ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စီမံခန့်ခွဲရေးကော်မတီဖွဲ့စည်းခြင်း.....

NLD စီမံခန့်ခွဲရေးကော်မတီ
ပေးပို့ပေးသူ ကိုသန့်ဇင်ဦး...

“အကြောက်တရားကင်းသောစိတ်ရှိရာ အရပ်” ကဗျာ



“Where The Mind Is Without Fear”

Where the mind is without fear and the head is held high

Where knowledge is free

Where the world has not been broken up into fragments

By narrow domestic walls

Where words come out from the depth of truth

Where tireless striving stretches its arms towards perfection

Where the clear stream of reason has not lost its way

Into the dreary desert sand of dead habit

Where the mind is led forward by thee

Into ever-widening thought and action

Into that heaven of freedom, my Father, let my country awake.

by Rabindranath Tagore

1861-1941,

“အကြောက်တရားကင်းသောစိတ်ရှိရာ အရပ်”

ထိုအရပ်၌ စိတ်တို့သည်အကြောက်တရားကင်းပြီး ဦးခေါင်းတို့သည် မော်၍မတ်၍နေ၏။

ထိုအရပ်၌ အသိတရားတို့သည် လွတ်လွတ်လပ်လပ် ကွန့်မြူးလျှက်ရှိကြ၏။

ထိုအရပ်၌ ကမ္ဘာလောကကြီး အစိတ်စိတ်အမွှာမွှာ ကွဲပြားခြင်းဖြစ်စေမည့် သေးသိမ်ပြီး ကျဉ်းမြောင်းသောဒေသစွဲနံရံများ မရှိပဲနေ၏။

ထိုအရပ်၌ စကားလုံးတို့သည် နက်နဲမှန်ကန်သော သစ္စာတရားမှသာ သန္ဓေတည်ဖြစ်ပေါ်လာကြ၏။

ထိုအရပ်၌ မမောမပန်းနိုင်သော လုံ့လဥဿဟသည် ပြီးမြောက်ပြည့်စုံသော အခြေအနေသို့ လှမ်းတတ်ကြ၏။

ထိုအရပ်၌ ကြည်လင်သော ဆင်ခြင်တုံတရားတို့သည် အကျင့်ကောင်းတို့မှေးမှိန်ရာ ခြောက်သွေ့သော ကန္တာရ၌ ပင် လမ်းစဉ်စစ် ကျင့်စဉ်မှန်တို့သည် မပျောက်ပဲ တည်ကြကုန်၏။

ထိုအရပ်၌ လူသားတို့၏ စိတ်ဓါတ်များ လွတ်လပ်သော အကျင့်ကောင်းများ ကျယ်ပြန့်ဖြစ်ထွန်းအောင် အဖသ ခင်ကိုယ်တိုင် ဦးဆောင်တော်မူ၏။

အဖသခင် …………………………

ထိုအရပ်၌သာ ကျွန်ုပ်၏ နိုင်ငံတော်သည် နိုးထပါရစေသား။

အိန္ဒိယစာရေးဆရာကြီး ရာဘင်ဒြာနတ်တဂိုး၏ Where the mind is without fear ကဗျာကို အလင်းဆက်မှ ခံစားပုံဖော်သည်။

၂၈ . မတ်လ . ၂၀၁၀



Voice Of Burma စာစောင်...

VOB756KK

ကိုကျော်သူ Facebook Website လုပ်ကြံခံရခြင်း..

ko k t
လူမှုရေးလုပ်ငန်းများ လုပ်ဆောင်နေသော ကိုကျော်သူအား သူ၏ နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် ပတ်သက်သော သတင်း၊ ဆောင်းပါးများ ပါရှိနေသည့် Facebook Website ရှိ KyawthuFans တွင် Post များ၊ Comments များ ရေးသားမရခြင်းနှင့် သတင်းဆောင်းပါးအသစ်များ မပါရှိတော့သည့်အတွက် မေးမြန်း ကြည့်ရာတွင် ကိုကျော်သူမှ အောက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

