ဘယ်သွားလဲ .. ? အဲ့ဒီဘက်ကို ဆင်းသွားတယ်တဲ့ .. ဓမ္မ၀ိဟာရလမ်း ထဲကနေ။ ဟိုး .. စိုင်းထီးဆိုင်နေတဲ့လမ်းလေ။ ဟိုး .. ကျားကွက်သစ်ကျတော့ လမ်းကလည်း တော်တော်ဆိုးတာ .. အဘ သွားလဲသွားရော သူနဲ့ထိပ်တိုက် တွေ့ရော .. စကားပြောဖြစ်တယ်။ ကျွန်တော့်ကို ရုပ်ရှင်လဲ မရိုက်ရအောင် .. ဗီဒီယိုလဲ မရိုက်ရအောင် အကုန်လုံးပိတ်ထားတယ်။ အဲ့တော့ ဦးကျော်သူက နှုတ်ခမ်းမွှေး .. ပါးသိုင်းမွှေးနဲ့ အသားတွေမည်းပြီး ဆံပင်လည်း ရှည်လာတယ်။ လွန်ခဲ့တဲ့ ၄ နှစ်လောက် Wheel Chair လှူတုန်းက ဟို ဘုန်းကြီးကျောင်းမှာလေ ရုပ်ရည်များဆို တခြားစီပဲ ယူပစ်သလိုကို ဖြစ်သွားတာပဲ။ အဘကြည့်ပြီးတော့လေ စိတ်မကောင်းလိုက်တာ . . . . ။

ဦးကျော်သူကနေပြီး အဘအတွက် T-Shirt လေးလဲ လက်ဆောင်ပေးလိုက်တယ်။ အဘရဲ့ ကျန်းမာရေးအတွက် လိုအပ်တဲ့ ဆေးဝါးဓါတ်စာများ ၀ယ်ယူဖို့အတွက် ဦးကျော်သူကနေ ပိုက်ဆံ ၁၀၀၀၀/- (တစ်သောင်းကျပ်)ကို ထပ်မံလှူဒါန်း လိုက်ပါတယ်။ ဘုန်းကြီးကျောင်းဆေးခန်းကို တစ်ခါ နေမကောင်းလို့လေ .. Wheel Chair နဲ့ တာမွေကုန်းကနေ တက်ပြီးတော့ သုခဆေးခန်းလေး အဲဒီနေ့ သောက်ဆေးတွေလဲ အများကြီးပေးလိုက်တယ်။ အဘကို ပိုက်ဆံ ၃၀၀၀/- (သုံးထောင်ကျပ်) ထပ်ပေးလိုက်သေးတယ်။ အဘ ထမင်းဝယ်စားနော် .. လ္ဘက်ရည်သောက်နော် .. ကျွန်တော် လက်မခံ ပါရစေနဲ့ပြောလဲ မရဘူး အတင်းပဲ။ သူ့အမျိုးသမီး ဒေါ်မြင့်မြင့်ခင်ဖေ က အဘတဲ့ အဘကို ဒီတစ်ခါပဲ တွေ့ဖူးသေးတယ်တဲ့ အရင်တုန်းက ဓါတ်ပုံထဲမှာပဲ တွေ့ဖူးတယ်တဲ့။ ဦးကျော်သူတစ်ယောက် ကျန်းကျန်းမာမာ ချမ်းချမ်းသာသာနဲ့ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ရှိပါစေလို့ ကျွန်တော် နှုတ်ဆက်လိုက်ပါတယ်။ ။

အဘ ဦးသန်းမြင့်ကဲ့သို့ပင် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ဆင်းရဲနွမ်းပါး၍ မသန်မစွမ်းဖြစ်နေသူ တို့ကိုလည်း ကျွန်ုပ်တို့ တတ်နိုင်သည့်ဖက်မှ ကူညီပံ့ပိုးမှုများကို လုပ်ဆောင်ပေးခဲ့မှုများအား အောက်ပါပုံများနှင့် တင်ပြအပ်ပါသည်။





အချုပ်ဆိုရသော် . . . ကုသိုလ်ပြုရာတွင် လူသည် တိရစ္ဆာန်ထက်သာသလို အကုသိုလ် ပြုရာတွင်
လူသည် တိရစ္ဆာန်ထက်သာနိုင်သည်။

လူလေးမျိုှးရှိရာ၌ . . . အမှောင်ကလာပြီး . . . အမှောင်သွားမည့်လူ၊
အလင်းကလာပြီး . . . အမှောင်သွားမည့်လူ၊
အမှောင်ကလာပြီး . . . အလင်းသွားမည့်လူ၊
အလင်းကလာပြီး . . . အလင်းသွားမည့်လူ ဟူ၍ ရှိသည်။
ကျွန်ုပ်တို့သည်ကား အလင်းကလာပြီး . . . အလင်းသွားမည့် လူဖြစ်အောင် ကြိုးစားနေကြသည်။

သို့ကြောင့် . . . ဖြစ်ခြင်းနှင့် ပျက်ခြင်း
ရှင်ခြင်းနှင့်သေခြင်းတို့တွင် သေခြင်းသည် အဆန်းမဟုတ်။ ``ကံ´´ တစ်ခုနဲ့ ပိုင်းခြားလိုက်သည့်အတွက် ဘ၀တစ်ခု ကုန်ဆုံးသွားခြင်းဟုဆိုငြားသော်လည်း မသေခင်စပ်ကြား … ခံစားနေရသော ဝေဒနာ၊ မစွမ်းမသန်ဖြစ်မှုများကို ကျွန်ုပ်တို့ တတ်နိုင်သလောက် ပျက်ခြင်းမှ ဖြစ်ခြင်းသို့ ရောက်ရှိအောင် ကုသပေးခြင်း၊ အစားထိုးပေးခြင်းတို့ဖြင့် လူပီသအောင် မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုသည့် ဗြဟ္မစိုရ်တရားလက်ကိုင်ထားကာ အားထုတ်ကြိုးပမ်း၍ ကုသိုလ်အထုပ်များကို စုဆောင်းရင်း ဆင်းရဲချမ်းသာ၊ လူမျိုးဘာသာမရွေး၊ (၇)ရက်သားသမီးအပေါင်းတို့ဖက်မှ ရပ်တည်ကာ အေးချမ်းသာယာဝပြောသည့် ငြိမ်းချမ်းမှု ပန်းတိုင်ဆီသို့ ချီတက်လျက်ရှိပါကြောင်း . . . . ။

ကမ္ဘာမြေပြင်သို့ အလည်အပါတ်ရောက်ခွင့်ပေး၍ … ဤကဲ့သို့ လူမှုရေး၊ ကုသိုလ်ရေး ကိစ္စအ၀၀ကို လုပ်ဆောင်ခွင့်ပေးခဲ့သော၊ ဖန်တီးပေးခဲ့သော မိဘနှစ်ပါးနှင့်တကွ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ၊ ပဏ္ဍိတဆရာသမားများ၊ မြင်အပ် မမြင်အပ်သော ပုဂ္ဂိုလ်အသီးသီးတို့နှင့် မောင်တစ်ထမ်း မယ်တစ်ရွက် ပေးဆပ်နေသော ကျွန်ုပ်၏ မဟေသီ - ရွှေဇီးကွက်အပြင် ဖခင်ဖြစ်သူ ကျွန်ုပ်အား သီလလုံခြုံရန် (ဆန်ရေ) လမ်းပြပေးခဲ့သော သား - ပြည်သိမ်းကျော်၊ သမီး - မြင့်မိုရ်ဦး တို့အား လေးစားဦးညွှတ်လျှက် . . . .

ကျော်သူ