ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲမှာ ပါဝင်ခွင့်မရှိလျှင် ဂျပန်အစိုးရမှ လူသားချင်းဆိုင်ရာ ထောက်ပံမှုများ လုံးဝရပ်ဆိုင်းဖို့ စဉ်းစားနေကြောင်းထုတ်ပြန်...


ဒီနှစ် မြန်မာနိုင်ငံမှာ ကျင်းပပြုလုပ်မဲ့ (၂၀၁၀)ရွေးကောက်ပွဲမှာ နေအိမ်အကျယ်ချုပ်ချခံထားခြင်းခံရသော ဒေါ်အောင်ဆန်းစုကြည်အား ပါဝင်ခွင့်မရအောင် ပြုလုပ်ထားခြင်းနှင့် ပတ်သတ်၍ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Okadaမှ မြန်မာနိုင်ငံအား လူသားချင်းဆိုင်ရာ အထောက်အပံ့များ၊ စီးပွားရေးဆိုင်ရာ ထောက်ပံ့ငွေများ ရပ်ဆိုင်းဖို့ စဉ်းစားနေတယ်လို့ ပြောဆိုလိုက်ပါတယ်။ မြန်မာစစ်အစိုးရမှ ဒီလ(၈)ရက်နေ့က ရွေးကောက်ပွဲဆိုင်ရာ ဥပဒေသစ်များကို ထုတ်ပြန်ခဲ့ပြီး ဒီဥပဒေထဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့်မရနိုင်တာ ဂျပန်အစိုးရမှ ထောက်ပြ ပြောဆိုနေပါတယ်။ ပါဝင်ခွင့်ရအောင် ပြန်လည် စဉ်းစားစေလိုကြောင်း ပြောဆိုလိုက်ပါတယ်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Okadaမှ (၂၆)ရက်နေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ (၂၀၁၀)ရွေးကောက်ပွဲမှာ ဦးဆောင်ပါဝင်နိုင်မှာ မဟုတ်ဘူးဆိုတာ သိတဲ့အတွက် တော်တော်လေး ၀မ်းနည်းကြောင်းပြောဆိုသွားခဲ့ပါတယ်။
တိုကျိုမြန်မာသံအမတ်ဦးလှမြင့်(ညာ.......ပုံ)
အဲဒီနေ့မှာဘဲ ဂျပန်နိုင်ငံရှိ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဦးလှမြင့်အား ၎င်းကိစ္စနှင့်ပတ်သတ်၍ ခေါ်ယူတွေ့ဆုံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားများ ပါဝင်ခွင့်မရှိလျှင် ဂျပန်အစိုးရမှ စီးပွားရေးဆိုင်ရာ ထောက်ပံ့ငွေများ ရပ်ဆိုင်းဖို့ စဉ်းစားနေတယ်လို့ ပြောဆိုလိုက်ပါတယ်။ မြန်မာသံအမတ်ဦးလှမင်းကလည်း ဂျပန်နိုင်ငံက ထောက်ပံ့မှုဖြတ်တောက်ဖို့ စဉ်းစားနေတဲ့ကိစ္စကို နအဖစစ်အစိုးရကို အကြောင်းပြန်လိုက်မှာ ဖြစ်ကြောင်းပြောဆိုတယ်လို့ သိရပါတယ်။


သတင်း ။ ။ ဒေါင်းမာန်ဟုန်

မျှဝေပေးပို့လာတဲ့ ကိုဒေါင်းမာန်ဟုန်အား ကျေးဇူးတင်ပါသည်။