(ဟုတ်တယ် … Facebook Website က ကျွန်တော်ရဲ့ Kyawthufans ဆိုတာ .. ကျွန်တော်ရဲ့ Fan ပရိတ်သတ်တွေက လုပ်ပေးထားတာ။ ဒါကြောင့်လဲ ကျွန်တော်ရဲ့ လူမှုရေးကူညီမှု ကိစ္စတွေကို ပရိတ်သတ်ကို ချပြနိုင်ခဲ့ပါတယ်။ ကိုယ်ကျိုးမပါတဲ့ လုပ်ရပ်ပါ။ ဒါပေမယ့် (၃) ပတ်လောက်ရှိပြီ။ တစ်စုံတစ်ယောက် ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုကနေ အဲဒီ Facebook Website ကုမ္မဏီကို လုပ်ကြံဇာတ်ခင်းပြီး ပိတ်ခိုင်းလိုက်တာ။ နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ Gmail (ဂျီမေး)ကိုလည်း ပိတ်မယ် .. ဘာညာနဲ့ Warning (သတိ) ပေးပြီး အကြောင်းကြား စာပို့ခံရတယ်။

ဘာတွေလည်းဗျာ .. အေးအေးဆေးဆေး အခမဲ့ မသာချပေးနေတဲ့ သူကို လာတိုက်ခိုက်တာ။ အခမဲ့ မသာချပေးနေတဲ့ သူကို မနာလိုတွေဖြစ်နေတာ။ ရှင်းရှင်းပြောရရင် ကျွန်တော် အလုပ်ကြံခံရတာပဲ။ ကျွန်တော်ကတော့ အေးဆေးပါ။ ဒါပေမယ့် ကျွန်တော်နဲ့ ပတ်သက်နေတဲ့ ပုဂ္ဂိုလ်ပိုင်းကတော့ ဒီအတိုင်း ကြည့်နေမှာ မဟုတ်ဘူး။ ၀ဋ်လည်လိမ့်မယ်လို့ပဲ ပြောလိုက်ပါမယ်။ ကိုယ့်ပြုသောကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမယ်နော့ . . . . ။

ကျွန်တော် နောက်ထပ်ပြီးတော့တင်ဖို့ ဆောင်းပါးလေးတွေ ရေးထားတာ ရှိတယ်။ ယခု ကျွန်တော်ရဲ့ kyawthufans အပိတ်ခံထားရတော့ နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ သတင်း၊ ဆောင်းပါးတွေတင်ဖို့ ရေးထားတာတွေလည်း တင်လို့မရဘူး ဖြစ်နေတာပေါ့။ ကျွန်တော် “ မျိုးဆက်သစ် Hip Hop လူမှုရေး သူရဲကောင်းများ” ဆိုတဲ့ ဆောင်းပါးလေး တင်ဖို့ ရှိပါတယ်။ တင်လို့ပြန်ရခဲ့ရင်တော့ Fans ပရိတ်သတ်များ အသစ်ထပ်ပြီး ဖတ်ရှုအားပေးလို့ ရမှာပါ…) ဟု ဖြေကြားသွားပါသည်။

သတင်းပေးပို့လာသူ Burma Paparazi အားကျေးဇူးတင်ပါတယ်။

ကိုကျော်သူကို Facebook ကိစ္စဆက်သွယ် မေးမြန်းကြည့်ရာမှာတော့ ဟုတ်ပါတယ် ... ၂ပတ်၃ပတ်လောက် ရှိပြီ ဘာလုပ်ရမှန်းမသိ ဖြစ်နေတယ်ဟု ပြောဆိုသွားပါတယ်။


ကဗျာဆရာ ကိုစောဝေ ကို ထောင်ထဲပို့သူက ကဗျာရေးသူ စာပေစိစစ်ရေးညွှန်မှူးးကို အမှုပွေစေပြန်

MK
ဗိုလ်ကျော်ဆန်းနှင့် မြတ်ခိုင်တို့လင်မယား ပုံ google searchမှ

(ဖေဖေါ်ဝါရီ ၁၄) ကဗျာရေးသူ ကဗျာဆရာ ကိုစောဝေအား ထောင်ထဲသို့ တွန်းပို့ပြီး၊ ကိုယ်တိုင်ကမူ ကိုယ်လွတ်ရုန်းခဲ့သော အချစ်ဂျာနယ် အယ်ဒီတာချုပ်ဟောင်း မြတ်ခိုင် က၊ ကဗျာရေးသူတို့အား ထောင်ကျစေသော နအဖ လက်ထက်ဥပဒေကို ကိုင်စွဲကာ ကဗျာဆရာများကို တစ်ယောက်ပြီး တစ်ယောက် ထောင်ထဲသို့ပို့ရန် အကြံကြီး ကြံစည်လျှက် ရှိနေပါသည်။

၎င်း အယ်ဒီတာချုပ် မြတ်ခိုင် ထုတ်လုပ်နေသော လျှပ်တစ်ပြက်ဂျာနယ် ၂၀၁၀၊ဧပြီလ(၁)ရက် နေ့ထုတ်တွင် ပါရှိသော ကဗျာဆရာ မောင်ရဲ၏ “ထိုတစ်ရက်” အမည်ရ ကဗျာကို ဖတ်အပြီး၊ ကဗျာဆရာများနှင့် နီးစပ်သော အသိုင်းအ၀ိုင်းများက ဖွင့်ဟပြောဆို လာကြသည်။

“ထိုတစ်ရက်” အမည်ရ ကဗျာမှာ (…..ကဗျာစာထည့်) ဟူ၍ ဖြစ်ပြီး မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်း ဥက္ကဌ ဦးဆောင်းအား ရည်ရွယ်၍ ရေးသားထားကြောင်း သိသာသလို၊ အာဏာထိုင်ခုံမက်သော သူတွေကိုလည်း သရော်ထားသည့် ကဗျာဖြစ်၍ ဖတ်သူတိုင်း ပြုံးကြရသည်။

သို့သော် ကဗျာရေးသူမှာတော့ ပြုံးနိုင်မည် မဟုတ်ဟုလည်း စာနယ်ဇင်း အသိုင်းအ၀ိုင်းမှ သုံးသပ်ကြပြီး၊ အဆိုပါ ကဗျာကို ရေးသားသူမှာ (စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာန ညွှန်ကြားရေးမှုး ဦးတင့်ဆွေ ဖြစ်ကြောင်းကိုလည်း ၄င်း ဂျာနယ်ထဲမှာပင် အရိပ်အမြွက် ရေးသားဖော်ကောင် လုပ်ထားသောကြောင့်ဟု ဆိုကြသည်။

စာပေအယ်ဒီတာကျင့်ဝတ်ကို မလိုက်နာသလို၊ စာနယ်ဇင်း တစ်လောကလုံး၏ မျက်နှာကို အိုးမဲသုတ်နေသော၊ နအဖ အစိုးရ၏ အောက်စွဲလုပ်နေသော ထို အယ်ဒီတာချုပ် မြတ်ခိုင် အား၊ (စာပေ ကင်ပေတိုင်ဗိုလ်မှုး တင့်ဆွေ တဖြစ်လဲ ကဗျာဆရာ မောင်ရဲ) က မည်သို့ပြန်လည် စီရင်လေမည်လဲ ဆိုသည်ကို စောင့်ကြည့် ကြရပေတော့မည်။

ပေးပို့သော စာနယ်ဇင်းဝိုင်းတော်သားများအား အထူးကျေးဇူးတင်ရှိပါသည်။

ပေးပို့လာသူ Burma Paparazi

ကဗျာဆရာ ကိုစောဝေဟာ လက်ကိုင်တုတ် မြတ်ခိုင် လက်ချက်ဖြင့် ၂နှစ်အကျဉ်းကျခံနေရပြီး... လွတ်ရက်စေ့နေပေမယ့် ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးပါဘူး....

အပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်း(ဂျပန်ဋ္ဌာနခွဲ) ၏ မေတ္တာပို့ဆုတောင်းပွဲ အခမ်းအနား...


အပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်း(ဂျပန်ဋ္ဌာနခွဲ)၏ မြန်မာနိုင်ငံအတွင်းရှိ (၇)ရက်သား၊သမီးများ အတွက် မေတ္တာပို့ ဆုတောင်းပွဲနှင့် ၂၀၁၀ ရှေ့လုပ်ငန်းစဉ် ဆွေးနွေးပွဲကို ယနေ့ Ikebukuro အရပ်ရှိ Community Center ၇ထပ်၌ ယနေ့ ညနေ ၆နာရီ၃၀က ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို အပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်း(ဂျပန်ဋ္ဌာနခွဲ) တာဝန်ခံဆရာတော် အရှင်ဓမ္မဇောတိက မြန်မာနိုင်ငံအတွင်းရှိ (၇)ရက်သား၊သမီးများ အေးချမ်းသာယာစေရေးနှင့် မြန်မာပြည်ကြီး စစ်အာဏာရှင် အောက်မှ အမြန်လွတ်မြောက်စေရေးအတွက် မေတ္တာတရားချီးမြှင့်ပြီး ပရိသတ်များမှ မေတ္တာပို့ သစ္စာဆိုခြင်းများ ပြုလုပ်ခဲ့ကြပါသည်။ အဆိုပါ မေတ္တာပို့ ဆုတောင်းပွဲ အခမ်းအနားသို့ အိန္ဒိယနိုင်ငံမှ ရွှေဝါရောင်ဦးဆောင် ဆရာတော်အရှင်ထာဝရမှ အွန်လိုင်းမှတစ်ဆင့် ဆုတောင်းမေတ္တာများ ပို့သပေးခဲ့ပါတယ်။ ဆက်လက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ၂၀၁၀ ရွေးကောက်ပွဲ မှတ်ပုံမတင်ရေးနှင့် ရွေးကောက်ပွဲမဝင်ရေး ဆုံးဖြတ်ချက်ကို ထောက်ခံဆွေးနွေးကြပြီး အခမ်းအနားကို ည၈နာရီ၃၀တွင် ရုပ်သိမ်းခဲ့ပါတယ်။

ဓာတ်ပုံ၊သတင်း... ဒီမိုဝေယံ......

စစ်အစိုးရရဲ့ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များနှင့် ရွေးကောက်ပွဲဝင်မည့်ပါတီများ...

2010 2010party

ဂျပန်နိုင်ငံ မင်္ဂလာဒိုးအဖွဲ့မှ ရဲရဲတောက် သံချပ်တေးများ...


၂၀၁၀ ရဲရဲတောက်သင်္ကြန်တေး သံချပ်များကို ဂျပန်နိုင်ငံရောက် မင်္ဂလာဒိုး အနုပညာအင်အားစု အဖွဲ့ မှ စတင်ထုတ်ဝေဖြန့်ချီ လျက်ရှိကြောင်း သတင်းကောင်း ပါးအပ်ပါသည်။ မြန်မာပြည်တွင်းမှ သင်္ကြန်ချစ်သူ သောတရှင်များနှင့် ပြည်ပရောက် မြန်မာလူမျိုးများ နားဆင်ဖို့အတွက် အထက်ပါ သံချပ်များကို http://mingalardoe.homeip.net/ှ တဆင့်ကူးယူ နားဆင် နိုင်ပါပြီ မိမိတို့ဝက်ဆိုဒ်မှ မကြာမှီ ရက်အနည်းငယ်တွင် http://mingalardoe.homeip.net/ ဗွီဒီယိုကြည့်ရှုနိုင်ရန်အတွက် စီစဉ်လျက်ရှိပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ကျေးဇူးတင်စွာဖြင့်

မင်္ဂလာဒိုးအနုပညာအင်အားစု

သတင်းနှင့်အင်တာဗျူး

ဆက်သွယ်ရန် ဦးဝင်းရွှေ
09046664547(ခေါင်းဆောင်)

ဦးမျိုးသန့်  09092414960(ခေါင်းဆောင်)

ဦးသောင်းထွန်းဦး 08034494471

ဦးခင်မောင်ဇော် 09093707462

ဦးထွန်းဝေ 09099671770

ကိုအေးမင်းကို 08056752824
http://mingalardoe.homeip.net/
ပေးပို့လာသူ ကိုထွန်းဝေအားကျေးဇူးတင်ပါသည်။

အောင်မြင်သူ နှင့်ကျရှုံးသူတို့၏ ကွဲပြားချက်များ.....

အောင်မြင်သူ နှင့် ကျရှုံးသူတို့၏ ကွဲပြားချက်များ...

ဒေါ်အောင်ဆန်းစုကြည်၏ တပ်မတော်သားများသို့ ပန်ကြားချက် (၁၉၉၉ခုနှစ် သြဂုတ်လ (၇)ရက်)


"တပ်မတော် အပေါ်မှာ စိတ်ကောင်း စေတနာကောင်း ကလွဲပြီး ဘယ်လိုမှ သဘော မထားပါဘူး။ အဲဒီ အစွဲဟာ ဒီတပ်မတော်ဟာ ကျမ ဖေဖေ တည်ထောင်ခဲ့တဲ့ တပ်မတော် ဖြစ်နေတာ ကြောင့်လည်း ဖြစ်နိုင်ပါတယ်.."

"ဒီမိုကရေစီနိုင်ငံဆိုတာဟာ ပြည်သူလူထုက နေပြီးတော့ တင်မြှောက်တဲ့ အစိုးရကနေ အုပ်ချုပ်တဲ့နိုင်ငံဖြစ်ပါတယ်။ တပ်မတော်သားများဟာလဲ ပြည်သူလူထု ကြားထဲ ကနေ ပေါက်ဖွားလာတဲ့သူများ မို့လို့ ပြည်သူလူထု ရွေးကောက်ပွဲတင်မြှောက်ထားတဲ့ အစိုးရများဟာ တပ်မတော်သားများကို ထိုက်ထိုက်တန်တန် ဂုဏ်ရှိရှိ သိက္ခာရှိရှိ ထားမယ်ဆိုတာ ယုံမှားသံသယရှိစရာ လုံးဝမလိုပါဘူး။"

"ပြည်သူလူထုနဲ့ တပ်မတော်ကို ခွဲခြားချင်တဲ့ စိတ်ဓာတ်ဟာ အင်မတန်မှ ဆိုးဝါးတဲ့ စိတ်ဓာတ်ဖြစ်ပါတယ်။ တပ်မတော်နဲ့ နိုင်ငံရေးသမားများ ကြားထဲမှာလည်း စိတ်ဝမ်းကွဲအောင် လုပ်တယ် ဆိုတာဟာ မလိုလားအပ်တဲ့ကိစ္စ ဖြစ်ပါတယ်။"

အောင်ဆန်းစုကြည်၏ တပ်မတော်သားများသို့ ပန်ကြားချက်(၁၉၉၉ခုနှစ် သြဂုတ်လ (၇)ရက်)

မြန်မာနိုင်ငံ လွတ်လပ်ရေးရဖို့အတွက် ကြိုးပမ်းခဲ့တဲ့ ခေါင်းဆောင်ကြီးများဟာ ကျွန်မတို့ နိုင်ငံကို ဒီမိုကရေစီ နိုင်ငံအဖြစ်နဲ့ ထူထောင်ခဲ့တာ ဖြစ်ပါတယ်။ လွတ်လပ်ရေးရဖို့အတွက်လည်း ပြည်သူလူထုနဲ့ တပ်မတော်သား များ အားလုံးလက်တွဲပြီးတော့ ကြိုးပမ်းခဲ့လို့ ရခဲ့တာ ဖြစ်ပါတယ်။ အခုအချိန်မှာ ဒီမိုကရေစီရရှိရေးအတွက် ပြည်သူလူထုနဲ့ တပ်မတော်လက်တွဲပြီး လုပ်ဖို့သာလိုပါတယ်။ ဒီမိုကရေစီနိုင်ငံတွေမှာ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကြီးထွားပုံကို ကမ္ဘာက သိကြပါတယ်။

ဒီမိုကရေစီနိုင်ငံဆိုတာဟာ ပြည်သူလူထုက နေပြီးတော့ တင်မြှောက်တဲ့ အစိုးရကနေ အုပ်ချုပ်တဲ့နိုင်ငံဖြစ်ပါတယ်။ တပ်မတော်သားများဟာလဲ ပြည်သူလူထု ကြားထဲ ကနေ ပေါက်ဖွားလာတဲ့သူများ မို့လို့ ပြည်သူလူထု ရွေးကောက်ပွဲတင်မြှောက်ထားတဲ့ အစိုးရများဟာ တပ်မတော်သားများကို ထိုက်ထိုက်တန်တန် ဂုဏ်ရှိရှိ သိက္ခာရှိရှိ ထားမယ်ဆိုတာ ယုံမှားသံသယရှိစရာ လုံးဝမလိုပါဘူး။ အခုအချိန်မှာ ဆိုလို့ရှိရင် တချို့လူတွေဟာ ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တပ်မတော်ကြားထဲမှာ စိတ်ဝမ်းကွဲအောင်လို့ အမျိုးမျိုး ပြောကြပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားအတွက် မလိုလားသယောင်ယောင်၊ တပ်မတော်ရဲ့ အကျိုးစီးပွားကိုပဲ မလိုလား သယောင်ယောင် ပြောကြပါတယ်။ ဒါပေမဲ့ ကျွန်မတို့ဟာ အစဉ်တစိုက် မြန်မာနိုင်ငံနဲ့ မြန်မာ့တပ်မတော်ကို ဂုဏ်သိက္ခာရှိရှိနဲ့ ရပ်တည်စေချင်တဲ့အဖွဲ့ ဖြစ်ပါတယ်။
ကျွန်မတို့တပ်မတော်ဟာ စကတည်းက ပြည်သူလူထုရဲ့ နွေးထွေးမှုကို ခံယူနိုင်မှသာလျှင်၊ ဒီတပ်မတော် ထူထောင်ခဲ့ရတာဟာ အကျိုးရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့ တပ်မတော်အနေနဲ့ ဒီမိုကရေစီ ရရှိရေးအတွက် ပြည်သူလူထုရဲ့ အကျိုးကို မျှော်ကိုးပြီးတော့ ကြိုးပမ်းသင့်တယ်လို့ ကျွန်မတို့ ထင်ပါတယ်။ နိုင်ငံတနိုင်ငံအတွင်းမှာ ပြည်သူလူထုနဲ့ တပ်မတော်၊ တပ်မတော်နဲ့ ပြည်သူလူထု တသားတည်းရှိမှသာလျှင် ငြိမ်းချမ်းမှုလည်း ရှိနိုင်မယ်။ တိုးတက်မှုလည်းရှိနိုင်မှာ ဖြစ်ပါတယ်။ တကယ်တော့လည်း တပ်မတော်ဆိုတာ တခြားနိုင်ငံက အဖွဲ့အစည်းမဟုတ်ဘဲ ဒီနိုင်ငံထဲက အဖွဲ့အစည်း၊ တခါတလေ တပ်မတော်နဲ့ ပြည်သူကို ခွဲခြားပြီး ပြောတာကို ကျွန်မတို့ နားမလည်ပါဘူး။ တပ်မတော်သားများဆိုတာဟာ ပြည်သူလူထုက ပေါက်ဖွား လာတာ ဖြစ်ပါတယ်။ ပြည်သူလူထုနဲ့ တပ်မတော်ကို ခွဲခြားချင်တဲ့ စိတ်ဓာတ်ဟာ အင်မတန်မှ ဆိုးဝါးတဲ့ စိတ်ဓာတ်ဖြစ်ပါတယ်။ တပ်မတော်နဲ့ နိုင်ငံရေးသမားများ ကြားထဲမှာလည်း စိတ်ဝမ်းကွဲအောင် လုပ်တယ် ဆိုတာဟာ မလိုလားအပ်တဲ့ကိစ္စ ဖြစ်ပါတယ်။
နိုင်ငံတနိုင်ငံမှာ နိုင်ငံရေးသမားများ ရှိမှသာလျှင် နိုင်ငံရေးဘက်ကနေပြီး ပီပီပြင်ပြင် လုပ်နိုင်မှာပါ။ ဒါကြောင့် မို့လို့ နိုင်ငံရေးသမားများနဲ့ နိုင်ငံရဲ့ အစိုးရကို ပီပီပြင်ပြင်ဖြစ်အောင် လုပ်မယ်၊ နိုင်ငံရေးသမားများရဲ့  လုံခြုံရေးကို
တာဝန်ယူရတဲ့ တပ်မတော်ကြားထဲမှာဆိုရင် နားလည်မှု အများကြီးရှိဖို့ လိုပါတယ်။ ဒီလို နားလည်မှုရှိဖို့ ကျွန်မတို့ အစဉ်တစိုက် ကြိုးစားနေပါတယ်။ ကျွန်မတို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှာ ဆိုလို့ရှိရင် မြန်မာ့တပ်မတော်ထဲမှာ အဆင့်မြင့် အမှုထမ်းခဲ့တဲ့ အရာရှိများ များစွာရှိပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ တပ်မတော်ရဲ့ လိုအပ်ချက်များကို ကောင်းမွန်စွာ နားလည်ပါတယ်။

၁၉၉၉ခုနှစ် သြဂုတ်လ (၇)ရက်

"ပြည်သူမေတ္တာကလွဲလို့ အရာခပ်သိမ်းကိုဝယ်ယူလို့ရတယ်။"

အလင်းဆက်
၂၇.မတ်လ.၂၀၁၀